Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zara Devlin
Nightman (2024)
Nightman ရုပ်ရှင်ဟာဆိုရင် 2023 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Horror ရုပ်ရှင်အမျိုးအစားဖြစ်ပြီး Belgium နိုင်ငံကရိုက်ကူးတင်ဆက်ထားတဲ့ English စကားပြောရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ Alex ဆိုတဲ့အမျိုးသမီးဟာ Damian ဆိုတဲ့ အမျိုးသားနဲ့အကြောင်းပါပြီးတဲ့နောက် Damian ဆက်ခံရမယ့်အမွေနဲ့အိမ်ကိစ္စအတွက် Damian ရဲ့မွေးရပ်မြို့ကို ရောက်လာခဲ့ပါတယ်။ Damian ဟာ အရာရာပြည့်စုံတဲ့ ခင်ပွန်းကောင်းလို့ Alex ကယုံကြည်နေခဲ့တာပေါ့။ ဒါပေမယ့်လည်း Alex တစ်ယောက်မသိနိုင်တဲ့ နောက်ကွယ်ကအကြောင်းတွေ ရှိနေပါသေးတယ်။သူတို့အနီးအနားမှာ ထူးဆန်းတဲ့ပျောက်ဆုံးမှုနဲ့ လူသတ်မှုတွေ ဖြစ်လာတဲ့အချိန် Damian တစ်ယောက် မူမမှန်တဲ့အပြုအမူတွေဖြစ်နေတာကို သတိထားမိရင်း အန္တရာယ်ပေးနိုင်တဲ့ Sleepwalker တစ်ယောက်ဆိုတာပါ Alex သိသွားတဲ့အခါမှာတော့... Damian က ဘယ်လိုလူလဲ ပျောက်သွားတဲ့သူနဲ့ Damian ကရော ဆက်စပ်မှုရှိနိုင်လား အဆုံးသတ်မှာရော Alex တို့နှစ်ယောက် အရာရာ အဆင်ပြေသွားမလားဆိုတာကို တစိမ့်စိမ့်နဲ့ပဟေဠိဆန်ဆန်ကြည့်ရှုရမယ့် ရုပ်ရှင်ကောင်းတစ်ကားဖြစ်တာမို့ ကြည့်ရှုအားပေးကြပါဦး...File size…(1 GB)/(648 ...
movie
Nightman (2024)
7.2
Small Things Like These (2024)
Peaky Blinder မင်းသားကြီး ခီလီယံ မာဖီရဲ့ အိုင်ယာလန်သမိုင်းဖြစ်ရပ်မှန် ဒရာမာ ရုပ်ရှင်အသစ်ကို တင်ဆက်ပေးထားပါတယ်။ဇာတ်လမ်းအခြေခံကတော့ Magdalene asylums ဒါမှမဟုတ်Magdalene laundries (ယေရှုခရစ်တော်ရဲ့ နောက်လိုက် မေရီမက်ဒလင်းရဲ့နာမည်ကို အစွဲပြု) ဆိုတဲ့ ၁၈ ရာစုနဲ့ ၂၀ ရာစုကြားကအမျိုးသမီး ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာတွေရဲ့အရှုပ်တော်ပုံအကြောင်းတွေကို အခြေခံထားတာပါ။ အင်္ဂလန်၊စကော့တလန်၊ ဝေလ၊ အိုင်ယာလန်၊ အမေရိက၊ ကနေဒါ၊ ဆွီဒင်၊ဩစတြေးလျလို နိုင်ငံကြီးတွေမှာပါ ရှိပါတယ်။ သီလရှင်တွေကခရစ်ယာန်ဘာသာရေးအောက်ကနေ ဦးစီးတာပါ။ မူလရည်ရွယ်ချက်ကတော့ လိင်လုပ်သား အမျိုးသမီးတွေ၊ ခင်ပွန်းမရှိဘဲ ကိုယ်ဝန်ရှိသူတွေ၊ မိသားစုစောင့်ရှောက်မဲ့သူမရှိတဲ့ မိန်းကလေးငယ်တွေကိုစောင့်ရှောက်ဖို့ပါပဲ။ ဒါပေမဲ့ စားစရာနေစရာလောက်ပဲရပြီး ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ရတာတွေ၊ ထောင်တွေထက်တောင် တင်းကြပ်တဲ့စည်းကမ်းတွေ နဲ့ ပြင်းထန်တဲ့အပြစ်ပေးမှုတွေ အနိုင်ကျင့်မှုတွေကြောင့်နာမည်ပျက်မျိုးစုံနဲ့ ပိတ်ခဲ့ရတဲ့ အဖွဲ့အစည်းစနစ်လည်းဖြစ်ပါတယ်။နောင်မှာ ဒီဂေဟာတွေက လွတ်မြောက်လာသူတွေကို တရားဝင်ပါပြန်လည်တောင်းပန်ခဲ့ရတဲ့အထိ ဆိုးရွားခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း***************ဘေလ်ဖာလောင်ဟာ သဘောကောင်းပြီး အလုပ်ကြိုးစားတဲ့သူဖြစ်သလို ...
movie
Small Things Like These (2024)
4K HEVC