Channel Myanmar

Zaimire Aheiti

Defense Bomb Crisis ( 2021 ) 5.9
Defense Bomb Crisis ( 2021 ) Defense Bomb Crisisဆိုတဲ့ actionကားလေးကတော့ ၂နိုင်ငံငြိမ်းချမ်းရေးဖို့ ဆွေးနွေးမဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အကြမ်းဖက်သမားတွေ ဝင်ရောက်နှောက်ယှက်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ကျွန်တော်တို့ရဲ့ မင်းသား ဖူဖန်းက ဗုံးဖြိုခွဲရေး ဗုံးကာကွယ်ရေးတပ်ဖွဲ့ကပါ ဒီတစ်ခါ အကြမ်းသမားရန်ကနေ အထက်လူကြီးတွေကိုကာကွယ်ဖို့ ဖူဖန်းကတာဝန်ယူလုပ်ဆောင်ပေးရတာဖြစ်ပါတယ်ခူဇ နဲ့ လန်ဖဆိုတဲ့လူသတ်သမားမောင်နှမ ၂ယောက်လည်း တစ်ယောက်ကလူကောင်း တစ်ယောက်ကလူဆိုးအဖြစ် အဖွဲ့အစည်း ၂ခုခွဲပြီးတိုက်ခိုက်‌နေရတာဖြစ်ပါတယ် အရှေ့မှာလည်းပေါက်ကွဲမှု ၂ကြိမ်ဖြစ်ထားပြီးတဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုမလုပ်ပဲ ရပ်တန့်ဖို့ပြောနေတဲ့ အစိုးရအရာရှိကတစ်ဖက်ဆွေးနွေးပွဲကိုဖြစ်မြောက်အောင်မြင်အောင်လုပ်မဲ့ အရာရှိကတစ်ဖက်နဲ့ ဖူဖန်းကကြားမှာရောက်သ‌လိုဖြစ်နေပြန်တယ်နောက်ဆုံးအကြိမ် အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုအရ ပေါက်ကွဲမှုထပ်မဖြစ်ပွားအောင် ဖူဖန်းက ဗုံးတပ်ဖွဲ့ဝင်ထဲဝင်ရောက်ပြီး ဆွေးနွေးပွဲကိုဆက်လုပ်ကျင်းပဖို့တာဝန်ထမ်းဆောင်ခဲ့ပါ အကြမ်းဖက်သမားရဲ့ခေါင်းဆောင်ကဘယ်သူဖြစ်မလဲ စစ်ပွဲ တိုက်ပွဲကြားက အကျိုးအမြတ်ထုတ်ချင်တဲ့ အထက်လူကြီးတွေရဲ့ အကျင့်စရိုက်ကိုလည်း ဒီဇာတ်ကားလေးမှာတွေ့ရမှာဖြစ်ပါတယ် ဗုံးဖျူးကြိုးညှပ်ဖို့ စဉ်းစားပြီး actionချကွက်ကောင်းကောင်းလေးကြည့်ချင်ရင်တော့ ဒီဇာတ်ကားလေးကိုကြည့်ရှုဖို့ recommendပေးချင်ပါတယ် Filesize : 1.03 GB / 524 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( ...
movie

Defense Bomb Crisis ( 2021 )

Murloc ( 2022 ) 5.9
Murloc ( 2022 ) လူတစ်ပိုင်းငါးတစ်ပိုင်း ရေသူမျိုးတွေဆိုတာပင်လယ်ရေနက်ပိုင်းမှာ ကျင်လည်ကျက်စားကြသူတွေပါ။ ပင်လယ်ရဲ့ဂေဟစနစ်ချို့ယွင်းလာမှုကြောင့် ​နေရာပြောင်းရွှေ့လာရင်း ရေတိမ်ပိုင်းကိုရောက်ရှိလာပါတယ်။ ရေတိမ်ပိုင်းကိုရောက်လာတဲ့ရေသူတွေဟာ ငါးဖမ်းလှေတွေကိုဒုက္ခပေးတဲ့ကြောက်စရာအန္တရာယ်ဆိုးကြီးဖြစ်လာပါတော့တယ်။ လှေပေါ်ရှိလူအကုန်ကိုကိုက်သတ်ပစ်တဲ့အထိ ရေသူတွေဟာအင်အားကြီးနေခဲ့ပါတယ်။ဒါပေမဲ့လည်း လူသားတွေလောက်ဉာဏ်များတဲ့သတ္တဝါမရှိတာကြောင့် အင်အားကြီးမားတဲ့ရေသူဟာလည်း အဖမ်းခံရ​ပြီးအစမ်းသပ်ခံဘဝကိုရောက်ရတာလည်းရှိပါတယ်။ဟန်ဟောက် ဟာပင်လယ်ဆိပ်ကမ်းမှာအလုပ်လုပ်တဲ့သူဖြစ်ပြီး အ​ဖေတစ်ခုသားတစ်ခုဘဝနဲ့ စကားမပြောတတ်တဲ့သားလေးကိုစောင့်ရှောက်နေသူပါ။ တစ်နေ့မှာ အကြွေးလိုက်တောင်းရင်း ရေသူကိုတင်ထားတဲ့ကားကိုမောင်းမိလျက်သားဖြစ်သွားပါတယ်။ လမ်းမှာမတော်တဆမှုဖြစ်ပြီး ကားလည်းမှောက် လူလည်းသတိမေ့သွားခဲ့ရာက ပြန်နိုးလာတဲ့အခါ ဘယ်နေရာကိုရောက်နေမှန်းမသိတဲ့အပြင် သားလေးကပါဘေးမှာမရှိတဲ့အခါ။ အဲ့အချိန်မှာ သားလေးကတော့ ရေသူကိုစမ်းသပ်တဲ့ လျို့ဝှက်ဓာတ်ခွဲခန်းထဲမှာပိတ်မိနေခဲ့ပါတယ်။ ဖြစ်ချင်တော့ ဓာတ်ခွဲခန်းထဲကရေသူဟာလည်း မတော်တဆတစ်ခုဖြစ်တုန်း ထွက်ပြေးသွားခဲ့ပါတယ်။သားဖြစ်သူကိုရှာဖွေကယ်တင်ဖို့ကြိုးစားရင်း မထင်မှတ်ထားတဲ့အဖြစ်တွေကြုံလာရတဲ့အခါ... ဟန်ဟောက်တစ်ယောက် ရေသူအန္တရာယ်ကိုကျော်လွှားနိုင်ပြီး သားဖြစ်သူကိုကယ်တင်နိုင်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာမို့ သတ္တဝါဆန်းတွေနဲ့တိုက်ခိုက်ရတဲဇာတ်လမ်းတွေကို ​ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တို့အတွက် လက်မလွှတ်တမ်းကြည့်ရှုနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Action Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Murloc ( 2022 )

The Mermaid ( 2022 ) 6.1
The Mermaid ( 2022 ) ဒီတစ်ခါမှာCMပရိသတ်ကြီးကိုရေသူမကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဒီရေသူမကားကတော့ ခါတိုင်းမြင်တွေ့နေကျရေသူမတွေလို ချောမောလှပတဲ့ရေသူမလှလှလေးတွေမဟုတ်ပဲ ရက်စက်တဲ့ထူးဆန်းသတ္တဝါတွေအဖြစ်ရိုက်ထားတာဖြစ်တဲ့အတွက် မွန်းစတားကားတွေကြိုက်တဲ့သူတွေအတွက်ကွက်တိပဲဖြစ်မှာပါ။ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင်တော့ ငါးဖမ်းလှေတစ်စီးဟာ ပင်လယ်မှာငါးဖမ်းထွက်ရင် ပိုက်ကွန်မှာငါးအကြီးကြီးတစ်ကောင်မိသွားပါတယ်။ မိထားတဲ့ငါးကြီးဟာ ငါးမဟုတ်ပဲ ရေသူမတစ်ကောင်ဖြစ်နေတာကြောင့် တစ်လှေလုံးတစ်ယောက်မကျန်ဒုက္ခရောက်သွားခဲ့ပါတယ်။အဲဒီနောက်တော့ရေသူမကိုတင်လာတဲ့ကုန်ကားကိုမောင်းမိတဲ့ Hang Chi ဟာ သုတေသနခန်းထဲမှာပိတ်မိနေတဲ့ သားကိုကယ်ဖို့အတွက် ထူးဆန်းသတ္တဝါ ရေသူမနဲ့ရင်ဆိုင်ရပါတော့တယ်။ အသက်အန္တရာယ်ကြားအခက်အခဲတွေကို ဘယ်လိုသက်စွန့်စံဖျားကျော်ဖြတ်မလဲဆိုတာကို ရင်တမမနဲ့ကြည့်လိုက်ကြပါဦးနော်။ Quality : WEB-DL 1080 , 480p Format : mp4 Genres : Adventure , Fantasy Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Mermaid ( 2022 )

Ten Tigers of Guangdong: Invincible Iron Fist ( 2022 ) 6.5
Ten Tigers of Guangdong: Invincible Iron Fist ( 2022 ) "လျန်ခွင်းဆိုတဲ့ လူငယ်လေးတစ်ယောက်နဲ့ သူရဲ့ငယ်စဥ်ကတည်းက ချစ်ခဲ့ရတဲ့မိန်းကလေး ပြီးတော့ သူရဲ့အစ်ကိုတို့ဟာ ငယ်စဥ်ကတည်းကဟူတဟိုင်ရဲ့ အနိုင်ကျင့်မှုတွေကိုခါးစည်းခံလာခဲ့ရာကနေ ချစ်ရသူနဲ့ ညီအစ်ကိုလိုခင်ရတဲ့သူငယ်ချင်းကိုကာကွယ်ရန် လျန်ခွင်းဟာ ရှောင်လင်သိုင်းပညာကို တစ်စိုက်မက်မက်သင်ယူခဲ့ပါတော့တယ်သင်ယူပြီးတဲ့နောက် ဇာတိမြေကိုပြန်လာခဲ့ပါတယ် သို့ပေမဲ့လည်း ဟူတဟိုင်နဲ့ သူ့ရဲ့အပေါင်းအပါညီအကိုတွေက ပိုပြီးတော့တောင်ရန်လိုလာခဲ့ပါတော့တယ် အဲဒီကနေ အစပြုလို့ ဟူတဟိုင်ဟာ လျန်ခွင်းခွင့်မလွှတ်နိုင်တဲ့ အမှားတစ်ခုကို ကျူးလွန်လိုက်တဲ့အခါမှာတော့ လျန်ခွင်းဟာလက်စားချေမှုတွေပြုလုပ်လာခဲ့ပါတော့တယ်ချစ်ရသူတွေအတွက် လက်စားချေရင်း ဘယ်လိုတွေရင်ဆိုင်ရမလဲ ဘယ်လိုစိန်ခေါ်မှုတွေကိုရော ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာ ဒီဇာတ်ကားလေးကိုကြည့်ရှုလိုက်ရအောင်ပါနော် သိုင်းပညာတွေ ဂိုဏ်းတွေနဲ့ ကြည့်ရတာ သဘောကျနှစ်သက်သူတွေအတွက်ကတော့ ဒီကားလေးကို သဘောတွေ့စေမိမှာအမှန်ပါပဲရှင်" Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Romance Runtime : 1h 15min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK
movie

Ten Tigers of Guangdong: Invincible Iron Fist ( 2022 )