Channel Myanmar

Zack Gold

Drive Back (2024) 4.7
Drive Back (2024)  Drive Back (2024)အိုလီဗီယာနဲ့ရိဒ်တို့ဟာ တက္ကသိုလ်ကျောင်းက ငယ်ချစ်ဦးတွေဖြစ်ခဲ့ကြပြီး အခုချိန်မှာတော့ ရိဒ်ရဲ့မိဘနှစ်ပါးပိုင်ဆိုင်တဲ့ ကျေးလက်အိမ်လေးမှာ စေ့စပ်ပွဲကိုကျင်းပပြီး တောအုပ်ကြီးတစ်ခုကိုဖြတ် မြို့ကိုပြန်ခဲ့ကြပါတယ်။အလာတုန်းက အထစ်အငေါ့မရှိခဲ့တဲ့ သူတို့ခရီးဟာ အိုလီဗီယာ့အလိုကျ ပိုမြန်မယ်လို့ထင်ရတဲ့ ဖြတ်လမ်းကနေဖြတ်သွားမိတဲ့အချိန်မှာ မကြာသင့်ပဲအချိန်တွေကြာ၊လမ်းတွေပျောက်၊ လမ်းမှာအကူအညီတောင်းပေမယ့်လည်းအခက်အခဲတွေ တစ်ခုပြီးတစ်ခုနဲ့ထိတ်လန့်စရာအဖြစ်အပျက်တွေ၊အမြင်အာရုံတွေကိုပါ နှစ်ဦးလုံး တစ်ယောက်တစ်မျိုးဆီ ဆက်တိုက်ကြုံလာရချိန်မှာတော့ သူတို့တစ်စုံတစ်ခုကို ရိပ်စားသဘောပေါက်မိလာပါတော့တယ်။အဲ့ဒါကတော့ သူတို့လမ်းမှာတွေ့ခဲ့တဲ့ အခက်အခဲတွေဟာ အကြိမ်ကြိမ်ကြုံဖူးခဲ့ပြီးသားဖြစ်ပြီး၊ သူတို့လမ်းမှာတွေ့ခဲ့ဆုံခဲ့တဲ့သူတွေဟာ သူတို့ကိုယ်တိုင်ရဲ့ မူကွဲအမျိုးမျိုးဖြစ်နေတယ်ဆိုတာပါပဲ။အဲ့ဒီ၀င်္ကပါဟာ သူတို့စိတ်ရဲ့လှည့်စားမှုပဲလား၊ ဒါမှမဟုတ် သူတို့ရဲ့အမှားတစ်စုံတစ်ရာကြောင့် ပြစ်ဒဏ်ခတ်ခံရခြင်းလား? ဒီနေရာကနေလွတ်မြောက်ဖို့လမ်းစကိုဘယ်လိုရှာကြမလဲ?Triangle 2009 ကိုနှစ်သက်ခဲ့သူတွေအတွက် မြည်းစမ်းကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (1.4 GB) / (830 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Horror, Mystery, Sci-Fi, Thriller Duration…. 01:34:15 Subtitle…. Myanmar ...
movie

Drive Back (2024)

2024
Control Freak (2025) 4.5
Control Freak (2025)  Control Freak (2025)IMDb Rating (4.5) / Rotten Tomatoes (67%) လောလောလတ်လတ် အော်စကာရထားတဲ့ The Substance ကြည့်ထားပြီးတော့ သူ့လိုမျိုး Body Horror ဇာတ်ကားကောင်းကောင်းလေး ကြည့်ချင်တဲ့သူရှိရင်တော့ ဒီဇာတ်ကားကိုလည်း ကြည့်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းဗယ်လာရီ ငုယင်ဟာ တချိန်က ဝေဖာဆိုင်မှာ အလုပ်လုပ်ပြီး အိမ်ပိုင်ရာပိုင် မရှိခဲ့ရာက အခုဆိုရင် အောင်မြင်ကျော်ကြားတဲ့ စိတ်ခွန်အားမြင့်တင်ရေး ဟောပြောရေးဆရာမတစ်ယောက် ဖြစ်လို့လာခဲ့ပါတယ်။သူမဟာ ဘွတ်ကင်အပြည့်နဲ့ နယ်လှည့်ဟောပြောပွဲတွေ ဆက်တိုက်လုပ်ရပြီး ချစ်ရတဲ့ကောင်လေး ရော်ဘီကလည်း သူ့ကို အစွမ်းကုန် ပံ့ပိုးပေးပါတယ်။ဒါပေမဲ့ သူမဟာ စိတ်ဖိစီးမှုများလွန်းတာကြောင့် ခေါင်းကို ခဏခဏကုတ်ခြစ်နေတတ်ပါတယ်။ ဒီလိုနဲ့ နယ်လှည်ဟောပြောပွဲတွေဆက်တိုက်လုပ်ပြီး ကိုးလလောက် ကြာတဲ့အခါမှာသူမဟာ ဘယ်ဟောပြောပွဲပဲသွားသွား ဦးထုပ်ဆောင်းထားပြီးတော့ ဦးထုပ်ကို လုံးဝမချွတ်တော့ပါဘူး။သူ့ကောင်လေးဖြစ်သူ ရော်ဘီကလည်း သူဒီလိုကုတ်ခြစ်နေတတ်တာကို ဆရာဝန်ပြကြည့်ဖို့၊ ပြောပေမဲ့ သူမက လက်မခံပဲ အလက်ဂျစ်ထတာလို့ပဲပြောပြီး သောက်ဆေးအားကိုးနဲ့ ...
movie

Control Freak (2025)

2025
4K HEVC
The Whisperer in Darkness (2011) 6.5
The Whisperer in Darkness (2011) ဒီဇာတ်ကားဟာဆိုရင် ၁၉၃၀ခုနှစ်မှာ အမေရိကန်စာရေးဆရာH.P.Lovecraft ရေးသားခဲ့တဲ့ စာလုံးရေ ၂သောင်း၆ထောင်ပါတဲ့၀တ္ထုကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဒီဇာတ်ကားဟာ Horror နဲ့ Science fiction ကိုပေါင်းစပ်ရိုက်ကူးထားတာကြောင့်Scientific horror ကြိုက်သူတွေ သဘောကျမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ အဲလ်ဘတ်ဝေလ်မတ်ဆိုတဲ့ ရှေးပုံပြင်လေ့လာသူပရော်ဖက်ဆာတစ်ယောက်ဟာ ပုံပြင်တွေ ဒဏ္ဍာရီတွေကိုလေ့လာပြီးဘာကြောင့် ဒီပုံပြင်တွေဖြစ်လာရသလဲ၊ ဒါတွေဟာတကယ်ဖြစ်နိုင်မလားဆိုတာကိုခွဲခြမ်းစိတ်ဖြာပြီး လူတွေရဲ့အယူသီးမှုကို ရှင်းလင်းပေးသူဖြစ်ပါတယ်။တစ်နေ့မှာတော့ ဗာမောင့်တောင်တန်းတွေပေါ်မှာထူးဆန်းတဲ့သတ္တဝါတွေ၊ ဂြိုလ်သားတွေ ရောက်နေပြီဆိုတဲ့ကောလဟာလတွေ လူပြောများလာခဲ့ပါတယ်။အဲလ်ဘတ်လည်း ဒါတွေကို လွယ်လွယ်မယုံတတ်သူဖြစ်တာကြောင့်ဗာမောင့်ကိုသွားရောက်စုံစမ်းပါတော့တယ်။ဒဏ္ဍာရီတွေရဲ့နောက်ကွယ်မှာ ဘာတွေရှိနေမလဲ။ဒီကောလဟာလတွေကရော အမှန်ဖြစ်နိုင်မလား။ဂြိုလ်သားတွေတကယ်ရှိသလား။ဒီအဖြစ်အပျက်တွေကို ဘယ်သူတွေကြိုးကိုင်နေသလဲဆိုတာကိုအဲလ်ဘတ်တစ်ယောက် အဖြေရှာတွေ့နိုင်မလားဆိုတာတကယ့်ကိုစိတ်၀င်စားဖို့ကောင်းပါတယ်။ File size…  1.06 GB /  638 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 43m Genre .....  Sci-Fi , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka
movie

The Whisperer in Darkness (2011)

2011
Black Girl Missing (2023) 5.4
Black Girl Missing (2023) Black Girl Missing (2023) ===================ဒီနေ့တင်ဆက်ပေးမှာကတော့ ဖြစ်ရပ်မှန်ကို မှီငြမ်းပြီး ရိုက်ထားတဲ့ ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ (၁၈) နှစ်အရွယ် သမီးလေး ပျောက်သွား လို့ လိုက်ရှာတဲ့ လူမည်းအမျိုးသမီး မိခင်တစ်ယောက် ကြုံတွေ့ခဲ့ရတဲ့ ခွဲခြားဆက်ဆံမှုတွေ မတရားမှုတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ရှယ်လ်ဘိတ်ကာက ဘလူးဗယ်လ်လီ အထက်တန်းကျောင်းက ဒု ကျောင်းအုပ်ပါ။ ချစ်စရာ သမီးလေးနှစ်ယောက်လည်း ပိုင်ဆိုင်ထား ပါတယ်။ ခင်ပွန်းဆုံးသွားပြီး စိတ်သစ်လူသစ်ဖြစ်အောင် ဘလူး ဗယ်လ်လီကို ပြောင်းခဲ့ကြတာပါ။တစ်နေ့မှာတော့ သမီးကြီး လော်ရန် ပိတ်ရက်အိမ်ပြန်လာတုန်း စကားများကြပါတယ်။ စိတ်ဆိုးပြီး လော်ရန် ကောလိပ်ကို ပြန် သွားပြီပဲ ထင်နေခဲ့တာပါ။ လော်ရန်နဲ့ စကားမပြောဖြစ်တာ ကြာ ပါပြီ။ ဖုန်းဆက်လို့ စာပို့လို့လည်း မရပါဘူး။ ဟိုဟိုဒီဒီ စုံစမ်းကြည့်မှ လော်ရန် ပျောက်နေပြီဆိုတာ သိလိုက်ရပါတယ်။ ရဲတွေကို သွား ရောက်အကြောင်းကြားပေမဲ့ ထွက်ပြေးသွားတာလို့ပဲ သုံးသပ် ပြောကြားပြီး သေချာစုံစမ်းမပေးကြပါဘူး။ သတင်းထောက်တွေကို ပြောတော့လည်း စိတ်ဝင်စားစရာ မရှိဘူးဆိုပြီး အာရုံမစိုက်ကြပါဘူး။တစ်ချိန်တည်းမှာပဲ ဂျက်စီကာရူဆို ဆိုတဲ့ လူဖြူကောင်မလေး တစ်ယောက်လည်း ပျောက်နေပါတယ်။ ...
movie

Black Girl Missing (2023)

2023