Channel Myanmar

Zach Ireland

Dead Talents Society (2024) 7.4
Dead Talents Society (2024)  အူတက်အောင်ရယ်ရမဲ့ တရုတ်သရဲကားအခွီလေးကြည့်ချင်ရင်တော့ ဒီဇာတ်ကားလေးကိုသာကြည့်လိုက်တော့ဗျာ။ ဇာတ်လမ်းအကျဉ်း++++++++++လောလောလတ်လတ် သေထားတာ မကြာသေးတဲ့သရဲမလေးတစ်ယောက်ဟာ ကမီလာဆိုတဲ့ သရဲမလေးနဲ့နှစ်ယောက်သား ပရလောကမှာ တရုတ်ရိုးရာအရ မိဘမီးရှို့ပေးတဲ့ အစားအသောက်တွေ အသုံးအဆောင်တွေကိုမှီခိုစားသောက်ပြီး သောင်တင်လို့နေပါတယ်။တစ်နေ့မှာတော့ သရဲမလေးရဲ့ မိဘတွေဟာ အိမ်သန့်ရှင်းရေးလုပ်ရင်းနဲ့ သူမရဲ့ မွေးစာရင်းကို လုပ်ဖျောက်လိုက်မိပြီးဘယ်လိုရှာရှာ ပြန်မတွေ့တော့ပါဘူး။သရဲမလေးဟာ သူမရဲ့ မွေးစာရင်းပျောက်သွားပြီးတဲ့နောက်မှာသူ့မရဲ့ ဝိဉာဉ်နာမ်ရုပ်ဟာ အခွေထစ်သလို ထစ်လာတဲ့အတွက်လိုက်မေးကြည့်တဲ့အခါ ကျန်ရစ်သူမိသားစုမှာ သေဆုံးသူရဲ့မွေးဖွားခဲ့တဲ့အထောက်အထား မရှိတော့တဲ့အခါ အဲဒီသရဲကရက်သုံးဆယ်အတွင်း နာမ်ရုပ် ပြိုကွဲသွားမှာဖြစ်ကြောင်းသိလိုက်ရပါတော့တယ်။ ဒီတော့ သူမဟာ မပျောက်ကွယ်သွားချင်တဲ့အတွက် နည်းလမ်းရှာတဲ့အခါ ပရလောကမှာသရဲခြောက်ခွင့်လိုင်စင်ဆိုတာရှိပြီး အဲလိုင်စင်ရထားတဲ့သရဲတွေက ကိုယ်ထင်ပြနိုင်ပြီး လူတွေမြင်အောင်လုပ်နိုင်ရင်အမေ့ပျောက်မခံရတော့ပဲ ဆက်လက်တည်ရှိနိုင်ကြောင်းသိလိုက်ရတဲ့အခါ အဲဒီ သရဲခြောက်ခွင့်လိုင်စင်ကိုရဖို့ကြိုးစားပြီး လူတွေကို ခြောက်လှန့်နိုင်အောင် ကြိုးစားပါတော့တယ်။ဒီတော့ ဒီဇာတ်ကားလေးမှာ ဒီသရဲမလေးက ဘာကိုစိတ်မပြတ်လို့ မကျွတ်သေးတာလဲ......ဘာလို့ ပရလောကမှာ ဆက်တည်ရှိချင်တာလဲဆိုတာအပြင်သူ့ခမျာ အူတူတူ အတတနဲ့ ဘယ်လိုလုပ်သရဲခြောက်ပြီးလိုင်စင်ရအောင် လုပ်ကြမလဲဆိုတာက အခွီကြည့်ရမဲ့ဟာသကားလေးဖြစ်ပါတယ်။  File size… (1.59 GB) / ...
movie

Dead Talents Society (2024)

Weekend in Taipei (2024) 6.0
Weekend in Taipei (2024)  ကားတွေမောင်း သေနတ်တွေပစ်ပြီး အသေအကြေချတဲ့အက်ရှင် ရုပ်ရှင်ကောင်းကောင်းမျိုး ကြည့်ချင်ရင် ဒီကားကိုကြည့်ရမှာပါ။ Fast & Furious မှာ Han အဖြစ် အသိများကြတဲ့Sung Kang က ဗီလိန်အဖြစ် သရုပ်ဆောင်ထားပါတယ်။မင်းသားကတော့ Dracula Untold ထဲက Luke Evans ပါပဲ။ဇာတ်လမ်းအကျဉ်း*************မူးယစ်နှိမ်နင်းရေးအေးဂျင့် ဂျွန် လောလော်ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကတိုင်ပေက ဘိန်းရာဇာ ခွမ်းကို ဖမ်းဖို့ လာထောက်လှမ်းခဲ့ပေမဲ့မအောင်မြင်ဘဲ ဆုတ်ခွာခဲ့ရပါတယ်။ နောက် ၁၅ နှစ်ကြာချိန်မှာမှခွမ်းကို ဖမ်းနိုင်ဖို့ အရေးကြီးတဲ့ စာရင်းစာအုပ်တစ်အုပ်ကိုတိုင်ပေမှာ စွန့်စားပြီး သွားယူဖို့ကြုံလိုပါတယ်။အဲဒီအချိန်မှာပဲ အတိတ်က အချစ်ဟောင်းနဲ့ သူမသိခဲ့တဲ့သားတစ်ယောက်ရှိနေတာကို သိလာပြီး မိသားစု ၃ ယောက်ခွမ်း ရဲ့လက်ထက်ကနေ အသက်ရှင်ဖို့နဲ့ ခွမ်းကို ဖမ်းနိုင်ဖို့ကြိုးစားကြရပါတော့တယ်။ အက်ရှင်အသားပေးဖြစ်သလိုမိသားစုဒရာမာလည်းဖြစ်တာကြောင့် အတော်ကြည့်ကောင်းတဲ့ဖျော်ဖြေရေးရုပ်ရှင်ထဲမှာ ထည့်ရမှာပဲ ဖြစ်ပါတယ်။ File size…  ( 4K ) ...
movie

Weekend in Taipei (2024)

4K HEVC