Channel Myanmar

Yuriy Borisov

Kalashnikov (2020) 6.6
Kalashnikov (2020)  ကမ္ဘာပေါ်မှာ လူတွေရဲ့အသက်ကို အများဆုံးချွေခဲ့တဲ့ သေနတ်ကို ပြောပါဆိုရင် အေကေ-ဖော်တီဆဲဗန်း (AK-47) မောင်းပြန်ရိုင်ဖယ်ကိုပဲ ပြောရမှာပါပဲ။အဲဒီလက်နက်ဟာ လက်နက်ငယ်လောကကို တစ်ခေတ်ဆန်းစေခဲ့ပြီး ကမ္ဘာအနှံ့မှာ အသုံးပြုတာခံခဲ့ရသလို လက်နက်ငယ်ပေါင်းများစွာဟာလည်း ဒီသေနတ်ကို အခြေခံပြီး တီထွင်ခဲ့ရတာပါ။ဒီသေနတ်ကို official အနေနဲ့ ကာလရှညိကော့ဖ် ရိုင်ဖယ်လို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရုရှားရဲ့ လက်နက်တီထွင်သူ ဉာဏ်ကြီးရှင် မီခေး ကာလရှညိကော့ဖ် ဆိုသူက တီထွင်ခဲ့လို့ပါပဲ။ ကာလရှညိကော့ဖ်ဟာ အတန်းပညာ ဆုံးခန်းမတိုင်ခဲ့သလို တပ်ကြပ်အဆင့်နဲ့ တီထွင်သူဖြစ်လာခဲ့တာပါ။ဒီသေနတ်ကို မတီထွင်ခင်မှာ ဒုတိယကမ္ဘာစစ်ရှေ့တန်းစစ်မျက်နှာမှာ တင့်တပ်သားအနေနဲ့ အကြီးအကျယ် တိုက်ပွဲဝင်ခဲ့ဖူးတဲ့သူ ဖြစ်ပါတယ်။အဲဒီတုန်းက ဆိုဗီယက်တပ်တွေနဲ့ ဂျာမန်တပ်တွေ ဘတပြန် ကျားတပြန် တိုက်ခိုက်နေကြချိန်မှာ ဆိုဗီယက်တွေရဲ့ ရိုင်ဖယ်ဟာ ဂျာမန်တွေရဲ့ Sturmgewehr 44 rifle တွေကို မယှဉ်နိုင်ဘဲ အတော်အထိနာကြတဲ့ အခြေအနေမှာ ရှိပါတယ်။ဆိုဗီယက်ဘက်မှာလည်း လက်နက်တွေကို ဆက်တိုက်စမ်းသပ်ထုတ်လုပ်နေပေမယ့် လက်နက်တစ်ခေတ်ဆန်းသွားလောက်စေမယ့် ...
movie

Kalashnikov (2020)

2020
4K HEVC
Captain Volkonogov Escaped (2023) 7.3
Captain Volkonogov Escaped (2023) Captain Volkonogov Escaped (2023)IMDb - 7.3/10 နဲ့ Rotten Tomatoes - 100% အထိ ရရှိထားပြီးဗင်းနစ်စ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ Golden Lion ဆုအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံခဲ့ရတဲ့ ရုပ်ရှင်တစ်ခုပါ။ဆိုဗီယက်စစ်အာဏာရှင် ဂျိုးဇက် စတာလင် ရဲ့ ဆိုဗီယက်ပြည်ထောင်စုကြီး အဓွန့်ရှည်တည်မြဲရေးအတွက်လူတွေအစုလိုက်အပြုံလိုက် သုတ်သင်ရှင်းလင်းခဲ့တဲ့ The Great Terror ဆိုတဲ့ ၁၉၃၈ ခုနှစ်ဝန်းကျင်ကာလမှာ ဇာတ်အိမ်တည်ထားပါတယ်။ • ဇာတ်လမ်းအကျဉ်း •ဖီယိုဒေါရ် ဗော်လ်ကာနိုဂေါ့ဗ် ဟာ အထက်လူကြီးတွေရဲ့ယုံကြည်မှုကိုသာမက ရဲဘော်တွေကြားမှာပါ စံထားလေးစားကြရတဲ့ ဆိုဗီယက်စစ်ဗိုလ်တစ်ယောက်ပါ။ဒါပေမယ့်တစ်နေ့မှာ သူ့အထက်အရာရှိတစ်ယောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တာကြောင့် လက်အောက်ငယ်သားတွေလည်း တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီး‌စစ်ဆေးခံရပါ‌တော့တယ်။ဖီယိုဒေါရ်ကတော့ သူ့အလှည့်မရောက်ခင် ကိုယ်လွတ်ရုန်းထွက်ပြေးနိုင်ခဲ့ပေမယ့် "ငရဲကျနေတဲ့သူငယ်ချင်းတစ်ယောက်" နဲ့ လမ်းမှာတွေ့ပြီး ...
movie

Captain Volkonogov Escaped (2023)

2023
The Master and Margarita (2023) 7.2
The Master and Margarita (2023)  ဒီဇာတ်လမ်းဟာ ရုရှားကနေ ထွက်ရှိထားတဲ့ စိတ်ကူးယဉ် ဒရာမာဇာတ်လမ်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းပုံစံက အတော်ကို ထူးခြားပြီးRatingတွေကလည်း ကောင်းတာမို့ ရုရှားဇာတ်ကား ကြိုက်သူတွေမြည်းစမ်းသင့်တဲ့ ဇာတ်ကားတစ်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့ ကွန်မြူနစ်ဝါဒနဲ့ ပိတ်ဆို့တားဆီးမှုတွေအရမ်းများတဲ့ ရုရှားနိုင်ငံရဲ့ ၁၉၃၀ပြည့်နှစ်ကာလတွေမှာ သူ့ပြဇာတ်နဲ့ဝတ္ထုတွေကို အစိုးရအားဝေဖန်မှုနဲ့ ဆင်ဆာပိတ်သိမ်းခံလိုက်ရတဲ့စာရေးဆရာတစ်‌ယောက်က အဲဒီလို အပိတ်ခံရအောင် လုပ်ခဲ့တဲ့တာဝန်ရှိသူတွေကို ဝူလန်းဆိုတဲ့ နတ်ဆိုးတစ်ယောက်ကကလဲ့စားချေတဲ့ပုံစံမျိုးနဲ့ ဝတ္ထုတစ်အုပ်ကို ထပ်ရေးခဲ့ပါတယ်။ အဲဒီဝတ္ထုဟာလည်းထုတ်ဝေခွင့်မရနိုင်မှန်း သိရဲ့နဲ့ အဆုံးသတ်တဲ့အထိ ရအောင်ရေးရင်းဝတ္ထုထဲက ဇာတ်ကောင်ဘဝနဲ့ အပြင်က သူ့ဘဝနှစ်ခု မထင်မှတ်ထားဘဲရောယှက်လာချိန်မှာ ဘယ်လိုထူးဆန်းတဲ့ကိစ္စတွေ ဖြစ်လာမလဲဆိုတာThrillerဆန်ဆန် ကြည့်ရှုရမယ့် ခပ်ဆန်းဆန်း ရုရှားဇာတ်ကားပဲဖြစ်ပါတယ်။  File size…2.28GB / 1.21GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 37m Genre ….. Drama , Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

The Master and Margarita (2023)

Road to Berlin (2015) 6.5
Road to Berlin (2015) Genre – Drama, War IMDB – 6.5/10 ဒုတိယကမ္ဘာစစ်နောက်ခံ ရုရှား Red Army ဖက်က အမြင်နဲ့တင်ဆက်ထားတဲ့ စစ်ဒရမ်မာကားလေး ဖြစ်ပါတယ်။အိုဂါကော့ဗ်ဆိုတဲ့ ဆက်သွယ်ရေးအရာရှိလေးက တပ်တွေကိုတစ်တပ်ပြီး တစ်တပ် မြင်းလေးနဲ့ ဆက်သွယ်ပေးနေရတဲ့စစ်သားလေးပေါ့။ တစ်နေရာကျ ဂျာမန်တင့်ကားတွေနဲ့ တွေ့ပြီးအခြေအနေမလှလို့ ပြန်ဆုတ်ခွာလာရပါတယ်။ အဲဒီမှာ အဆက်အသွယ်ပြတ်တောက်လို့ ရုရှားခံစစ်တွေတော်တော်များများ ချိုးဖောက်ခံရတာက သူ့အပြစ်တွေများတယ်ဆိုပြီးစစ်ခုံရုံးမှာ ထွက်ပြေးမှု တာဝန်မကျေပွန်မှု စသဖြင့်တွေနဲ့ သေနတ်နဲ့ပစ်သတ်ဖို့ သေဒဏ်ချမှတ်လိုက်ပါတယ်။ အဲဒီမှာ သူ့ကို ပစ်သတ်ဖို့စောင့်ကြပ်ဖို့ တာဝန်ကျတာက ရဲဘော် ဇူရာဘိဖ်ဆိုတဲ့ အမိန့်ပဲသိပြီးစကားနည်းတဲ့တစ်ယောက်။ အဲဒီအချိန်မှာပဲ ဂျာမန်တပ်တွေ ရုတ်တရက်ဝင်တိုက်လို့ နှစ်ယောက်သားထွက်ပြေးလာခဲ့ပြီး အမိန့်တာဝန်ကျေပွန်ချင်လို့ ဌာနချုပ်ထိ ရောက်မှ ပစ်သတ်မယ်ဆိုပြီး ခရီးထွက်လာခဲ့တဲ့ အခါမှတော့…..။ရဲဘော်ရဲဘက်နှစ်ဦးရဲ့ တိုက်ပွဲတွေကြား စွန့်စားခန်းတွေထွက်ပြီးညီအစ်ကို သံယောဇဉ်တွယ်ကြပုံတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။တစ်ခုတောင်းဆိုချင်တာကတော့ ရထားတဲ့စာဖိုင်ရဲ့ မပြည့်စုံမှုကြောင့်အဆင်ပြေအောင် ကြိုးစားပြန်ထားတာကို နားလည်ပေးစေချင်ပါတယ်ဗျ။ File size…1.86GB / 957MB Quality…Blu-Ray  ...
movie

Road to Berlin (2015)

Gerda (2021) 5.7
Gerda (2021) Gerda (2021) ==========ကဲ ဒီတစ်ခေါက်တော့ Moscow မှာ ကျင်းပတဲ့2021ရဲ့ Stalker Human Right Film Festivalကနေ Best Film Award ကို ဆွတ်ခူးထားတဲ့ကားလေးနဲ့မိတ်ဆက်ပေးပါမယ်။Main character ရဲ့ဇာတ်ကြောင်းကိုရည်ညွှန်းထားတဲ့ Gerda ဆိုတဲ့ရုပ်ရှင်ထဲမှာ လာရာလို့လဲအမည်တွင်တဲ့ ဂါဒါရဲ့မိခင်က Miracle တွေကိုယုံကြည်တဲ့သူတစ်ယောက်ဖြစ်ပီး၊ ဖခင်ကတော့ မိသားစုကိုပစ်ထားပီးဖောက်ပြန်နေတဲ့သူပါ။ခက်ခဲတဲ့ဝမ်းရေးအတွက် ဂါဒါဟာNight Clubတစ်ခုမှာအပျော်မယ် အဖြစ်အလုပ်လုပ်ရပါတယ်။ ဒါပေမဲ့သူ့ဘဝမှာ အခက်အခဲတစ်ခု ပေါ်လာတိုင်း Dreamland နဲ့တူနဲ့နေရာကို သူ့ဝိဥာဉ်ကရောက်သွား လေ့ရှိတာကြောင့် သူ့ဘဝအခက်အခဲတွေအကြိမ်စိပ်လာတာနဲ့အမျှ အိပ်ပျော်သွားတိုင်း သူ့စိတ်ကတောင့်တနေတဲ့ လွတ်လပ်တဲ့ကမ္ဘာ လေးဆီ ခဏခဏရောက်ဖြစ်နေပါတော့တယ်။ဒီဇာတ်ကားမှာတော့ Gerda ဆိုတဲ့မိန်းကလေးတစ်ယောက်ရဲ့ ဘဝ စိန်ခေါ်မှုတွေနဲ့အခက်အခဲကြားရုန်းကန်မှုတွေ အပျော်မယ်တွေရဲ့ဘဝ တွေကို ကိုယ်ချင်းစာခံစားနိုင်မဲ့ ရသမြောက်ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ (အသုံးအနှုန်းတွေကပွင့်လင်းမြင်သာတာမို့ မိသားစုနဲ့အတူ ကြည့်ဖို့မသင့်တော်တာတော့ သတိပေးပါရစေ။)(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Nyein Lai ဖြစ်ပါတယ်)File Size..........(1.4 GB) / (600 MB) / (328 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 51mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Nyein Lai Encoder..........SWM
movie

Gerda (2021)

2021
The Red Ghost (2020) 6.3
The Red Ghost (2020) The Red Ghost (2020) အညွှန်း**********************IMDb - 6.3CM ကပရိသတ်ကြီးအတွက် ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တာကတော့ 1941 ခုနှစ်၊ ဒုတိယကာလစစ်အတွင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ ဗစ်စ်မာ ဒေသအတွင်းက လူတစ်စုအကြောင်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ...နာဇီတပ်တွေရဲ့ ဝန်းရံတိုက်ခိုက်ခြင်းကို ခံရပြီး လူစုကွဲသွားတဲ့ ဆိုဗီယက် တပ်သားတစ်စု သူတို့ရဲ့ ရဲဘော်ရဲဘက်တွေဆီ ပြန်သွားဖို့ ကြိုးစားရာက လမ်းမှာပေါ်ပေါက်လာတဲ့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် ဂျာမန်တွေရဲ့ ဗဲမာ့ အထူးတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီး အင်အားမမျှတဲ့ တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရပါတော့တယ်။အဲဒီအချိန်မှာ သူရဲကောင်းတွေ မဟုတ်ကြပေမဲ့ အင်အားမမျှတဲ့ ကြားကရအောင် အံတုနေတဲ့ ဆိုဗီယက်လူစုလေးကို ကူညီတိုက်ခိုက်ပေးတဲ့ လူတစ်ယောက်ပေါ်လာပါတယ်။ သူကတော့ "သရဲနီ" ဆိုတဲ့ နာမည်ပြောင်နဲ့ နယ်မြေတစ်ဝိုက်မှာ သတင်းမွှေးနေတဲ့ နာဇီလူသတ်သမားပဲ ဖြစ်ပါတယ်။ သရဲတစ်ကောင်လို ဘယ်နေရာက ပေါ်လာမှန်းမသိ ပေါ်လာပြီး နာဇီတွေကို တစ်ယောက်ပြီးတစ်ယောက် ...
movie

The Red Ghost (2020)

2020
Silver Skates (2020) 7.1
Silver Skates (2020) Silver Skates (2020)===============IMDb Rating - 7.1/10အချိန်ကတော့ ၁၉ရာစုအကုန် ၂၀ရာစုအစ ရုရှားအင်ပါယာကြီးရဲ့မြိုတော် စိန့်ပီတာဘတ်လမ်းတွေမှာ ရေခဲပြင်အတိဖုံးပြီးနှင်းဖွေးဖွေးလှုပ်နေတဲ့ ဆောင်းရာသီတစ်နေ့ပါ။ ရေခဲပြင်ပွဲဈေးတွေနဲ့ စည်ကားနေတဲ့ လူအုပ်ကြီးကြားမှာ မတ်ဗေးတစ်ယောက်လည်းသူ့စကိတ်လေးတစ်ရံနဲ့ ပိုင်းမုန့်အမီပို့ဖို့ကို ခပ်သွက်သွက်လှုပ်ရှားနေရပါတယ်။ ကံဆိုးချင်တော့ လမ်းခုလတ်မှာ လူကြီးလမ်းကြောင်းရှိလို့လမ်းပိတ်ထားတာနဲ့တိုးပြီး အချိန်မီမုန့်မပိုနိုင်ခဲ့တဲ့အတွက် သူ့ခမျာ အလုပ်ထုတ်ခံလိုက်ရပါတော့တယ်။မတ်ဗေးရဲ့အလုပ်နဲ့ရင်းပြီး ဖြတ်သွားခွင့်ပေးလိုက်ရတဲ့ အရာရှိမြင်းလှည်းကြီးဦးတည်သွားရာ စံအိမ်ကြီးမှာတော့ အလီဆာဆိုတဲ့မိန်းမပျိုလေးတစ်ဦးနေပါတယ်။ အလီဆာဆိုတာကတော့ သိပ္ပံပညာကိုအင်မတန်စိတ်ဝင်စားတဲ့ အထက်တန်းစားမိန်းမပျိုလေးတစ်ဦးပါ။ဒါပေမယ့် အဲဒီ ၁၉ရာစုခေတ်တွေမှာ မိန်းကလေးဆိုတာ အိမ်မှုကိစ္စပိုင်နိုင်ရမယ်၊ ဗိုင်းကောင်းကျောက်ပိနေရမယ်၊ ပညာတတ်စရာမလိုဘူးလို့ခံယူထားကြလေတော့ အလီဆာ့ခမျာ ဖခင်ဖြစ်သူရှေ့မှာ ပညာရေးအကြောင်းမဟရဲဘဲ ဝါသနာပါရာကို ပုန်းလျှိးကွယ်လျှိးလုပ်ရရှာပါတယ်။ ဒီလောက်ဆို ပရိသတ်ကြီးရိပ်မိလောက်ပါပြီ ဟုတ်ပါတယ်။ ရိုမီယိုနဲ့ဂျူးလိယက်ဇာတ်လမ်းကို inspire ယူပြီးရိုက်ကူးထားတဲ့ အထက်တန်းစားသူဌေးသမီးအချောအလှလေးနဲ့ အနုတ်စုတ်ဂုတ်တုတ်ဆင်းရဲသား ကောင်လေးတိုရဲ့ အချစ်ဇာတ်လမ်းလေးပါ။ဪ ဇာတ်ကားနာမည် Silver Skates ဆိုတာကတော့ ဇာတ်လိုက်ကျော်မတ်ဗေးတစ်ယောက် အသက်‌မွေးဝမ်းကျောင်းပြုနိုင်အောင်ကူညီပေးနေတဲ့ စကိတ်ဖိနပ်လေးတစ်စုံပါ။ သူ့ဘဝကို အလှည့်အပြောင်းတွေဖြစ်စေခဲ့တဲ့ ...
movie

Silver Skates (2020)

2021
The Blackout 2019 6
The Blackout 2019 တစ်နေ့ရရှားနိုင်ငံမှာ ဘာကြောင့်မှန်းမသိတဲ့ အခြေအနေတစ်ခုကြောင့် ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်သွားတဲ့အပြင် မြို့တွေအမှောင်ကျကုန်တယ် လူတစ်ချို့ဟာလဲ ဘာကြောင့်မှန်းမသိ အသိစိတ်တွေပျောက်ကုန်ပြီး တိုက်ခိုက်မှုတွေ လုပ်တော့တယ် သူတို့နောက်က ကြိုးကိုင်ထားသူဟာလည်း ဘယ်သူဆိုတာ အဖြေရှာလို့မရပြန်ဘူး အမှောင်ကျသွားတဲ့ ဧရိယာအတွင်းကို စုံစမ်းဖို့ လွှတ်လိုက်တဲ့အဖွဲ့တိုင်းလဲ ပြန်မလာနိုင်ကြဘဲ အဆက်အသွယ်တွေပြတ်တောက်ကုန်တယ် ဒီတော့ ရုရှားအစိုးရဟာ ဘာကြောင့်လဲဆိုတာ စုံစမ်းဖို့ အထူးတပ်ဖွဲ့တွေဖွဲ့စည်းပြီး အတွင်းပိုင်းထဲထိသွားပြီး စုံစမ်းဖို့ စတင်တော့တယ် အထူးတပ်ဖွဲ့တွေလည်း ကူညီရာမဲ့ဖြစ်ပြီးအထဲမှာ ပိတ်မိနေတော့တယ် တစ်ဖက်မှာလည်း အစ်လို့ အမည်ရတဲ့ ဂြိုလ်သားတစ်ကောင်ဟာ အမည်ဖော်မရတဲ့ရန်သူကို ရှာဖွေဖို့ သူကူညီနိုင်တယ်ဆိုပြီး လူသားတွေကို သူ့ကို ကူညီဖို့ ကမ်းလှမ်းလာခဲ့တယ် ... တကယ်တော့ ဂြိုဟ်သားတွေဟာ ကမ္ဘာပေါ်ကို အခြေချနေထိုင်ဖို့ ကြိုးစားနေတာသိလိုက်ရတဲ့အချိန်မှာ ...... အထူးတပ်ဖွဲ့တွေအနေနဲ့ရော အပြင်ကို ပြန်ထွက်လာနိုင်ပါ့မလား.... အသိစိတ်မဲ့သွားတဲ့လူတွေကို ထိန်းချုပ်နေတာကရော ဘယ်သူလဲ... ဒီပြဿနာကြီးကိုရော သူတို့ဖြေရှင်းနိုင်ပါ့မလား....... ထူးထူးဆန်းဆန်းနဲ့ သိပ္ပံဆန်ဆန်ဇာတ်လမ်းကြိုက်သူတွေအတွက် ...
movie

The Blackout 2019

T-34(2018) 6.2
T-34(2018) T-34(2018) ((ဒီကားရဲ့ အသက်ဟာ တင့်ထိုးစစ်ဆင်မှုတွေနဲ့ တင့်ကျည်ဆန်တွေ တစ်ဝုန်းဝုန်း ပစ်ခတ်ထိမှန်ချက်တွေဖြစ်လို့ Blu-Ray 1080p5.1 ch နှင့် 720p တို့ဖြင့် update ပေးထားပါသည်...)) စစ်ကားကောင်းတွေ မျှော်လင့်နေတဲ့ ပရိတ်သတ်တွေအတွက် မျှော်လင့်ရကျိုးနပ်တဲ့ကားတစ်ကားလာပါပြီဗျား.... ဒီကားက ဒုတိယ ကမ္ဘာစစ်အတွင်း ရုရှားနဲ့ ဂျာမန်စစ်ဖြစ်တဲ့အချိန် စီးချင်းထိုးခဲ့တဲ့ တင့်ကားတွေအကြောင်းကို အဓိက ထားရိုက်ကူးပြထားတာပါ.... ပြသချိန် ၂နာရီကျော်ရှိခဲ့ပေမယ့်  T-34 အမြောက်သံတစ်ဂျိန်းဂျိန်း ကျည်ဆံသံတစ်ဝီ၀ီနဲ့ အပြန်အလှန်တိုက်ခိုက်မှုကြားမှာ ခင်ဗျားဟာ စိတ်ဝင်စားလွန်းတော့ တောင့်တောင့်ကြီးကြည့်မိပြီး ၂နာရီကျော်ဆိုတာဆိုတာ ဘာမှန်းမသိဖြစ်သွားလိမ့်မယ်....ဇာတ်လမ်းအစမှ အဆုံးထိ ခပ်သွက်သွက် ခပ်ရှင်းရှင်းနဲ့ကို Tempo ချချိန်ဆိုတာတောင်မရှိသလောက်ပဲ.....ရိုက်ချက်တွေနဲ့ ခပ်ပါးပါးနောက်ခံတေးကလည်း တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်အတိပဲ.... ရုရှားဘက်ကတိုက်ရည်ခိုက်ရည်ကောင်းတဲ့ တင့်ကွန်မန်ဒါတစ်ယောက်ဖြစ်တဲ့ Nikolay Ivushkinဟာ ဂျာမန်တင့်ကားခြောက်စီးကို သူ့ရဲ့ T-34တင့်ကားတစ်စီးတည်းနဲ့အကုန်အပြတ်ချေမှုန်းနိုင်ခဲ့တယ်.... ၆စီးကို တစ်စီးထဲနဲ့ချေမှုန်းသွားနိုင်တာကြည့်ရင် သူ့ရဲ့အရည်အချင်းကိုခန့်မှန်းမိနိုင်ကောင်းပါရဲ့... သို့ပေမယ့် နောက်ဆုံးတစ်စီးတစ်စီးကိုချေမှုန်းနိုင်ခဲ့ပေမယ့် သူအဖမ်းခံလိုက်ရတယ်... ဒီလိုနဲ့ ဂျာမန်စစ်သုံပန်းဘ၀ကိုရောကရှိသွားတယ်... ဒီအချိန်မှာ ဂျာမန်တွေအတွက်ရုရှားတွေရဲ့ တင့်စစ်ကစားဟန်က ထိတ်လန့်စရာအဖြစ်သိရှိခဲ့ပြီးတဲ့နောက်မှာ သူတို့အစီအစဉ်တစ်ခုဆွဲခဲ့တယ်... ဂျာမန်တွေဟာ နောက်ဖြစ်လာမယ့်ရုရှားတပ်နီနဲ့ရင်ဆိုင်တိုက်ခိုက်နိုင်ဖို့ အထူးသဖြင့်ရုရှားတင့်တွေကိုဘယ်လိုအနိုင်ရမလဲဆိုတာကို ဂျာမန်မျိုးဆက်သစ်ဗိုလ်လောင်းတွေကို လက်တွေ့ကျကျလေ့လာနိုင်အောင်လို့ တစ်ကယ့်ရုရှားတင့်တစ်စီးနဲ့တိုက်ခိုက်ပေးဖို့စီစဉ်လိုက်တယ်.... အဲ့အချိန်မှာ Nikolay Ivushkinနဲ့တိုက်ခိုက်ဖူးတဲ့ဂျာမန်ခေါင်းဆောင်ဟာ Nikolay Ivushkin ရဲ့အရည်အချင်းကိုသိတဲ့အတွက် Ivushkin ကိုလူအချို့ပေးရွေးပြီးတော့ စုတ်ပြတ်သတ်နေတဲ့ရုရှားတင့်တစ်စီးကိုပေးလိုက်တယ်...အမြောက်ကျည်ဆန်မပါဘဲနဲ့ ဂျာမန်ဗိုလ်လောင်းတွေနဲ့တိုက်ခိုင်းတယ်... Ivushkinဟာအဲ့ဒီစုတ်ပြတ်သပ်နေတဲ့တင့်ကားအတွင်းပိုင်းကိုဝင်ကြည့်တဲ့အခါမှာ ပုပ်ပွနေတဲ့အလောင်းတွေအပြင် မထင်မှတ်ဘဲပြောင်လက်နေတဲ့အရာတစ်ခုခုကိုမြင်တွေ့လိုက်တဲ့အချိန်မှာတော့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel ...
movie

T-34(2018)

2018