Channel Myanmar

Yunho

My Sunshine (2024) 7.3
My Sunshine (2024) My Sunshine (2024) ******************* လမ်းပျောက်နေတဲ့အချိန်မှာ ရုတ်တရက်ပေါ်လာတဲ့ မှုန်ပျပျနေရောင်ခြည်လေးကမျှော်လင့်ချက်ရဲ့အရိပ်အယောင်ပါပဲ။ ဒီနေ့မှာတော့ ဆုပေါင်းများစွာဆွတ်ခူးရရှိထားတဲ့ပေါ့ပေါ့ပါးပါး ဂျပန်ဆယ်ကျော်သက်ကျောင်းသား sports drama ရုပ်ရှင်လေးကိုတင်ဆက်ပေးချင်ပါတယ်။တာကုယာဆိုတဲ့ကောင်လေးက အမြဲတစ်ယောက်တည်းနေနေတတ်တဲ့အပြင်စကားလည်းထစ်တတ်တော့ ‌အမြဲလှောင်ပြောင်ခံနေရတဲ့သူပေါ့။အားကစားမှာလည်း သာမန်အဆင့်လောက်ပဲဆိုတော့ ဘေ့စ်ဘောကစားတာဖြစ်ဖြစ်အိုက်စ်ဟော်ကီဖြစ်ဖြစ် အရမ်းသာမန်ဖြစ်နေတဲ့ တာကုယာကို ဘယ်သူမှမမြင်ကြဘူးပေါ့။အဲဒီလိုနဲ့ လမ်းပျောက်နေတဲ့သူကိုမြင်လိုက်တဲ့သူက‌တော့ အားကစားနည်းပြဆရာပါ။ဒီလိုနဲ့ နည်းပြက တာကုယာကို အိုက်စ်ဟော်ကီအစား သရုပ်ပြရေခဲပြင်စကိတ်စီးတာကိုမိတ်ဆက်ပေးပြီး ကောင်မလေးတစ်ယောက်နဲ့အတူ လေ့ကျင့်ဖို့ တိုက်တွန်းလာချိန်မှာတော့.... (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်) File size…0.99GB / 347MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 30 min. Genre ….. Romance, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Mary Christ Encoded by AHtet 
movie

My Sunshine (2024)

In Love and Deep Water (2023)
In Love and Deep Water (2023)  Netflix original ရုပ်ရှင်ဖြစ်တဲ့ In Love and Deep Water ဟာဂျပန်စကားပြောရုပ်ရှင်ကားတစ်ကားဖြစ်ပြီး ဇိမ်ခံသင်္ဘောပေါ်မှာဇာတ်အိမ်တည်ထားပါတယ်။တာဝန်သိ သင်္ဘောဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ဆုဂုရုဟာသင်္ဘောပေါ်ကို ချိဇုရုဆိုတဲ့ မိန်းကလေးရောက်လာတဲ့အချိန်ကစပြီးသူ့ဘဝဟာလည်းကပြောင်းကပြန် ဖြစ်ကုန်ပါတော့တယ်။ ချိဇုရုဟာဆုဂုရုနဲ့သူ့ရဲ့ရည်းစားတွေအကြောင်း အဖြစ်မှန်ကိုဖွင့်ဟလိုက်တဲ့နောက်မှာတော့ သူတို့နှစ်ဦးစလုံးရဲ့ဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။သင်္ဘောအပေါ်ဆုံးထပ် ရေကူးကန်ထဲမှာ လူသေအလောင်းတစ်လောင်းတွေ့တာကအစပြုလို့ ချိဇုရုနဲ့ ဆုဂုရုတို့နှစ်ဦးသားဟာ တခြားခရီးသည်များနဲ့အတူလျှို့ဝှက်ဆန်းကြယ် လူသတ်မှုတစ်ခုရဲ့ မျက်မြင်သက်သေများ ဖြစ်လာခဲ့ပါတယ်။လူသေဆုံးရတဲ့အဖြစ်မှန်ကို ရှာဖွေနေတဲ့ ဆုဂုရုနဲ့ ချိဇုရုတို့ဟာလျှို့ဝှက်ဆန်းကြယ်လှတဲ့ အဖြစ်အပျက်တွေအကြား တစ်ဦးနဲ့တစ်ဦးသံယောဇဉ်တွယ်လာခဲ့ပါတယ်။ရေကြောင်းခရီးစဉ်တစ်ခုအတွင်း အချစ်ဇာတ်လမ်းနဲ့ လျှို့ဝှက်ဆန်းကြယ်အမှုအခင်းကိုတစ်လှည့်စီပြသရင်း ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားမှာမို့ ဂျပန်စကားပြောIn Love and Deep Water ဇာတ်ကားလေးကို Channel Myanmar ပရိတ်သတ်ကြီးကြည့်ရှုအားပေးနိုင်စေဖို့ တင်ဆက်လိုက်ရပါတယ်။ဒီဇာတ်ကားမှာ အမျိုးသားဇာတ်ဆောင်အဖြစ်ပါဝင်တဲ့ Ryô Yoshizawa ဟာKamen Rider ဇာတ်ကားများနဲ့ လူသိများတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။အိုင်နာအဖြစ်သရုပ်ဆောင်တဲ့ Kikuchi Yuriko ဟာ မင်းသားကြီး Brad Pittပါဝင်တဲ့ ...
movie

In Love and Deep Water (2023)