Channel Myanmar

Yun Lai

Personal Shopper (2016) 6.3
Personal Shopper (2016) Personal Shopper (2016)IMDb Rating (6.1) / Rotten Tomatoes (81 %)Twilight မင်းသမီး Kristen Stewart တကိုယ်တော်ကြမ်းထားတဲ့ လျှို့ဝှက်ဆန်းကြယ်သည်းထိပ်ရင်ဖိုဒရမ်မာဇာတ်ကားကြီးပါ။ဇာတ်လမ်းကတော့.... မော်ရင်းဟာဂျာမန်ရုပ်ရှင် စတားကိုင်ရာရဲ့ လက်ထောက် အဖြစ် အလုပ်လုပ်နေတာဖြစ်ပြီး ကိုင်ရာဓာတ်ပုံရိုက်ရာမှာ ရုပ်ရှင်ရိုက်ရာမှ ဝတ်သမျှ အဝတ်အစားတွေကို စီစဉ်ပေးရသလို အဝတ်အစားတွေကို ပြန်အပ်တာတွေလည်း လုပ်ရတာပါ။ တကယ်တမ်းတော့ မော်ရင်းဟာ သူရဲ့အသက်မွေးဝမ်းကျောင်းအလုပ်အပေါ် လုံးဝစိတ်ဝင်စားခြင်းမရှိပေမယ့်လည်း ကိုင်ရာ့ဆီမှာ ဆက်ပြီးလုပ်နေခဲ့ပါတယ်။တစ်ရက်မှာတော့ မော်ရင်းဆီကို ထူးဆန်းတဲ့ စာတိုမက်ဆေ့ချ်တွေ ရောက်လာခဲ့ပြီး ပို့တဲ့ သူကလည်း သူနဲ့ပတ်သက်တာမှန်သမျှ အကုန်သိတဲ့သူဖြစ်နိုင်တာမို့ သူအစ်ကိုဆီကလို့ပဲ မော်ရင်းထင်ခဲ့ပါတယ်။မော်ရင်းမှာ အမြွှာအစ်ကို လူးဝစ္စရှိပြီး မကြာမီလပိုင်းကမှ ကွယ်လွန်သွားခဲ့တာပါ။ မော်ရင်းတို့ အမြွှာမောင်နှမမှာ နှလုံးရောဂါရှိပြီး ဘယ်သူအရင်သေမလဲဆိုတဲ့ အနေအထားပါ။မော်ရင်းက သူတို့မောင်နှမ အတူနေခဲ့တဲ့ အိမ်ကြီးဆီကို မကြာခဏသွားပြီး တမလွန်က သူ့အစ်ကိုနဲ့ ဆက်သွားနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ လူးဝစ္စက သူအကယ်၍များ မော်ရင်းထက် အရင်သေသွားခဲ့ရင် တမလွန်ကနေ ...
movie

Personal Shopper (2016)

2016
Visions (2023) 5.3
Visions (2023)  Thriller Mystery ကြိုက်တတ်တဲ့ ပရိသတ်တွေအတွက် 2023 မှာထွက်ရှိခဲ့တဲ့ Visions ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Estelleဟာ နာမည်ကြီးဆရာဝန်တစ်ဦးနဲ့လက်ထပ်ထားပြီး ထူးချွန်တဲ့ ပိုင်းလော့တစ်ဦးလည်းဖြစ်ပါတယ်။ အရာရာပြည့်စုံနေတဲ့ Estelle ဘဝထဲကို အတိတ်မှာဇာတ်လမ်းတွေရှိခဲ့ဖူးတဲ့ Ana ဆိုတဲ့အမျိုးသမီးတစ်ဦးပြန်လည်ဝင်ရောက်လာချိန်မှာ Estelle ဟာ Ana နဲ့ ဖောက်ပြားမိပါတယ်။ Ana ပြန်ရောက်လာတဲ့အချိန်ကစပြီး Estelle ဘဝမှာ ဂြိုလ်ဆိုးဝင်သလို ကမောက်ကမတွေဖြစ်ကုန်ပါတော့တယ်။ Estelle ကြုံတွေ့လာရတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တွေနောက်ကွယ်မှာတော့…။Ana အဖြစ် Marta Nieto, Estelle အဖြစ် National Treasure, TROY, Inglourious basterds သရုပ်ဆောင် Diane Kruger ကပါဝင်ထားပါတယ်။ မင်းသမီး ၂ လက်ရဲ့ အပြိုင်သရုပ်ဆောင်ချက်တွေကို တစ်ဝကြီးကြည့်ရှုရမှာမလို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်း.။ (မိသားစုနှင့်အတူ ကြည့်ရှုရန်မသင့်တော်သော ဇာတ်ဝင်ခန်းအချို့ပါဝင်ပါတယ်) File size…(1.8 GB)/(870 Mb) Quality….Webrip ...
movie

Visions (2023)

The 355 (2022) 4.8
The 355 (2022) The 355 (2022)ဒီတစ်ခါတော့ "The 355" ဆိုတဲ့ အလန်းစားဆိုက်ဘာအက်ရှင်ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ် အင်တာနက်တွေ ဆိုက်ဘာနည်းပညာတွေ တိုးတက်လာတဲ့ခေတ်မှာ တီထွင်မှုတွေကလည်း အပြိုင်အဆိုင်ကို ပေါ်ပေါက်လာခဲ့ပါတယ် ကိုလံဘီယာ ဘိုဂိုဒါမှာ ကမ္ဘာကြီးရဲ့ ဘယ်အရာကိုမဆို ထိန်းချုပ်နိုင်တဲ့ ဒရိုက်ဗ်တစ်ခုကို တီထွင်နိုင်ခဲ့ပါတယ် အဲဒီဒရိုက်ဗ်ကို ကိုလံဘီယာအေးဂျင့် လူဝစ်က ရရှိသွားပြီးတော့ စီအိုင်အေကို ဒေါ်လာသုံးသန်းနဲ့ အပေးအယူလုပ်ဖို့ ကမ်းလှမ်းလာတဲ့အခါမှာတော့ အဲဒီတာဝန်ကို ထမ်းဆောင်ဖို့ စီအိုင်အေ အေးဂျင် မေ့စ်နဲ့ သူ့ချစ်သူ နစ်ခ်တို့နှစ်ယောက် ပဲရစ်ကိုရောက်လာကြပါတော့တယ် အပေးအယူလုပ်တဲ့နေရာမှာ ဂျာမန်အေးဂျင့် မယ်ရီက ပိုက်ဆံထည့်ထားတဲ့ အိတ်ကို ကြားထဲကနေ ဖြတ်ယူသွားပါတော့တယ် မေ့စ်က မယ်ရီနောက်လိုက်နေတုန်း နစ်ခ်က ပစ်သတ်ခံလိုက်ရပါတယ် စီအိုင်အေကို ပြန်ရောက်တော့မှ မေ့စ်တစ်ယောက် နစ်ခ်အသတ်ခံလိုက်ရမှန်း သိသွားပါတော့တယ် မေ့စ်ရဲ့ အထက်လူကြီး မတ်ခ်က မေ့စ်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ဒရိုက်ဗ်ကို ပြန်ရအောင်ယူခိုင်းတဲ့အခါမှာတော့ မေ့စ်တစ်ယောက်ဘယ်လိုတွေလုပ်မလဲ- စီအိုင်အေ အေးဂျင့် မေ့စ် - ဂျာမန်အေးဂျင့် မယ်ရီ - ကွန်ပျူတာကျွမ်းကျင်သူ ခါဒီဂျာ - ကိုလံဘီယာစိတ်ရောဂါကုဆရာဝန် ဂရေစီယယ်လာသူတို့တွေ တတိယကမ္ဘာစစ်ကြီး မဖြစ်အောင် ဘယ်လိုတွေကာကွယ်ကြမလဲဆိုတာ ...
movie

The 355 (2022)

Valerian and the City of a Thousand Planets (2017) 6.5
Valerian and the City of a Thousand Planets (2017) Valerian and the City of a Thousand Planets (2017) IMDb - 6.5/10_____Rotten - 48%   2017 July မှာ စတင်ရုံတင်ပြခဲ့တဲ့ Sci-Fi, Space Adventure ဇာတ်ကားလေးပါ။ဒီဇာတ်ကားကို the fifth element , Lucy, messenger အစရှိတဲ့ ဇာတ်ကားကောင်းတွေကို ဖန်တီးပေးခဲ့တဲ့ ဒါရိုက်တာ Luc Besson က သူငယ်ငယ်ကတည်းက သိပ်ကြိုက်နှစ်သက်ခဲ့ရတဲ့  ၁၉၆၇ နှစ်ကတည်းက စတင်ထွက်စတင်ထွက်ရှိလာတဲ့ပြင်သစ်သိပ္ပံကာတွန်းဇာတ်လမ်းတွဲကို ပြန်လည်ပုံဖော်ရိုက်ကူးထားတာပါ။ဒီကာတွန်းဇာတ်လမ်းတွဲက အရမ်းလူကြိုက်များပြီး စာအုပ်ပေါင်း ၁၀သိန်းကျော်အထိ ထုတ်ဝေဖြန့်ချီပြီး ဘာသာစကားပေါင်း ၁၂မျိုးနဲ့ ဘာသာပြန်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။  ဒါရိုက်တာကိုယ်တိုင် သိပ်ကြိုက်ခဲ့တဲ့ အာကာသဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာကြောင့် အာကာသယာဉ်တွေ အာကာသခစန်းတွေ ဆန်းပြားတဲ့လက်နက်တွေ ထူးဆန်းတဲ့ဂြိုဟ်သားတွေ ဆန်းပြားတဲ့သတ္တဝါမျိုးစုံတွေ စတာကို သူ့စိတ်ကြိုက် အထူးပုံဖော်ထားလို့ ဘတ်ဂျက်က US 209 ...
movie

Valerian and the City of a Thousand Planets (2017)

2017