Channel Myanmar

Yukino Kishii

Small, Slow But Steady (2022) 6.9
Small, Slow But Steady (2022) Small, Slow But Steady (2022) *********************************IMDb rating 6.9/10 ရရှိထားတဲ့ sport, drama type ဇာတ်လမ်းလေးတစ်ပုဒ်ကို ညွှန်းပေးချင်ပါတယ်။အကြားအာရုံချို့ယွင်းတဲ့ မိန်းကလေးတစ်ယောက်က သူအားသန်တဲ့ လက်ဝှေ့ထိုးတဲ့အလုပ်ကို professional ကျကျ လုပ်နိုင်ဖို့အတွက် ကျော်ဖြတ်ခဲ့ရတဲ့ အခက်အခဲတွေ အတားအဆီးတွေကို တွေ့မြင်ရမှာဖြစ်ပြီး ..အကြားအာရုံချို့ယွင်းပေမဲ့ ဆရာကောင်းတွေကြောင့် နိုင်ပွဲရအောင်ထိုးနိုင်ခဲ့ပေမဲ့လည်း ကံတရားရဲ့ မျက်နှာသာမပေးမှုတွေ ကြုံလာရပြီးတဲ့နောက် ..gym ပိုင်ရှင်က ကျန်းမာရေးကြောင့် ဂျင်မ်ကိုပိတ်ပစ်ဖို့ ဖြစ်လာသလို ..COVID-19 ဆိုတဲ့ ကပ်ရောဂါဆိုးကြီးကြောင့်လည်း သူကြိုးစားသမျှ ‌အရာမထင်ဖြစ်သွားတဲ့အခါ ..လက်မလျှော့ဘဲ ကြိုးစားပြီး အိပ်မက်တွေကို ထုဆစ်အကောင်အထည်ဖော်သွားနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ရှုလိုက်ပါဦးနော်။ (အညွှန်းကို Kim မှ ရေးသားထားပါတယ်) File size…1.46 GB/ 778 MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 39m Genre ….. Drama, Sport Subtitle….Myanmar Subtitle (Hard Sub) Translated by Kim Encoded by ...
movie

Small, Slow But Steady (2022)

The Dog won’t Eat it, but Charlie Laughs (2022) 6.7
The Dog won’t Eat it, but Charlie Laughs (2022) The Dog won't Eat it, but Charlie Laughs (2022)Inu mo Kuwane do Charlie wa Warau (2022)***************************************ယူဂျီရို တာမူရာ နဲ့ ဟီယောရိတို့က အိမ်ထောင်သက် ၄နှစ်ရှိတဲ့ လင်မယားတွေဖြစ်ပြီး လူအများအမြင်မှာ အေးချမ်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားလို့ အများကအားကျတာကို ခံနေရတဲ့ အိမ်ထောင်သည်တွေဆိုရင်လည်း မမှားပါဘူး။ဒါပေမဲ့ အိမ်ထောင်သက် နှစ်တွေရှည်လာတာနဲ့အမျှ တစ်ယောက်အပေါ်တစ်ယောက် အဆိုးမြင်တာတွေ တစ်ဖက်လူရဲ့အမြင်ကို လျစ်လျူရှုမိတာတွေကနေတဆင့် အစိုင်အခဲတွေ ဖြစ်လာပြီး တဖြည်းဖြည်း စစ်အေးတိုက်ပွဲပမာ ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ ဟီယောရိရဲ့ သူငယ်ချင်းကပြောပြခဲ့တဲ့ ခင်ပွန်းသည် သေမင်းမှတ်စုဆိုတဲ့ website မှာ ချာလီဆိုတဲ့နာမည်နဲ့ သူ့ရဲ့‌ ယောက်ျားအပေါ် မကျေနပ်ချက်တွေကို ပေါက်ကွဲပါတော့တယ်။ယူဂျီရိုကလည်း အလုပ်က မိတ်ဆွေတစ်ယောက်ပြလို့ ခင်ပွန်းသည်သေမင်းမှတ်စုအကြောင်းသိသွားပြီး လူကြိုက်များနေတဲ့ ချာလီဆိုတဲ့စာရေးသူရဲ့စာတွေကို သိသွားပြီးတဲ့နောက် သတိထားမိလာရာကနေ သူတို့အိမ်ထောင်ရေးက တဖြည်းဖြည်း ယိုယွင်းသထက် ယိုယွင်းလာခဲ့ပါတယ်။ဒီလိုယိုယွင်းနေတဲ့ အိမ်ထောင်ရေးကို သူတို့နှစ်ယောက်သား ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားကြမလဲဆိုတာ ကြည့်ရှုအားပေးကြပါဦးနော်။ (အညွှန်းကို Cherry ...
movie

The Dog won’t Eat it, but Charlie Laughs (2022)

Just Only Love (2018) 6.5
Just Only Love (2018) Just Only Love (2019)"အချစ်ဆိုတာ ဘာလဲ"သူ အထီးကျန်နေတဲ့အချိန်မျိုးမှာ ကိုယ်က အမြဲတမ်း အသင့်ရှိနေပေးချင်တာမျိုးက အချစ်လား သူ ဝမ်းနည်းတဲ့အချိန်မျိုးမှာ ကိုယ်က အမြဲတမ်း အသင့်ရှိနေပေးချင်တာမျိုးက အချစ်လားပေးဆပ်ခြင်းက အချစ်လား ပိုင်ဆိုင်ရမှ အချစ်လား။ဒီလိုမျိုး အချစ်ရဲ့အဓိပ္ပာယ်ကို ဇာတ်အေးအေးလေးနဲ့ညွှန်းဆိုဖော်ပြသွားမှာကတော့ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Just Only Love ဆိုတဲ့ ဂျပန်ဇာတ်ကားလေးပဲဖြစ်ပါတယ်။တာနက,မာမိုရုကို တစ်ဖက်သတ်ချစ်နေရတဲ့ ယာမဒ,တဲရုကို နဲ့ ယိုကို,ကို တစ်ဖက်သတ်ချစ်နေရတဲ့ နာကဟာရ တို့ရဲ့ ခပ်ဆွေးဆွေး အချစ်ဇာတ်လမ်းလေးကို ရှုစားလိုက်ကြပါဦးနော်အညွှန်းနဲ့ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p File size… Format… mp4 Duration…. 2h 3min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe Thet Winn Encoder ..... Aaron
movie

Just Only Love (2018)

2018
99.9 Criminal Lawyer: The Movie (2021) 6.3
99.9 Criminal Lawyer: The Movie (2021) 99.9 Criminal Lawyer: The Movie (2021) ============================= IMDb Rating - 6.3/10"ဂျပန်နိုင်ငံက ရာဇဝတ်မှုတွေရဲ့ ၉၉.၉%ဟာ အပြစ်ရှိကြောင်း စီရင်ချက်ချခံရတယ်"၊ "တရားစွဲခံရပြီဆိုတာနဲ့ အပြစ်ဒဏ်ချခံရမှာ သေချာသလောက်ပဲ"၊"ဒီဇာတ်ကားဟာ ကျန်တဲ့(၀.၁%) နောက်ကွယ်ကဖုံးကွယ်နေတဲ့ အမှန်တရားဆီအရောက်သွားဖို့ ဘာမဆိုလုပ်မယ့် ရှေ့နေတွေအ ကြောင်းဖြစ်ပါတယ်"။ဤကား ဇာတ်ကားမိတ်ဆက်။99.9 Criminal Lawyer ဟာ စီးရီးသပ်သပ်ရှိပါတယ်။ ဒါကမူဗီပါ။ စီးရီးနဲ့ ဒီမူဗီရဲ့ အမှုတွေက ဆက်စပ်မနေတာမို့ စီးရီးမကြည့်ဖူးလည်း ဒီမူဗီကိုတန်းကြည့်လို့ရပါတယ်။ဟီရိုတိုမိယာမဆိုတဲ့ လူငယ်ရှေ့နေ့တစ်ယောက်ဟာ မာဒရာမဲဥပေဒေ ရုံးမှာ အလုပ်လုပ်ပါတယ်။ သူက အခင်းဖြစ်ပွားတဲ့ပုံစံကို ပြန်လည်သ ရုပ်ဖော်ပြီး ထင်မထားတဲ့နေရာက သဲလွန်စတွေနဲ့ အမှန်တရားကိုရှာဖွေ တတ်သူပါ။  ဒီကားထဲမှာတော့ လွန်ခဲ့တဲ့၁၅နှစ်က ဝိုင်အဆိပ်သင့်မှုကို မိယာမနဲ့သူ့အဖွဲ့သားတွေ ရှာဖွေစုံစမ်းပုံကို စိတ်ဝင်စားဖွယ်ကြည့်ရှူရ မှာပါ။ တစ်ကားလုံး တရားခံဘယ်သူလဲ စဉ်းစားလာခဲ့ပြီးမှ နောက်ဆုံးမှာ "ဟာ!" ဆိုပြီး ပါးစပ်အဟောင်းသားဖြစ်ရမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။ ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.9 GB) / (828 MB) / (495 MB) Quality............WEB-RIP ...
movie

99.9 Criminal Lawyer: The Movie (2021)

2021
One Day, You Will Reach the Sea (2022) 6.2
One Day, You Will Reach the Sea (2022) One Day, You Will Reach the Sea (2022) လွမ်းမောဖွယ် ဂျပန် drama ဇာတ်ကားလေး တစ်ကားပါ။မနကိုတနိဆိုတဲ့ အရမ်းအေးဆေးရှက်ရွံ့ပြီး လူတွေနဲ့သိပ်အဆက်အဆံလုပ်လေ့မရှိတဲ့ မိန်းကလေးတစ်ယောက်မှာ အရမ်းရင်းနှီးချစ်ခင်တဲ့သူငယ်ချင်းဆိုလို့ တက္ကသိုလ်စတက်ကတည်းက မိန်းကလေးလေးအချင်းချင်းတောင် ကြိတ်ပြီးအားကျရလောက်အောင်ချစ်စရာကောင်းပြီး၊ လူတကာနဲ့ဝင်ဆန့်တဲ့ ဆုမိရဲဆိုတဲ့ မိန်းကလေးသူငယ်ချင်းတစ်ယောက်ပဲရှိခဲ့ပါတယ်။ဆုမိရဲတစ်ယောက်သေဆုံးသွားချိန်မှာတော့ ကိုတနိဟာ ဖြေမဆည်နိုင်အောင်ဖြစ်ခဲ့ပြီး အတိတ်တွေထဲမှာပဲပိတ်မိနေခဲ့ပါတယ်။လက်ရှိဘဝကို အဆင်ပြေအောင်ရှေ့ဆက်နေပေမဲ့လည်း အတိတ်ကသူငယ်ချင်းမလေးဟာဘယ်လိုထူးခြားတဲ့မိန်းကလေးမျိုးဖြစ်ခဲ့တာတွေ၊ နှစ်ဦးကြားက သံယောဇဉ်တွေ၊ အတူပျော်ခဲ့ဖူးတဲ့အမှတ်တရ၊ ဖြစ်ရပ်တွေကို ပြန်ပြောင်းသတိရရင်း လွမ်းဆွတ်ရပုံတွေကို လွမ်းမောဖွယ်ရိုက်ကူးတင်ဆက်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Moe Lay ပါ။) File Size : 1.7GB, 784MB & 382MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 2hr & 6mins Genre : Drama Translated by Moe ...
movie

One Day, You Will Reach the Sea (2022)

2022
Homunculus (2021) 5.6
Homunculus (2021) Homunculus (2021) ===============2021 အစောပိုင်းလောက်က Psychological Mystery Thriller အမျိုးအစားအနေနဲ့ ထွက်ရှိလာတဲ့ ဒီ Netflix ရုပ်ရှင်လေးကတော့ Hideo Yamamoto ရဲ့ နာမည်ကြီး manga ဖြစ်တဲ့ Homunculus ကို live action အနေနဲ့ အသက်သွင်းထားတာပဲ ဖြစ်ပါတယ်။အဓိက ဇာတ်ဆောင်ကတော့ Nakoshi လို့ ခေါ်တဲ့ယောက်ျားတစ်ယောက်...အိမ်ခြေယာမဲ့တစ်ယောက်အဖြစ် နေထိုင်ရင်း ဆင်းရဲမှုနဲ့ ချမ်းသာမှု နှစ်ခုကြား မိမိကိုကိုယ် အဖြေရှာနေသူတစ်ယောက်..စိတ်ခံစားချက်တွေကင်းမဲ့နေသူတစ်ယောက်ပါ... တစ်နေ့မှာ ဆေးကျောင်းသားအလုပ်သင်တစ်ယောက်ဖြစ်တဲ့ Ito ဆိုတဲ့ကောင်လေးတစ်ယောက်က သူ့ကိုထူးဆန်းတဲ့စမ်းသပ်မှုတစ်ခုလုပ်ဖို့ ကမ်းလှမ်းလာခဲ့တယ်... အဲ့ဒါကတော့ Trepenation လို့ခေါ်တဲ့ နဖူးအလယ်တည့်တည့်မှာ အပေါက်ဖောက်တာပါ ၊ ခုနစ်ရက်အတွင်းမှာ Nakoshi ကို စိတ်ခံစားချက်တစ်ခုခုပေးစွမ်းမယ်ဆိုတဲ့ ကတိနဲ့ပေါ့သေမထူးနေမထူးလို့ ခံစားနေရတဲ့ Nakoshi ကလည်း ဒီစမ်းသပ်မှုကို သဘောတူညီပြီးနောက်ပိုင်းမှာ လူတွေရဲ့ အတွင်းစိတ်ထဲက ဖိစီးမှုတွေကို သတ္တဝါတွေအနေနဲ့ မြင်နိုင်တဲ့ ...
movie

Homunculus (2021)

2021