Channel Myanmar

Yuki Yamada

Strobe Edge (2015) 6.2
Strobe Edge (2015) [Unicode]Strobe Edge (2015)IMDb rating - 6.2/10ကောင်မလေးတွေပါးစပ်ဖျားမှာရေပန်းစားတဲ့ "ရန်"ကို မတွေ့ခင်အထိ အထက်တန်းကျောင်းဂျူနီယာလေး"နိနကို"က ဘယ်သူ့ကိုမှစိတ်မဝင်စားတဲ့ကျောင်းသူလေးတစ်ယောက်ပါ။ရန်ရဲ့ဂရုစိုက်တတ်ပြီးတစ်ဖက်သားကိုလေးစားတတ်တဲ့အပြုအမူကြောင့် သူ့ကိုချစ်မိသွားပါတယ်။ ဒါပေမဲ့လည်း သူကြိုမသိထားတဲ့အချက်က "ရန်"မှာကောင်မလေးရှိနေနှင့်ပြီး ကောင်မလေးကမော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။ ဒါ့ကြောင့်ဖွင့်ပြောပြီးတဲ့အခါမှာလည်း "နိနကို"က "ရန်"ကိုသူငယ်ချင်းအဖြစ်ပဲဆက်နေပေးဖို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒီအချိန်မှာ "အန်ဒို"ဆိုတဲ့ကျောင်းပြောင်းကောင်လေးကလည်း "နိနကို"ကိုတဖြည်းဖြည်းနဲ့စိတ်ဝင်စားလာပါတယ်။ "အန်ဒို"က "ရန်"ရဲ့အချစ်ဆုံးသူူငယ်ချင်းဖြစ်ခဲ့ဖူးပြီး အထင်လွဲစရာကိစ္စတစ်ခုကြောင့်အချင်းချင်းမုန်းသွားခဲ့တာပါ။သူငယ်ချင်းဆိုတဲ့စည်းခြားထားပေမဲ့ "ရန်"နဲ့"နိနကို"ကြားမှာ တဖြည်းဖြည်းသံယောဇဉ်တွေတိုးလာတဲ့အခါ "ရန်"ကလည်းသူ့ကောင်မလေးကိုတကယ်ချစ်တာမဟုတ်ဘဲကာကွယ်ပေးချင်စိတ်ကြောင့်တွဲခဲ့တာဖြစ်တဲ့အခါ..."ရန်" "နိနကို"နဲ့ "အန်ဒို"တို့၃ယောက်ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုနိုင်စေဖို့ဘာသာပြန်တင်ဆက်လိုက်ရပါတယ်။ ၂၀၁၅ဇာတ်ကားဟောင်းဖြစ်ပေမဲ့ ပြန်ကြည့်ရင်လည်း ရိုးမသွားဘဲကြည်နူးစရာကောင်းတဲ့ဇာတ်ကားလေးမ်ု့ိ Highschool movieကြိုက်တဲ့သူတွေအတွက်အကြိုက်တွေ့စေမှာပါ။Strobe Edge ဇာတ်ကားကတော့ ဂျပန်မှာအောင်မြင်ခဲ့တဲ့ Voice over comic ရဲ့ Live actionဖြစ်ပြီး Greeeen အဖွဲ့ရဲ့ နာမည်ရသီချင်းဖြစ်တဲ့ Ai uta ကို Theme songအဖြစ်အသုံးပြုထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) [Zawgyi]Strobe Edge (2015)IMDb rating - 6.2/10ကောင်မလေးတွေပါးစပ်ဖျားမှာရေပန်းစားတဲ့ "ရန်"ကို မတွေ့ခင်အထိ ...
movie

Strobe Edge (2015)

You Are the Apple of My Eye (2018) 6.9
You Are the Apple of My Eye (2018)   You Are the Apple of My Eye လို့မြင်မိတာနဲ့ ကျွန်တော်တို့ရင်ထဲ ဆစ်ခနဲနာလာတတ်တဲ့ ခံစားချက်တစ်ချို့ရှိခဲ့ကြတယ်မလား...၂၀၁၁ က ထိုင်ဝမ်ဇာတ်ကား You Are the Apple of My Eye ဆိုတဲ့ဇာတ်ကားဟာ ကျွန်တော်တို့ငယ်ဘဝတွေနဲ့ ထပ်တူကျလွန်းလို့အဲ့ဒီဆစ်ဆစ်နာတဲ့ အနာကိုပဲ တယုတယ ပြန်ပြန်သတိရ ခဏခဏ ပြန်ပြန်ကြည့်ရတဲ့ ဇာတ်ကားပေါ့...အခုကတော့ အဲ့ဒီဇာတ်ကားကို Japan Remake အနေနဲ့ ပြန်လည်ရိုက်ကူးထားတာပါ။ဂျပန်ဇာတ်ကားဖြစ်လို့ တမူထူးခြားတဲ့ အရသာကို ပြန်မြည်းစမ်းခွင့်ရပါမယ်....ထူးခြားတာက စံပြကျောင်းသူ မိန်းမလှလေးနေရာက သရုပ်ဆောင်တဲ့ မင်းသမီးလေး Asuka Saitō ပါ။သူရဲ့ မိခင်က မြန်မာလူမျိုးတစ်ဦးဖြစ်ပြီး ဂျပန်လူမျိုးဖခင်နဲ့ ရထားတဲ့ ကပြားလေးဖြစ်ပါတယ်။မြန်မာပြည်ကိုလဲ လာလည်ခဲ့ဖူးပါသတဲ့။ တကယ်လဲ အရမ်းချစ်ဖို့ကောင်းတဲ့ ကလေးမလေးပါ။ကျွန်တော်တို့ အားလုံး ငယ်ဘဝကိုဖြတ်သန်းဖူးသလို အမှတ်တရတွေကိုယ်စီရှိကြဖူးတယ်။ လောကကြီးအကြောင်းသင်ယူကာစ ဆယ်ကျော်သက်အရွယ်မှာ သိပ်ချစ်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေရှိတယ်။ ဘဝရဲ့ ပထမဆုံးတွေ ...
movie

You Are the Apple of My Eye (2018)

2018
Shoplifters (2018) 8.0
Shoplifters (2018) ဂျပန်နိုင်ငံရဲ့လုပ်သားနဲ့အလုပ်ရှင်ဆက်ဆံရေးတင်းမာမှုတွေကနေမှတစ်ဆင့် အချိန်ပိုင်းအလုပ်တွေဟာနိုင်ငံတွင်းမှာတွင်ကျယ်လာပါတယ် မိရိုးဖလာလုပ်စားနေတဲ့လူအများစုဟာအလုပ်လက်မဲ့ဖြစ်လာကြပြီး အဲ့လိုလူတွေထဲမှာအိုဆာမူတို့မိသားစုလည်းအပါအ၀င်ပဲဖြစ်ပါတယ် ပိုက်ဆံမရှိ အလုပ်မရှိတဲ့အချိန်မှာ ထမင်းတစ်နပ်စားရဖို့ ဈေးဆိုင်တွေဆီကနေအလစ်သုတ်ရတဲ့မိသားစုဖြစ်လာပါတော့တယ် အိုဆာမူနဲ့သူရဲ့သားဟာထုံးစံအတိုင်းအလစ်သုတ်နေတုန်း အိမ်ခြေယာမဲ့ကလေးမတစ်ယောက်နဲ့တွေ့ကာ အိမ်ကိုခေါ်သွားခဲ့ပါတယ် အိုဆာမူရဲ့မိန်းမဖြစ်သူကအစကငြင်းပေမယ့်ကလေးမကို ကိုယ်ချင်းစာမိကာအိမ်ပေါ်တင်မွေးစားလိုက်ပါတော့တယ် ဒီမိသားစုကပိုက်ဆံမရှိတဲ့အပြင်ထမင်းတောင်နပ်မှန်အောင်မစားနိုင်ပါဘူး ဒါပေမယ့်သူတို့ဟာမိသားစုရဲ့အရသာကိုရှာတွေ့ထားကြတဲ့လူတွေဖြစ်ပြီး အမြဲပျော်ရွှင်နေလေ့ရှိပါတယ် ဒါပေမယ့်ဒီလိုစရိုက်လူတွေကိုလောကဓံကဘယ်လိုဒုက္ခပေးဦးမလဲ ဒီစိတ်ဆင်းရဲလောက်အောင်ပျော်ရွှင်နေကြတဲ့မိသားစုကရော ရေရှည်ဘယ်လိုဖြစ်သွားကြမလဲဆိုတာကိုကြည်နူးစရာဖြစ်အောင် ဒါရိုက်တာHirokazu Koreedaကသူကိုယ်တိုင်ရေးပြီးသူကိုယ်တိုင်ရိုက်ပြထားပါတယ် Release Date - 23,November,2018 Running time - 2h1m Genre - Drama,Crime,18 Translated by Chit Oo May Encoded by sithu
movie

Shoplifters (2018)

2018
Ajin: Demi-Human (2017) 7.0
Ajin: Demi-Human (2017) ပထမဆုံးပြောရမယ်ဆိုရင် ကျွန်တော်ဂျပန်ကားတွေကိုမကြိုက်ပါဘူး.. မကြိုက်ဘူးဆိုတာထက် အမြဲကြားနေကျဘာသာစကားမဟုတ်တဲ့အတွက်ကြောင့် စိမ်းနေတာလည်းပါတာပေါ့.. ဒါပေမယ့် ဒီကားလေးကိုတော့ Encode လုပ်ဖို့အတွက်စစ်ရင်းအစမ်းကြည့်ပါတယ်... ကြည့်နေရင်းနဲ့ကောင်းတဲ့ကားလေးတစ်ကားဖြစ်တာကြောင့် အားလုံးလည်းခံစားလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်... အညွှန်းလေးကိုဖတ်ကြည့်ရအောင်... ဒီကားမှာ အာဂျင်းဆိုတဲ့ ဇာတ်ကောင်အကြောင်းကိုပြောပြထားတာပဲဖြစ်ပါတယ်... အာဂျင်းကို ဂျပန်ရဲ့မန်ဂါစီးရီးကနေပြန်လည်အသက်သွင်ပြီးရိုက်ကူးခဲ့ပါတယ်... အာဂျင်းဆိုတာက မသေတဲ့လူမျိုးတွေပါ... ပြောရမယ်ဆိုရင်တော့ လူတပိုင်း မိစ္ဆာတစ်ပိုင်းအရာတွေပဲဖြစ်ပါတယ်.... ဒီအာဂျင်းတွေဟာ လူတွေကိုဒုက္ခပေးတဲ့အရာတွေမဟုတ်ပါဘူး... ဒါပေမယ့်တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာတွေအရ အာဂျင်းရဲ့ မသေနိုင်တဲ့အစွမ်းတွေကို လူသားတွေဟာ စိတ်ဝင်စားလာကြပြီး အာဂျင်းတွေကို ဖမ်းဆီးကာ အမျိုးမျိုးနှိပ်စက်ပြီး သုတေသနတွေလုပ်ကြပါတော့တယ်.... ဒါကြောင့်လည်းအာဂျင်းတွေကို ခြေထောက်ဖြတ်လိုက် ဓားနဲ့ဖြတ်လိုက်နဲ့ နောက်ဆုံး မြင်မကောင်းတဲ့ ဒဏ်ရာတွေ ဖြစ်လာရင် reset လို့သူတို့ခေါ်ဝေါ်ကြတဲ့ အာဂျင်းတွေကိုသတ်လိုက်ပါတော့တယ်... ခဏကြာရင် အသတ်ခံလိုက်ရတဲအာဂျင်းဟာ ပြန်လည်ရှင်သန်လာပါတယ်... အာဂျင်းရဲ့ အစွမ်းတွေကတော့ ဘယ်လောက်ပဲဒဏ်တွေရရ  လက်ပြတ် ခြေပြတ် သေနတ်မှန် ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုသတ်လိုက်တာနဲ့ခဏအတွင်းမှာ ပြန်လည်ရှင်သန်လာတာပဲဖြစ်ပါတယ်... နောက်ပြီးတော့ အာဂျင်းတွေမှာ ကိုယ်ပိုင် အရိပ်လို့ခေါ်တဲ့ မိစ္ဆာတွေ တစ်ယောက်ချင်းစီမှာရှိပါတယ်... အဲဒီမိစ္ဆာတွေကို သူတို့ဟာ ထိန်းချုပ်နိုင်ကြပါတယ်... ဒီလိုမျိုးအနှိပ်စက်ခံရတဲ့အာဂျင်းတွေဟာ လူတွေကိုမုန်းတီးလာကြပါတယ်... သူတို့ဟာအစမ်းသပ်ခံမဟုတ်ဘူးဆိုတာလည်း လူတွေသိအောင်ပြချင်လာကြပါတယ်... ဒါကြောင့် သူတို့ဟာ လူသားတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေတွေတောင်းပြီးတော့ နောက်ဆုံးမှာ လူသားတွေကို မျိုးတုန်းသတ်ဖြတ်စတင်ပါတော့တယ်... အာဂျင်းတွေအားလုံးမဆိုးသွမ်းကြပါဘူး...ဒါပေမယ့် တစ်ယောက်တည်းသောအာဂျင်းကတော့ စိတ်မနာနိုင်ပဲ လူသားတွေဘက်ကရပ်တည်ပြီး သူရဲ့မျိုးနွယ်တူ အာဂျင်းတွေကို ပြန်လည်ရင်ဆိုင်ဖို့ အခြေနေဖြစ်လာခဲ့ပါတော့တယ်..... အားလုံးပဲ ကျန်တဲအရာတွေကိုတော့ စိတ်လှုပ်ရှားဖွယ်ကြည့်လိုက်ရအောင်လား... File Size : (853 MB) and (288 MB) Quality ...
movie

Ajin: Demi-Human (2017)

2017
Tomorrow I Will Date With Yesterday’s You (2016) 7.7
Tomorrow I Will Date With Yesterday’s You (2016) ဂျပန်​နိုင်​ငံရဲ့ဘူတာရုံတခုမှာစပြီးဖြစ်​ပျက်​ခဲ့တဲ့ ဇာတ်​လမ်း​လေးပါ ပန်းချီဆရာ​ပေါက်​စ​လေး တာကာတိုချီဟာ တက္ကသိုလ်​သွားတဲ့ရထား​ပေါ်မှာ ​ကောင်​မ​လေးတစ်​​ယောက်​ကိုစပြီးမြင်​ဖူးခဲ့တယ်​မြင်​မြင်​ချင်းပဲ​ချစ်​မိသွားပီး​တော့ ​ယောကျာ်း​လေးတို့ထုံးစံအတိုင်းပဲ ဘူတာဆင်း​တော့​လိုက်​သွားတာ​ပေါ့ ​ကောင်​မ​လေးကလဲ​ရေ​ရေလည်​လည်​လန်းတာကိုးE-mail လိပ်​စာ​တေဖုန်း​တွေ​တောင်းတယ်​ ​ကောင်​မ​လေးကလဲ ​ကောင်​​လေးရဲ့ ပွင့်​လင်းမှုကိုသ​ဘောကျသွားပီး​နောက်​​နေ့ပြန်​ဆုံဖို့ချိန်းလိုက်​တယ် ​ ​ဒီလိုနဲ့ဆုံဖြစ်​ရင်း ချစ်​မိသွားကြတာ​ပေါ့ ထူးဆန်းတာတခုက ​ကောင်​မ​လေး​ပြောသမျှစကား​တွေကထူးဆန်း​နေပီး​တော့ ​ပြောသမျှစကားတိုင်းဖြစ်​ပျက်​​နေလို့ အံအားသင့်​ရ​လောက်​​အောင်​ပဲ ​နောက်​​တော့ သူတို့​တွေ ဘာ​တွေဆက်​ဖြစ်​ကြမှာလဲ ​ကောင်​မ​လေးနဲ့​ကောင်​​လေးရဲ့ပတ်​သတ်​မှု​တွေက​ကော ဘလို​တွေထူးဆန်း​နေတာလဲ ​အကြားအမြင်​​များရ​နေတာလား ထူးဆန်း​နေတာလား ဆိုတာ​တော့ ပရိသတ်​ကြီးထင်​ထား​လောက်​​အောင်​​ထူးဆန်းတာ​တွေ မြင်​​တွေ့ခံစားရမှာပါ ရသစုံ​အောင်​ရိုက်​ကူးထားတဲ့ Japan Drama ကား​လေးဖြစ်​လို့ မျက်​ရည်​မလွယ်တဲ့သူ​တွေအထူး ကြိုက်နှစ်သက်မယ့်ကားလေးဖြစ်ပါတယ်....   Quality…..BluRay 720p Duration…..01:51:00 Format…Mp4 File Size…(793 MB , 308 MB) Translator.....Pyae Xeinn Sett Encoder…..Moe Myint Lwin
movie

Tomorrow I Will Date With Yesterday’s You (2016)

2016