Channel Myanmar
Yuen Wah
Dragon Squad (2005) 5.3
Dragon Squad (2005) ဇာတ်လမ်းကတော့ နိုင်ငံတကာအလိုရှိနေတဲ့ ဟောင်ကောင်ရာဇဝတ်သား ကျားသစ်ဒွမ်ကို ရုံးထုတ်တာကနေ စတင်ထားတာပါတယ်။တရားစွဲမှာဖြစ်တဲ့အတွက် အပြည်ပြည်ဆိုင်ရာရဲဌာနဖြစ်တဲ့ အင်တာပိုလ်ကလည်း ပါဝင်လာပြီးတော့ ကျားသစ်ဒွမ်ကို ထောင်ထဲပို့ သူ့ရဲ့ မြေပေါ်မြေအောက် စီးပွားရေးမှန်သမျှ ချုပ်ငြိမ်းဖို့ ကြံဆောင်ကြတော့မှာပါ...ဒါပေမယ့် ဇာတ်လမ်းက ရိုးရှင်းမနေပါဘူး.... ပြည်ပကြေးစားအဖွဲ့တစ်ဖွဲ့က ရုံးထုတ်မယ့်နေ့မှာပဲ လုံခြုံရေးယာဉ်တန်းကို တိုက်ခိုက်ပြီး ကျားသစ်ဒွမ်ကို ခေါ်ဆောင်သွားပါတယ်...ကျားသစ်ဒွမ်လည်း ကယ်တင်ခံရပြီ အထင်နဲ့ ပျော်ရွှင်ခံပေမယ့် တကယ်တန်းမှာတော့ သူနဲ့ သူ့အစ်ကို ကျားကြီးဒွမ်တို့ကို လက်စားချေမယ့်သူတွေပဲ ဖြစ်လို့နေပါတယ်... ဟောင်ကောင်ရဲတွေက တစ်ဖက်… အငယ်တန်းအင်တာပိုလ်ရဲတွေက တစ်သင်း.... ကြေးစားတွေက တစ်ဖွဲ့... သူ့ညီကို ပြန်ကယ်ချင်တဲ့ ကျားကြီးဒွမ်တို့ကလည်း တစ်ဖွဲ့ဖြစ်နေလောတော့ လေးပွင့်ဆိုင်အက်ရှင်ကားလေးလို့ပဲ ပြောရမှာပါ...ဟောင်ကောင်အက်ရှင်ကားကြိုက်သူတွေအဖို့ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(1.6GB) Quality__720p IMDb Rating__5.3/10 Format__mp4 Duration__01:59:00 Type__Action, Crime, ...
movie
Dragon Squad (2005)
Kung Fu Hustle (2004) 7.7
Kung Fu Hustle (2004) 2004 ခုနှစ်ကထွက်ရှိခဲ့တဲ့ စတီဖင်ချောင်ပါဝင်တဲ့ Kung Fu Hustle ဆိုတဲ့ ဇာတ်ကားလေးကို အသစ်တစ်ဖန် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ဂိုဏ်းစတားတွေ နာမည်ကြီးတဲ့ခေတ်တစ်ခုမှာ လူမိုက်ဂိုဏ်းတွေထဲက ပုဆိန်ဂိုဏ်းသားတစ်ယောက်ဖြစ်ချင်တဲ့ လူငယ်လေးတစ်ယောက်ဟာ တကယ့်သိုင်းဆရာကြီးတွေ ဇာတ်မြှုပ်နေတဲ့ ရပ်ကွက်တစ်ခုမှာ ပြဿနာသွားရှာမိရာကနေ ဇာတ်လမ်းစတော့တာပါပဲ စတီဖင်ချောင်ရဲ့ ထုံးစံအတိုင်း ဟာသတွေနှောရင်း အပီအပြင်ဆော်ကြနှက်ကြတဲ့ သိုင်းကားတွေကို ကြည့်ချင်တဲ့သူတွေအတွက်ကတော့ ပြန်ကြည့်တိုင်း မရိုးနိုင်တဲ့ ဇာတ်ကားတွေထဲက တစ်ခုပါပဲ ဒီဇာတ်ကားကို စတီဖင်ချောင်ကိုယ်တိုင် ဒါရိုက်တာလုပ် ရိုက်ကူးထားခဲ့ပြီးတော့ ဒီကားနဲ့ပတ်သက်လို့ သိပြီးသားတွေထဲက လူသိနည်းတဲ့ စိတ်ဝင်စားစရာ အချက်တချို့ကိုတင်ပြရရင် ၁ - ဇာတ်ကားထဲက ဝက်ယာတောလို့ခေါ်တဲ့ ရပ်ကွက်ဟာ စတီဖင်ချောင် ကြီးပြင်းခဲ့တဲ့ ဟောင်ကောင်က တိုက်ခန်းအိမ်ယာတစ်ခုကို ပုံစံယူတည်ဆောက်ထားတာပါ ၂- ပုဆိန်ဂိုဏ်းခေါင်းဆောင်ကို တခြားလူမိုက်တွေနဲ့ မတူအောင်လုပ်ဖို့ စတီဖင်ချောင် စဉ်းစားခဲ့တဲ့နေရာမှာ သရုပ်ဆောင်သူဟာ အကသမားဖြစ်နေတဲ့အတွက် ဇာတ်ကားထဲမှာ ဂိုဏ်းသားတွေ ကတဲ့အခန်းတွေပါလာတာဖြစ်ပါတယ် ၃- လူသတ်သမားနှစ်ယောက်ကို ငှားတဲ့အခန်းမှာ မူလဇာတ်လမ်းအရ ရေအောက်ငမန်းသိုင်းကွက်တွေ လုပ်ဖို့ ရှိခဲ့ပေမယ့် CGI သမားတွေ မတတ်နိုင်တာကြောင့် စောင်းနဲ့ပဲ တိုက်ခိုက်တာကို ပြောင်းလဲခဲ့တာပါ ၄- ...
movie
Kung Fu Hustle (2004)
Shang-Chi and the Legend of the Ten Rings (2021) 7.9
Shang-Chi and the Legend of the Ten Rings (2021) Shang-Chi and the Legend of the Ten Rings (2021)===================================IMDb Rating - 7.9/10အားလုံးစောင့်နေကြမယ့် ရှမ်းကြီးလာပါပြီ။ ဒီရုပ်ရှင်ဇာတ်လမ်းကတော့ End Game အပြီး လူတွေ ကမ္ဘာပေါ်ကိုပြန်ရောက်ရှိနေတဲ့ ကာလမှာ အခြေတည်ထားတာပဲဖြစ်ပါတယ်။ အဓိကဗီလိန်ကတော့ The Mandarine ပါ။အိုင်ရွန်မန်း-၃ မှာတုန်းက မန်ဒရင်းအတုနဲ့တွေ့ခဲ့ကြတာ မှတ်မိကြဦးမှာပါ။ ဒီတစ်ခါတော့ မန်ဒရင်းအစစ်လာပါပြီ။စူပါပါဝါတွေရယ် မသေမျိုးအဖြစ်ရယ်ကို ပေးနိုင်စွမ်းရှိတဲ့ ဒဏ္ဍာရီလာ ကွင်းဆယ်ကွင်းကို ပိုင်ဆိုင်ထားပြီး လျို့ဝှက်အဖွဲ့ကြီးတစ်ခုရဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။ ရှန်းချီကတော့ သူ့အဖေခိုင်းတာတွေကို မလုပ်ချင်တော့လို့ ငယ်ငယ်ကတည်းက အိမ်ကထွက်ပြေးပြီး ဇာတ်မြှပ်နေခဲ့တဲ့ သိုင်းသမားလေးပဲဖြစ်ပါတယ်။ ရှမ်းချီဇာတ်ကောင်ဟာ မာဗယ်ဟီးရိုးတွေထဲက သိုင်းအတော်ဆုံးဇာတ်ကောင်ဖြစ်ပြီး Iron Fist နဲ့ လက်ရည်တူလောက်ရှိပါတယ်။ ကပ္ပတိန်တို့စပိုက်ဒီတို့ကိုတောင် သိုင်းသင်ပေးဖူးပါသေးတယ်။ ဒီရုပ်ရှင်အဆုံးမှာတော့ ထုံးစံအတိုင်း post-credit scene နှစ်ခုပါတာမို့ ရှာကြည့်ဖို့ မမေ့ပါနဲ့ဦးနော်။(ဒီဇာတ်လမ်းရဲ့ ...
movie
Shang-Chi and the Legend of the Ten Rings (2021)
2021
IMAX 4K HEVC
Monk Comes Down the Mountain (2015) 5.5
Monk Comes Down the Mountain (2015)  Monk Comes Down The Mountain (2015)ကဲဝူတန်သိုင်းပြီးတော့ ဒီတစ်ခါကွန်ဖူးကားပါနော်ဒီဇာတ်ကားလေးက တာအိုဘုန်းကြီးကျောင်းက ခဲ့အန်းရှက တောင်အောက်ဆင်းလာရာကနေစတဲ့ဇာတ်လမ်းလေးပါတာအိုဘုန်းကြီးကျောင်းက မြို့တွေနဲ့အဝေး တောင်ထိပ်မှာ ဆောက်ထားတာဖြစ်ပြီး ဘုန်းကြီးကျောင်းသားတွေကို ကွန်ဖူးသင်ပေးပြီး ကျွေးမွေးစောင့်ရှောက်ထားတဲ့နေရာပေါ့နောက်ပိုင်း အစားအသောက်ပြသနာကြောင့် တိုက်ခိုက်ပြီး ဘယ်သူဆက်နေရမလဲဆုံးဖြတ်ကြရတယ် ဒီလိုနဲ့ အပြင်လောကကိုခုမှတွေ့ကြုံဖူးတဲ့ခဲ့အန်းရှက တောင်အောက်ဆင်းဆင်းချင်း အစားအသောက်ကိစ္စနဲ့ပက်သက်ပြီးဒုက္ခရောက်ပါတော့တယ်ကြက်သားဟင်းကိုလုယူဖို့ကြိုးစားရာကနေ သနားစိတ်ဖြစ်မိပြီးအိမ်ခေါ်သွားတဲ့ သမားတော်ဆွေ့ခဲ့အန်းရှကလည်း တကယ့်ဆရာအရင်းလိုသဘောထားပြီး ပြုစုလုပ်ကိုင်ပေးပေမဲ့ ကံကြမ္မာကြောင့်ဝေးကွာခဲ့ရပြန်ပါတယ်ဒီလိုနဲ့ သူဟာ အပြင်လောကမှာ ကြုံတွေရတဲ့ ပြသနာတွေ ဘယ်လိုရင်ဆိုင်မလဲသူ့ဆရာအတွက်ရော ဘယ်လိုလက်စားချေမလဲ ဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှူ့ကြပါ ။ခဲ့အန်းရှအဖြစ် Wang Bao Jiang သူဌေးကျားအဖြစ် Chang Chen ကျိုးချီရင်အဖြစ် Aaron kok ပန်ချင်းဝူအဖြစ် Yuen Wah သနားတေည်ဆွေ့အဖြစ် Fan Wei( အညွှန်းရေးသားထားသူကတော့ Hlaing Theint Theint Latt ပါ )Quality__720p IMDb Rating__5.5/10 Format__mp4 Duration__02:00:00 Type__Action , Adventure Subtitle__Myanmar Subtitle (Hardsub) Translated by ...
movie
Monk Comes Down the Mountain (2015)
The Magnificent Scoundrels (1991)
The Magnificent Scoundrels (1991) The Magnificent Scoundrels(1991)👥=========================== Magnificent ဆိုတဲ့အဓိပ္ပာယ်အရ ခမ်းနားတယ်လို့ဘာသာပြန်နိုင်ပြီး Scoundrels ဆိုတာ လူလိမ်၊လူဆိုးလို့ အဓိပ္ပာယ်ကောက်နိုင်ပါတယ်။ ဒီတော့အနီးစပ်ဆုံးပြန်ဆိုရလျှင်(စတိုင်ရှိတဲ့လူဆိုးများ၊လူလိမ်များ)😆သောက်ရမ်းကြမ်းပြီး သာမန်မဟုတ်တဲ့လူဆိုး နှင့် သူခိုးတွေပေါ့ဗျာ။ ဒီဇာတ်ကားထဲက သရုပ်ဆောင်တွေရဲပအကြောင်းအရာတစ်ချို့ကို အနည်းကျဉ်းရေးပေးထားတယ်။🙏 ၁၉၉၁ အောက်တိုဘာလ ၁၀ရက်နေ့မှာ ဟောင်ကောင်၌ စတင်ထွက်ရှိခဲ့ပြီး Imdb Rate 6.6/10 အထိရရှိထားတဲ့ဇာတ်ကားတစ်ကားပါ။ ချောင်ရဲ့ပင်တိုင်စံဒါရိုက်တာဖြစ်တဲ့ Lee Lik-Chi ကမွေးထုတ်ထားတဲ့ဇာတ်ကားဖြစ်ပြီး Final Justice ရုပ်ရှင်ရဲ့ မင်းသားဖြစ်တဲ့ Danny Lee နှင့် Karl Maka တို့မှ ထုတ်လုပ်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်၊၊📽 Karl Makaဆိုတဲ့သူကတော့ ကတုံးမင်းသားအဖြစ် လူသိများပြီး ကျွန်တော်တို့ငယ်ငယ်က တရုတ်ဟာသ၊ဖိုက်တင် ဇာတ်ကားတွေရဲ့ ဒိတ်ဒိတ်ကြဲဝါရင့်ဆရာတစ်ပါးပါပဲ... Aces Go Places Series တို့၊(ဖက်တီးမင်းသား)Samon Hung နဲ့တွဲရိုက်တဲ့ Skinny Tiger,Fatty Dragon တို့မှာနာမည်ရရှိထားပြီး နောက်ပိုင်းမှာ Flim Producer အဖြစ်သာရပ်တည်နေပြီးယခုဆို အသက်၇၅ထဲရှိနေသူတစ်ယောက်ပါ။ ၁၉၈၀ရှေ့ပိုင်းက တရုတ်ကားတွေနဲ့ ရင်းနှီး‌တဲ့သူဆိုရင် ...
movie
The Magnificent Scoundrels (1991)
HEVC 1080p
Legend of the Dragon (1991) 6.4
Legend of the Dragon (1991) ဟာသဘုရင် Stephen Chow လောင်းကစား သူရဲကောင်း တစ်ယောက်ဒီတစ်ခါတော့ Snooker ထိုးတာကလွဲပြီး ဘာမှမသိနားမလည်တဲ့ Snooker King နေရာက သရုပ်ဆောင်ထားပါတယ်။ရယ်ရတာကတော့ ပြောစရာမလိုလောက်တော့ပါဘူး။တကယ့် အူတိအူကြောင် ကောင်လေးတစ်ယောက်ဖြစ်တဲ့ Chow ဟာ Snooker မှာတော့ သူတို့ရွာမှာ ဝိဇ္ဇာတစ်ပါးလို့ ပြောရမှာပေါ့။သူ့ရွာမှာ သူနဲ့ ယှဉ်ထိုးနိုင်တဲ့ကလေးမရှိတော့ဘူး။ဟောင်ကောင်မှာနေတဲ့ သူ့အဖေရဲ့ ဆရာတူညီ လူလည်ကပ်ပါးကောင် ရောက်လာပြီးသူနဲ့ ဟောင်ကောင်ကို အလည်လိုက်သွားရင်း တောသားမြို့ရောက် ဂေါက်တောက်တောက်ဖြစ်ရင်း သူ့ဦးလေးရဲ့ ဇာတ်ရှုပ်ထဲဝင်ပါသွားရော။သူ့အဖေက လောင်းကစားမလုပ်ဖို့၊ ရန်မဖြစ်ဖို့မှာလိုက်ပေမဲ့ သူ့ဦးလေးကျင်လည်နေတဲ့ လောကမှာ ဒါမျိုးတွေနဲ့ ကင်းကင်းနေမရနိုင်လို့ အိမ်ပြန်ချင်လာရော။အိမ်ပြန်တော့မှ ပြဿနာက ပိုကြီးသွားတယ်။ သူပြန်တော့ သူ့ဦးလေးကလိုက်လာတယ်။သူ့အဖေရဲ့ မြေတွေကို သူ့ဦးလေးက လောင်းကြေးအနေနဲ့ထားပြီး Snooker တစ်ပွဲထိုးခိုင်းတယ်။သူနဲ့ ထိုးရမယ့်လူက အဲဒီခေတ်က Snooker ဘုရင်တစ်ပါး Jimmy White ။အဲဒီပွဲမှာ ရှုံးပြီး သူတို့ပိုင်တဲ့မြေတွေ ...
movie
Legend of the Dragon (1991)
The Book of Mythical Beasts ( 2020 ) 6
The Book of Mythical Beasts ( 2020 ) ဒီဇာတ်ကားကတော့ april 2020မှာထွက်ထားတဲ့လူနဲ့နတ်ဆိုးတိုက်ခိုက်မှုကိုမြင်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါ..ကုံးချိန်မင်းအုပ်စိုးစဉ်ကာလမှာ နတ်ဆိုးတွေကိုနှိမ်နင်းတဲ့ကျောက်တုံးဟာမိုးကောင်းကင်က ကျလာတဲ့နတ်မီးကြောင့်ပျက်စီးသွားရပါတယ်...အဲ့အချိန်မှာ နတ်ဆိုးပေါင်းစုံထွက်လာပြီး ပြည်သူတွေကိုသတ်ဖြတ်တိုက်ခိုက်ပါတော့တယ်...အဲ့အချိန်မှာ ဟွားမန်ထိန်ဆိုတဲ့နတ်ဆိုးမတစ်ပါးဟာဒီအခွင့်အရေးကိုအသုံးချပြီး လူတွေကိုထိခိုက်အောင်မလုပ်တတ်တဲ့နတ်ဆိုးကောင်းတွေကို နတ်ဆိုးအဖြစ်ပြောင်းလဲပြီးလူတွေကိုသတ်ဖြတ်ခိုင်းကာ လောက ကိုအုပ်စိုးဖို့ကြံပါတယ်..ဒီလိုနဲ့ ဒီနတ်ဆိုးမကိုဖမ်းဆီးဖို့ နတ်ဆိုးနှိမ်နင်းသူတွေစုမိတဲ့အခါ..နတ်ဆိုးမကိုနှိမ်နင်းနိုင်ပါ့မလား... Translated & Review By Phyo Zaw
movie
The Book of Mythical Beasts ( 2020 )
Fist of Fury (II) (1991) 6.5
Fist of Fury (II) (1991) Fist of Fury (II) (1991)IMDB(6.5)တရုတ်ကွန်ဖူးရဲ့ ဂန္တဝင်မင်းသားကြီး ဘရုစ္စလီရဲ့ Fist of Fury ကို ရုပ်ပြောင်ရိုက်ကူးထားတဲ့စတီဗင်ချောင်ရဲ့ ၁၉၉၁ ထွက် ဇာတ်ကား ၂ ကားကိုတင်ဆက်ပေးလိုက်ပါတယ်ချောင် ရဲ့ ဇာတ်ကားတွေထုံးစံအတိုင်းပဲ အဖောက်ခန်းတွေ ပြောင်မြောက်တဲ့ ဒိုင်တွေနဲ့ကြည့်ကြရမှာပါဇာတ်လမ်းအကျဉ်းလေးကတော့ပြည်မသား ချောင်ဟာ သူ့ဝမ်းကွဲ ညီ ကိုလိုက်ရှာဖို့ ဟောင်ကောင်ကို လာခဲ့ပြီး ချီးထုတ် ဆင်း နဲ့ ဆုံမိကြပါတယ်ဒီလိုနဲ့ ချီးထုတ် ၂ကောင်ပေါင်းမိပြီး ပိုက်ဆံ ပြတ်တာ့ ပေါင်း ရှာကြတဲ့အခါမှာဒေါ်လာ ဆယ်သန်းရမယ့်လက်ဝှေ့ပွဲ ကို တွေ့ပြီး ဘယ်လို ကလိမ်ကကျစ် ဉာဏ်တွေနဲ့ ဆယ်သန်း ကို ရယူကြမလဲဆိုတာကိုတော့။+++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို  https://channelmyanmar.to/category/stephen-chow/   မှာကြည့်လို့ရပါတယ်။စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ...
movie
Fist of Fury (II) (1991)
1991
My Lucky Stars (1985) 6.6
movie
My Lucky Stars (1985)
1985
The Trough (2018) 4.7
The Trough (2018) ဒီကားလေးကတော့ ဟောင်ကောင် အက်ရှင်ကားလေးဖြစ်ပါတယ် ဒီကားက အက်ရှင်နဲ့ ဒရာမာကိုရောစပ်ထားတဲ့ဇာတ်မျိုးဖြစ်ပါတယ်။ ဇတ်ကားထဲမှာဆိုရင် မင်းသားဖြစ်တဲ့ ယုချောင်ဆိုတဲ့ဘဲက လူဆိုးအသွင်ယူထားတဲ့ရဲသားတစ်ယောက်ပေါ့ဗျာ။ သူက ခေတ်ပျက်သူဌေးတွေကြီးစိုးနေတဲ့မြို့လေးမှာရဲလုပ်နေတာ။ တစ်မြို့လုံးမှာက လုပ်ချင်တိုင်းလုပ်သောင်းကျန်းနေတဲ့သူတွေကြီးပဲ။ ဒါကိုသူနဲ့သူ့သူငယ်ချင်းတစ်စုက တိုက်ဖျက်ချင်တယ်။ ဒီတော့ သူတို့ရဲ့ပစ်မှတ်ဖြစ်တဲ့ ဒီမြို့ရဲ့ စီးပွားရေးတွေ နယ်ပယ်အသီးသီးကိုချုပ်ထားတဲ့သူကိုအပြစ်ရှင်းကြမယ်ပေါ့။ အဲ့ဒီအဖွဲ့က မိဘမဲ့ကလေးတွေကိုဖမ်းဆီးချုပ်နှောင်ထားတာမျိုးတွေရှိတယ်။ ဖမ်းဆီးခံရတဲ့ကလေးတွေက စိတ်ပိုင်းဆိုင်ရာမှာ ချို့ယွင်းချက်ရှိတဲ့ကလေးတွေချည်းပဲ။ ဒီတော့ အဲ့ဒီကလေးတွေကိုဒီအဖွဲ့ကြီးက ဘာလို့ ဖမ်းဆီးချုပ်နှောင်ထားရတယ်ဆိုတဲ့အကြောင်းရယ် ယုချောင်တို့ကရောတကယ်ပဲ သူတို့ရည်ရွယ်သလိုလုပ်ဆောင်နိုင်ပါ့မလားဆိုတာကိုတော့ ဖန်သားပြင်ပေါ်မှာဆက်လက်ကြည့်ရှုလိုက်ရအောင်။  File Size : (1 GB) & (438MB) Quality : 1080p.BluRay Running Time :1hr  51min Format : Mp4 Genre    : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Charm Desu Encoded by Arkar Phyo (Yrfatt)
movie
The Trough (2018)
2018