Channel Myanmar

Yuen Wah

The Master (1992) 5.7
The Master (1992)  ဂျက်လီရဲ့ အက်ရှင်ကားတွေမှ ကြည့်ချင်သူတွေအတွက် ၁၉၉၂ က ထွက်ရှိထားတဲ့ The Master (龙行天下) ကို တင်ဆက်ပေးပါရစေ။သိုင်းအတတ်ပညာရှင် မအူမလည်လေး ကစ်ဟာ သူ့ဆရာဖြစ်တဲ့ ချန်ဟော်ထက်ကိုရှာဖို့ ဟောင်ကောင်ကနေ လော့အိန်ဂျလိစ်အထိ အပြေးနှင်လာခဲ့ပါတယ်။ ဆရာထက်ဟာ ဂျော်နီဆိုတဲ့ သိုင်းသင်တန်းဖွင့်ထားတဲ့ စီးပွားပြိုင်ဖက်က သူ့ကိုအသေသတ်ဖို့ကြံနေတာကြောင့် ထွက်ပြေးနေရတာပါ။ ဘာသာစကားအခက်အခဲနဲ့ အူကြောင်ကြား ကစ်ဟာ သူ့ဆရာရဲ့ဆေးခန်းမှာ ဆရာဖြစ်သူကိုရှာမတွေ့တဲ့အခါ ဘဏ်ဝန်ထမ်းမလေး မေရဲ့အကူအညီနဲ့ ဆရာထက်ကို လိုက်ရှာပါတော့တယ်။အင်္ဂလိပ်စာမတတ်ဘဲ တရုတ်စာနဲ့ အမေရိကမှာဆရာပျောက်ရှာနေတဲ့ ကစ်တစ်ယောက် ဆရာထက်ကို ရှာတွေ့ပြီး ဂျော်နီကို ပြန်သင်ခန်းစာပေးနိုင်မလားဆိုတာကိုတော့ ဟာသနဲ့ သိုင်းအလှရောစပ်ထားပြီး IMDb 5.7/10 ရထားတဲ့ The Master မှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ File size…(2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:28:00 Genre... Kung Fu, Martial ...
movie

The Master (1992)

I Dreamed A Dream ( 2021 ) 5.6
I Dreamed A Dream ( 2021 ) I dreamed a dream ဆိုတဲ့ဇာတ်ကား‌က ရွှေကျင်းလို့ခေါ်တဲ့ ကောင်မလေးနဲ့ ယောဂအိပ်မက် နည်းပြဆရာကြီး လီရှီဟောင် (ရွှေကျင်းရဲ့အဖေ)တို့ရဲ့ အိပ်မက်ခရီးစဉ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ် ရွှေကျင်း ငယ်ငယ်ထဲက သူ့အိပ်မက်ထဲမှာ စူးရှတဲ့အလင်းတန်းကိုအမြဲတွေ့နေရခဲ့တယ် အဲ့အလင်းတန်းကို ဘာဖြစ်လို့အမြဲမြင်နေရလဲဆိုတာ သူကိုယ်တိုင်လည်းနားမလည်ခဲ့ဘူး သူ့အဖေက နတ်နဂါးရဲ့မျက်လုံးဆိုပြီး တင်စားပြီးပြောဆိုခဲ့တယ်နတ်နဂါးမျက်လုံးဆိုတာတော့ အိပ်မက်ထဲကစိတ်ကူးယဥ်ကမ္ဘာနဲ့ ကျွန်တော်တို့အပြင်လောက ကမ္ဘာနှစ်ခုကြားကို ဆက်သွယ်ပေးတဲ့ လိုဏ်ခေါင်းတစ်ခုလို့သတ်မှတ်နိုင်ပါတယ် အရမ်း‌ချမ်းသာလွန်းတဲ့ သူဌေးလီရှီဟောင်က သူ့သေခါနီးအချိန်မှာ ပိုင်ဆိုင်ခဲ့တဲ့ရှယ်ယာတွေအားလုံးကို သူ့ရဲ့တစ်ဦးတည်းသောဖြစ်တဲ့ သူ့သမီးရွှေကျင်းကိုမပေးခဲ့ပဲ သူ့ရဲ့ ငယ်ဘဝက အချစ်ဦးဖြစ်သူ ကျူးလိယင်းကိုပေးခဲ့လိုက်တယ် ကျူးလိယင်းနဲ့ လီရှီဟောင်က ကိုယ့်အိမ်ထောင်နဲ့မိသားစုတွေရှိနေပြီး အချင်းချင်းအဆက်သွယ်မရှိတာလဲကြာခဲ့ပါပြီ ဒါပေမဲ့ ရုတ်တရက်ကြီး ရှယ်ယာတွေကို ကျူးလိယင်းလက်ထဲအပ်ခဲ့လဲဆိုတာ ရွှေကျင်းကအံ့ဩတဲ့အတွက် ကျူးလိယင်းအကြောင်းကိုလိုက်ပြီးစုံစမ်းရာမှ မထင်မှတ်ပဲ လျှို့ဝှက်ချက်များကိုသိခဲ့လိုက်ရပါတယ်အဲ့လျှို့ဝှက်ချက်တွေကို ရွှေကျင်းကလိုက်စုံစမ်းရင်း သေခါနီး comaဖြစ်နေတဲ့သူ့အဖေရဲ့ အတွင်းစိတ်အိပ်မက်ထဲကို ယောဂအိပ်မက်ကတစ်ဆင့် ဘယ်လိုကြည့်ရှုခဲ့ပါတယ် ကျူးလိယင်းနဲ့ ဒီလျှို့ဝှက်ချက်ကြားမှာ ဘယ်လိုပတ်သက်နေတာလဲ ယောဂအိပ်မက်ဆိုတာက ဘာလိုမျိုးဖြစ်မလဲ နောက်ဆုံးအမှန်တရားနဲ့ အိပ်မက်ထဲအမြဲမြင်နေခဲ့ရတဲ့ အလင်းတန်းကရော ဘာဖြစ်နိုင်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်ဗျာ Filesize : 1.41 GB / 767 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Duration : ...
movie

I Dreamed A Dream ( 2021 )

Shaolin Intruders (1983) 7.1
Shaolin Intruders (1983)  သိုင်းကားတွေမြတ်နိုးကြတဲ့ ပရိသတ်ကြီးအတွက် ရှောင်လင်သိုင်းကားဟောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Shaw Brothers ကနေ ထုတ်လုပ်ထားပြီး ဒါရိုက်တာကလည်း ကွန်ဖူးကားတွေကိုပိုင်နိုင်တဲ့ Chia Tang ပဲ ဖြစ်ပါတယ်။ကျား လေ တိမ် နဂါးဆိုတဲ့ အိမ်တော်ကြီးလေးအိမ်က အကြီးအကဲတွေ တစ်ယောက်ပြီးတစ်ယောက် သေဆုံးလာတဲ့အခါ သိုင်းပညာရှင်မလေး ယဲ့ချင်းဟွားကို လူသတ်သမားလို စွပ်စွဲလာခဲ့ကြပါတယ်။ ဒါပေမဲ့ ယဲ့ချင်းဟွားရဲ့မိတ်ဆွေတွေဖြစ်တဲ့ သိုင်းသမားလိန်ရွှင်းနဲ့ ချောင်ယိသော်တိုနှစ်ယောက်ရဲ့ကျေးဇူးနဲ့ မြားဦးဟာ ရှောင်လင်ကျောင်းက ဘုန်းတော်ကြီးတွေဆီ ရောက်သွားတော့တာပါပဲ။ လိန်ရွှင်းတို စွပ်စွဲတာကို သည်းမခံနိုင်တဲ့ ကိုယ်တော်တို့ဟာ လိန်ရွှင်းတိုသုံးယောက် စွပ်စွဲချင်သပဆိုရင် ဘယ်သူမှမကျော်လွှားနိုင်ဘူးလို့ နာမည်ကြီးတဲ့ ရှောင်လင်ကျောင်းရဲ့အဆင့်သုံးဆင့်ကို ကျော်ဖြတ်ရမယ်လို စိန်ခေါ်လိုက်တဲ့အခါ...အိမ်တော်ကြီးလေးအိမ်ကို သတ်နေတဲ့ လက်ဝါးသိုင်းဟာ ရှောင်လင်ကျောင်းထွက် ဘုန်းကြီးတွေဆီကနေပဲ ရောက်လာတာလား? ဘုန်းကြီးတွေက တကယ်ပဲ လူသတ်ခဲ့သလား?လိန်ရွှင်းနဲ့ ချောင်ယိသော်တို့ အဆင့်သုံးဆင့်ကိုကျော်ဖြတ်ပြီး လူသတ်သမားအစစ်အမှန်ကို သိသွားမလား? စတာတွေကိုတော့ IMDb 7.1/10, RT ...
movie

Shaolin Intruders (1983)

Swordsman (1990) 6.8
Swordsman (1990) Swordsman (1990)IMDb Rating (6.8)ဒီဇာတ်ကား စာရေးဆရာကျင်းယုံ (Louis Cha) ရဲ့ နာမည်ကျော် ဝတ္ထု "The Smiling, Proud Wanderer" မြန်မာလိုဆို သိုင်းလောကစိန်ခေါ်သံ စီးရီးကို အခြေခံထားတဲ့ လင့်ဟူချုန်းရဲ့ တကိုယ်တော် wuxia ဇာတ်ကားဖြစ်ပါတယ်။1990 ခုနှစ်ကာလ Hong Kong ရုပ်ရှင်လောက ရွှေခေတ်ကို ကိုယ်စားပြုတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး၊ အောင်မြင်ခဲ့လို့ Swordsman 2 (1992) နဲ့ Swordsman 3 The East Is Red (1993) ဇာတ်ကားများကို ထပ်မံရိုက်ကူးခဲ့ပါတယ်။တရုတ်ပြည် မင်မင်းဆက်ကာလမှာ လင့်ဟူးချုန်းဆိုတဲ့ ဓားသူရဲကောင်းနဲ့ သိုင်းလောကကြားမှာ နာမည်ကြီးနေတဲ့ နေကြာသိုင်းကျမ်းကို ရယူဖို့ကြိုးစားကြတဲ့ သိုင်းသမားများ၊ အုပ်စုများအကြား ပြိုင်ဆိုင်မှုများ၊ သစ္စာရှိမှုနဲ့ သစ္စာဖောက်မှုများ၊ ချစ်ခြင်းမေတ္တာနဲ့ လောဘတို့ကို ရင်သပ်ရှုမောစရာ သိုင်းကွက်တွေနဲ့ သေချာရိုက်ပြထားတဲ့ ...
movie

Swordsman (1990)

4K HEVC
Enter the Dragon (1973) 7.6
Enter the Dragon (1973)  Enter the Dragon (1973)IMDb Rating (7.6) / Rotten Tomatoes (88%) ဒီကားလေးကတော့ Bruce Lee မသေဆုံးခင်မှာ နောက်ဆုံးရိုက်ကူးခဲ့တဲ့ကားလေးဖြစ်တဲ့အပြင်Rating ကလည်း IMDb 7.6/10 နဲ့ Rotten Tomatoes 88% ရထားတဲ့ ကားကောင်းတစ်ခုပါပဲ။ကိုယ်ခံပညာရုပ်ရှင်တွေထဲမှာ အကောင်းဆုံးတွေထဲက တစ်ခုလို့တောင် သတ်မှတ်ခံထားရတဲ့ကားလေးပါ။Bruce Lee ကိုတော့ မသိသူမရှိတာမို့ အတိုက်အခိုက်တွေကတော့ ထွေထွေထူးထူးပြောပြနေရစရာမလိုအောင် ကောင်းပြီးသားပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ ရှောင်လင်ကိုယ်ခံပညာရှင်တစ်ယောက်က ကိုယ်ခံပညာပြိုင်ပွဲကြီးကို တက်ရောက်သလိုဟန်ဆောင်ပြီး ရှောင်လင်ကျောင်းရဲ့ ဘုန်းကြီးဟောင်းတစ်ယောက်ဖြစ်တဲ့အပြင်သူ့ရဲ့ကိုယ်ရံတော်အိုဟာရာက အစ်မဖြစ်သူသေဆုံးမှုနဲ့ပါ ပတ်သက်နေတဲ့ အဲ့ကျွန်းပိုင်ရှင်ဟန်ဆိုတဲ့ လူရဲ့ တရားမ၀င်လုပ်ငန်းတွေကို စုံစမ်းစစ်ဆေးဖို့ ကျွန်းတစ်ကျွန်းပေါ်သွားရောက်တဲ့အကြောင်းပါပဲ။ ဒီဇာတ်ကားကတော့ အရင် ၂ကားနဲ့ မတူတာက နိုင်ငံရပ်ခြားမှာ သွားရောက်ရိုက်ကူးထားခြင်းပဲ ဖြစ်ပြီး ဘရုစ္စလီ ရဲ့ ပြောင်မြောက်လှတဲ့ကိုယ်ခံပညာ စွမ်းရည်တွေကိုမြင်တွေ့ကြရမှာမို့ပရိတ်သတ်ကြီးထဲက အသတ်အပုတ် ဝာသနာပါတဲ့သူတွေအနေနဲ့ကတော့လက်လွတ်မခံသင့်တဲ့ ကားတစ်ကားပဲ ...
movie

Enter the Dragon (1973)

1973
The Mask of Shura of Fire Cloud (2020) 5.8
The Mask of Shura of Fire Cloud (2020) ဒီတစ်ခေါက်မှာတော့ကိုယ်ခံပညာအသားပေးကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဇာတ်လမ်းလေးကတော့ တော်လှန်ရေးခေတ်အပြီးကာလကို အခြေခံထားပြီး... သဘာဝလွန်ဇာတ်ကားလေးလို့ ဆိုရမှာပေါ့... ဖီးနစ်ငှက်ရဲ့ မီးတောက်အတွင်းအား အကူအညီနဲ့ ဘဘာဝလွန်စွမ်းအားတွေနဲ့ မြို့ကို ကာကွယ်ဖို့ မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်း တာဝန်ယူခဲ့တဲ့ လော့ရှားမိသားစုရယ်... ရှူရာမျက်နှာဖုံးဆိုတဲ့ လောကကို ဖျက်စီးဖို့ ကြိုးစားတဲ့ မိစ္ဆာကို ပိတ်လှောင်ထားတဲ့ မျက်နှာဖုံးရယ်...ကိုယ်ခံပညာထက်မြက်ပြီး နေရာတိုင်းမှာ သူရဲကောင်းလုပ်ချင်နေတဲ့ ကိုယ့်ကိုယ်ကို မီးတောက်မိစ္ဆာလေးလို့ ခေါ်နေတဲ့ လော့ရှားမိသားစုက သခင်လေးရယ်...မီးတောက်မိစ္ဆာလေးက နာမည်နဲ့လိုက်အောင် မီးအတွင်းအား ထက်မြက်ပြီး မြို့ထဲမှာ ကာကွယ်စရိတ်တောင်းနေတဲ့ လူရမ်းကားအဖွဲ့ကို အမြဲ ပြည်သူတွေရှေ့ကနေ ကာကွယ်တတ်တယ်... ဒါပေမယ့် ရန်ကို ရန်နဲ့ တုံ့ပြန်တတ်တာလေးက အားနည်းချက်လိုဖြစ်နေတာ... သူ့ညီလေးကတော့ သူနဲ့မတူဘူး ရိုးရိုးအေးအေးနဲ့ ကိုယ်ခံပညာလည်း သူ့လောက် မတတ်ဘူး... ဒါပေမယ့် တစ်သက်လုံး ကာကွယ်ပေးမယ့် အစ်ကိုကြီးရှိနေတော့ သူစိတ်ပူဖို့မလိုပါဘူး...ဒီလိုနဲ့ ညီအစ်ကို ၂ ယောက် တစ်သက်လုံး အတူချစ်ခင်နိုင်မယ်ထင်ပေမယ့်... တစ်နေ့မှာ သူတို့ လော့ရှားအိမ်တော်ကို ခိုးဝင်လာပြီး ရှူရာမျက်နှာဖုံးကို လာခိုးဖို့ကြံတဲ့ အဖွဲ့ကြောင့် မီးတောက်မိစ္ဆာလေးက ရှူရာမျက်နှာဖုံးရဲ့ စွမ်းအားကို အကူအညီတောင်းခဲ့ပြီး ...
movie

The Mask of Shura of Fire Cloud (2020)

Riki-Oh: The Story of Ricky (1991) 7.1
Riki-Oh: The Story of Ricky (1991) Riki-Oh: The Story of Ricky (1991)IMDb Rating (7.1) / Rotten Tomatoes (90%)ဒီဇာတ်ကားက မင်းသား Louis Fan ရဲ့အကောင်းဆုံးအက်ရှင်ကားလို့ဆိုကြပြီး တကယ်လဲ အရမ်းကြမ်းတဲ့ ဟောင်ကောင်အက်ရှင်ဖိုက်တာကားဖြစ်ပါတယ်။Ricky Ho: The story of Ricky ဆိုတဲ့အတိုင်း ရစ်ကီဟိုဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ဇာတ်လမ်းတစ်ပုဒ်ပေါ့ ဒီဇာတ်ကားက ၁၉၉၁ခုနှစ်မှာ ရိုက်ကူးထားတယ်ဆိုပေမယ့် ဇာတ်ကားထဲမှာအခြေတည်ထားတာ ၂၀၀၁ခုနှစ်ပါ ဇာတ်လမ်းကတော့ ၂၀၀၁ခုနှစ်မှာ ထောင်တွေက အစိုးရပိုင်မဟုတ်တော့ပဲ ပုဂ္ဂလိကတွေကိုလွှဲပေးထားပြီး ငွေရှင်အရင်းရှင်တွေခြယ်လှယ်တဲ့ခေတ်ပုံစံကို တင်ဆက်ထားပါတယ်။အဲ့ဒီပုဂ္ဂလိကထောင်တစ်ခုကို ရစ်ကီဟိုတစ်ယောက် လူသတ်မှုနဲ့ရောက်လာပါတယ်။ ထောင်တွေရဲ့ထုံးစံအတိုင်းကြီးနိုင်ငယ်ညှင်းတွေရှိနေသလို အခုသူရောက်သွားတဲ့ထောင်မှာ လေးပိုင်းပိုင်းပြီး အဖွဲ့လေးဖွဲ့ခွဲထားပါတယ်။ အရှေ့ဆောင် အနောက်ဆောင် တောင်ဖက်ဆောင်မြောက်ဖက်ဆောင်စသည်ဖြင့်ပေါ့။အဆောင်တစ်ခုချင်းဆီမှာဒိတ်ဒိတ်ကြဲသိုင်းကျွမ်းတဲ့ခေါင်းဆောင်တွေအုပ်ချုပ်တယ်။ ရစ်ကီဟိုဆိုတာကလဲ ခေသူမဟုတ် သေချာလေ့ကျင့်ထားတဲ့သိုင်းသမား စိတ်ကလဲမဟုတ်မခံ။ အဲ့မှာ ဗိုလ်ကျအနိုင်ကျင့်မှုတွေနဲ့မဟုတ်မခံနဲ့သွားတွေ့တော့တာပဲ။ပြီးတော့ ထောင်ကလဲ ထောင်ကိုဗန်းပြပြီးနောက်ကွယ်မှာမဟုတ်တရုတ်လုပ်တာတွေရှိနေပြန်တော့ ရစ်ကီဟိုလိုမဟုတ်မခံနဲ့ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာ....။ဒီဇာတ်ကားက Extreme Violence အမျိုးအစားပါ သွေးထွက်သံယိုတွေတစ်ကားလုံးပြည့်နှက်နေပါတယ်လို့တော့ ကြိုသတိပေးပါရစေ။ File size…(2.7 GB )/(1.2 GB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:31:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka ...
movie

Riki-Oh: The Story of Ricky (1991)

1991
Detective Chinatown 2 (2018) 6.2
Detective Chinatown 2 (2018) Detective Chinatown ဟာ Rating မြင့်တဲ့ စုံထောက် အက်ရှင် စွန့်စားခန်း ဟာသ အမျိုးအစား တရုတ်ဇာတ်ကားတွေဖြစ်ပြီး ၃ ကားထွက်ရှိထားပါတယ်။ ၃ ကားလုံး အဓိကသရုပ်ဆောင်တွေ တူညီပြီးတော့ အချိတ်အဆက်မိမိနဲ့ရယ်ရပါတယ်... ၃ကားလုံးကို CM မှာ တင်ဆက်ထားပြီး  ဒီမှာ  https://www.channelmyanmar.to/?s=detective+chinatown ဒေါင်းလို့ရပါတယ်။++++++++++ Detective Chinatown 2(2018)အညွှန်း *********************************ချင်းဖောင်ဆိုတဲ့ ကျောင်းသားလေးက Crimemaster လို့ခေါ်တဲ့ App တစ်ခုမှာ အဆင့်နှစ်ချိတ်ထားသူဖြစ်ပါတယ်...Crimemasterဆိုတာက စုံထောက်ဂိမ်းတစ်ခုပါပဲ၊ ဒါပေမယ့်ထူးခြားတာက တကယ်ဖြစ်နေတဲ့အမှုတွေကိုစုံစမ်းဖော်ထုတ်ရတာပဲဖြစ်ပါတယ်။ ချင်းဖောင်က အဲ့ဂိမ်းမှာ အဆင့်နှစ်ဆိုတော့ နယ်နယ်ရရတော့မဟုတ်ဘူးပေါ့...အဆင့်တစ်ကတာ့ "Q" ဆိုတဲ့လူဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာတော့ ဘယ်သူမှမသိကြပါဘူး။ဦးလေးဖြစ်သူရဲ့ မင်္ဂလာပွဲကိုတက်ဖို့ အမေရိက ကို ချင်းဖောင်တစ်ယောက်ရောက်ရှိလာပါတယ်။တကယ်တော့ဦးလေးဖြစ်သူက ချင်းဖောင်ကို ညာခေါ်လိုက်တာပါ။ တရုတ်တန်းက ဆရာကြီးတစ်ယောက်ရဲ့မြေးဖြစ်သူအသတ်ခံရမှုကိုဖော်ထုတ်ပေးနိုင်ရင် ဒေါ်လာငါးသန်း ပေးမယ်ဆိုတဲ့အတွက်ကြောင့်ချင်းဖောင်ကို လိမ်ပြီးခေါ်လိုက်တာဖြစ်ပါတယ်။ အဲ့အမှုကိုဖော်ထုတ်ဖို့ရောက်လာတဲ့တခြားလူတွေကလဲCrimemaster app ထဲက ချင်းဖောင်ရဲ့ ပြိုင်ဖက်တွေပဲဖြစ်ပါတယ်။ အဲ့တော့ ချင်းဖောင်တို့တူဝရီးနှစ်ယောက်အမှုကို ...
movie

Detective Chinatown 2 (2018)

2018
The Enchanting Phantom ( 2020 ) 5.8
The Enchanting Phantom ( 2020 ) 90 Born တော်တော်များများ 1987 ခုနှစ်လောက်ကထွက်တဲ့ A Chinese Ghost Story ဇာတ်ကား‌လေးကိုသိကြမှာပါ ခုဒီဇာတ်ကားလေးကတော့ A Chinese Ghost Story ကို 2020 ခုနှစ်မှာ ပြန်လည်ဆန်းသစ်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်စာပေသမားလေးနင့်ချိုင်ချန်ဟာ မင်းနေပြည်တော်သို့ ပြည်နယ်စာမေးပွဲဖြေဖို့ သွားရာလမ်းမှာ ဘုံကျောင်းပျက်မှာတည်းခိုရင်း သောင်းကျန်းလှတဲ့ ကဝေများနဲ့တွေ့ဆုံခြင်းဖြစ်ပါတယ် သူ့ကိုဖမ်းစားဖို့လာတဲ့ကဝေမလေး နိရှောင်ချန့်ဟာ သူ့ရဲ့ရိုးသားပြီး ကူညီတတ်တဲ့စိတ်ရင်းလေးကြောင့် မသတ်ရက်ပဲ တစ်ယောက်နဲ့တစ်ယောက်စုံမက်မိသွားကြပါတယ်ဒါပေမယ့် ရှောင်ချန့်ရဲ့ဘွားဘွားကဝေအိုမကြီးက သူမကို တောင်မဲကဝေနတ်ဆိုးနဲ့လက်ထပ်ထိမ်းမြားဖို့ စီစဉ်ထားတဲ့အပြင် သန့်စင်တဲ့အဖိုဓာတ်ရှိတဲ့ စာပေသမားလေးကိုလိုချင်လို့ ကဝေမုဆိုးတွေနဲ့ယှဉ်ပြိုင်မှုတွေဖြစ်လာပါတယ် ဇာတ်လမ်းသဘောသဘာဝတူသော်ငြားလည်း ဇာတ်ကားဟောင်းနဲ့မတူဘဲ ပြောင်းလဲသွားတဲ့တစ်ချို့ဇာတ်ဝင်ခန်းတွေကြောင့် သဘောမတွေ့ဖြစ်နိုင်ပေမယ့် ကြည့်မိလို့စိတ်ပျက်စေမယ့်ကားမျိုးတော့မဟုတ်ပါဘူးနော် ပြီးတော့ ချစ်စရာကောင်းတဲ့ မင်းသမီး Eleanor Lee နဲ့ မင်းသား Chen Xingxu တို့အပြင် ဘွားဘွားကဝေအိုမကြီးနေရာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Yuein Wah (ပိုးမင်းသားကြီး) ကြောင့် ဇာတ်လမ်းကပိုပြီးအသက်ဝင်နေပါတယ် Filesize : 2.27 GB / 1.40 GB /842 MB Quality : WEB-DL 4K HEVC,  1080p , 720p Format : ...
movie

The Enchanting Phantom ( 2020 )

4K HEVC
Lost But Win ( 2024 ) 5.9
Lost But Win ( 2024 ) ဆယ်စုနှစ်တစ်ခုလုံး ဆိုင်ကယ်‌ပြိုင်ပွဲတိုင်းမှာ ရှုံးပွဲမရှိ ချန်ပီယံဆုချည်းပဲရခဲ့တဲ့ အားဟွာ အရင်က ဖုန်းယွင်ဆိုင်ကယ်အသင်းမှာ ညီအစ်ကိုဖြစ်ခဲ့ပေမဲ့ ဆယ်စုနှစ်တစ်ခုလုံးမပြောမဆိုပျောက်ကွယ်သွားခဲ့တဲ့ အားထန်အားဟွာနဲ့အားထန်တို့၂ဦးဟာ ဖုန်းယွင်ဆိုင်ကယ်အသင်းရဲ့ အားကိုးရတဲ့ ပြိုင်ပွဲဝင်တွေဖြစ်ပြီးတော့ အကြောင်းအရင်းအမျိုးမျိုးကြောင်း အားထန်ကမပြောမဆိုပျောက်သွားပြီး အားဟွာတစ်ယောက်တည်း အသင်းနာမည်ကိုဆက်လက်ထိန်းသိမ်းခဲ့ရပါတယ် ။ဒီလိုနဲ့အားဟွာတစ်ယောက်ဆယ်စုနှစ်တစ်ခုလုံး ဆိုင်ကယ်မောင်းတာကိုလက်မလျှော့ခဲ့ဘဲ ချန်ပီယံဆုတွေချည်းယူခဲ့ပါတယ် ။ တစ်နေ့မှာတော့ ဟောင်ကောင် -ကျူးဟိုင်-မကာအို စူပါချန်ပီယံဆုပြိုင်ပွဲကြီးမှာ အားဟွာက ချန်ပီယံဆုထပ်ရသွားခဲ့ပါတယ် ။ အဲဒီ‌နေ့မှာ ဆယ်နှစ်လောက်သတင်းမရ ပျောက်ကွယ်သွားခဲ့တဲ့ အားထန်ကပြန်ပေါ်လာပြီးတော့ ချန်ပီယံအားဟွာကိုစိန်ခေါ်မည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ် ။ဇာတ်လမ်းထဲမှာတော့ ဇာတ်လမ်းနာမည်အတိုင်း Lost but win ဘယ်လိုဖြစ်သွားမလဲဆိုတာရယ် ၊ ငယ်ငယ်ကတည်းက ဘယ်တော့မှ အားဟွာကိုမနိုင်ခဲ့တဲ့ အားထန်တစ်ယောက် ဘယ်လိုအနိုင်ယူသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ရှုဖို့မမေ့ပါနဲ့နော် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Sport Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Kay Thwe Phyoe Reviewed By Moon Encoded ...
movie

Lost But Win ( 2024 )

The Millionaires’ Express ( 1986 ) 6.9
The Millionaires’ Express ( 1986 ) ဒီဇာတ်ကားလေးကတော့ အက်ရှင်ဇာတ်ကားကောင်းတွေကို ကြိုက်နှစ်သက်တတ်တဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ old but gold ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ -တရုတ်ပြည်သူ့သမ္ပတနိုင်ငံအစောပိုင်းကာလအချိန်မှာဇာတ်လမ်းလေးကို အစပြုထားပါတယ် ။Ching Fong Tin က ရုရှားစစ်သားတွေဆီကနေ ကုန်ပစ္စည်းတွေခိုးယူဖို့ကြိုးစားပြီးတော့ ပစ္စည်းတွေရတော့ ထွက်ပြေးဖို့လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ရုရှားစစ်သားတွေဆီမှာဖမ်းမိသွားပြီး ပြက်ရယ်အပြုခံခဲ့ရပါတယ် ။‌Ching Fong Tin ကအဲဒီလိုအဖမ်းပြန်ခံရပြီး ခက်ခက်ခဲခဲနဲ့ရုရှားစစ်သားတွေလက်ထဲကနေ ပြန်လွတ်ခဲ့ပြီး ထပ်ထွက်ပြေးခဲ့ပေမဲ့ ကံဆိုးစွာနဲ့ ထပ်ပြီး Fook loi ‌ဆီမှာ အဖမ်းခံခဲ့ရပါတယ် ။နောက်ဆုံးသူခက်ခက်ခဲခဲကြိုးစားပြီးတော့မှမွေးရပ်မြေကိုပြန်ရောက်ရှိလာပါတော့တယ် ။ ဒါပေမဲ့ အလွဲလေးတွေဖြစ်လာပြီး Fong Tin တစ်ယောက် အေးအေးချမ်းချမ်းမနေရဘဲ သူ့နောက်လိုက်လာတဲ့ Fook Loi နဲ့ပြန်တွေ့ပြီး ထပ်ပြေးရပြန်‌ပါတော့တယ် ။အဲဒီအချိန် မြို့ထဲကိုလည်း ဓားပြအုပ်စုတစ်စုရောက်လာပြီး မြို့ထဲကပြည်သူတွေကို ဓားစာခံအဖြစ်ခေါ်ပြီး ခရီးသည်တွေကိုပါ ဖမ်းစီးထားပြီးပြဿနာတွေရှာတော့ Fong Tin တစ်ယောက် ကိုယ်လွတ်ရုန်းလို့ရပါရဲ့နဲ့မရုန်းနိုင်ဘဲ မြို့ကပြည်သူတွေကိုကယ်ဖို့ ကြိုးစားပုံလေးတွေကို ဟာသလေးတွေနှောပြီး ရိုက်ကူးထားတာဖြစ်လို့ အဆုံးထိကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ Quality : Bluray 1080p , 720p  ( HEVC ) Format : mp4 Genres ...
movie

The Millionaires’ Express ( 1986 )

Mr. Vampire Saga 4 ( 1988 ) 6.4
Mr. Vampire Saga 4 ( 1988 ) တရုတ်ခုန်ဆွသရဲကားလို့နာမည်ကြီးခဲ့တဲ့ Mr Vampire ပြန်တင်ပေးလိုက်ပါတယ်။ စုစုပေါင်းလေးကားရှိပြီး ၃ ကားကိုတင်ဆက်ပေးပီးပါပြီဒီလင့်ကိုနိပ့်ပီးရှာနိုင်ပါတယ်၁ နဲ့ ၂ နဲ့ ၃ နဲ့ ၄ နဲ့ကအဆက်အစပ်မရှိပါဘူး။ဇာတ်လမ်းအညွှန်းအနေနဲ့ - လူသူမနီးတဲ့ခြံကွက်လေးထဲမှာ အိမ်၂အိမ်ရှိပြီး အဲဒီ၂အိမ်မှာ ‌ဘုန်းတော်ကြီးတစ်ပါးနဲ့ တောက်ဆရာတစ်ပါးတို့က တပည့်လေးတွေနဲ့ အိမ်နီးချင်းနေထိုင်လျက်ရှိပါတယ် ။ ဆရာကြီးနှစ်ယောက်က အမြဲတမ်းပညာစမ်းကြရင်းနဲ့ သိပ်ပြီးတော့ မတည့်ကြပါဘူး။တစ်နေ့ကျတော့ နယ်စပ်ကနေနန်းမြို့တော်ကိုသယ်လာတဲ့ ဘုရင့်ဆွေမျိုးဖုတ်ကောင်ပါတဲ့ ရွှေရောင်ခေါင်းတလားသယ်တဲ့သူတွေက သူတို့ ၂အိမ်ရှေ့ကနေဖြတ်သွားပါတော့တယ် ။အဲဒီခေါင်းတလားကိုတာဝန်ယူသယ်ပေးရတဲ့ တောက်ဆရာဖြစ်သူကလည်း ခြံဝန်းထဲမှာနေတဲ့တောက်ဆရာကြီးရဲ့ဆရာတူညီလေးဖြစ်နေတော့ ကောက်ညှင်းဝင်တောင်းရင်းစကားပြောဖြစ်ခဲ့ကြပါတယ် ။သူတို့ထွက်သွားတဲ့ညမှာပဲ မိုးတွေသည်းပြီး ခေါင်းတလာကိုပိတ်ထားတဲ့ မန္တန်ဆေးမင်တွေ ‌အရောင်လွင့်ကုန်ပါတော့တယ် ။ အဲဒါကြောင့်ပဲ ဖုတ်ကောင်က ခေါင်းတလားထဲကနေထွက်လာပြီး လူတွေလိုက်သတ်ပါတော့တယ် ။အဲဒီဖုတ်ကောင်ကြီးကိုဘယ်လိုတွေရှင်းကြမလဲ ? ဆရာကြီး၂ယောက်က တကယ့်အရေးကိစ္စကြုံလာရင်ရော စည်းလုံးကြပါ့မလားဆိုတာကို ဟာသလေးနဲ့ပါ‌ယှဉ်တွဲရိုက်ကူးထားတာဖြစ်ပြီး ဘယ်အချိန်ကြည့်ကြည့်မရိုးရဘူးမလို့ အသစ်တစ်ခေါက်ကြည့်ရှုလိုက်ဖို့ တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action, Horror , Comedy Runtime : 1h 36 min Subtitle : Myanmar Subtitle ( Hardsub ...
movie

Mr. Vampire Saga 4 ( 1988 )

1988
Mr. Vampire ( 1985 ) 7.6
Mr. Vampire ( 1985 ) အားလုံးရင်းနှီးကျမယ့် တရုတ်သရဲကားတစ်ကားဖြစ်မှာပါ.. အလွယ်ခေါ်ရင်တော့ တရုတ်ခုန်ဆွ သရဲပေါ့ ငယ်စဉ်ကထဲက အားလုံးရင်းနှီပြီးသားဇာတ်ကားလေးတကားပါပဲ စုစုပေါင်း ၄ ကားရှိပြီး Bluray Quality Update တွေ အကုန်လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဒီ ဇာတ်ကားလေးရဲ့ ရရှိထားတဲ့ IMDb Rate ကတော့ 7.3 ပဲဖြစ်ပါတယ်..မင်ကော်ခေတ်ဦးပိုင်းမှာ သူဌေးကြီးရန်ဟာ ဖုန်းရွှေဆရာရဲ့ သတိပေးချက်အရ နှစ် ၂၀ ကြာတဲ့အခါ အဖေ့ရဲ့အုတ်ဂူကို နေရာပြောင်းဖို့အတွက် ဦးလေးကျိုကို အကူအညီတောင်းခဲ့ပါတယ်။ အုတ်ဂူဖွင့်တဲ့နေ့မှာ သိလိုက်ရတာက သခင်ကြီးရန်ရဲ့ သင်္ချိုင်းရှိရာနေရာဟာ အလွန်ကောင်းတဲ့ ပုစဉ်းရေစက်ချနေရာဖြစ်ပေမဲ့ အရင်တုန်းက မြှုပ်နှံဖို့အကြံပေးခဲ့တဲ့ ဖုန်းရွှေဆရာရဲ့ ယုတ်မာမှုကြောင့် သူ့အလောင်းဟာ နှစ် ၂၀ ကြာတဲ့အထိ မပုပ်မသိုးဖြစ်နေပါတယ်။ဦးလေးကျိုဟာ သံသယဖြစ်မိပြီး အဲ့အလောင်းကို သူနေထိုင်ရာ အလောင်းစံအိမ်ကို ပြန်သယ်သွားပြီး စောင့်ကြည့်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ သခင်ကြီးရန်ရဲ့ အလောင်းဟာ ကျန်းရှီးသရဲဖြစ်သွားပြီး သူဌေးရန်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ခေါင်းဆောင်ကလည်း ပေါ့ပျက်ပျက်နဲ့ပဲ ဦးလေးကျိုကို အချုပ်ခန်းထဲ ဖမ်းဆီးသွားခဲ့ပါတယ်။အဲဒီညမှာပဲ သူဌေးရန်ရဲ့အလောင်းကလည်း ကျန်းရှီးသရဲဖြစ်သွားပြီး စခန်းက လူတွေကို လိုက်လံတိုက်ခိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း ထင်ထင်ကို ကာကွယ်ဖို့အတွက် ဝိန်ချိုင်တစ်ယောက် ကျန်းရှီးသရဲကိုက်တာ ခံလိုက်ရပြီး အလောင်းအဆိပ်တက်ပြီး ကျန်းရှီးသရဲဖြစ်သွားနိုင်ချေ ...
movie

Mr. Vampire ( 1985 )

Dragons Forever (1988) 7.1
Dragons Forever (1988)     ဂျက်ကီလောင် (ဂျက်ကီချန်း) ဟာ အရည်အချင်းရှိတဲ့ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ တနေ့မှာတော့ ဓာတုဆေးဝါးထုတ်လုပ်တဲ့ကုမ္မဏီဘက်က ရှေ့နေလိုက်ပေးဖို့ဖြစ်လာပါတယ်။ ဝါကုမ္မဏီက စွန့်ပစ်တဲ့ ဓာတုအကြွင်းအကျန်တွေက ရေထဲစီးဆင်းလာပြီး ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ မစ္စရီတို့အတွက် အကြီးအကျယ်ထိခိုက်စေပြီး ငါးတွေအမြောက်အမြားသေဆုံးရတဲ့အတွက် မစ္စရီတို့ ညီအစ်မက ဝါဓာတုဆေးဝါးကုမ္မဏီကို တရားစွဲပါတော့တယ်။ဒီအချိန်မှာ ဂျက်ကီက ဓာတုဆေးဝါကုမ္မဏီဘက်က ရှေ့နေလိုက်ပေးပြီး မစ္စရီရဲ့ ဝမ်းကွဲညီမ တဖြစ်လည်း ငါးလုပ်ငန်းဘက်ကရှေ့နေဖြစ်တဲ့ ဝမ်မေလင်းကို သဘောကျသွားပါတော့တယ်။ ဒီလိုနဲ့ တရားလိုရှေ့နေနှင့် တရားပြိုင်ရှေ့နေဖြစ်တဲ့ သူတို့နှစ်ယောက် ချစ်မိသွားကြမလား ဘယ်ဘက်က တရားနိုင်သွားမလဲ ဓာတုဆေးဝါးကုမ္မဏီနောက်ကွယ်မှာရော ဘာလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာ ဂျက်ကီချန်းကားသဘာဝအတိုင်း ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမော ကြည့်ရမယ့် ဟောင်ကောင်ဇာတ်မြူးလေးတစ်ပုဒ်ဖြစ်ပါတယ်။ဘာသာပြန်ဆိုသူကတော့ Matteo ဖြစ်ပါတယ်။ File size…(4.8 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Action, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo
movie

Dragons Forever (1988)

1988
Heart of Dragon (1985) 6.5
Heart of Dragon (1985)    ဟောင်ကောင်အက်ရှင်လောကရဲ့ ရွှေရောင်မျိုးဆက်တွေဖြစ်တဲ့ ဂျက်ကီချန်းတို့ ဟုတ်ချင်းပေါင်(Sammo Hung)တို့အပြင် ဇာတ်ကားတွေမှာ မှော်ဆရာလုပ်နေကြ Lam Ching-ying တို့လို ဇာတ်ရံတွေ အများအပြားလဲပါဝင်ထားပါတယ်။အထူးရဲကွန်မန်ဒို ဂျက်ကီချန်းနဲ့ ကျပ်မပြည့်တဲ့သူ့အစ်ကို ဟုတ်ချင်းပေါင်တို့ကြားက သံယောဇဉ်ကို ရင်နင့်အောင် ပြီပြင်စွာ ပုံဖော်ထားပြီး ဟာသတွေ အက်ရှင်တွေနဲ့လဲ ဇာတ်လမ်းကို ခပ်သွက်သွက် ဆွဲခေါ်ထားပါတယ်။၏ဂျက်ကီချန်းရဲ့ ငယ်မူငယ်သွေးကို အထင်းသားမြင်ရမှာဖြစ်သလို Action,Comedy,Drama ကြိုက်သူတွေ လက်မလွတ်သင့်တဲ့ကားလေးပါပဲ...... IMDb Rating (6.5/10) ရရှိထားပြီး ဒါရိုက်တာကလဲ ဟုတ်ချင်းပေါင်ပဲဖြစ်ပါတယ်။ File size…(1.8 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hein Zaw & Thar Nyo Lwin 
movie

Heart of Dragon (1985)

1985
My Lucky Stars (1985) 6.3
My Lucky Stars (1985)   ဒီတစ်ကားမှာတော့ မာဆယ် (ဂျက်ကီချန်း) နှင့် ရစ်ကီတို့ဟာ ရဲဌာနက သိမ်းဆည်းရမိတဲ့လက်ဝတ်ရတနာတွေကို ခိုးထုတ်ပြီးတော့ သစ္စာဖောက်ပြီး ဂျပန်ကိုရှောင်ပြေးသွားတဲ့ စုံထောက်တစ်ယောက်ကို ဂျပန်ထိ လိုက်ဖမ်းရပါတော့တယ်။ ဒါပေမဲ့ ဒီသစ္စာဖောက်စုံထောက်ဟာ ဂျပန်က စာခြောက်ရုပ်ဂိုဏ်းကို ဝင်ရောက်ခိုလှုံသွားတဲ့အတွက် သူတို့နှစ်ယောက်သား ဒီဂိုဏ်းနဲ့ ပတ်သက်ရပြီး ရစ်ကီတစ်ယောက်အဖမ်းခံရတဲ့အတွက် မာဆယ် (ဂျက်ကီချန်း) တစ်ယောက် ဟောင်ကောင်အထူးရဲတပ်ဖွဲ့ကို တပ်ကူတောင်းရပါတော့တယ်။မာဆယ်က ရဲမှန်းမသိသာဘဲ စိတ်ချယုံကြည်ရမယ့် သူ့ဘော်ဒါဖြစ်တဲ့ တုတ်ကြီးကို လွှတ်ပေးဖို့ အကူအညီတောင်းပါတယ်။ ဒီအချိန်မှာ တုတ်ကြီးက မာဆယ်သတင်းပေးလို့ ထောင်ကျနေတာဖြစ်လို့ မာဆယ်က တုတ်ကြီးကို တစ်ဖက်လှည့်နဲ့ ပြန်လွှတ်စေချင်တာပါ။ ဒီလိုနဲ့ တုတ်ကြီးကို လွှတ်ငြိမ်းခွင့်ပေးပြီး ဂျပန်သွားခိုင်းပါတော့တယ်။ ဒါနဲ့ တုတ်ကြီးကလည်း သူ့ဘော်ဒါရင်းတွေဖြစ်တဲ့ ပြောင်ကြီး၊ ဆန်ဒီ၊ ဂင်ရှင်း၊ ရာဝစ်တို့ကိုပါ ခေါ်သွားချင်တဲ့အတွက် ကြီးကြပ်ရေးမှူးလည်း ခွင့်ပြုလိုက်ပေမယ့် သူ့လက်ထောက်ကောင်မလေးပါထည့်လိုက်ပြီး တစ်ပြုံတမကြီး ဂျပန်လစ်ပါတော့တယ်။ ဒီအချိန်မှာ တုတ်ကြီးတို့အဖွဲ့ ...
movie

My Lucky Stars (1985)

The Comeback ( 2023 ) 6.5
The Comeback ( 2023 ) ရှိသမျှပစ္စည်းမှန်သမျှကို အကောင်းတိုင်းဖြစ်အောင်ပြင်နိုင်တဲ့ ဦးလေးဟွာက ရှေးဟောင်းပစ္စည်းပြုပြင်ရေးဆိုင်လေးဖွင့်ပြီး သာမာန်ရိုးရှင်းတဲ့ဘဝကိုဖြတ်သန်းနေတယ် “တစ်ခုခုဖြစ်ရင် ဦးလေးဟွာကိုရှာ”ဆိုပြီး နာမည်ကျော်ဦးလေးဟွာက အထူးတပ်ဖွဲ့ဝင်ဖြစ်ခဲ့တာပေါက်ကြားမိပြီးတဲ့နောက် တပည့်ဖြစ်သူအားကျယ်ရဲ့လျှိုဝှက်တပ်ဖွဲ့ဖမ်းဆီးတာခံရတယ်ဦးလေးဟွာအမြဲတမ်းစားစရာကျွေးနေတဲ့ သူဖုန်းစားရဲ့ သရုပ်မှန်ကဘာဖြစ်နေလို့ ဦးလေးဟွာရဲ့အကြောင်းကိုအကုန်သိပြီးတော့ ကူညီပေးနေရတာလဲ အားကျယ်ရှာနေတဲ့ နံပါတ်0ကရော ဘယ်သူလဲ? ဘာလို့ရှာနေတာလဲ?ဆိုတာတွေကို လှည့်ကွက်မျိုးစုံတွေနဲ့အတူ ဇာတ်လမ်းထဲမှာ အဖြေလေးကိုဆက်လက်ကြည့်ရှုလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 47 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Hnin Wutt Hmone Encoded by LK
movie

The Comeback ( 2023 )

Twins Mission (2007) 5.2
Twins Mission (2007) Review- အမွှာတွေချည်းပဲဖွဲ့စည့်ထားတဲ့အဖွဲ့အစည့်တစ်ခုမှာ ခေါင်းဆောင်အမွှာညီနောင်၂ဦးဟာ ရည်မှန်းချက်မတူတာကြောင့် ၂ဖွဲ့ကွဲသွားခဲ့ပါတယ် ကျေးညီနောင်၂ဦးလိုတစ်ဖွဲ့ကမကောင်းတဲ့လမ်းစဉ်ကိုလိုက်ပြီး နောက်တစ်ဖွဲ့ကတော့တရားမျှတမှုအဖွဲ့ပါတစ်ရက်မှာ Lau Hay နဲ့ Uncle Luck ဟာ Heaven's Bead လို့ခေါ်တဲ့အစေ့ကိုဟောင်ကောင်ကိုသယ်ယူလာတုန်းခြုံခိုတိုက်ခိုက်ခံရတာကြောင့် လမ်းမှာတင်ပျောက်ဆုံးသွားခဲ့ပါတယ် ဒီအစေ့ကိုမှော်စွမ်းအင်တွေရှိပြီး သေဆုံးသွားတဲ့လူတွေကိုပြန်ခေါ်နိုင်တယ်လို့ ယုံကြည်တာကြောင့် လူဆိုးအမွှာအဖွဲ့လိုက်ရှာတာကို နောက်တစ်ဖွဲ့ကတားဆီးတာပဲဖြစ်ပါတယ်တစ်ဖက်မှာလဲမြို့တော်စီမံကိန်းတွေရှိနေတယ့် Professor Mok ဟာ သူ့တူမ Li ပိုင်ဆိုင်တဲ့မြေနေရာကွက်တွေကိုလိုချင်နေတာကြောင့် နေမကောင်းဖြစ်နေတဲ့သူ့ညီမကို Heaven's Bead နဲ့အကျပ်ကိုင်လာပါတယ်Lau Hay နဲ့ Uncle Luck တို့ဟာအင်အားမမျှတာကြောင့် ပျောက်ဆုံးနေတဲ့အမွှာအဖွဲ့သားတွေကိုအကူအညီတောင်းလာရပါတော့တယ် သူတို့တွေHeaven's Bead ကို ဘယ်လိုပြန်ယူမလဲ Li ညီအစ်မနှစ်ယောက်ကိုပါဘယ်လိုကယ်တင်မလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Son Gohan ပါ )File Size__(1.8GB) Quality__BluRay_720p IMDb Rating__5.1/10 Format__mp4 Duration__01:33:00 Type__Action, Comedy, Crime Subtitle__Myanmar Subtitle (Hardsub) Translated by Son ...
movie

Twins Mission (2007)

Choyleefut: Speed of Light (2011) 5.0
Choyleefut: Speed of Light (2011) တရုတ်ပြည်မှာ ကိုယ်ခံသိုင်းပညာရပ်တွေ အများကြီးရှိတဲ့အထဲကမှ ချွိုင်လီဖတ်ဆိုတဲ့ ကိုယ်ခံပညာအကြောင်းကို ရိုက်ပြထားတာပဲဖြစ်ပါတယ်။ဒီသိုင်းပညာဟာ တရုတ်ပြည်မှာ အအောင်မြင်ဆုံးဖြစ်ပြီး ကမ္ဘာမှာပါ လူသိများတဲ့ကွန်ဖူးပညာ တစ်ရပ်လည်းဖြစ်ပါတယ်။ချွိုင်လီဖတ်အကျော်အမော်ညီနောင်နှစ်ပါးထဲက အစ်ကိုဖြစ်သူချန်တိန်းလိုင်ဟာ ကမ္ဘာတစ်လွှားမှာကျောင်းပေါင်းများစွာ ဖွင့်လှစ်ပြီး သိုင်းပညာကို ဖြန့်ဝေလျက်ရှိပါတယ်။ဒီလိုနဲ့ တရုတ်ပြည်က ပင်မကျောင်းတော်ကြီးကို နိုင်ငံခြားကုမ္ပဏီတစ်ခုက အုပ်စိုးဖို့ကြိုးစားလာပါတော့တယ်။ ဒီမှာတင် အစ်ကိုဖြစ်သူက သဘောတူထားပြီးပေမယ့် သူရဲ့သား ဂီက လက်သင့်မခံဘဲ ပြန်လှန်တွန်းလှန်ဖို့ ကြိုးစားရင်းက ကျောင်းတော်ကြီးရဲ့ကံကြမ္မာကို ပြိုင်ပွဲအဆုံးအဖြတ်နဲ့ စီရင်ဖို့ ဖြစ်လာရပါတော့တယ်.... ကျောင်းကို စီးပွားရေး ကုမ္ပဏီကြီးကပဲ အုပ်စိုးသွားမလား...ဂီနဲ့အတူ အပေါင်းအပါတွေကပဲ ကယ်တင်သွားနိုင်မလား ရှုစားရမှာပဲဖြစ်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(2GB) / (1GB) Quality__BluRay_1080p, 720p IMDb Rating__5.0/10 Format__mp4 Duration__01:33:00 Type__Action, Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung ...
movie

Choyleefut: Speed of Light (2011)