Channel Myanmar

Yorgos Pirpassopoulos

Monday (2020) 5.7
Monday (2020) Genre - Drama,Romance IMDb - 5.7/10ဂရိ ကမ်းခြေတစ်ခုမှာ ဖင်တုံးလုံးနဲ့ အဖမ်းခံလိုက်ရတဲ့ လူငယ်နှစ်ယောက်ကနေ ဇာတ်လမ်းစတယ်။အေသင်ကို ခဏတာ လာရောက်တဲ့ ခလိုဝီနဲ့ ဂရိမြေမှာကုန်ဆုံးတာ ခုနစ်နှစ်ကြာပြီ ဖြစ်တဲ့ မစ်ကီ တို့ အမေရိကန် နှစ်ယောက် ဖူးစာဆုံကြတယ်။ နှစ်ယောက်ချင်း ရေမြေသင့်ပြီး အပျော်ကြီး ပျော်လိုက်ကြတာကနေ တကယ် ချစ်မိသွားရော ဇာတ်လမ်းလေးက စလာရော။ မစ်ကီကတော့ ပေါ့ပေါ့ပါးပါး အလေးအနက် မထားချင်တဲ့ သူမျိုး။ တစ်ဖက်မှာတော့ ထိုအရာတွေကို ညှိပေးနိုင်ပေမဲ့ အရက်ကလေးဝင်လာရင် ဂြိုဟ်ကြွလာတတ်တဲ့ ခလိုဝီ နှစ်ယောက်ပေါင်း ရည်းစားဘဝကို တက်လှမ်းကြပါလေရော။နှစ်ယောက်သား ဘဝတည်ထောင်တော့ အခြေအနေတွေက မတူတော့ဘူး။ မစ်ကီမှာက ၆ နှစ်သား ကလေးလေး ရှိနေတယ်။ သူ့ဟာနဲ့သူ အလေးအနက် မနေတတ်တဲ့သူက ကလေးအ‌ဖေဘဝနဲ့လည်း အဆင်မပြေပါ။ ဒါတွေကို အသက်ကြီးတဲ့ ခလိုဝီက လိုက်စီမံ ပေးပြန်တော့ သူ့ဘက်က ...
movie

Monday (2020)

Crimes of the Future (2022)
Crimes of the Future (2022)   ဒီရုပ်ရှင်ကတော့ မင်းသမီး ခရစ္စတင်း စတီးဝပ်ရဲ့ ရုပ်ရှင်အသစ်ပါပဲ။ သိပ္ပံစိတ်ကူးယဉ်၊ ဟော်ရာ အမျိုးအစားဖြစ်ပါတယ်။ အဖော်အချွတ်တွေ အဖြတ်အတောက်တွေပါလို့ ကလေးငယ်တွေကြည့်ဖို့ မသင့်ပါဘူး။ တွေးစရာတွေပေးတဲ့ ရုပ်ရှင်မျိုးပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ အနာဂတ်ခေတ်ရဲ့ လူသားဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်တွေ ထူးဆန်းလာတာ မှားယွင်းလာတာကို အခြေခံထားတာပါပဲ။ ဒီနေ့ခေတ်မှာဆိုရင် ဆိုးရွားတဲ့ စက်ရုံအညစ်အကြေးတွေ၊ ညစ်ညမ်းဓာတ်ငွေ့တွေ၊ ဓာတုပစ္စည်းတွေကြောင့် လူတွေ ကင်ဆာတွေအဖြစ်များလာပါပြီ။ကင်ဆာဆိုတာလည်း လူရဲ့ကိုယ်ထဲက ဆဲလ်တွေ ပုံပြောင်းပြီး ဖြစ်လာတာပါပဲ။ ဒီတော့ အဲဒီလို ပုံပြောင်းရင်းနဲ့ကနေ လူတွေရဲ့ အခြေခံဖွဲ့စည်းပုံတွေပါ ပြောင်းလဲလာမယ်ဆိုရင် ဘာဖြစ်လာမလဲ။ ဒီရုပ်ရှင်ထဲမှာတော့ "အလွန်မြန်ဆန်စွာ ဆင့်ကဲပြောင်းလဲမှု ရောဂါ" လို့ ခေါ်ကြပါတယ်။ လူသားတွေဟာ မနာကျင်တတ်တော့ဘူး၊ ကူးစက်မှုတွေမရှိတော့ဘူး။မနာကျင်တော့တာဟာ ရုတ်တရက်ကြည့်ရင် ကောင်းတယ်ထင်ရသလို မကောင်းတာတွေလည်းရှိပါတယ်။ နာကျင်မှုဟာ လူတွေကို အန္တရာယ်ကနေ ရှောင်တိမ်းနိုင်ဖို့ အချက်ပြတဲ့စနစ်ပါပဲ။ ပူတာကိုကိုင်မိရင်လက်ကို ဆတ်ခနဲ ရုတ်လိုက်တာမျိုး၊ တစ်ခုခုစူးရင် ချက်ချင်းနောက်ဆုတ်လိုက်တာမျိုးပေါ့။ ဒီတော့ နာကျင်မှုတွေမရှိရင် ...
movie

Crimes of the Future (2022)

Beckett(2021) 7.5
Beckett(2021) Beckett(2021) အညွှန်း**********************IMDb....7.5ဒီကားထဲကမင်းသား John David Washington ဟာ မင်းသားကြီး ဒန်ဇယ်ဝါရှင်တန်ရဲ့သားဖြစ်ပြီးတော့ ဒါရိုက်တာကြီးနိုလန်ရဲ့TENET မှာပွဲကြမ်းခဲ့တာ တော်တော်များများသိကြမှာပါ...အခု Netflix ကထွက်တဲ့ ဒီကားထဲမှာတော့ တခြားသူတွေကို ကယ်ဖို့နေနေသာသာ သူ့ကိုယ်သူတောင်မနည်းပြန်ကယ်နေရတဲ့  ပြဿနာပေါင်းသောင်းခြောက်ထောင်ကြားရောက်နေတဲ့သူတစ်ယောက်ပေါ့....ဘတ်ကတ် နဲ့ ဧပရယ်တို့ဟာ ဂရိနိုင်ငံကိုအလည်အပတ်ရောက်ရှိနေတဲ့ အမေရိကန်စုံတွဲတစ်တွဲဖြစ်ပါတယ်။ တစ်ညနေ သူတို့နှစ်ယောက် ခရီးစဉ်အတွင်းယာဉ်မတော်တဆမှုကြုံရာကနေ ဇနီးဖြစ်သူ ဧပရယ်သေဆုံးသွားခဲ့ပါတယ်။ဘက်ကတ်ကိုယ်တိုင်လည်း ဒဏ်ရာအပြင်းအထန်ရသွားတယ်...ဇနီးသည်သေဆုံးမှုကြောင့် သောကမငြိမ်းနိုင်သေးတဲ့ဘတ်ကတ်တစ်ယောက် ယာဉ်မတော်တဆမှုဖြစ်တဲ့ နေရာကိုသွားပြီး သူ့ဇနီးသည်ဖြစ်သူကို နောက်ဆုံးအနေနဲ့ နူတ်ဆက်ဖို့သွားခဲ့ပါတယ်...အဲ့ဒီနေရာရောက်တဲ့အချိန်မှာပဲ ထူးဆန်းစွာ သူတို့ယာဉ်မတော်တဆမှုကို ကိုယ်တွယ်နေတဲ့ ရဲတွေကဘက်ကတ်ကို ပစ်သတ်ဖို့ကြိုးစားကြတယ်....နယ်မြေစိမ်းမှာ သူအားကိုးရာဖြစ်တဲ့ရဲတွေကိုယ်တိုင်က သူ့ကိုယ်လိုက်သတ်တယ်ဆိုတော့ ဘက်ကတ်တစ်ယောက်အကြီးအကျယ်ဒုက္ခရောက်ပါတော့တယ်...သူ့ကိုရဲတွေက ဘာလို့နှုတ်ပိတ်ဖို့ကြိုးစားတာလဲ... သူလွတ်မြောက်နိုင်ပါ့မလား...ဒီရဲတွေရဲ့နောက်မှာ သီးခြားဘယ်လိုအဖွဲ့အစည်းတွေများရှိနေမလဲ...သူကရော ဘယ်နေရာမှာ ဘာအမှားလုပ်ခဲ့မိလဲ? အခုလိုက်သတ်နေတဲ့သူတွေက ဘယ်သူတွေလဲ ? ဘာကြောင့်လဲ ? အစရှိတဲ့ မေးခွန်းတွေကိုဘတ်ကတ်နဲ့အတူ ရင်တမမနဲ့ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။File Size : (1.9GB), (1GB), (380MB) Quality : WEB-DL  720p Format…mp4 Duration…01:48:00 Genre ...
movie

Beckett(2021)