Channel Myanmar
Yoo Yeon-seok
Architecture 101 (2012) 7.4
Architecture 101 (2012) Architecture 101 (2012)**********************IMDb... 7.4 ငါတို့ ဘယ်ရထားမှာလွဲခဲ့လဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာတတ်လဲ..“အီဆွန်းမင်း” နဲ့ “ယန်းဆောယွန်း” တို့ကတော့ ၁၅ နှစ်ကြာခဲ့ပါတယ်။လက်ရှိမှာတော့ ဆွန်းမင်းက ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ ဗိသုကာပညာရှင်တစ်ယောက်အနေနဲ့အလုပ်လုပ်နေတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ယောက်ပါ။ တစ်ရက်ကျ ဆွန်းမင်းဆီကိုသူငယ်ချင်းဆိုတဲ့ အမျိုးသမီးတစ်ယောက် ရောက်လာပြီး အိမ်ဆောက်ဖို့ အလုပ်လာအပ်ပါတော့တယ်။ဒီအမျိုးသမီးလေးကသာ ဆွန်းမင်းရှိတဲ့အရပ်ကို ရှာပြီးလာခဲ့ပေမဲ့ ဆွန်းမင်းကတော့ ဒီအမျိုးသမီးလေးကိုရုတ်တရက် မမှတ်မိပါဘူး။ ဒီလိုနဲ့စကားတွေပြောကြရင်း သူ့ဆီကိုရောက်လာတဲ့ အမျိုးသမီးလေးကတစ်ချိန်က သူ့ရဲ့သူငယ်ချင်း တစ်ဖြစ်လဲ အချစ်ဦး “ယန်းဆောယွန်း” ဖြစ်နေပါတော့တယ်။လွန်ခဲ့တဲ့ ၁၅ နှစ်အချိန် အသက် ၂၀ အရွယ်တုန်းက ဆွန်းမင်းက ဗိသုကာမေဂျာကျောင်းသားဖြစ်ပြီးဆောယွန်းကတော့ ဂီတမေဂျာကျောင်းသူပေါ့။နှစ်ယောက်သားရဲ့ ပထမဆုံးရေစက်ဆုံရာနေရာကတော့ “ဗိသုကာအတန်း ၁၀၁” ဖြစ်ပြီးဒုတိယနေရာကတော့ ဆွန်းမင်းရဲ့ဇာတိဖြစ်တဲ့ “ဂျောင်ရွန်း” ဆိုတဲ့ရပ်ကွက်လေးပါ။ကျောင်းမှာတင်ရေစက်ဆုံရုံမကဘဲ မြို့ပေါ်ကိုကျောင်းလာတက်တဲ့ ဂျယ်ဂျူကျွန်းသူလေး ဆောယွန်းတည်းခိုတဲ့အိမ်ကလည်း ဂျောင်ရွန်းရပ်ကွက်မှာပဲဆိုတော့ နှစ်ယောက်သားက အမြဲတတွဲတွဲဖြစ်လာတာပေါ့။ဒီလိုနဲ့သံယောဇဉ်တွေပိုလာပြီး သူငယ်ချင်းအဆင့်ကနေတက်ဖို့ကြိုးစားခဲ့ပေမဲ့ ...
movie
Architecture 101 (2012)
Re-encounter (2011) 6.8
Re-encounter (2011) Re-encounter (2011)******************** ဒီတစ်ခါ တင်ဆက်ပေးမဲ့ ကားလေးမှာတော့ ဟယ်ဟွာ အဖြစ် မင်းသမီး Yoo Da-In သရုပ်ဆောင်ထားပြီး ဟန်ဆူအဖြစ် မင်းသား Yoo Yeon-Seok (When the Phone Rings) တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် .. ။ဟယ်ဟွာအမည်ရတဲ့ ကောင်မလေးတစ်ယောက်ဟာ တိရစ္ဆာန်ဆေးကုဆရာဝန်ရဲ့ လက်ထောက်အဖြစ် လုပ်ကိုင်လျက်ရှိပြီး လေလွင့်ခွေးလေးတွေ နေစရာအိမ်မရှိရင် သူ့အိမ်ခေါ်ထားပြီး စောင့်ရှောက်ပေးတတ်တဲ့သူလေး ဖြစ်ပါတယ်။သို့သော်လည်း အတိတ်အဖြစ်ဆိုးကြောင့် ဘဝမှာ ပျှော်ရွှင်မှုဆိုတာကို မေ့လျော့စွာ ဖြတ်သန်းနေခဲ့သူပါတစ်နေ့မှာတော့ ခွေးလေးတစ်ကောင်ကို ကယ်တင်ပြီးအပြန်လမ်းမှာ လွန်ခဲ့တဲ့ ၅ နှစ်က ရူးရူးမူးမူးချစ်ခဲ့ကြတဲ့ ချစ်သူဟောင်း ဟန်ဆူ နှင့်ပြန်ဆုံခဲ့ပါတယ် ..ကိုယ်ဝန်ဆောင်ခဲ့ရပြီး မီးဖွားခါနီးအချိန်မှာမှ စွန့်ခွါသွားခဲ့တဲ့သူ့ချစ်သူအပေါ် နာကျည်းချက်တွေ ရှိရုံမက ကလေးဆုံးရှုံးသွားခဲ့တဲ့အတွက် စိတ်ဒဏ်ရာကို ခံစားခဲ့ရတဲ့ ဟယ်ဟွာတစ်ယောက်ဟာ ဟန်ဆူကို မျက်နှာမမြင်ချင်လောက်အောင် ဖြစ်ခဲ့ရပါတယ် ..အဲဒီအချိန်မှာပဲ ဟန်ဆူက ဟယ်ဟွာကို သူတို့ကလေးက မသေဘဲ မွေးစားခံလိုက်ရတာဖြစ်ကြောင်း လာပြောပြချိန်မှာ ဟယ်ဟွာတစ်ယောက် မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုပြန်ရရှိသလို ခံစားလိုက်ရပြီး အပူတပြင်း လိုက်ရှာပါတော့တယ် ..ဟန်ဆူနဲ့ဟယ်ဟွာတို့ ...
movie
Re-encounter (2011)
Born To Sing (2013) 7.3
Born To Sing (2013) Born To Sing (2013) ********************** အခုတစ်ခေါက် ထပ်မံတင်ဆက်ပေးချင်တဲ့ ဇာတ်ကားဟောင်းလေးကတော့ 2013 လောက်က ထွက်ရှိခဲ့ပြီး 2014 ခုနှစ် နှစ်၅၀ မြောက် Baeksang Arts Awards ဆုပေးပွဲမှာ Best New Director ဆုနဲ့ ဇကာတင်စာရင်းဝင်ခဲ့ပြီးတော့ ၃၄ နှစ်မြောက် Golden Cinema Festival မှာ Best New Cinematographer ဆု ရရှိထားခဲ့တဲ့ Born To Sing ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ..တောင်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံကျော်သီချင်းဆိုပြိုင်ပွဲကြီးဖြစ်တဲ့ Born To Sing ဆိုတဲ့ရှိုးကြီးဟာ ဂင်ဟယ်ဆိုတဲ့နယ်မြို့လေးကို ရောက်ရှိလာပါတယ်။နာမည်ကြီးရှိုးဖြစ်တာကြောင့် အနိုင်ရရှိသူဟာ အဆိုတော်ဖြစ်ဖို့အခွင့်လမ်းကိုရရှိမှာပါ။ဒါကြောင့်လည်း မြို့မှာရှိသမျှ လူငယ် လူကြီးအကုန်ဝင်ပြိုင်ကြပါတယ်။ဒီအထဲမှာမှ ပြိုင်ပွဲဝင်တချို့က အဆိုတော်ဖြစ်ချင်တာကြောင့်မဟုတ်ဘဲ အကြောင်းရင်းကိုယ်စီကြောင့် ဝင်ပြိုင်ဖို့ဖြစ်လာတဲ့အခါ....သူတို့ရဲ့အကြောင်းရင်းတွေက ဘာဖြစ်မလဲဆိုတာကိုတော့ Born To Sing ဆိုတဲ့ဇာတ်လမ်းလေးမှာ အဖြေရှာလိုက်ကြတာပေါ့။သရုပ်ဆောင်တွေအနေနဲ့ကလည်း တောင်ကိုရီးယားရဲ့မိခင်ကြီးလို့ပြောလို့ရတဲ့ မင်းသမီးကြီးဂင်ဆူမီအပြင် တခြားသော နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ ဂင်အင်ဂွမ်၊ ရူဟျွန်းဂယောင်း၊ ယူယွန်းဆော့နဲ့ အီချိုဟီးတို့ပါဝင်ထားပါတယ်။(ဇာတ်လမ်းအညွှန်းကို Double M မှရေးသားထားပါတယ်)File size…2.46GB ...
movie
Born To Sing (2013)
The Whistleblower (2014) 6.8
The Whistleblower (2014) The Whistleblower 2014သုတေသနဓါတ်ခွဲခန်းတစ်ခုကနေ အလုပ်ထွက်လာတဲ့ သုတေသီတစ်ဦးက သတင်းသမားတစ်ယောက်ကို ဒီစကားပြောခဲ့ပါတယ်။ "ကျွန်တော့်မှာ ဘာသက်သေမှ မရှိပါဘူး ဒီလိုဆိုရင်တောင် ကျွန်တော့်စကားကို ယုံပေးမလား"2005 ခုနှစ်တုန်းက တောင်ကိုရီးယား သုတေသနပညာရှင်တစ်ဦးနဲ့ သူ့ရဲ့ လုပ်ကြံဖန်တီးမှုတွေအပြင် ဖော်ထုတ်ခံလိုက်ရတဲ့ အမှန်တရားဇာတ်ကွက်အားလုံးကို တစ်ပုံစံတည်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်မှာ ဇီဝနည်းပညာဘာဘာသာရပ်နဲ့ သက်ဆိုင်တဲ့ အသိပညာဗဟုတုတတွေကို ထည့်သွင်းထားတဲ့အပြင် မျက်မှောက်ခေတ်မှာ တွေ့နေရတဲ့ ဆေးပညာသစ်တွေနဲ့ လက်တွေ့စမ်းသပ်မှု ပြုလုပ်လာကြတဲ့အပေါ် အမှားနဲ့အမှန်ကို သေချာပိုင်းခြားတတ်ဖို့ ပညာပေးထားတာကိုပါ ခံစားမိမှာပါ။ပင်မဆဲလ်ပုံတူပွားယူခြင်းဆိုင်ရာ စာတမ်းတစ်ခုကို ပြင်ဆင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းလုံးရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ ပါမောက္ခတစ်ဦး။ ကုသလို့မရနိုင်တဲ့ ရောဂါကိုခံစား‌နေရတဲ့ လူနာတွေအတွက် ပင်မဆဲလ်အစားထိုးကုသမှုက မျှော်လင့်ချက်လိုဖြစ်နေတဲ့အတွက် နိုဘယ်ဆုရှင်အဖြစ်ပါ သတင်းထွက်နေတဲ့ ပါမောက္ခပါ။ ဒိတ်ဒိတ်ကြဲ ပါမောက္ခကြီးရဲ့ ဒီဇီဝနည်းပညာဟာ ထင်ထားသလောက် မရိုးရှင်းပါဘူး။ နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေက ရှိနေပါတယ်။ ဒါကို လက်မခံနိုင်တဲ့ သုတေသီတစ်ဦးက သက်သေအခိုင်အမာမရှိတဲ့အတွက် မတတ်နိုင်တဲ့အဆုံး အမှန်တရားမှန်သမျှကို အတွင်းကျကျ ဖော်ထုတ်တဲ့ ပရိုဂရမ်တစ်ခုရဲ့ ...
movie
The Whistleblower (2014)
Two Weddings and a Funeral (2012) 6.2
Two Weddings and a Funeral (2012) Two Weddings and A Funeral (2012)ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ တေုင်ကိုရီးယားရဲ့ ၂၀၁၀ ခုနှစ်ဝန်းကျင်လောက်က Homosexual တွေရဲ့ဘဝကိုရိုက်ကူးပြထားတဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဒီနေ့ခေတ်တောင်ကိုရီးယား လိုမျိုးပွင့်လင်းမြင်သာမှုမရှိသေးတဲ့အချိန်တုန်းက Homosexual ဆိုရင်ရှက်စရာ လူသိမခံချင်စရာကိစ္စလို့သတ်မှတ်နေတဲ့အချိန်မှာ Homosexual ကောင်လေးတစ်ယောက်က မိဘတွေကအိမ်ထောင်ပြုရင် အိမ်ဝယ်ပေးမယ်ဆိုလို့ သူ့လိုပဲ Homosexual ဖြစ်ပြီး ကလေးမွေးစားချင်နေတဲ့ ဆရာဝန်မလေးတစ်ယောက်နဲ့ဟန်ဆောင် လက်ထပ်လိုက်ပါတော့တယ် လက်ထပ်ပြီးနောက်သူတို့ရဲ့မိဘတွေကို အရူးလုံးလုံးပဲလုပ်နိုင်မလား သူတို့ရဲ့ပတ်ဝန်းကျင်မှာရော မရိပ်မိအောင်နေနိုင်ကြပါ့မလားဆိုတာအပြင် တောင်ကိုရီးယား ရဲ့ Homosexual တွေရဲ့ပွင့်လင်းပြီးချစ်စရာကောင်းမှုကို ဟာသလေးရောပြီးကြည့်ရှုရမှာမို့ Bl fan တွေလည်းစမ်းပြီးကြည့်ကြည့်ပါလို့ ညွှန်းချင်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ်Genre..... Horror Quality….  720p File size… 785MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator .....Thae Thae Encoder ..... Aaron
movie
Two Weddings and a Funeral (2012)
2012
My Heart Puppy (2023) 7.7
My Heart Puppy (2023) My Heart Puppy (2023)ဒီတစ်ခေါက် တင်ဆက်ပေးမှာတော့ အားလုံးမျှော်နေကြတဲ့ ခွေးလေးတွေနဲ့ မထင်မှတ်ဘဲ ခရီးသွားဖြစ်သွားတဲ့ ဇာတ်လမ်းလေးပေါ့နော်ဖြစ်ပုံကဒီလို... ခွေးလေးရွန်းနီကိုအရမ်းတန်ဖိုးထားပြီး ချစ်တဲ့ မင်ဆူက လက်ထပ်တော့မယ့်အချိန်မှာမှ ဆက်ပြီးမွေးထားဖို့ လုံးဝအဆင်မပြေနိုင်တော့တဲ့အခြေအနေတစ်ခုကြောင့် မွေးစားဖို့အတွက် သူ့အစ်ကိုဖြစ်တဲ့ ဂျင်းဂုကို အပူကပ်ရတာ...နှစ်ယောက်သား ရှာကြဖွေကြရင်းနဲ့ ဂျယ်ဂျူကျွန်းကို မွေးစားဖို့ပေးမယ်ဆိုပြီး အသွား.. လမ်းမှာတွေ့တဲ့စွန့်ပစ်ခွေးလေးတွေကိုလည်း တစ်ခါတည်းခေါ်သွားနဲ့ပေါ့အဲလိုနဲ့ အသွားကြီးသွားရပြီးမှ ဂျယ်ဂျူကျွန်းရောက်တဲ့အခါမှာရော မွေးစားတဲ့လူတွေ့သွားကြမလား ရွန်းနီလေးကိုရော မင်ဆူကခွဲခွာရက်ပါ့မလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်My Sassy Girl နဲ့ နာမည်ကြီးပြီး လူသိများခဲ့တဲ့ မင်းသားကြီး Cha Tae Hyun, Hospital Playlist ထဲ ဘုန်းကြီးဆရာဝန်အနေနနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသားကြီး Yoo Yeon Seok တို့လို မင်းသားကြီးတွေပါဝင်ထားပြီးတော့ ချစ်စရာခွေးလေးတွေနဲ့ လုံးဝကို healing ဖြစ်စေမယ့် ရုပ်ရှင်လေးတစ်ကားပါပဲအညွှန်းကိုတော့ JoyZ က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Family Quality…. ...
movie
My Heart Puppy (2023)
2023
Vanishing(2022) 7.0
Vanishing(2022) Vanishing(2022) အညွှန်း**********************မင်းသားYoo Yeon-Seok အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ဒီရုပ်ရှင်ကတော့ ပြင်သစ်ဒါရိုက်တာ Denis Dercourt ရိုက်ကူးပြီး ကိုရီးယား-ပြင်သစ်ပူးပေါင်းတင်ဆက်ရိုက်ကူးထားတဲ့ Crime / Drama ကားကြီးဖြစ်ပါတယ်.. ပြင်သစ်ရုပ်ရှင်ပွဲတော်တွေမှာလည်း ပြသခဲ့ပြီး ကိုရီးယားမှာလည်း ရုံတင်‌တဲ့ကားကြီးဖြစ်ပါတယ်...ပြင်သစ်ဆရာဝန် ပရော်ဖက်ဆာ Alice က ပျက်စီးနေတဲ့ အလောင်းတွေကနေ ပြန်လည်အချက်အလက်ရှာဖွေတဲ့နည်းပညာကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ မှုခင်းဆေးပညာပညာရှင်တစ်ယောက်ဖြစ်ပြီး တောင်ကိုရီးယားကို ဆေးပညာဟောပြော‌ပွဲတစ်ခုရှိတာကြောင့်လာရောက်ခဲ့ခြင်းဖြစ်ပါတယ်.... ဒါပေမယ့် အဲ့အချိန်မှာပဲ သူ့ကို ကိုရီးယားရဲတပ်ဖွဲ့က မြစ်ထဲမှာတွေ့တဲ့အလောင်းတစ်ခုကိုစစ်ဆေးပေးဖို့ခေါ်ဆို အကူအညီတောင်းခဲ့ပါတယ်... အဲ့လို ကူညီစုံစမ်းပေးလိုက်တဲ့အချိန်မှာတော့ နောက်ကွယ်က ကြောက်စရာကောင်းလွန်းတဲ့မှုခင်းကြီ:ကိုသိလိုက်ရချိန်မှာတော့... File Size :(1.1GB)(532MB) and (115 MB) Quality : FHDRip 1080p, 720P Format…mp4 Duration…01:30:00 Genre : Action , Drama,Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Thynn Nu Swe Encoded by Phyo Pyae
movie
Vanishing(2022)
A Year-End Medley (2021) 7.0
A Year-End Medley (2021) A Year-End Medley (2021) အညွှန်း******************************IMDb...7.0နှစ်သစ်ကူး အားလပ်ရက်မှာ Emors လို့ခေါ်တဲ့ဟိုတယ်တစ်ခုမှာ ဆုံကြတဲ့ လူတွေရဲ့ဇာတ်လမ်းအဖုံဖုံနာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပြီး ဟိုတယ်ပိုင်ရှင်ကအစဟိုတယ်ဝန်ထမ်းတွေနဲ့ ဟိုတယ်မှာလာရောက် တည်းခိုတဲ့ လူတွေအထိလူတွေအများကြီးရဲ့ကိုယ်စီ အချစ်ရေးတွေ လူမှုရေးလေးတွေကို .ဟာသလေးနှောပြီး ရိုက်ကူးထားပါတယ်...Casts တွေက ခေါင်းဆောင် မင်းသား မင်းသမီးနေရာကပဲ သရုပ်ဆောင်တဲ့ သူတွေ အများကြီးပါ၀င်ပါတယ်..ကိုယ်ကြိုက်တဲ့ Casts ပါလို့ ကြည့်မယ်ဆို ရင် တောင်ဒီကားလေးမှာ ကိုယ်ကြိုက်တဲ့သူတွေ အများကြီးကို တစ်ကားထဲ ကြည့်ရမှာပါနော်.... Casts တွေကတော့ Lee Dong Wook, Han Jimin, KangHaNeul, Im Yoona, WonJina, Seo Kangjoon, KimYoungKwang, Lee Kwang Soo, Go Sunghee, Lee Jin Wook, Jo Junyoung,Lee Kyuhyung, Lee Hyeyoung ...
movie
A Year-End Medley (2021)
New Year Blues (2021) 6.8
New Year Blues (2021) New Year Blues(2021)​လောကကြီးမှာ လူရယ်လို့ဖြစ်လာရင် ချစ်ဖူးကြမှာပါပဲအသက်အရွယ်အပိုင်းအခြား နေထိုင်ပုံတွေအရချစ်ပုံချစ်နည်းတွေ မတူညီကောင်း မတူညီနိုင်ပေမယ့်ကျွန်တော်တို့အားလုံးက အချစ်ကိုခံစားဖူးကြပါတယ်ဆိုတော့ဗျာ .....ပြောရရင် relationship တစ်ခု တည်ဆောက်ဖို့ဆိုတာ ထင်သလောက်မလွယ်ဘူးဗျအစကတော့ နှစ်ယောက်သားချစ်လို့ လက်တွဲခဲ့ကြတယ်ဆိုပေမယ့်အချိန်ကြာလာတာနဲ့အမျှ ဖြစ်လာမယ့်ပြသနာ​တွေ​ကိုနှစ်ယောက်လုံးဖြေရှင်းနိုင်ဖို့လည်း လိုသေးတယ်သူ့ဖက်ကအမြင် ကိုယ့်ဖက်ကအမြင် နှစ်ယောက်စလုံးက နားလည်မှုတွေယူနိုင်မှသာရေရှည်တည်မြဲတဲ့ relationship တစ်ခုဖြစ်လာမှာအချိန်တွေအကြာကြီး တွဲလာခဲ့တဲ့သူကကိုယ့်အတွက် right person မဟုတ်ပေမယ့်တစ်ဒင်္ဂလေး ဆုံလိုက်ရတဲ့သူကကိုယ်နဲ့တစ်သားတည်းဖြစ်တဲ့ ခံစားချက်မျိုးပေးနိုင်တဲ့သူလည်း ဖြစ်နိုင်တာပဲလေဒီရုပ်ရှင်ထဲမှာတော့ မတူညီတဲ့ career တွေ .....မတူညီတဲ့ဘဝပုံစံတွေနဲ့ရှိနေကြတဲ့ အတွဲ ၄ တွဲအကြောင်းကို ရိုက်ပြထားတယ်သရုပ်ဆောင်ထားတဲ့သူတွေကလည်း ကောင်းလားမကောင်းလားဆိုတာပိုစတာကြည့်ရုံနဲ့ ညွှန်းစရာတောင်မလိုလောက်ဘူးလို့ ထင်ပါတယ်ဒီကားက ကိုးရီးယားအချစ်ဇာတ်လမ်းတွေထဲမှာ ကွဲထွက်နေတဲ့ကားလို့ ပြောလို့ရတယ်ဗျCinematography လှတယ် .....မတူညီတဲ့ အတွဲ ၄ တွဲရဲ့ plot တွေက ရိုးရိုးရှင်းရှင်းလေးနဲ့အဆုံးထိစိတ်ဝင်စားအောင်ဆွဲခေါ်သွားမှာတော်တော်လေးကို sweet ဖြစ်ပြီး .....Heartwarming ဖြစ်စေတဲ့ ဇာတ်ကားကောင်းတစ်ကားပါပြီးတော့ ရိုက်ကွင်းရိုက်ကွက်တွေလည်း တော်တော်လေးကိုလှတယ်စုံတွဲတွေဆိုရင်တော့ အတူကြည့်ကြပါ ...
movie
New Year Blues (2021)
2021
Oldboy (2003) 8.4
Oldboy (2003) Oldboy (2003) *************** (1080p UFHDRip) IMDb - 8.4/10 Rotten - 82%အိမ်ထောင်သည်အမျိုးသားတစ်ယောက် သမီးလေးတစ်ယောက်ရှိတယ် သူ့သမီးလေး ၄နှစ်မြောက်မွေးနေ့မှာ မွေးနေ့လက်ဆောင်လေးပေးဖို့ဝယ်ထားတယ် အရက်တွေသောက် စရိုက်ဆိုးလူတစ်ယောက်ဖြစ်လေတော့ စုံတွဲတစ်တွဲနဲ့ပြသနာတက်ပြီး ရဲစခန်းရောက်သွားတယ် ရဲစခန်းက ပြန်ထွက်လာတော့နောက်ကျနေလို့ အမြန်ပြန်လာမဲ့အကြောင်း ဖုန်းဆက်ခဲ့တယ် မိုးတွေကလည်းရွာနေတယ် ဖုန်းပြောပြီးမိုးရွာထဲမှာ ရုတ်တရက်လူတစ်ယောက်သူ့အနားရောက်လာတယ် အဲ့ဒီသူကြောင့်သူသတိလစ်သွားတယ် သူသတိရလာတော့ စားစရာထည့်ပေးတဲ့အပေါက်လေးကလွဲလို့ နံရံတွေကြီးရှိတဲ့အလုံပိတ်အခန်းထဲရောက်နေတယ် ၁၅နှစ်တောင် ထောင်ထဲမှာသူအကျဉ်းကျနေခဲ့တယ် .....ဘယ်နေရာရောက်နေမှန်းလည်းမသိ တီဗွီလေးတစ်လုံးနဲ့အဖော်ပြုရင်း စိတ်ဓာတ်ကျစရာအခြေအနေတွေ ဆက်တိုက်ကြုံခဲ့ရတယ်ဘယ်သူက သူ့ကိုအကျဉ်းချခဲ့တာလဲ ဘာအကြောင်းကြောင့် ၁၅နှစ်ဆိုတဲ့အချိန်ကာလကြီး တစ်ခုလုံး သူ့ကိုချုပ်နှောင်ထားရတာလဲ.....ထူးဆန်းစွာပဲ ၁၅နှစ်ပြည့်တဲ့အချိန်မှာ သူ့ကိုလွှတ်ပေးလိုက်တယ် ဒီဇတ်ကားကကြည့်ဖူးသမျှထဲမှာအဆန်းဆုံးဇတ်ကွက်လို့ပြောရမယ်ထင်တယ် ကြည့်နေရင်းကိုယ်က ဇတ်အိမ်ထဲအလိုလိုမြောသွားတယ် ထောင်လိုအခန်းထဲရောက်သွားတယ်ဘာကြောင့်လဲ ဘာဖြစ်လို့လဲဆိုတဲ့မေးခွန်းတွေကို ကိုယ်ပါအရမ်းသိချင်တယ် ဖြတ်သန်းရတဲ့ဒုက္ခ သူ့ကိုခုလိုလုပ်တသူကိုရအောင်ပြန်ရှာပြီး လက်စားချေဖို့ ပြင်ဆင်ပုံတွေ တကားလုံးအပြီးထိဆွဲဆောင်နိုင်လွန်း အားကြီးတယ်ပေးချင်တဲ့ messageကလည်း ကျနော်တို့မြန်မာစကားပုံနဲ့ဆို ကြမ်းပေါက်ကျွံရင်နှုတ်လို့ရတယ် စကားကျွံရင်နှုတ်မရဘူး နှုတ်ကြောင့် ဖြစ်ပျက်ပုံမျိုးတွေပေးထားတယ်ခင်ဗျားရဲ့နှလုံးသားကို ခပ်စပ်စပ်ရသလေးပေးတဲ့ကားမျိုးကိုကြည့်ချင်တယ်ဆိုရင်တော့ ဒီကားက အသင့်တော်ဆုံးပါလို့အကြံပေးပါရစေဒါရိုက်တာ Park Chan-yongရဲ့လက်ရာမြောက်ကားတစ်ကားပါပဲ သူ့ရဲ့လက်ရာရဲ့ပေါက်ရောက်မှုက Hollywood ကနေ အမေရိကန် Oldboy ဆိုပြီးပြန်ရိုက်လိုက်တယ် အဓိကသရုပ်ဆောင် Choi Min-sikရဲ့သရုပ်ဆောင်ချက်တွေကိုလည်းခံစားလိုက်ပါဦး လက်ဖျားခါလောက်တယ်ကဲ ပြောရတာလည်းရှည်နေပါပြီဗျာ IMDB 8.4 တောင်ရထားတယ်ဆိုတော့ အထူးပြောစရာမလိုတော့ဘူးထင်ပါတယ်..ဒီကားကိုဘာသာပြန်ပေးတာကတော့ Ichika ဘဲဖြစ်ပါတယ်...File ...
movie
Oldboy (2003)
2003
Horror Stories (2012) 5.7
movie
Horror Stories (2012)
Steel Rain 2: Summit(2020) 7.5
Steel Rain 2: Summit(2020) Steel Rain 2: Summit(2020)ဒီကားက (2017) ကထွက်ရှိခဲ့တဲ့ Steel Rain နဲ့ အဆက်အစပ်မရှိပါဘူး...ဇာတ်လမ်းကတော့ ပထမကားလိုပဲ နိုင်ငံရေးအခြေပြုပြီးရိုက်ကူးထားတာဖြစ်တဲ့အပြင် သရုပ်ဆောင်ပေါင်းများစွာကလည်းအရင်လူတွေနဲ့ ရိုက်ကူးထားတာပါ...ဇာတ်ရုပ်တွေတော့ပြောင်းလဲမှုရှိပါတယ်....ဘယ်နိုင်ငံပဲဖြစ်ဖြစ် စစ်မဖြစ်ချင်ကြပါဘူး..အဘက်ဘက်က အထိနာတဲ့အပြင်အရာအားလုံးမူလ ပထမ အတိုင်းပြန်ဖြစ်ဖို့ နှစ်ပေါင်းအတော်ကြာအောင်တည်ဆောက်ဖို့ အချိန်အတော်ယူပါတယ်...သို့ပေမယ့်လည်း အကယ်၍များစစ်ဖြစ်ခဲ့ရင် ကိုယ့်နိုင်ငံစစ်ရေးအရ အရေးမနိမ့်စေဖို့ အင်အားကြီးနိုင်ငံတွေနဲ့မဟာမိတ်ကိုမဖြစ်မနေဖွဲ့နေကြတာအားလုံးသိမှာပါ...ဒီဇာတ်ကားမှာအဲ့ဒီအပိုင်းကိုအဓိကထားရိုက်ကူးထားပြီးတရုတ် ၊ ဂျပန် ၊မြောက်ကိုရီးယား နဲ့အမေရိကန်တို့ အဓိက ပါဝင်ကြပါတယ်..ပထမကားထက် ဇာတ်အိမ်ပိုကျယ်သလိုရိုက်ကူးထားတာတွေကလည်း တကယ့်ကိုခမ်းနားပါတယ်...အဓိက မင်းသားကြီး Woo-sung Jung ပါတာနဲ့တင်ကြည့်ရကျိုးနပ်ပါတယ်..ဗဟုသုတများစွာရသလို တောင်ကိုရီးယားရဲ့ ကောင်းမွန်သောရည်ရွယ်ချက်နဲ့ဒီဇာတ်ကားကြီးကိုရိုက်ခဲ့တယ်လို့ပြောလို့တောင်ရပါတယ်...ဇာတ်လမ်းအကြောင်းတော့ သီးခြားမညွှန်းတော့ပါဘူး...လက်မလွှတ်သင့်တဲ့ဇာတ်ကားြကီးလို့ပဲညွှန်းပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Zwe Zan Aung,MarTizas & Ei Phyu Khin တို့ပဲဖြစ်ပါတယ်....File Size : (1.01 GB) and (380 MB) Quality : FHD-Rip 720p Format…mp4 Duration…02:12:00 Genre : Action , ...
movie
Steel Rain 2: Summit(2020)
Hwayi: A Monster Boy (2013) 7.0
Hwayi: A Monster Boy (2013) [Unicode]ဒီဇာတ်ကားလေးမှာတော့ မင်းသား Yeo Jin Goo က Hwayi အဖြစ် အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် အသက်ငယ်ပေမယ့် တကယ် မခေတဲ့ မင်းသားပါနော်ဒီဇာတ်ကားနဲ့ 2013 (33rd) Korean Association of Film Critics Awards ပွဲနဲ့ 2013 (34th) Blue Dragon Film Awards ပွဲတွေမှာ Best New Actor ဆုကို ရရှိခဲ့ပါတယ် ။ဇာတ်လမ်းအကျဉ်းလူ ငါးယောက်ပါဝင်တဲ့ လူဆိုး အဖွဲ့တစ်ဖွဲ့ဟာ ကလေးတစ်ယောက်ကို ပြန်ပေးဆွဲလာခဲ့ပါတယ် ဒါပေမယ့် အဲ့ကလေးက ကံကောင်းပြီး အသက်ရှင်နေခဲ့တာကြောင့် ကလေးကို ကျွေးမွေးစောင့်ရှောက်ပြီး ဟွာရီလို့ အမည်ပေးခဲ့ပါတယ်ဟွာရီက အရမ်းထက်မြက်ပြီး အတတ်လွယ်တဲ့ ကလေးပါ ဟွာရီက သူတို့လို ဆိုးမိုက်ပြီး ကြီးပြင်းလာတာ မဟုတ်လို့ အခြားအဖေတွေက နိုင်ငံခြားပို့ပြီး သူတို့နဲ့ မတူတဲ့ လမ်းကိုလျှောက်ခိုင်းချင်ကြပါတယ်ဒါပေမယ့် အဖေတစ်ယောက်ဖြစ်တဲ့ ဆော့ထယ်ကတော့ဟွာရီကို သူ့လို ...
movie
Hwayi: A Monster Boy (2013)
The Royal Tailor (2014) 7.0
The Royal Tailor (2014) တော်ဝင်အပ်ချူပ်သမားဆိုတဲ့ The Royal Tailor ဇာတ်ကားကဂျိုဆွန်ခေတ်မှာ အရမ်းတော်တဲ့ အပ်ချုပ်သမား အကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ဖြစ်ပါတယ်။ မင်းသမီး Park Shin-Hye ပါဝင်သရုပ်ဆောင်ထားတဲ့ကားကောင်းလေးလဲဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် အကျီဝတ်စုံတွေဆိုတာ တစ်သတ်မတ်တည်းရှိနေပြီးတော့ အတိုအရှည်အတိုင်းအတာတွေဆိုတာလဲ တစ်ပုံစံတည်းဖြစ်တာကြောင့် မတော်တဲ့သူကမတော် ရှည်တဲ့သူကရှည် တိုတဲ့သူကတိုနဲ့အချိုးမကျနိုင်ခဲ့တာပါ ဒါကိုပြုပြင်ပေးနိုင်ခဲ့တဲ့သူတစ်ယောက်ရှိပါတယ်။ ထင်ရှားလှတဲ့သူ့ရဲ့အရည်အချင်းကြောင့် မိဖုရားကနန်းတွင်းကိုခေါ်ဆိုခဲ့ပြီးတော့ ဘုရင့်ရဲ့အရင်ကဝတ်ရုံတော်ကိုပြန်လည်ပြင်ဆင်စေခဲ့ပါတယ်။ ဒါပေမယ့် သူ့ဘဝဆိုတာရရနေ ရရစားနဲ့ သူသဘောကျတဲ့ပုံစံကိုပဲလုပ်ဆောင်ချင်ခဲ့တဲ့ဘဝမျိုးဆိုတော့ အချိုးအကွေ့အပြောင်းအလဲကသိပ်တော့ မချိမြိန်လှပါဘူး။ နန်းတော်ရဲ့ပင်တိုင်အပ်ချုပ်ကြီးကလဲ သူ့နေရာကိုအစားထိုးဝင်ရောက်လာတဲ့သူကိုနေရာပျောက်မှာစိုးရိမ်စိတ်တွေရော အချစ်ဇာတ်လမ်းသေးသေးလေးတွေပါရောပြွန်းပါဝင်နေတဲ့ဒီဇာတ်ကားကကြည့်ကောင်းလှပါတယ်။ အလှဆုံးကတော့ ပတ်ခ်ရှင်ဟေးပါပဲ မိဖုရားဆိုတဲ့ဇာတ်ရုပ်ကိုသူ့ရဲ့ချစ်စရာမျက်နှာလေးနဲ့တကယ့်ကိုလိုက်ဖက်ညီအောင်သရုပ်ဆောင်နိုင်ခဲ့တာပါ ။ ပြီးတော့ ဒီတစ်ကားလုံးမှာဆိုရင် ပတ်ခ်ရှင်ဟေးရဲ့ပွဲတော်အတွက်ဝတ်စုံကတကယ့်ကိုအသက်ပါပဲ။ (ကပ်ပရှင်ကအသက်မဟုတ်တော့ဘူး ဒီတစ်ခါတော့ :-P) (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Chram ဖြစ်ပြီ Arkar Phyo မှ Encode ပေးထားပါတယ်)  File Size : (1 GB) & (427MB) Quality : .1080p.BluRay Running Time :2hr  4min Format : Mp4 Genre    :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Chram Encoded by Arkar ...
movie
The Royal Tailor (2014)
2014
The Beauty Inside (2015) 7.4
The Beauty Inside (2015) လူတစ်ယောက်အထီးကျန်တယ်ဆိုတာ ဘယ်လိုမျိုးလဲ?အခုခေတ်မှာ ကျွန်တော်တို့ FA, FA နဲ့ အလွယ်တကူသုံးနေကြတယ်ရည်းစားမရှိရင်ကို FA လို့ ခေါ်ကြတော့တာပဲပုံမှန်လူတစ်ယောက်ရဲ့ဘဝကို အကြမ်းဖျင်းတွက်ကြည့်ရအောင်ပုံမှန်လူတစ်ယောက်ဟာ မွေးလာတာနဲ့ မိသားစုရှိတယ် ဆွေမျိုးရှိတယ် ကိုယ့်အိမ်ပတ်ဝန်းကျင် ရပ်ကွက်ထဲက အသိတွေရှိမယ်မူကြိုကနေ တက္ကသိုလ်ရောက်တဲ့အထိ သိလာတဲ့သူငယ်ချင်းတွေရှိမယ်အလုပ်လုပ်တော့လဲ အလုပ်ကမိတ်ဆွေတွေရှိမယ် စသဖြင့်...ပုံမှန်လူတစ်ယောက်ဟာ ဘဝမှာသိကျွမ်းတဲ့လူ ၅၀၀ လောက်တော့ အနည်းဆုံးရှိလိမ့်မယ်ထင်တယ်ပျမ်းမျှအကြမ်းဖျင်းပေါ့လေ တစ်ယောက်နဲ့တစ်ယောက်တော့ မတူနိုင်ဘူးပေါ့အဲ့တော့ပြောရရင်တော့ ဒီကမ္ဘာပေါ်မှာခင်ဗျားအသက်ရှင်နေတယ်ဆိုတဲ့ ဖြစ်တည်မှုကိုသိတဲ့လူ အနည်းဆုံးတော့ အယောက် ၅၀၀ လောက်ရှိတယ်အဲ့ဒါကို တကယ်တမ်း Forever Alone လို့ သတ်မှတ်လို့ရပါ့မလား?စဉ်းစားကြည့်စမ်းပါ...ခင်ဗျားရဲ့ဖြစ်တည်မှုကိုသိတဲ့သူ ၅ ယောက်တောင်မပြည့်တဲ့ ဘဝမျိုးမှာနေရမယ်ဆိုရင် ဘယ်လိုတွေဖြစ်လာမလဲလို့ ?ဘယ်သူမှ ခင်ဗျားကို မသိဘူးဗျာလမ်းမှာ အသိနဲ့တွေ့လို့ နှုတ်ဆက်တယ်ဆိုတာမျိုးလဲ ရှိနိုင်မှာမဟုတ်ဘူးတစ်ခါတစ်လေမှာတော့ လူတွေကြားထဲသွားလာနေတာပဲဒါမဲ့ဒီနေ့တွေ့တဲ့လူတွေက မနက်ဖြန်ကျရင်ခင်ဗျားကိုမသိတော့ဘူးနောက်ဆုံး ကိုယ့်ကိုမွေးထားတဲ့ အမေကတောင် ခင်ဗျားအသက်ရှင်နေတယ်ဆိုတာကိုပဲသိတယ်ရှေ့မှာမြင်နေရရင်တောင်မှ ခင်ဗျားမှန်းမမှတ်မိနိုင်တဲ့ဘဝမျိုးကိုယ်ဘယ်သူလဲဆိုတာကို ကိုယ်တစ်ယောက်ထဲပဲသိတဲ့ဘဝအဲ့လိုဘဝမျိုးမှာ ခင်ဗျားဆိုရင်ရော နေနိုင်မလား?အကြောင်းရင်းကတော့ ဒီဇာတ်ကားလေးထဲကမင်းသား ကင်ဝူဂျင်းဆိုတဲ့လူကနေ့တိုင်း မနက်တိုင်း ...
movie
The Beauty Inside (2015)
2015
Love, Lies (2016) 7.1
Love, Lies (2016) Love lies ဆိုတဲ့ကား​လေးက​တော့ ကိုးရီးယားနိုင်​ငံကို ဂျပန်​​တွေသိမ်းပိုက်​ထားတဲ့ ၂၀ရာစု အ​စောပိုင်းကာလက ဂျိုဆွန်းရဲ့ အ​ခြေအ​နေကို ​ပုံ​ဖော်​ထားတဲ့ကား​လေးပါ။ဂျန်​ဆိုယိုးက နာမည်​ကြီးက​ချေသည်​မျိုးရိုးကဆင်းသက်​လာသူဖြစ်​ပြီး ရုပ်​ရည်​လှပပြီး ရိုးရာသီချင်းသီဆိုရာမှာ ပါရမီရှိသူ​လေးပါ။ငယ်​စဉ်​ကတည်းက မိခင်​ဆုံးပါးသွားပြီး ဖခင်​ရဲ့ခိုင်းစားခြင်းခံရတဲ့ ဆိုယွန်​ဟီးကို သံ​ယောဇဉ်​ဖြစ်​မိရာက ယွန်​ဟီးကို သူနဲ့အတူပညာသင်​​စေခဲ့ပြီး သူတို့နှစ်​​ယောက်​ အချစ်​ဆုံးသူငယ်​ချင်း​တွေဖြစ်​လာခဲ့ပါတယ်​။ရိုးရာဂီတကိုမြတ်​နိုးတဲ့ ဆိုယိုးရဲ့ချစ်​သူက​တော့ ​တေး​ရေးဆရာ ကင်​ယွန်းဝူ ပါ။မျိုးချစ်​စိတ်​ရှိတဲ့ ကင်​ယွန်းဝူဟာ မိခင်​ရဲ့ဆန္ဒအတိုင်း အရာရှိဖြစ်​လိုစိတ်​မရှိပဲ ပြည်​သူ​တွေနားဆင်​ဖို့ ​​တေးသီချင်း​တွေ​ရေးဖွဲ့ရတာကိုပဲ ​ပျော်​​မွေ့​နေသူတစ်​ဦးပါ။ယွန်​ဟီးရဲ့​ခေတ်​​ပေါ်ဂီတ​တေးကို နား​ထောင်​မိပြီး​နောက်​ ယွန်​ဝူးဟာ ယွန်​ဟီးကို သူ့သီချင်းကိုသီဆို​ပေးဖို့ ကမ်းလှမ်းလာပါတယ်​နှလုံးသားထဲမှာ ဆိုယိုးတစ်​​ယောက်​ပဲရှိပါတယ်​လို့ ကျိန်​ဆိုထားပြီး နှစ်​နှစ်​​နေရင်​လက်​ထပ်​မယ်​လို့ ကတိ​ပေးထားတဲ့ ယွန်းဝူတစ်​​ယောက်​ အ​နေနီးစပ်​လာတဲ့ ယွန်​ဟီးကိုချစ်​မိသွားပါတယ်​။ယွန်​ဝူးအကူအညီနဲ့ ​ခေတ်​​ပေါ်​တေးအဆို​တော်​ဖြစ်​လာတဲ့ သူငယ်​ချင်းရဲ့​အောင်​မြင်​မှုကို ထပ်​တူ​ပျော်​ရွင်​​ပေးနိုင်​​ပေမယ့်​ ချစ်​သူရဲ့နှလုံးသား​ပြောင်းလဲသွားတာကို သိလိုက်​ရတဲ့အခါ ဆိုယိုးဟာ နာကျင်​ခံပြင်းမှု​တွေနဲ့အတူ ကင်​ယွန်းဝူနဲ့ ဆိုယွန်​ဟီးတို့ရဲ့ ​ပျော်​ရွှင်​မှု​တွေကို ဖျက်​ဆီးဖို့ ဆုံးဖြတ်​လိုက်​ပါတယ်​။ချစ်​သူ သူငယ်​ချင်း ဂီတ အားလုံးကိုဆုံးရှုံးလိုက်​ရတဲ့ ...
movie
Love, Lies (2016)
2016