Channel Myanmar

Yoo Il-han

Seondal: The Man Who Sells the River (2016) 6.5
Seondal: The Man Who Sells the River (2016) ဒီဇာတ်ကားလေးကတော့ ဂျိုဆွန်းခေတ်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ မြန်မာပရိသတ်အနေနဲ့ ရင်းနှီးပြီးသား မင်းသားချောလေး ယူဆောင်ဟို (YooS0ungHo) ရဲ့ အောင်မြင်တဲ့ဇာတ်ကားလေး တစ်ကားပါ ။ ဒီဇာတ်ကားမှာ ယူဆောင်ဟိုက တရုတ်ပြည်ကို ကျွန်အဖြစ် ရောင်းစားခံရပြီး စစ်ပွဲမှာ မသေခဲ့ပဲထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ကင်အီနွန်းအဖြစ် သရုပ်ဆောင် ထားပါတယ်….ကင်အီနွန်းက သူနဲ့အတူလွတ်မြောက်လာတဲ့တခြား နှစ်ယောက်ရယ်ပေါင်းပြီး ညီအစ်ကိုလို ချစ်ချစ်ခင်ခင်ပျော်ရွင်စွာနေထိုင်နေကြတယ်… သူတို့ရဲ့အသက်မွေးကျောင်းကတော့ လူလိမ်တပါတ်ရိုက် ရိုက်စားပေါ့ဗျာ…ကင်အီနွန်းရဲ့ ရိုက်စားအကွက်တွေက လှလွန်းတော့“ မုသားသခင်”ရယ်လို့ဆိုပြီး နာမည်ကျော်ပေါ့… သူကလည်းအတင့်ရဲချက်ကမ်းကုန် ဘုရင့်ဘဏ္ဍာတိုက်တောင်မနေရဘူး ရအောင်ဖောက်တယ် ။ ဒါကြောင့် ဘုရင့်တရားရုံးကလည်း အလိုရှိနေတဲ့ ထိပ်တန်းလူလိမ်လေး။ တစ်ခါမှတော့ ဆောဒယ်ဆောင်းရဲ့ဆေးရွက်ကြီးတွေ ဖျောင်ဖို့ကြိုးစားရင်း မအူမလည်သူတို့ရဲ့ညီငယ်လေး အသက်ပေးသွားရတယ်….ဆောဒယ်ယောင်း ဆိုတာကလည်း ဘုရင့်ဆွေတော်မျိုးတော် ဦးရီးတော် လောဘကြီးသူ ကိုယ့်အတွက်သာကိုယ်ကြည့်ပြီး ဂျိူဆွန်းနိုင်ငံသားများကို တရုတ်သို့ ကျွန်အဖြစ်ရောင်းစား ဆေးရွက်ကြီးတွေလုပ်နဲ့ တရုတ်ကိုတော့အသေဖားနေတဲ့လူကြီးပေါ့… ငွေကြေးအင်အားကလည်းတောင့်တင်း တရုတ်ကိုလည်းပိုင်ဆိုတော့ ဘုရင်ကတောင် မနိုင်လို့ လက်မှိုင်ချနေရတဲ့ လူလည်ကြီး မုသားသခင် ကင်အီနွန်းကလည်း ညီငယ်အတွက် ဆောဒယ်ယောင်းကိုလက်စားချေဖို့ သူ့ကျွမ်းကျင်တဲ့အတတ်ပညာနဲ့ မြစ်ကြီးကိုလိမ်ရောင်းဖို့ ကြံစည်တဲ့အခါတော့မှာတော့ မုသားသခင်ကပဲ လိမ်ရောင်းနိုင်မလား ဘယ်လိုလိမ်ရောင်းကြမလဲမြစ်တစ်စင်းကို ဝယ်ချင်လာအောင် ဘယ်လိုများဆွဲဆောင်ကြမလဲ ဆောဒယ်ယောင်းလို သူများကတုံးပေါ် ထိပ်ကွက်နေတဲ့လူလည်ကြီးကရော ...
movie

Seondal: The Man Who Sells the River (2016)

2016
Oldboy (2003) 8.4
Oldboy (2003) Oldboy (2003) *************** (1080p UFHDRip) IMDb - 8.4/10 Rotten - 82%အိမ်ထောင်သည်အမျိုးသားတစ်ယောက် သမီးလေးတစ်ယောက်ရှိတယ် သူ့သမီးလေး ၄နှစ်မြောက်မွေးနေ့မှာ မွေးနေ့လက်ဆောင်လေးပေးဖို့ဝယ်ထားတယ် အရက်တွေသောက် စရိုက်ဆိုးလူတစ်ယောက်ဖြစ်လေတော့ စုံတွဲတစ်တွဲနဲ့ပြသနာတက်ပြီး ရဲစခန်းရောက်သွားတယ် ရဲစခန်းက ပြန်ထွက်လာတော့နောက်ကျနေလို့ အမြန်ပြန်လာမဲ့အကြောင်း ဖုန်းဆက်ခဲ့တယ် မိုးတွေကလည်းရွာနေတယ် ဖုန်းပြောပြီးမိုးရွာထဲမှာ ရုတ်တရက်လူတစ်ယောက်သူ့အနားရောက်လာတယ် အဲ့ဒီသူကြောင့်သူသတိလစ်သွားတယ် သူသတိရလာတော့ စားစရာထည့်ပေးတဲ့အပေါက်လေးကလွဲလို့ နံရံတွေကြီးရှိတဲ့အလုံပိတ်အခန်းထဲရောက်နေတယ် ၁၅နှစ်တောင် ထောင်ထဲမှာသူအကျဉ်းကျနေခဲ့တယ် .....ဘယ်နေရာရောက်နေမှန်းလည်းမသိ တီဗွီလေးတစ်လုံးနဲ့အဖော်ပြုရင်း စိတ်ဓာတ်ကျစရာအခြေအနေတွေ ဆက်တိုက်ကြုံခဲ့ရတယ်ဘယ်သူက သူ့ကိုအကျဉ်းချခဲ့တာလဲ ဘာအကြောင်းကြောင့် ၁၅နှစ်ဆိုတဲ့အချိန်ကာလကြီး တစ်ခုလုံး သူ့ကိုချုပ်နှောင်ထားရတာလဲ.....ထူးဆန်းစွာပဲ ၁၅နှစ်ပြည့်တဲ့အချိန်မှာ သူ့ကိုလွှတ်ပေးလိုက်တယ် ဒီဇတ်ကားကကြည့်ဖူးသမျှထဲမှာအဆန်းဆုံးဇတ်ကွက်လို့ပြောရမယ်ထင်တယ် ကြည့်နေရင်းကိုယ်က ဇတ်အိမ်ထဲအလိုလိုမြောသွားတယ် ထောင်လိုအခန်းထဲရောက်သွားတယ်ဘာကြောင့်လဲ ဘာဖြစ်လို့လဲဆိုတဲ့မေးခွန်းတွေကို ကိုယ်ပါအရမ်းသိချင်တယ် ဖြတ်သန်းရတဲ့ဒုက္ခ သူ့ကိုခုလိုလုပ်တသူကိုရအောင်ပြန်ရှာပြီး လက်စားချေဖို့ ပြင်ဆင်ပုံတွေ တကားလုံးအပြီးထိဆွဲဆောင်နိုင်လွန်း အားကြီးတယ်ပေးချင်တဲ့ messageကလည်း ကျနော်တို့မြန်မာစကားပုံနဲ့ဆို ကြမ်းပေါက်ကျွံရင်နှုတ်လို့ရတယ် စကားကျွံရင်နှုတ်မရဘူး နှုတ်ကြောင့် ဖြစ်ပျက်ပုံမျိုးတွေပေးထားတယ်ခင်ဗျားရဲ့နှလုံးသားကို ခပ်စပ်စပ်ရသလေးပေးတဲ့ကားမျိုးကိုကြည့်ချင်တယ်ဆိုရင်တော့ ဒီကားက အသင့်တော်ဆုံးပါလို့အကြံပေးပါရစေဒါရိုက်တာ Park Chan-yongရဲ့လက်ရာမြောက်ကားတစ်ကားပါပဲ သူ့ရဲ့လက်ရာရဲ့ပေါက်ရောက်မှုက Hollywood ကနေ အမေရိကန် Oldboy ဆိုပြီးပြန်ရိုက်လိုက်တယ် အဓိကသရုပ်ဆောင် Choi Min-sikရဲ့သရုပ်ဆောင်ချက်တွေကိုလည်းခံစားလိုက်ပါဦး လက်ဖျားခါလောက်တယ်ကဲ ပြောရတာလည်းရှည်နေပါပြီဗျာ IMDB 8.4 တောင်ရထားတယ်ဆိုတော့ အထူးပြောစရာမလိုတော့ဘူးထင်ပါတယ်..ဒီကားကိုဘာသာပြန်ပေးတာကတော့ Ichika ဘဲဖြစ်ပါတယ်...File ...
movie

Oldboy (2003)

2003