Channel Myanmar

Yonv Joseph

There’s Still Tomorrow (2023) 7.7
There’s Still Tomorrow (2023)  ၂၀၂၃ ခုနှစ်ကမှ ထွက်ရှိခဲ့တဲ့ အီတာလျံစကားပြော ရုပ်ရှင်တစ်ခုဖြစ်တဲ့ ဒီရုပ်ရှင်ဟာ အီတလီပြည်တွင်းမှာ အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့ပြီး ဝေဖန်သူတွေ အကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ရောမရုပ်ရှင်ပွဲတော်မှာ ဆုသုံးခု ရရှိခဲ့တဲ့အပြင် အီတလီနိုင်ငံမှာ ၂၀၂၃ ခုနှစ်အတွက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ အီတာလျံခေါင်းစဥ်က C'è ancora domani ဖြစ်ပြီး Period Comedy-Drama အမျိုးအစားပါ။ဇာတ်အိမ်ကို ဒုတိယကမ္ဘာစစ်အပြီး ကာလမှာတည်ထားပြီး Delia ဆိုတဲ့ အိမ်ရှင်မတစ်ဦးရဲ့ အဲဒီခေတ်ကာလမှာ ကြုံတွေ့ခဲ့ရတဲ့ လူမှုဒုက္ခတွေနဲ့ လူတန်းစားရုန်းကန်မှုတွေကို ပြဆိုထားတာ ဖြစ်ပါတယ်။ Delia ရဲ့ ခင်ပွန်းဖြစ်သူက ဇနီးအပေါ် နှိပ်စက် ချုပ်ချယ်တတ်တဲ့ လူစားမျိုးဖြစ်ပြီး သမီးဖြစ်သူ Marcella နဲ့ သားနှစ်ဦးရှိပါတယ်။ Delia ဟာ အိမ်မှုကိစ္စအားလုံးကို လုပ်ကိုင်ရသလို အပြင်ထွက်ပြီး ငွေလည်းရှာရပါသေးတယ်။ ဒီကြားထဲမှာ ခင်ပွန်းဖြစ်သူရဲ့ မထင်ရင် ...
movie

There’s Still Tomorrow (2023)

Mafia Mamma (2023) 5.3
Mafia Mamma (2023) Mafia Mamma (2023) " ကြမ်းတမ်းတဲ့စကားအသုံးအနှုန်းနဲ့ သွေးထွက်သံယိုခန်းတွေပါဝင်ပါတယ် "ခရစ္စတင်ဟာ သာမန်အမေရိကန်အိမ်ထောင်ရှင်မတစ်ယောက်...ပြောရမယ်ဆိုရင် မိခင်တစ်ယောက်အနေနဲ့ကော အိမ်ရဲ့ အဓိကထောက်တိုင်အနေနဲ့ပါ သူ့မှာတာဝန်ဝတ္တရားတွေအပြည့်ပိနေပါတယ်။သားဖြစ်တဲ့သူက ကောလိပ်တက်... ယောက်ျားကဖောက်ပြန်... အထက်လူကြီးကလည်းတကယ့်လိင်ခွဲခြားဆက်ဆံတဲ့ဘဲကြီး... အဲဒီလိုမွန်းကြပ်ရတဲ့ဘဝထဲပိတ်မိနေတုန်း သူတောင်မသိတဲ့ အီတလီက သူ့အဖိုးဆုံးပါးသွားပါတယ်။အဲဒီတော့ မွန်းကြပ်တဲ့အမေရိကန်လူနေမှုဘဝကနေရုန်းထွက်ရင်း အပန်းဖြေခရီးလည်းဖြစ်အောင် အသုဘရှုဖို့ အီတလီကို ခရီးနှင်ခဲ့ပါတော့တယ်။ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုးဆိုသလိုပါပဲ။ အမေရိကန်မှာနေရတာပင်ပန်းလို့ အီတလီကိုရောက်ခါမှ သူ့အဖိုးရဲ့ သေတမ်းစာအရ ဟန်ပြဝိုင်လုပ်ငန်းအပြင် နောက်ကွယ်က မာဖီးယားဂိုဏ်းကြီးကိုပါအမွေဆက်ခံခဲ့ရပါတော့တယ်။လူမပြောနဲ့ ပိုးကောင်တောင်မသတ်ရဲတဲ့ ခရစ္စတင်တစ်ယောက် လူသတ်မှောင်ခိုလုပ်ငန်းတွေကို ဦးစီးရင်း တိုင်တွေဘယ်လိုပတ်မလဲ။ သူ့ကိုလုပ်ကြံဖို့ကြိုးစားတဲ့လူတွေနဲ့ဘယ်လိုရင်ဆိုင်မလဲဆိုတာအပြင် တခြားမားဖီးယားမိသားစုတွေရဲ့လေးစားမှုကိုဘယ်လိုရယူနိုင်ခဲ့မလဲတွေ့ရမှာဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ အက်ရှင်ဟာသကားဖြစ်ပေမယ့် ကျွန်တော်တို့အခုရင်ဆိုင်နေရတဲ့ မွန်းကြပ်ပြီး ပျင်းစရာကောင်းနေတဲ့ဘဝကိုပါ စောင်းပါးရိပ်ခြည်သတိပေးထားတဲ့ရုပ်ရှင်တစ်ခုပါ။ ကျွန်တော်တို့တွေရဲ့ ဘဝနေထိုင်မှုဟာ ပျင်းစရာ စားဝတ်နေရေးနဲ့တင် ပြည့်စုံလုံလောက်နေပါရဲ့လား။ ချစ်လို့ အားနာလို့ ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကျွန်တော်တို့ရဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေထက် တခြားသူတွေရဲ့ဆန္ဒကို ဦးစားပေးနေခဲ့မိတာက မှန်ကန်တဲ့ရွေးချယ်မှုဟုတ်နေရဲ့လား။ အချဉ်အစပ်လေးမှ စားမြိန်တယ်ဆိုသလိုပါပဲ ဘဝဟာလည်း စွန့်စားခန်းတွေမပြည့်နေရင်တောင် စွန့်စားခန်းတွေပါနေမှ နေရကျိုးနပ်မှာပါ။ဇာတ်လမ်းဇာတ်ကျောက ကြည့်ပျော်တယ်ဆိုတဲ့အဆင့်မှာရှိသလို ...
movie

Mafia Mamma (2023)

2023