Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Yono Bakrie
A Business Proposal (2025)
A Business Proposal 2025 ကံကြမ္မာ၏ချစ်ခွင့်ပန်ခြင်းKdrama ဖန်တွေကြား မသိတဲ့လူမရှိတဲ့ A Business Proposal ဇာတ်လမ်းတွဲရဲ့ ဇာတ်အိမ်ကိုယူပြီး ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ အင်ဒိုသရုပ်ဆောင် အချောအလှလေးတွေနဲ့ ပြန်ပြီးလွမ်းဆွတ်လိုက်ရအောင်လားရှင်ဆာရီကငွေကြေးအခက်အခဲကြောင့် သူငယ်ချင်းဖြစ်သူအစား blind date တွေ့ဖို့သွားခဲ့ပါတယ် ဒီကမ်းလှမ်းချက်နောက်မှာ မထင်ထားတဲ့မြှုပ်ကွက်ကတော့ တစ်ဖက်လူက သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီရဲ့ စီအီးအိုဖြစ်နေတာပါပဲ ဒီအဖြစ်အပျက်လေးကနေစပြီး ဆာရီနဲ့ စီအီးအိုတို့ကြားက ဆက်ဆံရေးက ရှုပ်ထွေးပြီး ရယ်စရာကောင်းတဲ့ အလှည့်အပြောင်းတွေနဲ့ ပြည့်နှက်လာပါတော့တယ်အလုပ်ခွင်ထဲမှာ တစ်ယောက်ကိုတစ်ယောက် မနှစ်သက်ခဲ့ကြပေမဲ့ အတုအယောင် Blind Date ကနေ ပေါက်ဖွားလာတဲ့ အချစ်ဇာတ်လမ်းက ဘယ်လိုဆက်ဖြစ်သွားမလဲ အတုအယောင် ဆက်ဆံရေးကနေ သူတို့နှစ်ဦး တကယ့်အချစ်စစ်ကို ရှာတွေ့နိုင်မလားဆိုတာကတော့ ရင်ခုန်စရာကောင်းတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေပါပဲမူရင်း တောင်ကိုရီးယားနာမည်ကျော် ဇာတ်လမ်းတွဲကို အခြေခံပြီး အင်ဒိုနီးရှားပုံစံနဲ့ ပြန်လည်အသက်သွင်းထားတဲ့ ဒီရုပ်ရှင်ဟာ ချစ်စရာကောင်းတဲ့ ဇာတ်ကောင်တွေ ရယ်မောပျော်ရွှင်ရမဲ့ဇာတ်ဝင်ခန်းတွေနဲ့ စိတ်အပန်းပြေနိုင်စေမဲ့ ဇာတ်ကားကောင်းတစ်ကားပါလို့ ညွှန်းဆိုရင်း တင်ဆက်ပေးလိုက်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Team ပဲဖြစ်ပါတယ် ) File size… ...
movie
A Business Proposal (2025)
6.6
Love Unlike in K-Dramas (2024) Cinta Tak Seindah Drama Korea
Love Unlike in K-Dramas (2024)IMDb Rating (6.6) K-drama တွေထဲကလို အချစ်ခံရဖို့မိန်းကလေးတိုင်းနီးပါး စိတ်ကူးယဉ်နေတဲ့အချိန်မှာ ဇာတ်ကားတွေထဲကလိုမဟုတ်ဘဲ မမျှော်လင့်ထားတဲ့ ရှုပ်ထွေးတဲ့အချစ်ဇာတ်လမ်းမျိူးပိုင်ဆိုင်လာခဲ့ရရင်?K-drama တွေထဲမှာတွေ့နေကျအချစ်စံနှုန်းတွေကို ချိုးဖျက်ထားတဲ့ အင်ဒိုနီးရှားအချစ်ဟာသဇာတ်ကားလေးတစ်ကားဖြစ်တဲ့ “Love Unlike in K-dramas”K-drama fan အကြီးစားဖြစ်တဲ့သူငယ်ချင်းသုံးယောက် သူတို့အိပ်မက်တစ်ခုဖြစ်တဲ့ ကိုရီးယားနိုင်ငံကို အလည်ရောက်သွားတဲ့အချိန်မှာ ကိုရီးယားတွေထဲကလို ချိုမြိန်တဲ့အချစ်ဇာတ်လမ်းလေးရှာတွေ့ဖို့မျှော်လင့်ထားပေမယ့် ကိုယ်ရေးကိုယ်တာအရှုပ်အရှင်းကိစ္စတွေပါလာတဲ့အခါ ခရီးမှာဘယ်လိုအရာတွေကြုံတွေ့သွားမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှူရမယ့် အင်ဒိုအချစ်ဟာသကားလေးဖြစ်ပါတယ်။ ကိုရီးယားကားတွေထဲမှာပါနေကျ ဝါရင့်အရံသရုပ်ဆောင်တစ်ချို့လည်း ပါဝင်ထားတာမို့ ကိုရီးယားကားနဲ့မတူတဲ့ ကိုရီးယားကားကြည့်နေရသလိုခံစားရစေမှာပါ။လူငယ်သဘာဝပီပီပေါ့ပေါ့ပါးပါးအပျင်းပြေကြည့်ရတန်မယ်လို့ မျှော်လင့်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ KST ဖြစ်ပါတယ်။)File size…(2.1 GB) / (960 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….02:00:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by KST
movie
Love Unlike in K-Dramas (2024) Cinta Tak Seindah Drama Korea
2024
7.3
Bolehkah Sekali Saja Kumenangis (2024)
Bolehkah Sekali Saja Kumenangis (2024)IMDb Rating (7.3) ဒီဇာတ်လမ်းကတော့ ဒါရိုက်တာ Reka Wijaya ရဲ့ အိမ်တွင်းအကြမ်းဖက်မှုအကြောင်း ပေါ်လွင်အောင်ရိုက်ကူးထားတဲ့ အင်ဒိုနီးရှား ဒရမ်မာတစ်ပုဒ်ပဲဖြစ်ပါတယ်။Tari ဆိုတဲ့ မိန်းမငယ်လေးက အကြမ်းဖက်တတ်တဲ့ သူ့အဖေ Pras ဆီကနေ သူ့အမေ Devi ကို ကာကွယ်ပေးရင်း အိမ်ကနေမထွက်နိုင် ဖြစ်နေတဲ့သူပါ။Pras က သူ့မိန်းမနဲ့သမီးကို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံ၊ အရာရာချုပ်ချယ်နေပေမဲ့ Devi ကတော့ သူပြောင်းလဲသွားမှာပါဆိုတဲ့ မျှော်လင့်ချက်နဲ့ သူ့သမီးတွေအတွက် အရာအားလုံးကို ငြိမ်ခံဝပ်တွားနေခဲ့တယ်။ဒါပေမဲ့ အကြမ်းဖက်အိမ်ထောင်ဦးစီး အုပ်ချုပ်တဲ့ မိသားစုတစ်စုကြောင့်ရတဲ့ စိတ်ဒဏ်ရာတွေ၊ ရှုပ်ထွေးမှုတွေနဲ့ ဘာကိုမှ မပြောရဲမဆိုရဲတဲ့ Tari တစ်ယောက် သူ့ရဲ့ trauma တွေကိုကုစားပြီး ဘယ်လိုသတ္တိတွေမွေး ပြောင်းလဲမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။တကယ့်လက်တွေ့မှာ ဖြစ်နေရှိနေတဲ့ အကြမ်းဖက်တတ်တဲ့ အိမ်ထောင်ဦးစီးဖခင်လက်အောက်မှာ ချုပ်ချယ်ညှင်းဆဲခံနေရတဲ့ သားသမီးတွေ၊ မိဘတွေဆီက ...
movie
Bolehkah Sekali Saja Kumenangis (2024)
2024
7.6
Agak Laen (2024)
မလည်ရှုပ် ၄ ယောက် (၂၀၂၄)မကျန်းမာတဲ့အမေကို စောင့်ရှောက်ပေးနိုင်ဖို့၊ လောင်ကစားကြွေးတွေ ပြန်ဆပ်နိုင်ဖို့ နဲ့ ချစ်ရသူကို လက်ထပ်နိုင်ဖို့ စတဲ့အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့နဲ့ လက်ရှိနုံချာလွန်းလှတဲ့ဘဝကို ပြောင်းလဲပစ်နိုင်ဖို့အတွက် သူငယ်ချင်း တွေဖြစ်ကြတဲ့ ဘင်၊ ဘိုရစ် ၊ ဂယ်လ် နဲ့ အိုကီ တို့လေးယောက်ဟာ ညဈေးက သရဲခြောက်တဲ့အိမ်မှာ အတူတူ ကြိုးစားလုပ်ကိုင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အလည်လာကြတဲ့ဧည့်သည်တွေကို စိတ်ဝင်စားဖွယ် ခြောက်လန့်ဆွဲဆောင်မှုတွေ မလုပ်ဆောင်နိုင်တဲ့အတွက် ပိတ်သိမ်းလိုက်ရတော့မယ့်အခြေအနေနဲ့ ကြုံကြိုက်နေကြရပါတယ်။ အဲ့လိုအခြေအနေမှာ သူတို့ရဲ့ သရဲခြောက်တဲ့အိမ်ကို မထင်မှတ်ဘဲ ဝင်ရောက်အလည်လာတဲ့ ဧည့်သည်တစ်ယောက်ကို သူတို့ ကြိုးစားပြီး ခြောက်လန့်ပေးခဲ့ကြရာမှာ ကံဆိုးစွာနဲ့ ထိုဧည့်သည်ဟာ နှလုံးဖောက်ပြီး ကွယ်လွန်သွားခဲ့ပါတယ်။ လိမ်လည်မှုနဲ့ထောင်ကျခဲ့ရပြီး ပြန်လွတ်လာခဲ့သူ အိုကီက ထောင်ထဲ ထပ်မဝင်ချင်တဲ့အတွက် အလောင်းကို သရဲအိမ်မှာပဲ မြေမြှုပ်ဖုံးကွယ်လိုက်ဖို့ သူငယ်ချင်းတွေကို စည်းရုံးကာ မြေမြှုပ်ပစ်ခဲ့ကြပါတယ်။ မမျှော်လင့်ဘဲ သေဆုံးသူရဲ့ဝိညာန်က သရဲအိမ်မှာ ခြောက်လှန့်နေတဲ့အခါ သူတို့ရဲ့ သရဲခြောက်တဲ့အိမ်က နာမည်ကြီးလာပြီး လည်ပတ်လာသူဧည့်သည်များကို ဆွဲဆောင်နိုင်ခဲ့ကာ သူတို့ဘဝတွေ အတော်ကြီးအဆင်ပြေလာကြပါတယ် အဲ့အချိန်မှာပဲ ဒေသခံရဲတွေက လူပျောက်တိုင်ကြားမှုကြောင့် ...
movie
Agak Laen (2024)
9
Star Syndrome (2023)
ဒီတစ်ခေါက်မှာတော့ အင်ဒို Musical ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Jay and the others လို့ခေါ်တဲ့ Malay Rock Pop တီးဝိုင်းကတော့ သူ့ခေတ်သူ့အခါက နာမည်ကြီးခဲ့ပြီး ဆုတွေလည်း သိမ်းပိုက်နိုင်ခဲ့သူပါ။ သူတို့ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Simpang Siur ဆိုတာလည်း အင်ဒိုက လူတိုင်းလိုက်ဆိုခဲ့ကြတဲ့သီချင်းအပါအဝင်ပါပဲ။ Vocalist ဖြစ်တဲ့ ဂျေအက်ဒီအနားယူသွားပြီးနောက်ပိုင်း ဆယ်စုနှစ်တစ်ခုအကြာမှာတော့ ဂျေအက်ဒီတစ်ယောက် single တစ်ပုဒ် နောက်ဆုံးအနေနဲ့ ပြချပြဖို့ ကြိုးစားလာပါတယ်။ ဖြစ်ချင်တော့ လူတွေလည်း သူ့ကိုသိပ်မသိတော့တဲ့အပြင် လူကြီးတစ်ချို့သာ သိကြပြီး ပြင်ပ Unplugged ဆိုင်တွေကလည်း သူ့ကိုမခေါ်ချင်ဖြစ်လာပါတယ်။ အဲတော့ သူ့အနေနဲ့ လူငယ်တွေရဲ့ ခေတ်ရေစီးကြောင်းကို အမိအရလိုက်ရပြီး . တွဲဖက်အဆိုတော် အနေနဲ့ နွန် ဆိုတဲ့ ကောင်မလေးကို သူနဲ့တူတူတွဲဆိုစေပြီး သီချင်းကို ပြီးပြည့်စုံစေခဲ့ပါတယ်။ အဲသီချင်းကို ယခုခေတ်လူငယ်ကြားမှာ ဘယ်လိုခေတ်ထအောင်လုပ်မလဲ။ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံရမလဲဆိုတာ ပေါ့ပေါ့ပါးပါးလေးပဲ ကြည့်ရှုလိုက်ပါဦးနော်။အညွှန်း နဲ့ ဘာသာပြန်ထားတာကတော့ Kaung Set ပဲ ဖြစ်ပါတယ်။Genre..... ...
movie
Star Syndrome (2023)
2023