Channel Myanmar

Yog Jappie

Soodhu Kavvum 2: Nadum Naatu Makkalum…(2024) 5.3
Soodhu Kavvum 2: Nadum Naatu Makkalum…(2024) Soodhu Kavvum 2 (2024) "မမွှေးသင့်သောမီး"အသစ်ထွက်ရှိထားတဲ့ တမီးလ်အက်ရှင်ဟာသဇာတ်လမ်းလေးကို ပရိသတ်တို့အတွက် တင်ဆက်လိုက်ရပါတယ်၁၉၈၇ ခုနှစ်မှာ ကျင့်ဝတ်စောင့်ထိန်းပြီး အများချစ်ခင်တဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ဦးဟာ တမီးလ်နာဒူပြည်နယ် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ မတော်တဆ ချော်လဲသွားပါတယ်ကံဆိုးပုံကတော့ သူ့တပည့်တစ်ယောက်က ကျမ်းကျိန်တဲ့နေ့မှာ သားကလေးမွေးလို့ သူ့ကို ကလေးနာမည်ပေးခိုင်းရာမှာ ကလေးက သေးပေါက်ချမိလို့ သေးစိုနေတဲ့ကြမ်းပြင်ပေါ် နောက်ပြန်လဲကျမိကာ ကိုမာဝင်သွားခဲ့ပါတယ်နှစ်များစွာအကြာ ပါတီခေါင်းဆောင် သတိပြန်ရလာချိန်မှာတော့ ခုနက ဂြိုဟ်ကောင် ကလေးက အကျင့်ပျက်ခြစားတဲ့ ဘဏ္ဍာရေးဝန်ကြီးဖြစ်နေပြီး သူ့ပါတီကလူတွေလည်း သူ့ခံယူချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတော့တယ်တစ်ဖက်မှာလည်း ထောင်ကလွတ်လာတဲ့ စည်းမျဉ်းတွေနဲ့အညီ လုပ်ကိုင်တတ်တဲ့ ဂုရုနဲ့ သူ့ဘော်ဒါတွေက အာဏာပါဝါရှိတဲ့လူတစ်ယောက်ကို ပြန်ပေးဆွဲဖို့ စီစဉ်တဲ့အခါမှာတော့ ....အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 3.2 GB / 1.5 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 9min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Soodhu Kavvum 2: Nadum Naatu Makkalum…(2024)

Black (2024) 7.6
Black (2024) Black 2024 (အမှောင်လောက)ဟိုးတစ်ချိန်ပေါ့ ညအမှောင်အချိန်မှာ မိဘတွေက သဘောမတူလို့ ခိုးရာလိုက်ပြေးခဲ့တဲ့ စုံတွဲတစ်တွဲ၊ သူတို့ကို လိုက်ပြီးကူညီပေးနေတဲ့သူကတော့ သူတို့ရဲ့အချစ်ဆုံးသူငယ်ချင်းပေါ့။သူငယ်ချင်းဖြစ်သူရဲ့ ကမ်းခြေအိမ်မှာ ပုန်းခိုပြီးတော့ နေခဲ့ကြတာပေါ့။ အဲဒီစုံတွဲမသိလိုက်တာကတော့ ကောင်မလေးဖြစ်သူကို သူငယ်ချင်းဖြစ်သူကလည်း တိတ်တိတ်လေးချစ်နေပြီးတော့ သူ့ဆီကို လာအကူအညီတောင်းမိတဲ့အတွက် ရင်ထဲမှာ အစိုင်အခဲတွေရှိနေတယ်ဆိုတာပါပဲ .....လက်ရှိကာလအချိန်မှာတော့ လူငယ်စုံတွဲလေးဖြစ်တဲ့ ဗာဆန့်နဲ့ အာညာတို့ဟာ ဘားမှာ ပြဿနာဖြစ်ခဲ့ပြီးတော့ အခုလက်ရှိအိမ်ကနေ ကမ်းခြေအိမ်ကို ပြောင်းရွေ့လာဖို့ ဖြစ်လာပါတော့တယ်။ သူတို့စုံတွဲ ကမ်းခြေအိမ်ကို ရောက်သွားတဲ့အခါမှာတော့ ဘယ်လိုကိစ္စတွေ ဖြစ်လာမလဲ...... ဟိုးတစ်ချိန်တုန်းက ခိုးရာလိုက်ပြေးခဲ့တဲ့ စုံတွဲနဲ့ ဗာဆန့်တို့စုံတွဲကရော ဘာတွေ ဆက်စပ်နေမလဲ ...... ဘယ်လို ရှုပ်ထွေးနက်နဲတဲ့ ပြဿနာတွေကြားထဲမှာ ဘယ်လို ခြောက်ခြားဖွယ်ရာတွေ ကြုံတွေ့ကြရမလဲဆိုတာကို ကြည့်ရှုရမယ့် Thriller ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်၊(အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~V~Yunni~KKKZ~Linn ဖြစ်ပါတယ်) File size… 1.2 GB / 649 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 30min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Black (2024)