Channel Myanmar

Yle Vianello

Where the Wind Blows (2024) Il vento soffia dove vuole 6.0
Where the Wind Blows (2024) Il vento soffia dove vuole Where the Wind Blows (2024)IMDb Rating (6.0) တားရန့်မယ်လစ်ဆန်ဆန် ရုပ်ရှင်လို့ပြောလို့ရတယ်။ ဘာသာရေးနဲ့ လူသားဟာ ခွဲခြားလို့မရသလို တစ်ခါတလေ ဘာသာရေးနဲ့ လူသားဟာ တစ်သားတည်းမကျနေဘူး။ဒီတစ်သားတည်းမကျနေတဲ့ ဘာသာရေးနဲ့လူသားကြားက ကွင်းဆက်ကို အဖြေမပါတဲ့ အမေးတွေနဲ့ အဖြေရှာကြတဲ့ ရုပ်ရှင်တွေ အရမ်းအများကြီးမဟုတ်ပေမဲ့ ပမာဏတစ်ခုအထိတော့ ထွက်ပြီးပြီလို့ပြောရမယ်။ဒီကားက အဲဒီလိုကားမျိုးပါပဲ။ ခရစ်ယာန်ဘာသာရေးနဲ့ လူတွေကြားက ယုံကြည်မှု မယုံကြည်မှု အခြေအနေတွေကို မီးမောင်းထိုးပြထားတဲ့ ရုပ်ရှင်ပါပဲ။ တစ်ကားလုံးနီးပါး ဘာသာရေးတွေ ကျမ်းစာထဲက စကားတွေချည်းပြောနေတာဆိုတော့ ဇာတ်ကားက နည်းနည်းတော့လေးပါတယ်။ဒီရုပ်ရှင်ဟာ ရှင်ခြင်း သေခြင်း ဖြတ်သန်းခြင်းအစုံစုံကို ခရစ်ယာန်ဘာသာရေးနဲ့ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File size…(1.9 GB) / (780 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv / mp4 Genre….Drama Duration….01:49:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Double ...
movie

Where the Wind Blows (2024) Il vento soffia dove vuole

2024
La Chimera (2023) 7.3
La Chimera (2023)  1980ခုနှစ်က Etruscan ရှေးဟောင်းပစ္စည်းရှာဖွေတာတွေပေါ် ဇာတ်အိမ်တည်ထားပြီး IMDB 7.3/10 နဲ့ ဆု 8ဆု ရထားတဲ့ အီတလီရုပ်ရှင်ဖြစ်ပါတယ်။ Critic review ကောင်းတွေပါ ရထားပြီး ကြည့်ရသူတွေလည်း ရသတစ်ခုခုခံစားရမှာသေချာပါတယ်။လူတိုင်းမှာ ကိုယ့်ရဲ့ Chimera ရှိပါတယ်-ကိုယ်ရယူဖို့ ကြိုးစားနေပေမယ့် လုံးဝမတွေ့နိုင်တဲ့အရာကို ဆိုလိုတာပါ။ စိတ်ကူးယဉ်အိပ်မက်၊ ပုံရိပ်ယောင်ဆိုပြီးလည်း ဘာသာပြန်ကြပါတယ်။ ဒီဇာတ်လမ်းမှာတော့ ထောင်ကလွတ်လာတဲ့ ရှေးဟောင်းသုတေသနပညာရှင် အင်္ဂလိပ်လူမျိုး အာသာဟာ တရားမဝင် အုတ်ဂူခိုးတူးတဲ့သူတွေနဲ့ပေါင်းပြီး သေသူတွေရဲ့ ရှေးဟောင်းပစ္စည်းတွေကို ရောင်းစားပါတယ်။ အာသာအဖို့ ရှေးဟောင်းပစ္စည်းတွေက အဓိကမဟုတ်ပါဘူး။ သူ့အတွက် Chimera က သူ့ရဲ့ကွယ်လွန်သွားတဲ့ ချစ်သူဖြစ်ပါတယ်။သူချစ်သူနဲ့ တွေ့ရဖို့ ဒဏ္ဍာရီထဲကအတိုင်း တမလွန်ဆီ တံခါးပေါက်ကို အုတ်ဂူတွေတူးရင်း ရှာနေတာပါ။ လူသေနဲ့သက်ရှိတွေကြားက စွန့်စားခန်းခရီးမှာ အာသာတို့ တူးဖော်ခဲ့တဲ့ အုတ်ဂူပိုင်ရှင်တွေကလည်း သူ့ကိုခြောက်လှန့်နေပါတယ်။ တရားမဝင်အလုပ်ဖြစ်တဲ့အတွက် ကြားထဲမှာ ခေါင်းပုံဖြတ်ခံရတာတွေ လက်တစ်လုံးခြားလုပ်သွားတာတွေလည်း ...
movie

La Chimera (2023)

The Beautiful Summer (2023)
The Beautiful Summer (2023)  ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ နယ်ကနေ မြို့တက်ပြီး အတူတူကြိုးစားရုန်းကန်နေတဲ့ မောင်နှမနှစ်ယောက်အကြောင်းကို ရိုက်ကူး တင်ဆက်ထားတဲ့ အီတလီ Drama ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဂျီနီယာဟာ နယ်ကတက်လာသူဖြစ်ပြီး မြို့ပေါ်က ဖက်ရှင်ဆိုင်မှာ အလုပ်လုပ်နေသူလည်းဖြစ်ပါတယ်။ တစ်ရက်မှာတော့ ဂျီနီယာဟာ အစ်ကိုဖြစ်‌သူနဲ့အတူ သူငယ်ချင်းတွေ ဆုံနေကျနေရာကိုသွားရင်း အမလီယာဆိုတဲ့ အမျိုးသမီးတစ်ဦးနဲ့ ရင်းနှီးခဲ့ပါတော့တယ်။ အမလီယာရဲ့ အလုပ်အကိုင်ကတော့ ‌ပန်းချီဆရာတွေအတွက် သရုပ်ပြပေးရတာပါ။အရွယ်ရောက်လာတဲ့ ဂျီနီယာဟာ အမလီယာနဲ့‌ အပေါင်းအသင်းဖြစ်သွားပြီး ပန်းချီဆရာတွေနဲ့ပါ ချိတ်ဆက်မိသွားတဲ့အခါ အရွယ်ရောက်သူပီပီ ဂျီနီယာဟာ သူ့ရဲ့ပထမဆုံးအချစ်ကို ပန်းချီဆရာတွေကြားမှာပဲ ရှာတွေ့ခဲ့ပါတော့တယ်။ နယ်ကနေ မြို့ကိုတက်လာပြီး အရွယ်ရောက်သူတစ်ယောက်စဖြစ်လာတဲ့အချိန် ဘယ်လိုဆုံးဖြတ်ချက်အမှားတွေ ချမိပြီး ဘယ်လိုပြုပြင်သွားမလဲ‌ဆိုတာကိုတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ File size…(1.4 GB)/(816 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:51:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban 
movie

The Beautiful Summer (2023)