Channel Myanmar

Yeo Hoi-hyeon

With or Without You (2016) 6.4
With or Without You (2016) With or Without You (2016)**************************IMDb..... 6.4 ဒီတစ်ခေါက်မှာတော့ ၂၀၁၆ ခုနှစ်ကထွက်ရှိထားတဲ့ မင်းသား Shin Min-Chul နဲ့မင်းသမီး Jeon Hye-Bin တို့ရဲ့ ရိုမန့်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်း-Yeon-Yi (Jeon Hye-Bin) ဟာ နာမည်မရှိတဲ့ သရုပ်ဆောင်တစ်ဦးပါ။ Sun-Jae (Shin Min-Chul) ကတော့လက်ထောက်ဒါရိုက်တာတစ်ဦးဖြစ်ပြီး ဒါရိုက်တာဖြစ်လာဖို့အတွက် အိပ်မက်မက်နေသူတစ်ဦးပါ။သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ချစ်ကြပြီး လက်ထပ်ဖြစ်သွားခဲ့ပေမဲ့လည်းသူတို့ရဲ့အိမ်ထောင်ရေးဟာ စိတ်မကောင်းစွာနဲ့ပဲ ကြာရှည်မခံခဲ့ပါဘူး။ကွာရှင်းလိုက်ပြီဖြစ်သော်ငြားလည်း သူတို့နှစ်ဦးဟာ နယ်ပယ်တူ လုပ်ဖော်ကိုင်ဖက်အဖြစ်သူငယ်ချင်းကောင်းအဖြစ်နဲ့ ဆက်လက်ကျန်ရှိနေကြပြီး အလုပ်တွေ အတူလုပ်ကာ အခင်မင်မပျက်နေထိုင်ခဲ့ကြပါတယ်။ အကြောင်းကြောင်းကြောင့် သူတို့နှစ်ယောက်ဟာ သူတို့ရဲ့အကြောင်းကိုအတူရေးဖူးခဲ့တဲ့ ဇာတ်ညွှန်းကို  ရိုက်ကူးဖို့ဖြစ်လာတဲ့အခါမှာတော့..ခြေလှမ်းတစ်ချက်မှ အပျက်မခံတဲ့ သရုပ်ဆောင်လောကထဲမှာ Yeon-Yi တစ်ယောက် နာမည်ရအောင်ထိုးဖောက်သွားနိုင်ပါ့မလား.... Sun-Jae တစ်ယောက်ကရော အလုပ်ဖိအားဒဏ်တွေ အဆင်မပြေတော့တဲ့သူတို့နှစ်ဦးရဲ့ကြားထဲက အေးစက်မှုဒဏ်တွေကို တောင့်ခံနိုင်သွားပါ့မလား... နှစ်ယောက်သားကရောနောက်ဆုံးမှာ ပြန်လည်ပေါင်းစည်းသွားနိုင်ပါ့မလား.. ဆိုတာတွေကို တငြိမ့်ငြိမ့်နဲ့ ...
movie

With or Without You (2016)

The Great Battle (2018) 7
The Great Battle (2018) The Great Battle (2018)************************မင်းကြီးဂျူမုံတည်ထောင်ခဲ့တဲ့ ဂိုဂူလျောပြည်ကို တရုတ်ထန်ဘုရင် ကျူးကျော်ခဲ့တဲ့အကြောင်းကို စစ်တိုက်ပုံမျိုးစုံ ဝေဝေဆာဆာနဲ့ ရိုက်ကူးထားတဲ့ ရာဇဝင်ကားကောင်းလေးဖြစ်တဲ့The Great Battle ဆိုတဲ့ ဇာတ်ကားလေးကို ပြန်တင်ပေးလိုက်ပါတယ်နော်။ဂိုဂူလျောက စစ်သေနာပတိယွန်းဟာ အန်ရှီခံတပ်ရဲ့ တပ်မှူး ယန်မန်ချွန်းရဲ့ အမိန့်မနာခံမှုကိုအပြစ်ပေးဖို့အတွက် သူ့ဆီကို သူလျှိုတွေ စေလွှတ်ပေါင်း မနည်းပါဘူး။အန်ရှီမြို့သား ဆာမူကို စေလွှတ်လိုက်ချိန်မှာတော့ ဆာမူဟာ တပ်မှူးယန်ရဲ့ခေါင်းဆောင်ပီသမှုတွေကို မြင်တွေ့ရပြီး လုပ်ကြံမှု မအောင်မြင်ခဲ့သလိုတိုက်ပွဲပေါင်းများစွာကို ရှုံးပွဲမရှိ တိုက်ခိုက်အောင်မြင်ခဲ့တဲ့ တရုတ်ထန်စစ်တပ်ဟာအန်ရှီခံတပ်ကို တိုက်ဖို့ လာတဲ့အခါ ယန်မန်ချွန်းရဲ့ ပါးနပ်မှု လက်ရုံးရည်နှလုံးရည်ပြည့်ဝမှုတွေကြောင့် လွယ်လွယ်နဲ့ မအောင်မြင်ခဲ့ပြန်တဲ့အခါမှာတော့..တရုတ်ဘက်ကို ဘယ်လိုတွေတိုက်လာပြီး အန်ရှီခံတပ်ဘက်ကရောဘယ်လိုပြန်ခုခံမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပါ ရှုစားလိုက်ရအောင်နော်။၃ လလောက်တိုက်ပွဲဝင်ရတာကို တိုက်ခန်းခိုက်ခန်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ရိုက်ကူးထားလို့ကြည့်ရတန်တဲ့ ရာဇဝင်ကားကောင်းတစ်ကားဖြစ်သလို အချစ် အလွမ်း နဲ့ တိုင်းပြည်ချစ်စိတ်တွေကိုပါပေါ်လွင်အောင် ရိုက်ပြထားလို့ ရသမျိုးစုံကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ။ File ...
movie

The Great Battle (2018)