Channel Myanmar

Yekta Heidari

Rule Breakers (2025) 7.1
Rule Breakers (2025) ( အဖွင့်ရက်သတ္တပတ်မှာတင် ရုံတင်ဝင်ငွေ ၁.၅ သန်းရရှိထားတဲ့ရုပ်ရှင်ဇာတ်ကားကောင်းဖြစ်ပါတယ်။)အမျိုးသမီးတွေရဲ့ပညာသင်ကြားခွင့်ကိုဖိနှိပ်ထားတဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ ထက်မြက်တဲ့ရိုယာဆိုတဲ့မိန်းကလေးဟာပညာရေးမှာထူးချွန်ရုံတင်မကဘဲ မိန်းကလေးတွေကိုင်ခွင့်မရှိတဲ့ကွန်ပျူတာကိုမှကိုင်ပြီး အာဖဂန်နစ္စတန်နိုင်ငံရဲ့ပထမဆုံးအမျိုးသမီးဆော့ဖ်ဝဲလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ ရိုယာဟာ အာဖဂန်အမျိုးသမီးတွေရဲ့ပညာရေးကိုမြေတောင်မြှောက်ပေးချင်တာကြောင့် တစ်ရက်မှာတော့ပထမဆုံးသောအာဖဂန်အမျိုးသမီးစက်ရုပ်အသင်းကိုဖန်တီးဖို့စိတ်ကူးရခဲ့ပါတယ်။အမျိုးသမီးတွေရဲ့ပညာရေးကိုအားမပေးတဲ့အပြင် အရွယ်ရောက်လာတာနဲ့ မိသားစုဝင်တွေက အိမ်ထောင်ချပေးချင်ကြတဲ့ရှေးရိုးစွဲအသိုင်းအဝိုင်းကြီးထဲမှာ အမျိုးသမီးကျောင်းသူလေးယောက်ကို ခဲရာခဲဆစ်ရှာဖွေသိမ်းသွင်းနိုင်ခဲ့ပေမယ့်ရိုယာနဲ့အသင်းဟာ နိုင်ငံတကာပြိုင်ပွဲတွေမှာသွားရောက်ယှဉ်ပြိုင်ဖို့ တာလီဘန်တွေရဲ့ခြိမ်းခြောက်မှု၊ ငွေကြေးအခက်အခဲအစရှိသဖြင့် အတားအဆီးတွေအများကြီးကိုကျော်ဖြတ်ကြရပုံကိုရိုက်ကူးတင်ပြထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်။   File size… (1.78 GB) / (1.05 GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Rule Breakers (2025)