Channel Myanmar

Ye Su-jeong

The Bacchus Lady (2016) 7.2
The Bacchus Lady (2016) The Bacchus Lady (2016)************************IMDb... 7.2 အခုတစ်ခါမှာတော့ ပရိသတ်ကြီးတို့အတွက် အားလုံးနဲ့ရင်းနှီးပြီးသား မင်းသမီးကြီး Young Yuh Jungအဓိကပါဝင်သရုပ်ဆောင်ထားပြီး ဆုများစွာ ဆွတ်ခူးနိုင်ခဲ့တဲ့ life , drama အမျိုးအစား"The Bacchus Lady" ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~သက် ၆၅ နှစ်အရွယ် ယွန်းဆိုယောင်းက ဝမ်းရေးအတွက် လမ်းပေါ်မှာ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရင်းတစ်ဆင့်စကား တစ်ဆင့်နားနဲ့ သက်ကြီးရွယ်အိုလူကြီးတွေကြားမှာ နာမည်ကြီးနေခဲ့တာပေါ့။စားဝတ်နေရေးအတွက် တစ်ယောက်တည်း ရုန်းကန်နေရပေမဲ့လည်း သူမဟာ အိမ်ပိုင်ရှင်transgender တစ်ဦးဖြစ်တဲ့ တီနာ၊ နွမ်းပါးတဲ့ ပန်းပုပညာရှင် ဒိုဟွန်း၊ ဆေးခန်းမှာတွေ့ပြီးတော့မထင်မှတ်ဘဲ အိမ်ကိုခေါ်လာမိခဲ့တဲ့ ကိုရီးယား-ဖိလစ်ပိုင် ကပြားကလေးငယ်လေး မင်ဟိုနဲ့အတူအေးချမ်းစွာနဲ့ နေထိုင်နေခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ အရင်တုန်းက ပုံမှန်ဖောက်သည်တစ်ဦးဖြစ်ခဲ့တဲ့ဆယ်ဗီလီရိုဆုန်းက နာမကျန်းဖြစ်နေတာကြောင့် လူ့လောကထဲကနေ ထွက်သွားဖို့အတွက် ဆိုယောင်းကိုကူညီပေးဖို့ တောင်းဆိုခဲ့ရာမှ သနားစိတ်၊ အပြစ်ရှိစိတ်တွေကြောင့်နဲ့ ဆိုယောင်းလည်း ...
movie

The Bacchus Lady (2016)

Like You Know It All (2009) 6.8
Like You Know It All (2009) Like You Know It All (2009) ***************************IMDb -6.8ဇာတ်လမ်းအကျဥ်း *******************ရုပ်ရှင်ဒါရိုက်တာဂူဂ​ယောင်းနမ် (Kim Tae Woo)က ကိုယ့်အ​ကြောင်းကိုယ် ပြန်ရိုက်ကူးတဲ့ ​နားလည်ဖို့ခက်တဲ့ ရုပ်ရှင်​တွေကို ရိုက်ကူးတဲ့ ဒါရိုက်တာတစ်​ယောက်၊ နာမည်ကြီး ဒါရိုက်တာမဟုတ်​ပေမဲ့ ရုပ်ရှင်အကဲဖြတ်အဖွဲ့ဝင်အဖြစ် ကမ်းလှမ်းခံခဲ့ရပြီး ​​ဂျယ်​ချောင်းကို ​ရောက်လာခဲ့ပါတယ်။ ဂျယ်​ချောင်းကို​ရောက်ပြီး တစ်​နေ့မှာ​ ဂျူနီယာဖြစ်သူ ဘူဆန်းယုံး(Gong Hyung Jin)နဲ့ အမှတ်မထင်​တွေ့ပြီး အရက်​သောက်ရင်း ​ဘူဆန်းယုံးရဲ့အိမ်ကို ​ရောက်သွားကြတယ်။ ဘူဆန်းယုံးရဲ့ အိမ်မှာ ဘူဆန်းယုံးရဲ့ ဇနီးဖြစ်သူ ယူရှင်း (Jung Yu Mi)နဲ့ ​ကိစ္စတချို့ကြောင့် ဖောက်ပြန်ခဲ့မိပြီး အဲဒါကိုသိသွားတဲ့ ဘူဆန်းယုံးက ဂူဂ​ယောင်းနမ်နဲ့ ​ရေစက်ဖြတ်ခဲ့ပါတယ်။တစ်ဖန် ဂူဂ​ယောင်းနမ်က ရုပ်ရှင်နဲ့ပတ်သတ်တဲ့ လက်ချာ​ပေးဖို့အတွက် ဂျယ်ဂျူကျွန်းကို ​ရောက်လာခဲ့ပြန်ပါတယ်။ ဂျယ်ဂျူကျွန်းမှာ ရှိ​နေတဲ့ စီနီယာယန်း​ချောင်းဆူ (Moon Chang Gil)နဲ့ ပြန်လည်​တွေ့ဆုံပြီး ​စီနီယာယန်းရဲ့ အိမ်ကို အလည်လိုက်သွားပါ​တော့တယ်။ ...
movie

Like You Know It All (2009)

Madonna (2015) 6.1
Madonna (2015) Madonna (2015)*****************IMDb... 6.1 ဒီတစ်ခါမှာတော့ Seo Young Hee, Kwon So Hyun, Byun Yo Han, Kim Young Min အစရှိတဲ့ကေဒရာမာပရိသတ်ကြီးတွေနဲ့ ရင်းနှီးပြီး သရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ Madonna ဆိုတဲ့ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်း-ဟယ်ရင်းဟာ ဆေးရုံတစ်ခုရဲ့ တကယ့်ချမ်းသားကြွယ်ဝသူများအတွက် စီစဥ်ထားတဲ့ VIP လူနာဆောင်မှာတာဝန်ထမ်းဆောင်နေတဲ့ သူနာပြုတစ်ဦးဖြစ်ပါတယ်။ အဲဒီအထဲကမှ နှလုံးအစားထိုးကုသထားတဲ့ဖခင်ဖြစ်သူကို ဆယ်နှစ်လုံး ဆေးရုံမှာ ပြုစုစောင့်ရှောက်နေတဲ့ သူဌေးတစ်ယောက်ရှိပါတယ်။တစ်နေ့မှာတော့ သူဌေးကြီးရဲ့ ဖခင်ဟာ ကျန်းမာရေး ဆိုးရွားလာပြီး နှလုံးထပ်မံအစားထိုးဖို့မဖြစ်မနေ လိုအပ်လာတဲ့အခါမှာတော့ မတော်တဆမှုတစ်ခုကြောင့် ဆေးရုံကိုရောက်လာတဲ့မီနာဆိုသူ မိန်းကလေးရဲ့ နှလုံးကို အသုံးပြုဖို့ ဖြစ်လာပါတယ်။ နှလုံးအစားထိုးကုသမှုဖြစ်မြောက်နိုင်ဖို့အတွက် မီနာရဲ့အုပ်ထိန်းသူကို ရှာဖွေရင်း ဟယ်ရင်းတစ်ယောက် မီနာတစ်ဖြစ်လဲမာဒိုနာလို့သိကြတဲ့ မိန်းကလေးရဲ့ သနားစရာကောင်းလွန်းတဲ့ ဘဝဇာတ်လမ်းကို သိလာရတဲ့အခါ....သူဌေးကြီးရဲ့ ဖခင်ကို ကယ်ဖို့လုပ်တဲ့ရည်ရွယ်ချက်က ရိုးသားမှုနဲ့မဟုတ်ဘဲ တစ်စုံတစ်ရာရည်ရွယ်ချက်ရှိတယ်ဆိုတာ သိလာရတဲ့အခါ...ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ...
movie

Madonna (2015)

Herstory (2018) 6.8
Herstory (2018) Herstory (2018)*****************IMDb..... 6.8 ဒီရုပ်ရှင်ဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်သားတွေကြောင့် လိင်ကျွန်ဖြစ်ခဲ့ရတဲ့နစ်နာသူ ကိုရီးယားအမျိုးသမီး ၁၀ဦးဟာ ဂျပန်တရားရုံးအထိသွားပြီး ဂျပန်အစိုးရကို တရားစွဲခဲ့တဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး 2018 Eleven Best Films of the Year,Best Actress Award နဲ့ Best Supporting Actress Award အပါအဝင် ဆုပေါင်းများစွာ ရရှိထားတဲ့ဇာတ်လမ်းလည်း ဖြစ်ပါသေးတယ်။Castတွေအဖြစ်လည်း တကယ့် မင်းသမီးကြီးတွေဖြစ်ကြတဲ့ Kim Hee Ae, Kim Hae Sook,Ye Soo Jung, Moon Sook, Lee Yong Nyeo နဲ့ မင်းသား Kim Jun Han တို့အပြင်ဝါရင့်သရုပ်ဆောင်ကောင်းများစွာလည်း ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းကတော့မွန်းဂျောင်ဆု (Kim Hee Ae) ဟာ ဘူဆန်မှာ ခရီးသွားအေဂျင်စီတစ်ခု ပိုင်ဆိုင်ထားပြီး ...
movie

Herstory (2018)

With or Without You (2016) 6.4
With or Without You (2016) With or Without You (2016)**************************IMDb..... 6.4 ဒီတစ်ခေါက်မှာတော့ ၂၀၁၆ ခုနှစ်ကထွက်ရှိထားတဲ့ မင်းသား Shin Min-Chul နဲ့မင်းသမီး Jeon Hye-Bin တို့ရဲ့ ရိုမန့်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်း-Yeon-Yi (Jeon Hye-Bin) ဟာ နာမည်မရှိတဲ့ သရုပ်ဆောင်တစ်ဦးပါ။ Sun-Jae (Shin Min-Chul) ကတော့လက်ထောက်ဒါရိုက်တာတစ်ဦးဖြစ်ပြီး ဒါရိုက်တာဖြစ်လာဖို့အတွက် အိပ်မက်မက်နေသူတစ်ဦးပါ။သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ချစ်ကြပြီး လက်ထပ်ဖြစ်သွားခဲ့ပေမဲ့လည်းသူတို့ရဲ့အိမ်ထောင်ရေးဟာ စိတ်မကောင်းစွာနဲ့ပဲ ကြာရှည်မခံခဲ့ပါဘူး။ကွာရှင်းလိုက်ပြီဖြစ်သော်ငြားလည်း သူတို့နှစ်ဦးဟာ နယ်ပယ်တူ လုပ်ဖော်ကိုင်ဖက်အဖြစ်သူငယ်ချင်းကောင်းအဖြစ်နဲ့ ဆက်လက်ကျန်ရှိနေကြပြီး အလုပ်တွေ အတူလုပ်ကာ အခင်မင်မပျက်နေထိုင်ခဲ့ကြပါတယ်။ အကြောင်းကြောင်းကြောင့် သူတို့နှစ်ယောက်ဟာ သူတို့ရဲ့အကြောင်းကိုအတူရေးဖူးခဲ့တဲ့ ဇာတ်ညွှန်းကို  ရိုက်ကူးဖို့ဖြစ်လာတဲ့အခါမှာတော့..ခြေလှမ်းတစ်ချက်မှ အပျက်မခံတဲ့ သရုပ်ဆောင်လောကထဲမှာ Yeon-Yi တစ်ယောက် နာမည်ရအောင်ထိုးဖောက်သွားနိုင်ပါ့မလား.... Sun-Jae တစ်ယောက်ကရော အလုပ်ဖိအားဒဏ်တွေ အဆင်မပြေတော့တဲ့သူတို့နှစ်ဦးရဲ့ကြားထဲက အေးစက်မှုဒဏ်တွေကို တောင့်ခံနိုင်သွားပါ့မလား... နှစ်ယောက်သားကရောနောက်ဆုံးမှာ ပြန်လည်ပေါင်းစည်းသွားနိုင်ပါ့မလား.. ဆိုတာတွေကို တငြိမ့်ငြိမ့်နဲ့ ...
movie

With or Without You (2016)

Along with the Gods: The Two Worlds (2017) 7.2
Along with the Gods: The Two Worlds (2017) Along with the Gods: The Two Worlds (2017)**********************************************IMDb..... 7.2 ကိုရီးယားနိုင်ငံက ဒိတ်ဒိတ်ကြဲ သရုပ်‌ဆောင်တွေ ဖြစ်ကြတဲ့ Ha Jung Woo, Ju Ji Hoon,Cha Tae Hyun, Lee Jung Jae, Ma Dong Seok, Kim Hyang Gi တို့အပြင် သရုပ်ဆောင်များစွာပါဝင်တဲ့ ဇာတ်ကားကြီးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။-ဇာတ်လမ်းအညွှန်း-လူသားတွေဟာ သေလွန်ပြီးနောက် တမလွန်ဘဝ ရောက်တဲ့အခါ ၄၉ရက်တာ ကာလအတွင်းတရားခွင် ၇ခု စီရင်ခံရတယ်လို့ ဆိုပါတယ်။မီးသတ်သမားလေး ဂင်ဂျာဟုန်း (Cha Tae Hyun) ဟာ ပြည်သူတွေရဲ့ အသက်ကို ကယ်တင်ရင်းနဲ့ပဲသူရဲကောင်း ဆန်ဆန် ဘဝကူးပြောင်းသွားခဲ့ပါတယ်။သေမင်းတမန် ၃ယောက်ရဲ့ အကူအညီနဲ့ အတူ တမလွန်ဘဝကို ရောက်ရှိလာခဲ့တဲ့ ဂင်ဂျာဟုန်းဟာတရားခွင် ၇ခုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့မယ်ဆိုရင်တော့ ...
movie

Along with the Gods: The Two Worlds (2017)

MAL·MO·E: The Secret Mission (2019) 6.9
MAL·MO·E: The Secret Mission (2019) MAL·MO·E: The Secret Mission (2019)***********************************အရင်ဆုံး ဇာတ်ကားထဲက သရုပ်ဆောင်တွေအကြောင်းပြောရရင် ယောကျ်ားလေးပရိသတ်တွေ အရမ်းကြွေတဲ့ The Outlaws ထဲက ဆံရှည်ဘဲကြီးက အဓိကသရုပ်ဆောင်တစ်ဦးအနေနဲ့ပါဝင်ထားပါတယ် ဒီထဲမှာတော့ တာဝန်ယူမှုအပြည့်နဲ့ ထက်မြက်တဲ့ စာပေအဖွဲ့အစည်းကိုယ်စားလှယ်အဖြစ် မြင်တွေ့ရမှာပါ..... တခြားဇာတ်ဆောင်နဲ့ဇာတ်ပို့တွေကလည်း ကျရာဇာတ်ရုပ်ကိုပိုင်နိုင်တဲ့ ခပ်မိုက်မိုက် သရုပ်ဆောင်တွေဖြစ်တာမလို့ ဇာတ်ကောင်အတွက် နောက်ဆံတင်းစရာမလိုဘဲ စိတ်ချလက်ချကြည့်ရှုနိုင်ပါတယ်...ဇာတ်ကားနောက်ခံကတော့ ဂျပန်ကိုလိုနီခေတ်ကို အခြေတည်ပြီးရိုက်ထားတယ် ငါတို့အမိန့်အတိုင်းလိုက်နာရမယ် ဂျပန်ဘာသာစကားကိုပဲသုံးရမယ် မလုပ်ရင်ဖမ်းပြီးထောင်ချမယ် ဒီလိုကျွန်ပြုမှုတွေအောက်မှာ ကိုယ့်နိုင်ငံရဲ့ဘာသာစာပေမပျောက်ကွယ်ဖို့ နည်းမျိုးစုံနဲ့ကြိုးစားပုံကို ကွင်းကွင်းကွက်ကွက်မြင်အောင်ရိုက်ပြထားတယ် ..ဂျပန်ခေတ်ဖိနှိပ်ချုပ်ခြယ်မှုတွေအောက်မှာ ကိုယ့်နိုင်ငံရဲ့ စိတ်ဝိဉာဉ်မပျောက်ကွယ်အောင် တကယ်တမ်းလုပ်ဆောင်ကြတဲ့အခါ ဘယ်လောက်ထိခက်ခဲခဲ့တယ် .. ဘယ်လိုတွေပေးဆပ်ပြီး ဘာသာစာပေကို ဘယ်လိုပုံစံနဲ့ကာကွယ်ခဲ့ရတယ်ဆိုတာတွေ ရင်ထဲထိအောင် ကြည့်နေရင်းနားလည်ပေးနိုင်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမလို့ လက်လွှတ်မခံသင့်ကြောင်းပြောချင်ပါတယ်(ကိုရီးယားလူမျိုးတွေ ဂျပန်ကိုလိုနီနဲ့ပတ်သတ်ရင် ဘာကြောင့်ဆတ်ဆတ်ထိမခံဖြစ်ရလဲ ဒီဇာတ်ကားထဲမှာ အသေအချာမြင်နိုင်ပါလိမ့်မယ် )(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Phu Nge Nge Thein ပဲဖြစ်ပါတယ်.....)File size…1.77GB / 949MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 2 hr. 15 min. Genre ….. Historical, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Phu ...
movie

MAL·MO·E: The Secret Mission (2019)

Kim Ji Young: Born 1982 (2019) 7.3
Kim Ji Young: Born 1982 (2019) Kim Ji Young: Born 1982 (2019)**********************************ဒီဇာတ်ကားက နာမည်ကျော်ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာပါ...ဒီစာအုပ်ပါအကြောင်းအရာတွေဟာ စာဖတ်ပရိတ်သတ်ကြား အတော်ဂယက်ထခဲ့တယ်လို့ဆိုပါတယ်... ဒီကားထဲမှာတော့ နာမည်ကြီးသရုပ်ဆောင် Yoo Gong နဲ့ Jung Yu Mi တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်....ဘယ်လိုတွေကြောင့် စာဖတ်ပရိတ်သတ်ကြား အစွန်း(၂)ဘက်ရောက်နေကြတာလဲဆိုတာရယ်.. Drama အမျိုးအစားဒီဇာတ်ကားဟာ ရှိခဲလှတဲ့ IMDb...7.6 ရနေတာလဲဆိုတာကိုတော့ ခံစားကြည့်ကြပါ ... တခြားဇာတ်ညွှန်းတွေတော့ မရေးတော့ပါဘူး...တဖြည်းဖြည်း ခံစားကြည့်ရှုရတဲ့ကားမို့ spoilerဖြစ်မှာစိုးရိမ်လို့ Drama ကားကြိုက်သူတို့ လက်မလွှတ်သင့်ဘူးလို့သာညွှန်းဆိုပါရစေ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Phyu Zaw ပဲဖြစ်ပါတယ်)File size…1.85GB / 711MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Psychological, Life, Drama, Family Subtitle….Myanmar Subtitle (Hard Sub) Translated by May Phyu Zaw Encoded by AHtet
movie

Kim Ji Young: Born 1982 (2019)

Detective K: Secret of Virtuous Widow (2011) 6.5
Detective K: Secret of Virtuous Widow (2011) Detective K: Secret of Virtuous Widow (2011)**************************************************Comedy, Mystery ဇာတ်လမ်းအမျိုးအစား ဖြစ်တဲ့ ဂျိုဆွန်းခေတ်ရဲ့စုံထောက်ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဒီကားလေးက 2011,2015,2018 ဆိုပြီး 3ကားထွက်ရှိထားပြီး တစ်ကားချင်းစီမှာမတူညီတဲ့ အမှုတွေကို စုံစမ်းဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။အဓိက ဇာတ်ဆောင်ကြီးကတော့ Your Honor ဇာတ်လမ်းတွဲထဲက မင်းသားကြီးKim Myung Min နဲ့အတူ Oh Dal Soo၊ Han Ji Min တို့အပြင် နာမည်ကျော်ဇာတ်ပို့ဇာတ်ရန်များစွာ ပါရှိထားပါတယ်။-ဇာတ်လမ်းအကျဥ်း-ဂျိုဆွန်းခေတ် ဂျောင်ဂျိုဘုရင်လက်ထက်မှာ အစိုးရ အမှုထမ်းတွေရဲ့ လာဘ်ပေးလာဘ်ယူမှုနဲ့အတူ နောက်ဆက်တွဲ လူသတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ဂျောင်ဂျိုဘုရင် ခန့်အပ်ထားတဲ့ လျှို့ဝက်အထောက်တော်ကြီး ဂင်မင်းဟာ ဒီလူသတ်မှုကိုစုံစမ်းရင်းကနေ ကံဆိုးစွာနဲ့ပဲ တရားခံအဖြစ် အထင်လွဲခံရပြီး အကျဉ်းချခံလိုက်ရပါတယ်။ဒါပေမဲ့ အထော်တော်ကြီးဟာ အကျည်းထောင်ကို ဖောက်ပြေးခဲ့တာကြောင့် ဘုရင်ကနယ်နှင်ဒဏ်ပေးလိုက်ပြီး မုဆိုးမ အမှုတစ်ခုကို စုံစမ်းစေခဲ့ပါတယ်။အဲဒီလိုနဲ့ နယ်နှင်ဒဏ်ပေးခံလိုက်ရတဲ့ အထောက်တော်ကြီးဟာ ...
movie

Detective K: Secret of Virtuous Widow (2011)

The Desperate Chase (2024) 5.5
The Desperate Chase (2024) The Desperate Chase (2024)***************************Action ကားလည်းကြိုက်တယ် ဒါပေမဲ့ဟာသလေးတွေနဲ့ ပေါ့ပေါ့ပါးပါးလည်းကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ The Desperate Chase ဆိုတဲ့Movie အသစ်စက်စက်လေးနဲ့ မိတ်ဆက်ပေးပါရစေ။Cast တွေအနေနဲ့ကတော့ Killing Vote, Bloodhounds တို့ထဲကမင်းသားကြီး Park Sung Woong, Cafe Minamdang, Flex X Cop တို့ထဲကမင်းသား Kwak Si Yang, Kdrama ပရိသတ်ကြီးတွေ ရင်းနှီးနေပြီးသားဖြစ်တဲ့ဇာတ်ပို့မင်းသားကြီး Yoon Kyung Ho တို့က အဓိကအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း-ဇာတ်လမ်းကတော့ ဂျယ်ဂျူကျွန်းမှာ Gold Medi Valley လို့ခေါ်တဲ့ ဆေးဌာနကြီးကိုဖွင့်ဖို့လုပ်ရင်း ဒေါသကြီးပြီး ပြဿနာရှာနေကျ စုံထောက်နဲ့ ရုပ်ပြောင်းရုပ်လွှဲလုပ်ပြီးလိမ်စားနေကျ အကြီးစားလူလိမ်တို့ ထိပ်တိုက်တွေ့ကြရာကနေ စတင်လာခဲ့တာပါ။ဂင်အင်ဟယ် (Park Sung Woong) ကတော့ သရုပ်မှန်ကို မမှတ်မိအောင်ဖုံးကွယ်ပြီးရုပ်ဖျက်ရင်းလိုက်လိမ်နေတဲ့ ...
movie

The Desperate Chase (2024)

Project Silence (2024)
Project Silence (2024) Project Silence (2024)**********************Parasite ဇာတ်ကားထဲမှ မင်းသားကြီး Lee Sun-Kyun ကို တမ်းတလွမ်းဆွတ်နေကြတဲ့ပရိသတ်ကြီးအတွက် ဒီနေ့မှာ မင်းသားကြီးရဲ့ ရုပ်ရှင်ကားတစ်ကား ထွက်ရှိလို့လာခဲ့ပါပြီ။Lee Sun-Kyun နဲ့အတူ Kingdom ထဲမှ Ju Ji-Hoon, Kim Hee Won နှင့် အတူအခြား နာမည်ကြီး ဇာတ်ပို့ဇာတ်ရံများလည်း ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းအညွှန်း-တစ်နေ့မှာ ကိုးရီးယားနိုင်ငံရဲ့ရုတ်ချည်းရာသီဥတုဆိုးဝါးလာမှုကြောင့်မြူဆိုင်းအန္တရာယ်ကြုံတွေ့နိုင်ရကြောင်း နိုင်ငံတွင်းမှာ အသိပေးစာထုတ်ပြန်ထားပါတယ်။တိုက်တိုက်ဆိုင်ဆိုင် ချာဂျောင်းဝန်းလိုခေါ်တဲ့အမျိုးသားဟာ သူ့သမီးလေးကို နိုင်ငံတကာလေဆိပ်ကိုလိုက်ပို့ရင်းနဲ့ လေဆိပ်သို့အသွား တံတားပေါ်ကိုရောက်လာတဲ့အခါ မြူဆိုင်းအန္တရာယ်ကြောင့်ယာဉ်တိုက်မှုအကြီးနဲ့ ကြုံတွေ့ရပြီး သားအဖနှစ်ယောက်ပါ တံတားပေါ် ပိတ်မိနေပါတော့တယ်။ပြည်သူလူထုတွေ ပိတ်မိနေရုံမက စစ်တပ်ဦးဆောင်တဲ့ လျှို့ဝှက်စမ်းသပ်ချက်ရဲ့အစမ်းသပ်ခံတွေကိုပြောင်းရွေ့ရေးအဖွဲ့ဟာလည်း တံတားပေါ်  ပိတ်မိနေတဲ့အပြင်  ယာဉ်တိုက်မှုကြောင့်အစမ်းသပ်ခံများပါ လွတ်မြောက်သွားပါတယ်။အစမ်းသပ်ခံများက သားကောင်ကို ပစ်မှတ်ထားတိုက်ခိုက်တတ်ကြတဲ့ ရက်စက်ကြုမ်းကြုပ်တဲ့ခွေးသတ္တဝါကြီးများဖြစ်နေကြတဲ့အလျောက် ဒီအန္တရာယ်ကနေ ချာဂျောင်းဝန်းသားအဖတို့အပါအဝင်တံတားပေါ်မှာရှိတဲ့လူတွေ ဘယ်လိုရုန်းထွက်ကြမလဲဆိုတာကို သည်းထိပ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပြီးစစ်တပ်ဘက်ကရော သတ္တဝါတွေအပေါ် ဘယ်လိုစမ်းသပ်ချက်တွေကို ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့စမ်းသပ်လုပ်ဆောင်နေသလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ Thinn မှ ...
movie

Project Silence (2024)