Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Yasaka Chaisorn
6.2
In Youth We Trust (2024)
In Youth We Trust (2024) ************************4Kings ဇာတ်ကားထဲက မင်းသား Nat Kitcharitနဲ့ Arak Amornsupasiriတို့ ပါဝင်ထားတဲ့ထောင်တွင်းဇာတ်ကားကောင်းလေး ထွက်ရှိလို့လာပါပြီ...ထောင်တွင်းက လူငယ်အကျဉ်းသားတချို့အကြောင်းကိုဒါရိုက်တာက ပုံဖော်ရိုက်ကူးပြထားတာဖြစ်ပါတယ်...ပူအက်ဆိုတဲ့ကောင်လေးဟာ ငယ်စဉ်အရွယ်ကတည်းက ဖခင်မရှိဘဲ မိခင်နဲ့ နှစ်ဦးတည်းသာနေထိုင်ခဲ့ရသူပါ...မိခင်ဖြစ်သူဟာ တခြားလုပ်ငန်းမလုပ်တတ်တဲ့အတွက် မူးယစ်ဆေးရောင်းပြီးတော့ ပူအက်ကို ရှာဖွေကျွေးမွေးပျိုးထောင်ပေးခဲ့ပါတယ်...ပူအက်လည်း မိခင်ဖြစ်သူက မူးယစ်ဆေးရောင်းပြီး ရှာကျွေးတဲ့ကိစ္စကို အရှက်ကြီးရှက်ပြီးမူးယစ်ဆေးကိုလည်း အမုန်းကြီးမုန်းနေသူတစ်ယောက်ပေါ့...သူအရွယ်ရောက်ပြီး သိပ်မကြာခင်ပဲ အဖေဖြစ်သူကဆေးမှုနဲ့ထောင်ကျသွားပါတော့တယ်...အဲဒီအချိန်မှာပဲ ပူအက်တစ်ယောက် ဒေါသအလျောက်လူသတ်မှုဖြစ်ခဲ့ပြီးကျောင်းပြီးသွားလို့ အလုပ်ရရင် ဒီလိုရပ်ကွက်မျိုးကနေ ပြောင်းပြီး သားအမိနှစ်ယောက် ပျော်ပျော်ကြီးနေသွားမယ်ဆိုတဲ့ အိပ်မက်ဟာလည်းပျောက်ဆုံးသွားရပါတော့တယ်...ဒီလိုနဲ့ပဲ အိပ်မက်တွေပျောက်ဆုံးသွားတဲ့ လူငယ်တစ်ယောက် အကျဉ်းထောင်ကိုရောက်လာတဲ့အခါမှာဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Char Ou ဖြစ်ပါတယ်File Size : 1.89GB / 782MB Quality : WEB-DL 1080p / 720p Genres : Crime, Drama Duration ...
movie
In Youth We Trust (2024)
7.1
Tee Yod 2 (2024) Death Whisperer 2
Tee Yod 2 (2024)IMDb Rating (7.1) ထိုင်းနာမည်ကြီး horror ရုပ်ရှင် Tee Yod (Death Whisperer) ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ရပါပြီ။2023 ခုနှစ်ကထွက်ရှိခဲ့ပီး horror ဖန်တွေ ကြားမှာ တော်တော်လေး နာမည်ကြီးသွားခဲ့တဲ့ Tee Yod (Death Whisperer) ဟာ မိသားစု တစ်စု အရမ်းကြမ်းတဲ့ စုန်းမနဲ့ ရင်ဆိုင်ရပုံကို ခြောက်ခြားဖွယ်ရာ ပြသထားခဲ့တာပဲ ဖြစ်ပါတယ်။ပထမဇာတ်ကားရဲ့ အောင်မြင်မှုကြောင့် Tee Yod 2 ထပ်မံ ထွက်ရှိလာခဲ့ပြီး October လထဲမှာ ရုံတင်ပြသခဲ့တာပါ။ဒီလို ပြသချိန်မှာလဲ Tee Yod 2 ဟာ အကြီးအကျယ်အောင်မြင်ခဲ့ပီးတော့ 10 နှစ်အတွင်း ထိုင်းမှာ ဝင်ငွေ အကောင်းဆုံး horror ရုပ်ရှင် ဖြစ်ခဲ့ပါတယ်။ဇာတ်လမ်းကတော့ပထမရုပ်ရှင်ထဲက ညီမဖြစ်သူ Yam သေဆုံးသွားပြီးနောက် ...
movie
Tee Yod 2 (2024) Death Whisperer 2
2024
Trending
5.1
Operation Undead (2024)
Operation Undead (2024)************************တလောကမှ ရုံတင်ထားတဲ့ Nongkul ရဲ့ ဇွန်ဘီးကားအသစ်လေးကို CM ပရိသတ်ကြီးအတွက် Quality အလန်းနဲ့ တင်ဆက်ပေးလိုက်ပါပြီ။ရုံတင်တုန်းက mixed review တွေ ရထားတဲ့ ဒီကားလေးကရော ပရိသတ်စိတ်ကြိုက်တွေ့မလား ..just another zombie movie ဖြစ်မလားဆိုတာကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။ဒုတိယကမ္ဘာစစ်ကာလ ထိုင်းနယ်စပ်ကို ဂျပန်စစ်သားတွေ ကျူးကျော်ဝင်ရောက် လာတဲ့အတွက် စစ်ဖြစ်ကြရင်း နှစ်ဖက်သဘောတူ အပစ်အခတ် ရပ်စဲလိုက်ကြတာပေါ့။ဒီတော့ ဌာနချုပ်က မက်နဲ့မော့တို့ ညီအစ်ကိုနှစ်ယောက်နဲ့ သူတို့တပ်ဖွဲ့တွေနဲ့ အတူ နယ်စပ်မှာ နယ်မြေရှင်းလင်းရေးအတွက် လွှတ်လိုက်ပါတော့တယ်။ဒါပေမဲ့ သူတို့ မသိတာက ကျူးကျော်လာတဲ့ ဂျပန်စစ်သားတွေမှာ ထူးဆန်းတဲ့ ဇီဝလက်နက်တစ်ခု ပါလာပြီးတော့ တိုက်ပွဲဖြစ်ရင်း အဲဒီလက်နက်က သေတ္တာထဲကကျသွားပြီး နယ်စပ်က ရွာနီးစပ်ချုပ်မှာ ပြန့်သွားတဲ့အခါ...ကိုယ့်ဇာတ်ကိုယ်မကနိုင်လို့ အကုန်ရှင်းပစ်ဖို့ကြံစည်နေတဲ့ ဂျပန်စစ်သားတွေကတစ်ဖက် ကိုယ့်ရဲ့ရှင်သန်ရေးအတွက် တိုက်ခိုက်ရမယ့် ရွာသားတွေနဲ့ ထိုင်းစစ်သားတွေကတစ်ဖက် လွန်ဆွဲပွဲမှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်) File size…1.59GB / ...
movie
Operation Undead (2024)
6.8
Bangkok Breaking: Heaven and Hell (2024)
Bangkok Breaking: Heaven and Hell (2024)IMDb Rating (6.8 )Weirနဲ့ Aom Sushar ရဲ့ နာမည်ကြီးဇာတ်လမ်းတွဲဖြစ်တဲ့ Bangkok Breaking ရဲ့ sequel ဖြစ်တဲ့ Bangkok Breaking: Heaven and Hell ထွက်ရှိလို့လာပါပြီ။ ဒီတစ်ခါမှာလည်း ကယ်ဆယ်ရေးသမားလေး ဝမ်ချိုင်တစ်ယောက် ဘယ်ဇာတ်ရှုပ်ထဲပါသွားဦးမလဲ ရှုစားကြပါဦး။မထင်မှတ်ထားတဲ့ဖြစ်ရပ်တစ်ခုကြောင့် ကယ်ဆယ်ရေးအဖွဲ့ကနေ ကန်ထုတ်ခံလိုက်ရတဲ့ဝမ်ချိုင်တစ်ယောက် အရှုပ်မတွေ့ရမနေနိုင်ဆိုတဲ့အတိုင်းပဲ ကလေးမလေးတစ်ယောက်ကို ပြန်ပေးဆွဲတဲ့အမှုမှာ ပါဝင်ပတ်သက်မိပြန်တော့တာပေါ့။ဒါပေမဲ့ ဒီကလေးမလေးက ဩဇာညောင်းတဲ့သူဌေးတစ်ယောက်ရဲ့သမီးဖြစ်နေပြီး သာမန်ပြန်ပေးမှုလေးမဟုတ်ဘဲ ဂိုဏ်းတွေရဲ့အရှုပ်အရှင်းတွေအပြင် အိမ်ရာစီမံကိန်းကြီးတစ်ခုနဲ့ အာဏာပြိုင်ဆိုင်မှုတွေပါဝင်ပတ်သက်နေတဲ့အခါ...အပြစ်ရှိတဲ့စိတ်တွေနဲ့ ရှင်သန်နေတဲ့ကယ်ဆယ်ရေးသမားလေးဝမ်ချိုင်နဲ့ သူနာပြုလက်သစ်လေးမယ်ဂျီတို့ အရှုပ်အထွေးတွေကြားက ကလေးမလေးကို ဘယ်လိုကယ်ဆယ်မလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mary Christ, Su Myat, Dao Phyo တို့မှ တင်ဆက်ထားပါတယ်။) File size…(2.7 GB )/(1.5 GB) Quality….WEB-DL 1080p HEVC / 720p Format…mkv/mp4 Duration….02:27:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka ...
movie
Bangkok Breaking: Heaven and Hell (2024)
6.4
Anatomy of Time (2021)
Anatomy of Time (2021)နာမည်နဲ့လိုက်အောင်ကိုပဲ ဒီကားရဲ့ အချိန်စဉ်တွေက ဟိုတစ်စ ဒီတစ်စဆိုသလိုဖြစ်နေတယ်။ အဖြစ်အပျက်စဉ်အလိုက်တော့မဟုတ်ဘူး ဒါပေမဲ့ အချိန်ကာလအားဖြင့်တော့ ၂ခုကို သုံးထားတယ်။ မိန်းမတစ်ယောက်ရဲ့ အပျိုဘဝနဲ့ အဘွားကြီးဖြစ်သွားတဲ့အချိန်ပေါ့။ ဒီနေရာမှာ သူက ဒီအမျိုးသမီးရဲ့ ငယ်ဘဝကို ပုံဖော်တဲ့နေရာမှာ အရောင်တွေစိုစိုပြည်ပြည်သုံးထားသလို ခန္ဓာလှုပ်ရှားပုံဖော်မှုတွေကအစ ရမ္မက်နဲ့သိချင်စိတ်ကို မြင်နေရတယ်။ တော်တော်လေးသိသိသာသာပါပဲ။ ဒါတော့ ဒီထိုင်းဒါရိုက်တာရဲ့ အားသာချက်လို့ပြောရမလား မင်းသမီးရဲ့သရုပ်ဆောင်စွမ်းကိုပဲ ချီးကျူးရမလားပါပဲ။ နောက် သူ့အဖေက နာရီပြင်ဆရာဖြစ်သလို ဒီကားရဲ့ အပြတွေရဲ့ ဖြည့်စွက်မှုတစ်ခုလိုဖြစ်နေတဲ့ အရှေ့တိုင်းဖလော်တွေကို ပြောသွားတဲ့လူပေါ့။ ဒီဇာတ်ကောင်ကို တည်ဆောက်ထားတာ တော်တော်ဝေဝါးပေမဲ့ သူ့ထည့်ချင်တဲ့အဖြည့်တစ်ခုနဲ့ ပဟေဠိတစ်ခုကို ထည့်ပေးနိုင်တဲ့ ဇာတ်ကောင်လို့မြင်ရတယ်။ နောက်ထပ်မြင်ရတဲ့ ဇာတ်ကောင်က မင်းသမီးရဲ့ ယောက်ျားဖြစ်လာမယ့်သူတစ်ဖြစ်လဲ ဖြစ်နေတဲ့သူတစ်ဖြစ်လဲ စစ်ခေါင်းဆောင်တစ်ယောက်။ သူလည်းမထူးဘူးပြောရမလိုလိုပဲ ။ သူ့မကောင်းမှုတွေများတာကို သိရပေမဲ့ အဲဒီမကောင်းမှုတွေက ဘယ်လောက်ထိတာသွားသလဲတော့ ရေရေရာရာပြမသွားဘူး။ ဒါတော့ သူ့အပြအပိုင်းပေါ့။သူ့ခေတ်က ထိုင်းနိုင်ငံရဲ့ အာဏာရှင်စနစ်နဲ့ ကွန်မြူနစ်သူပုန်တွေကြားက တင်းမာမှုတွေရှိခဲ့တဲ့ ဆိုးဆိုးရွားရွားခေတ်တစ်ခုမှာတည်ထားတယ်။ တိုင်းပြည် ဒုက္ခဝေတဲ့ခေတ်ပေါ့။ ဒီကားရဲ့ အဓိကပုံဖော်မှုဟာ ...
movie
Anatomy of Time (2021)
2021
7.1
You & Me & Me (2023)
You and Me and Me (2023)တစ်ယောက်တည်းမွေးလာရပြီး တစ်ယောက်တည်းသေသွားရမယ့် လောကကြီးထဲမှာ အမြွှာဆိုတာ ဆုလာဘ်တစ်ခုပါပဲ။ အမေ့ဗိုက်ထဲမှာ အတူတူနေခဲ့ရတယ်၊ အဝတ်အစားတွေ အတူတူဝတ်ခွင့်ရှိတယ်၊ အသုံးအဆောင်တွေ အတူတူသုံးခွင့်ရှိတယ်။ဒါပေမဲ့ ဘယ်လောက်ပဲချစ်ကြတဲ့ အမြွှာတွေဖြစ်နေရင်တောင် ဝေမျှလို့မရနိုင်တာကတော့ “အချစ်ပေါ့”။၁၉၉၉ ခုနှစ်ကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာဆိုရင် You နဲ့ Me ဆိုတဲ့ ဆယ်ကျော်သက် အမြွှာညီအစ်မနှစ်ယောက်ဟာ မွေးကတည်းက အတူသွား အတူလာ အတူစားပြီး တစ်ယောက်မရှိရင် တစ်ယောက်မနေနိုင်တဲ့အထိ ချစ်ကြတဲ့အမြွှာတွေပါ။ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့ရဲ့ဘဝထဲကို Mark လို့ခေါ်တဲ့ ကောင်လေးတစ်ယောက် ဝင်ရောက်လာခဲ့ပါတယ်။ ကံဇာတ်ဆရာအလိုကျ Mark ဟာ ပျိုဖော်ဝင်ခါစ ညီအစ်မနှစ်ယောက်ရဲ့အချစ်ဦး ဖြစ်လာတဲ့အခါမှာတော့ ...ကျန်တာတွေ ဝေမျှနိုင်ရင်တောင် အချစ်ကိုတော့ ဘယ်လိုမှဝေမျှလို့မရတဲ့အခါ ဒီအမြွှာညီအစ်မနှစ်ယောက်ရဲ့ ဘဝကြီးဟာ အချစ်ကြောင့် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမှာလားဆိုတာ ကြည့်ရှုခံစားရမယ့် အချစ်ဇာတ်ကားလေးတစ်ကားပါပဲ။အညွှန်းကိုတော့ Hmwe Thet Winn က ...
movie
You & Me & Me (2023)
2023
6.9
The Medium (2021)
The Medium (2021)မမြင်ရတဲ့ ပရလောကနဲ့ လူ့လောကကို ဆက်သွယ်ပေးနိုင်တဲ့ ကြားခံနယ်မြေကနေ ရုပ်ရှင်ချစ်ပရိသတ်များကို ကြိုဆိုလိုက်ပါတယ်။သာသနာမထွန်းကားမီခေတ်က နတ်ကိုးကွယ်မှုတွေရှိခဲ့ဖူးတဲ့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။နတ်ကိုးကွယ်မှုတွေ ဆက်လက်တည်တံ့နေသေးတဲ့ ထိုင်းနိုင်ငံ အိစံနယ်ဘက်ပိုင်းက ရွာလေးတစ်ရွာမှာ နေထိုင်ကြတဲ့ နတ်ဝင်သည်မျိုးရိုး မိသားစုတစ်စုမိသားစုရဲ့ သမီးကြီးက ဓလေ့ထုံးထမ်းအရ နတ်ဝင်သည်အဖြစ် ဆက်ခံရမှာကို မဆက်ခံဘဲ ငြင်းဆန်လိုက်တဲ့အခါအစ်မကြီးနွိုင်းအစား ညီမဖြစ်သူ နှင်းက ဆက်ခံဖို့ ဖြစ်လာပါတယ်။ သို့ပေသိ နှင်းက အိမ်ထောင်မရှိတဲ့ အပျိုကြီးဖြစ်နေတော့ သူလွန်ရင်.... နောက်ထပ်ဆက်ခံရမယ့်သူဟာ ဘယ်သူဖြစ်လာမှာလဲ။မျိုးဆက်ရဲ့ တစ်ဦးတည်းသောမိန်းကလေးဖြစ်သူ နွိုင်းရဲ့ သမီး မင်ကလည်း ဆက်ခံဖို့ကို ခါးခါးသီးသီးဖြစ်နေတဲ့အခါ.... ဓလေ့ထုံးတမ်းကို ငြင်းဆန်တဲ့သူတွေအဖို့ ကြုံတွေ့ရမယ့်အရာတွေက ဘာတွေများလဲ။အစဉ်အလာကြီးတဲ့ ကိုးကွယ် ယုံကြည်မှု ဓလေ့ထုံးတမ်းတွေ ထိုင်း နတ်ဝင်သည်တွေရဲ့ ဘဝအစိတ်အပိုင်းတွေကို ထဲထဲဝင်ဝင် ရိုက်ကူးပြသထားတဲ့အပြင်One Day, Heart Attackစတဲ့ နာမည်ကြီးဇာတ်ကားတွေကို ရိုက်ကူးတင်ဆက်ခဲ့တဲ့ ထိုင်းနာမည်ကြီးဒါရိုက်တာBanjongနဲ့The Wailing ကဲ့သို့သော ကိုးရီးယားနာမည်ကြီး Horrorကားရဲ့ ပဲ့ကိုင်ရှင် Na Hong-Jinတို့ရဲ့ပထမဆုံး Collabလုပ် ရိုက်ကူးထားတဲ့ ဇာတ်ကားမို့ ရုပ်ရှင်ချစ်ပရိသတ်တွေအနေနဲ့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ဒါ့အပြင် ထိုင်းမှာ ကပ်ရောဂါအခြေအနေကြောင့် ...
movie
The Medium (2021)