Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Yapoena Silva
7.0
You Are Not Me (2024)
မိဘအိမ်နဲ့ဝေးရာကိုသွားပြီး အိမ်ပြန်လာတဲ့အချိန်မှာကိုယ့်ကိုမကြည်ဖြူတော့ဘဲ ကိုယ့်နေရာမှာလည်း တခြားသူစိမ်းတစ်ယောက်ကိုအစားထိုးထားပြီဆိုရင် ဘယ်လိုခံစားရမလဲလို့စဉ်းစားကြည့်လိုက်ပါ။ဒါမျိုးကမရှိတာတော့မဟုတ်ပေမဲ့ ထူးထူးခြားခြားဖြစ်တဲ့အတွက် ဒီအိုင်ဒီယာကိုယူပြီး ဇာတ်ကားတစ်ကားအဖြစ်ဖန်တီးလိုက်တဲ့အခါမှာတော့ အခုတင်ဆက်ပေးမဲ့သည်းထိပ်ရင်ဖိုဇာတ်ကားလေးထွက်လာပါတော့တယ်။နာမည်ကိုတော့ You Are Not Me(နင်က ငါမဟုတ်ဘူး)လို့ပေးထားပြီး လက်ရှိ IMDb Rating 7.0 အထိရရှိထားတဲ့အတွက် သည်းထိပ်ရင်ဖိုပရိသတ်တွေအတွက် ကြည့်လို့ကောင်းမယ်ဆိုတာကတော့ အသေအချာပါပဲ။အိုက်တာနာဆိုတဲ့အမျိုးသမီးတစ်ယောက်က သူ့ရဲ့လိင်တူချစ်သူဂါဘီနဲ့ သူတို့ရဲ့မွေးစားသားလေး ဂျိုးတို့နဲ့အတူ ခရစ္စမတ်အကြိုနေ့ညမှာ မိဘတွေရှိရာအိမ်ကို ကြိုအသိမပေးဘဲစပရိုက်စ်ပြန်လာခဲ့ပါတော့တယ်။အိုက်တာနာစိတ်ထဲမှာတော့မိဘတွေပျော်သွားမယ်လို့ထင်ခဲ့ပေမဲ့ သူတို့ကိုတွေ့လိုက်တဲ့အခါမှာ မိဘတွေကမျက်စိပျက်မျက်နှာပျက်တွေဖြစ်နေခဲ့ကြပါတော့တယ်။ဒါနဲ့တင်မပြီးသေးဘဲ သူ့အခန်းထဲမှာလည်းသူစိမ်းအမျိုးသမီးတစ်ယောက်ဝင်အိပ်နေလို့ လန့်တောင်လန့်ခဲ့ရပါသေးတယ်။အဲ့ဒီအမျိုးသမီးကတော့ နာဒီယာဖြစ်ပြီးသူ့မိဘတွေကသနားလို့မွေးစားထားတဲ့ လမ်းဘေးကကောင်မလေးပဲဖြစ်ပါတယ်။ဒါပေမယ့် သူ့မိဘတွေက သူ့ထက်နာဒီယာကိုပဲအရေးပေး ဂရုစိုက်နေပြီး သူ့ကိုတော့ရှိလေတယ်လို့တောင်မထင်တဲ့အတွက် အိုက်တာနာတစ်ယောက် ဒေါသလည်းဖြစ် ရှုပ်လည်းရှုပ်ထွေးရင်းနဲ့ သူ့အိမ်မှာဖြစ်နေတဲ့အဖြစ်အပျက်တွေရဲ့ နောက်ကွယ်ကတကယ့်အကြောင်းအရင်းကိုစုံစမ်းတဲ့အခါမှာတော့ ဘယ်လိုထိတ်လန့်စရာတွေကိုသိလာရမယ်ဆိုတာကို ရှုစားရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (669 MB) / (406 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 38m Genre …. ...
movie
You Are Not Me (2024)