Channel Myanmar

Xing Yu

Ant Mutation Crisis (2025) 5.8
Ant Mutation Crisis (2025) ကမ္ဘာဦးအစကတည်းကဖြစ်တည်လာခဲ့တဲ့ပုရွက်ဆိတ်တွေမှာ ထူးခြားတဲ့စွမ်းရည်တွေရှိတယ်လို့ဆိုကြပါတယ်။ သိပ္ပံပညာရှင်တစ်စုဟာ အမေဇုန်တောထဲကထူးခြားတဲ့ပုရွက်ဆိတ်မျိုးနွယ်ကိုသွားရှာပြီးတော့ သူတို့ရဲ့ပုရွက်ဆိတ်ဘုရင်မကိုဖမ်းခဲ့ပါတယ်။ အဲဒီပြီးတော့မကြာပါဘူး သူတို့တစ်ဖွဲ့လုံးဒုက္ခရောက်သွားပြီးတော့ ကုမ္ပဏီကလဲဒီစီမံကိန်းကိုဖျက်လိုက်ပါတယ်။အဲဒီအဖွဲ့ထဲကတစ်ဦးသောအသက်ရှင်ကျန်သူပညာရှင်တစ်ယောက်ဟာ အကုန်ဆုံးရှုံးလိုက်ရပေမယ့် သူ့ရဲ့ရောဂါသည်သားလေးကိုကယ်ဖို့ ဒီစီမံကိန်းကိုလက်မလျှော့ခဲ့ပဲ ဆက်ပြီးသုတေသနလုပ်နေခဲ့ပါတယ်။ လေ့လာရင်းနဲ့ ပုရွက်ဆိတ်ကိုယ်ထဲကနေရတဲ့အရည်ဟာ လူသားတွေရဲ့မျိုးရိုးဗီဇကိုပြောင်းလဲပေးနိုင်တာကို တွေ့လိုက်ရတဲ့အချိန်မှာ အရာအားလုံးကပြောင်းလဲသွားပါတော့တယ်။ သူ့ရဲ့သားလေးကိုကုပေးဖို့ မျှော်လင့်ချက်တွေရှိလာပေမယ့် ...... မထင်မှတ်ထားတဲ့ထိန်းချုပ်မရတဲ့နောက်ဆက်တွဲတွေဖြစ်လာတဲ့အခါ...... Filesize : 1.47 GB / 772 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Mystery , Science-Fiction , Action Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Ant Mutation Crisis (2025)

I Am A Fighter (2025) 5.7
I Am A Fighter (2025) ဘားက ကြေးစားလက်ဝှေ့ပြိုင်ပွဲက နာမည်ကြီး ညဉ့်နတ်ဘုရားဟာ... ထူးထူးခြားခြား တစ်ခါမှ တကယ့်လက်ဝှေ့ပြိုင်ပွဲတွေမှာ မပါဝင်တဲ့အပြင်မှာ... သရုပ်မှန်လည်းမပေါ်အောင် မျက်နှာလည်းဖျက်ထားသေးတယ်...တကယ်တော့ သူက တခြားမဟုတ်ဘူး တစ်ချိန်က လျိုလက်ဝှေ့ကျော်ကြီးရဲ့ တစ်ဦးတည်းသောသားပါ... ဒါပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ချန်ပီယံဖိုင်နယ်ပြိုင်ပွဲမှာ အဖေ့အသက်ကို ဆုံးရှုံးခဲ့ရတာကြောင့်ပါ....ဒါကြောင့်လည်း အမေကလည်း သူ့ကို လက်ဝှေ့ပေးမထိုးခိုင်းသလို သူကိုယ်တိုင်ကလည်းဒီပြိုင်ပွဲတွေကို စိတ်ပျက်နေခဲ့တာပဲ... ဒါပေမယ့်လည်း ကောင်မလေးတစ်ယောက်အတွက်နဲ့ သူ့ဟာ ညဉ့်နတ်ဘုရားဆိုတဲ့ သရုပ်မှန်ကို ထုတ်ဖော်ဖို့ကြိုးစားခဲ့တယ်... စိတ်ကူးထဲကအတိုင်းတော့မဖြစ်ခဲ့ဘူးပေါ့... ဘယ်လိုကိစ္စကြောင့် သူ့စိတ်ကူးတွေမဖြစ်ခဲ့တယ်ဆိုတာကတော့ ဇာတ်ကားလေးသာ ကြည့်လိုက်ပါတော့ Filesize : 1.89 GB / 946 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Adventure Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...
movie

I Am A Fighter (2025)

Legends of the Condor Heroes: The Gallants (2025) 6.8
Legends of the Condor Heroes: The Gallants (2025) အားလုံးစောင့်မျှော်နေတဲ့ ရှောင်းကျန့် ရဲ့ ကောကျင့်ဗားရှင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်.... ဒီကားလေးအတွက် ရှောင်းကျန့်ဟာ အများကြီး ပြင်ဆင်ခဲ့ရပြီး... သူ့ဘဝအတွက် အမှတ်တရများစွာကို ဖန်တီးခဲ့တဲ့ ကားလေးထဲက တစ်ကားဖြစ်လို့ ဖန်တွေပါ အများကြီးမျှော်လင့်ခဲ့တဲ့ကားလေးပေါ့... သိုင်းကားချစ်သူတွေအတွက်ကတော့အထွေအထူးပြောစရာမလိုလှတဲ့ ဆရာကြီးကျင်းယုံရဲ့ မက်မွန်မြေကချစ်တေးတစ်ပုဒ် ဇာတ်လမ်းတွဲက အဓိက ဇာတ်ကောင် ကောကျင့်အကြောင်းကိုရိုက်ကူးတင်ဆက်ထားတာပါပဲဇာတ်လမ်းအကျဉ်းလေးကတော့ တခြားဗားရှင်းတွေနဲ့ မကွာခြားလှပါဘူး... ကျင်းလူမျိုးတွေခြယ်လှယ်မင်းပြုနေချိန်မှာ ဒေသအသီးသီးက ကိုယ်မြေ ကိုယ့်ရေကို ကာကွယ်ဖို့အတွက် ပုန်ကန် ကာကွယ် တိုက်ခိုက်လာကြတာပေါ့...ဒီမြေ ဒီရေနဲ့ ဒီလူမျိုးကို ကာကွယ်ဖို့ ဒီလူမျိုးပဲရှိတာကြောင့်... နေရာတိုင်းမှာ စစ်ပွဲတွေဖြစ်ပြီး... ရရာလက်နက်ဆွဲကိုင်ပြီး ကိုယ်ကျွမ်းကျင်ရာ လိမ်မာရာ နည်းလမ်းတွေနဲ့ တိုက်ခိုက်ခဲ့တာပေါ့... ကောကျင့်ကတော့ မူလ စုန့်လူမျိုးဖြစ်ပြီး စုန့်ပြည်ထောင် ပျက်သုဉ်းချိန်မှာ မွန်ဂိုမြေမှာ ကြီးပြင်းခဲ့သူတစ်ယောက်ပေါ့...မွန်ဂိုတို့ တတ်သင့်တဲ့ မြှားပစ်အစွမ်းကို သိကျွမ်းပေမယ့် မလုံလောက်တာကြောင့် အလယ်ပိုင်းဒေသမှာ သိုင်းပညာ လေ့လာဖို့အတွက် ရောက်လာခဲ့တာပေါ့.... ဒီလိုနဲ့ ကျန်းနန်လူထူးလူဆန်း ၇ ဖော်ရဲ့ တပည့်ဖြစ်လာခဲ့တယ်...တစ်ချိန်တည်းမှာ အကြောင်းကြောင့်ကြောင့် သိုင်းလောကထိပ်သီး ၅ ဦးထဲက တစ်ဦးဖြစ်တဲ့ အရှေ့ပိုင်း မိစ္ဆာသခင် ဟွမ်ယောင်ရှစ့်ရဲ့သမီး ဟွမ်ရုံနဲ့ အမှတ်တမဲ့ ဆုံဆည်းရာကနေ ဘဝမှာမမေ့နိုင်တဲ့ အမှတ်တရဖြစ်လာခဲ့တာပေါ့...ဒီလို ခင်မင်ရင်းနီးလာရာကနေ ...
movie

Legends of the Condor Heroes: The Gallants (2025)

4K HEVC
Condor Hero (2025) 6
Condor Hero (2025) ဆရာကြီးကျင်းရုံရဲ့ condor hero trilogy ထဲက နာမည်ကြီးဝတ္တုတပုဒ်ဖြစ်တဲ့ The Return Of Condor Heroes ကို 2025 မှာ Movie Version အဖြစ် ပြန်လည်ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ် ရန်ကော်အဖြစ် Zhao Huawei ၊ ရှောင်လုံနွီ (ဂူးဂူး) အဖြစ်နဲ့ Wang Zijun တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် သိုင်းဇာတ်လမ်းစစ်စစ် တွေရှားပါးနေတဲ့ခေတ်မှာ အခုလို နာမည်ကြီး Novel တစ်ပုဒ် ကို Movie Version အဖြစ် ပြန်လည်တင်ဆက်လာတဲ့ ဒီဇာတ်လမ်းလေးအပေါ်မှာ သိုင်းချစ်သူတို့ သဘောကျမကျ ကတော့ ကိုယ်တိုင်သာ ဇာတ်လမ်းလေးကိုကြည့်ပြီး ဆုံးဖြတ်ကြရမှာပဲဖြစ်ပါတယ်ဇာတ်လမ်းကတော့ ကျိုးရင်းမရဏသိုင်းကိုပြောင်းပြန်ကျင့်ခဲ့လို့ရူးသွပ်သွားတဲ့ အနောက်ပိုင်းအဆိပ်ဘုရင်အိုးရန်ဖုန်းက ရန်ကော့ကို မွေးစားပြီးပျိုးထောင်ပေးခဲ့တဲ့နေရာကစပါတယ်။အိုးရန်ဖုန်းမွေးစားထားတဲ့ရန်ကော့ကို ကောကျင့်တို့ရှာတွေ့သွားပြီးတော့ ချွမ်ကျန်းဂိုဏ်းမှာသိုင်းပညာသင်ဖို့အပ်ခဲ့တယ်။ ရန်ကော့ရဲ့အဖေရန်ခန်းရဲ့လုပ်ရပ်တွေကြောင့် ရန်ကော့ကိုမုန်းနေကြတဲ့ချွမ်ကျန်းဂိုဏ်းသားတွေကြောင့် ရန်ကော့ကလူသတ်မှုနဲ့အပြစ်တင်စွပ်စွဲခံရပြီး ပြေးလွှားရင်းနဲ့ တားမြစ်နယ်မြေမှာရှိတဲ့ ရှောင်လုံနွီဆီရောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ရန်ကော့ရဲ့ဘဝခရီးကိုစတင်ပါတော့တယ် ရုပ်ရှင်ဗားရှင်းမှာ ဘယ်လိုကွဲပြားတဲ့တင်ဆက်ပုံတွေနဲ့ တင်ဆက်မလဲ...ဒီထဲမှာရော 2025 ရသေ့က မျက်စိစည်းသွားဦးမလားဆိုတာ......။ Filesize :  3.2 GB  / 1.29 GB  /  751 MB Quality : ...
movie

Condor Hero (2025)

4K HEVC
Striking Rescue (2024) 6.7
Striking Rescue (2024)  ong bak မင်းသား တိုနာဂျားပါတဲ့ တရုတ် အက်ရှင် ရုပ်ရှင်အသစ်ပါ။မွေ့ထိုင်းသမားနဲ့ တရုတ်သိုင်းသမားတွေတွေ့တာပေါ့။ဒါရိုက်တာကလည်း အက်ရှင်ဒါရိုက်တာ Siyu Cheng မို့အတိုက်အခိုက်ခန်းတွေ ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်း+++++++++ပိုင်အန်းဆိုတဲ့လူဟာ ဂိုထောင်ညစောင့်တစ်ယောက်ပါ။တစ်နေ့မှာ သူ့ရဲ့သမီးနဲ့မိန်းမကို ဘိန်းမှောင်ခိုဂိုဏ်းတစ်ခုကသတ်တာ ခံလိုက်ရယ်။ အဲဒီသတ်တဲ့လူတွေနောက်ကို လိုက်ရင်ဘိန်းမှောင်ခိုဂိုဏ်းခေါင်းဆောင်ကို သတ်နိုင်တဲ့အထိလိုက်ကြိုးစားပါတော့တယ်။ အဲဒီအချိန်မှာပဲ သူသတ်ရမဲ့သူရဲ့သမီးကို ကယ်ဖို့အကြောင်းဖန်လာပြီး သူနဲ့ ကလေးမလေးနဲ့နှစ်ယောက် အခြားရန်သူတွေလက်ကလည်းလွတ်အောင်ပြေးရင်းသူ့အဖေကို ကယ်ဖို့နဲ့ သတ်ဖို့ အတူတူကြိုးစားကြရပါတော့တယ်။  File size… (3.93GB) / (1.61GB ) / (941MB) Quality… WEB-DL 4K HEVC 1080p / 720p Format…mkv / mp4 Duration….1h 46m Genre …..Action , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson
movie

Striking Rescue (2024)

4K HEVC
Catch The Dragon ( 2022 ) 6
Catch The Dragon ( 2022 ) CM ကနေပြီးတော့ဒီတစ်ခါအမိုက်စားဇာတ်ကားလေးတစ်ကားဖြစ်တဲ့ Catch the dragon ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Qin Xiaofeng ကထက်မြက်တဲ့ လူငယ်တစ်ယောက်ဖြစ်ပြီးသူ့အဖေဖြစ်သူကတော့ ခွန်မိုက်တောင်မှာနဂါးရှာပုံတော်ဖွင့်ရင်းပျောက်ဆုံးသွားခဲ့တယ်။ သူ့အဖေပျောက်ဆုံးမှုအမှန်တရားကိုရှာဖွေဖိုနဲ့လက်စားချေဖိုအတွက် Qin Xiaofeng ကနဂါးရှာတဲ့အဖွဲနဲ့ပူးပေါင်းခဲ့တယ်။ဒီလိုနဲ့ Qin Xiaofeng ကတော့သူ့အဖေပျောက်ဆုံးရတဲ့ ဆန်းကြယ်တဲ့လျှိဝှက်ချက်ကိုရှာတွေ့နိုင်တဲ့လိုထင်တဲ့အချိန်မှာ ရုတ်တရက်အရင်တုန်းကသေဆုံးသွားတဲ့အရိုးတွေကိုရှာတွေခဲ့တယ်။ Qin Xiaofeng တစ်ယောက်တဖြည်းဖြည်းချင်း လျှိဝှက်ဆန်းကြယ်တဲ့အရာတွေနဲ့ ရင်ဆိုင်လာရတဲ့အချိန်မှာတော့... ကဲဒီတော့သူ့အဖေပျောက်ဆုံးသွားတဲ့အမှန်တရားကဘာဖြစ်မလဲ ?လူတွေကခွန်မိုက်တောင်သွားရင်နဂါးဖမ်းစားခံရတယ်ဆိုတဲ့ သတင်းတွေကအမှန်လား ? ဘယ်လိုတွေလျှိဝှက် ဆန်းကြယ်တဲ့အရာတွေဖြစ်လာမလဲ? အရာအားလုံးဖော်ထုတ်နိုင်မလားဆိုတာ Catch the dragon ဇာတ်ကားကို ဆက်လက်စောင့်မျှော်ကြည့်ရူလိုက်ရအောင် ~ Filesize : 747 MB / 415 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Fantasy Runtime : 1h 13min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded By LK
movie

Catch The Dragon ( 2022 )

The White Storm ( 2013 ) 6.7
The White Storm ( 2013 ) Line Walker မင်းသားပါဝင်တဲ့Nick Cheung ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးဟာ imdb6.6ရထားတဲ့ ဟောင်ကောင်အက်ရှင် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်..အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Ching Wan Lao,Louis Kooနဲ့ Nick Chengတို့ မင်းသားကြီးသုံးယောက်ပါဝင်တဲ့အတွက် သဘောတွေ့စေမှာပါ...ဇာတ်လမ်းအကျဉ်းလောကတော့ ဟောင်ကောင်ရဲအရာရှိသုံးယောက်ဟာ မူးယစ်ရာဇာတွေကိုဖော်ထုတ်နိုင်ဖို့အတွက် သူတို့ထဲကတစ်ယောက်ကိုသူလျိူအဖြစ် မူးယစ်ဂိုဏ်းထဲဝင်စေပြီး စုံစမ်းရာကနေ အရှေ့တောင်အာရှ မူးယစ်ဂိုဏ်းတစ်ခုလုံးကိုအုပ်စိုးနေတဲ့ ရှစ်မျက်နှာဘုရားလို့ နာမည်ပေးထားတဲ့ ခေါင်းဆောင်ကို ဘယ်လိုတွေ ရင်ဆိုင်ကြမလဲ...ဘယ်လိုအခက်အခဲတွေနဲ့ အလှည့်အပြောင်းတွေကိုကြုံရမလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ.. ဒီကားရဲ့အဆက်ဖြစ်တဲ့ The White Storm 2 ကိုလည်း မကြာခင်မှာ တင်ဆက်သွားမှာပဲဖြစ်ပါတယ် Filesize : 2.38 GB / 1.11 GB Quality : Bluray 1080p HEVC , 720p HEVC Format : mkv Genres : Drama , Action , Thriller Runtime : 2h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

The White Storm ( 2013 )

2013
Line Walker (2016) 6.1
Line Walker (2016) Line Walker (2014) ဆိုတဲ့ဟောင်ကောင် Action ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ Cast တွေကလည်း နာမည်ကြီးတွေ သုံးထားပြီး ဇာတ်လမ်းကလည်း Plot Twist လေးနဲ့ စိတ်ဝင်စားဖို့ကောင်းပါတယ်။Line Walker ဆိုတာကတော့ ကြိုးတန်းပေါ် လမ်းလျှောက်နေသူလို့ပြောလို့ရပါတယ်။ ဒီဇာတ်ကားလေးထဲမှာ လူဆိုးဂိုဏ်းတွေထဲ ဝင်ရောက်ပြီး အသွင်ယူထောက်လှမ်းနေကြတဲ့ အေးဂျင့်တွေရဲ့ အကြောင်းကို သိထားတဲ့ တစ်ယောက်တည်းသောသူ သေဆုံးသွားတဲ့အခါမှာ အသွင်ယူအေးဂျင့်တွေ အကြောင်းပျောက်ပျက်ကုန်ပြီး တာဝန်ထမ်းဆောင်နေဆဲ အေးဂျင့်တွေ ကြိုးတန်းပေါ်လမ်းလျှောက်သူတွေလို ရဲလဲပြန်မဖြစ်နိုင် လူဆိုးဂိုဏ်းထဲမှာပဲအခြေမပျက်ဆက်နေဖို့ ဘေးကြပ်နံကျပ်အခြေအနေထဲကိုရောက်နေပါတယ်။အဲဒါကြောင့် ဗဟိုထောက်လှမ်းရေးဌာနက လျှို့ဝှက်အေးဂျင့်တွေကို ပြန်လည်စုစည်းဖို့ ကြိုးစားတဲ့အချိန်မှာ Black Jack ဆိုတဲ့ နာမည်နဲ့ အေးဂျင့်တစ်ယောက်ပြန်ပေါ်လာပါတယ်။ ဖျက်ထားခံရတဲ့ သူ့ရဲ့ အချက်အလက်တွေက ပြန်ယူဖို့မဖြစ်နိုင်တဲ့အတွက် သူတို့ အေးဂျင့်ဖြစ်ကြောင်း ဘယ်လိုစုံစမ်းမလဲ။ မူးယစ်ဆေး ရောင်းဝယ်ရေး ဂိုဏ်း တစ်ခုက ကြားဝင်နေတာကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကြည့်ရမှာပါ။ Filesize : 2.68 GB / 1.12 GB Quality : Bluray 1080p HEVC , 720p HEVC Format : mkv Genres : Action , Crime , ...
movie

Line Walker (2016)

2016
New Kung Fu Cult Master 2 (2022) 5.9
New Kung Fu Cult Master 2 (2022) New Kung Fu Cult Master ရဲ့ အဆက်ဖြစ်တဲ့ အတွဲ၂ ပဲဖြစ်ပါတယ် အတွဲ ၁ ကိုလဲ Cm မှာတင်ဆက်ထားပြီးဖြစ်ပါတယ် ဒီလင့်မှာ ရှာလို့ရပါတယ်ပထမတွဲမှာ ကျန်းဝူကျိတယောက် အားပြောင်းအားလွဲသိုင်းကို ဘယ်လိုတတ်ခဲ့တယ် မင်ဂိုဏ်းချုပ်ဘယ်လိုဖြစ်လာခဲ့တယ် အပါအဝင် ငယ်ဘဝကိုသေချာရိုက်ကူး တင်ဆက်ထားပြီးပြီပဲဖြစ်ပါတယ်နဂါးနိုင်ဓါးနဲ့တိမ်လွှာဓားတို့ရဲ့ ဇာတ်ကြောင်းတွေအပါအဝင် မွန်ဂိုဘုရင်ရဲ့ သမီးတော် ကျောက်မိန်လဲ ပါဝင်လာခဲ့ပြီဖြစ်ပါတယ် ဂိုဏ်းကြီး ၆ ဂိုဏ်းရဲ့ တိုက်ခိုက်မှုကို တွန်းလှန်နိုင်ခဲ့တဲ့ မင်ဂိုဏ်းမှာ ကျန်းဝူကျိတယောက် ဂိုဏ်းချုပ်ဖြစ်လာပြီးတဲ့နောက် ပြောင်းလဲမှုတွေကို ဆက်လက်ကြည့်ရှုရပါတော့မယ်ပထမကားမှာ ကျောက်မိန်ဟာဝူတန်ကို ကျူးကျော်ခဲ့ပြီး ကျန်းဝူကျိကြောင့်နောက်ပြန်ဆုတ်ခဲ့ရပါတယ် ဒါ့အပြင် ကျောက်မိန်ဟာ ဂိုဏ်းကြီး ၆ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေကိုလဲ ဖမ်းဆီးထားပါသေးတယ် ဒီတော့ လူတွေကယ်ချင်ရင် ဘုရားကျောင်းကို လိုက်ခဲ့ပါဆိုပြီး ပြောကာထွက်သွားရင် ဇာတ်လမ်းကိုအဆုံးသတ်ထားတာကိုတွေ့ရပါမယ်ဒီဇာတ်လမ်းမှာတော့ ကျန်းဝူကျိတယောက် ဂိုဏ်းကြီး၆ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေကို ကယ်တင်မဲ့ ဇာတ်ဝင်ခန်းနဲ့စထားပါတယ် ဒီတော့ ဘယ်လိုစွန့်စားခန်းတွေ သိုင်းချကွက်တွေနဲ့ အတူ စိတ်ဝင်သွားဖွယ်တင်ဆက်သွားမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ပါစို့ Filesize : 5.78 GB / 1.81 GB / 0.97 GB Quality : WEB-DL 4K HEVC ...
movie

New Kung Fu Cult Master 2 (2022)

2022
4K HEVC
New Kung Fu Cult Master 1 (2022) 5.9
New Kung Fu Cult Master 1 (2022) New Kung Fu Cult Master 1 (2022)"နဂါးနိုင်ဓါးဦးထိပ်ထား တိမ်လွှာဓါးရှင်မပေါ်လျှင် မည်သူအံတုနိုင်မည်နည်း။ "လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကို ကျွန်တော်တို့ပြန်သွားကြရအောင်။ ဒီတစ်ခါတော့ Remake တွေခဏခဏရိုက်တဲ့ ဇာတ်လမ်းတွဲထဲကထွက်ပြီး နှစ်ပိုင်းလောက်နဲ့ပြီးမယ့် နဂါးနိုင်ဓား Version အသစ်လေးကို မြည်းစမ်းကြည့်ရမှာပါ။ပထမဆုံးပြောချင်တာက Series မဟုတ်ပဲ Movie Version ဖြစ်တဲ့အတွက် တစ်ချို့ဇာတ်ကောင်တွေ ဇာတ်ကွက်တွေ မပါတော့ပဲ အရာရာကို ပေါ့ပေါ့ပါးပါး ပြသွားပြီး ဇာတ်လမ်း၀င်အောင်ရိုက်တာပါ။ဒုတိယအချက်ကတော့ CGI တွေအများကြီး ချောမောလှပတဲ့မင်းသားလေး လေပေါ်ဝဲနေတာမျိုးမဟုတ်ပဲ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က မုဒ်မျိုးပြန်ပေးတဲ့တစ်ချက်ပါ။တတိယကတော့ ကျန်းစမ်းဖုန်း ကိုယ်တော် ဒိုနီရမ်း ပါပဲ။ဒီတော့များသောအားဖြင့် နဂါးနိုင်ဓါးခေတ် အဆက်ဆက်ကို ဖြတ်သန်းခဲ့ဖူးသူတွေချည်းမို့ ဇာတ်လမ်းတွဲမဟုတ်တဲ့ ခပ်သွက်သွက်ဇာတ်လမ်းလေးကို ခံစားပြီး အတိတ်ကိုပြန်လွမ်းကြရအောင်လားဗျာ။အတွဲ ၂ တွဲရှိပါတယ် အတွဲ ၂ ကို ဒီလင့်မှာကြည့်နိုင်ပါတယ် Filesize : 6.91 GB / 2.32 GB / ...
movie

New Kung Fu Cult Master 1 (2022)

2022
4K HEVC
Kowloon Walled City ( 2021 ) 6.3
Kowloon Walled City ( 2021 ) Kowloon walled city  ဆိုတဲ့ ဟာသအက်ရှင်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒါက ထုံးစံအတိုင်း တော်လှန်ရေးကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး ပုံစံမတူတာကတော့ ဟောင်ကောင်မြို့ရဲ့ လူမသိ သူမသိ ပျက်စီးသွားတဲ့ အကြောင်းရင်းလေးကို ဟာသနှောပြီး တင်ဆက်ပြထားတာဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်းနဲ့ ဇာတ်ကားအကြောင်းမပြောခင်မှာ... ဟောင်ကောင်ဟာ တစ်ခေတ်တစ်ခါက တရုတ်ပြည်မှာ ရှန်ဟိုင်းထက် စီးပွားရေး အောင်မြင်ပြီး ငွေဖြစ်လွယ် ရလွယ်တဲ့ အားလုံး မျက်စိကျစရာ နေရာတစ်ခုဖြစ်ခဲ့တယ်ဆိုတာလေး ပြောချင်ပါတယ်...သို့ပေမယ့် ဘာကြောင့် ရှန်ဟိုင်းတို့ ပေကျင်းတို့လောက် စီးပွားရေး အခွင့်အလမ်းမရှိတော့တာလဲလို့ မေးလာရင် ဒီကားလေးက အဖြေပေးမယ်လို့ ပြောပါရစေ...တော်လှန်ရေးကာလမို့ စီးပွားရေးက မကောင်း ခေတ်ကပျက် စနစ်က မရှိ စည်းကမ်းမဲ့နေတဲ့ ကာလတစ်ခုမှာ လူကိုဖျက်တဲ့ ဘိန်းကပါ အတူယှဉ်တွဲနေထိုင်လိုက်ချိန်မှာတော့ ဟောင်ကောင်ဟာ အခုကားလေးထဲကလိုပဲ ဘိန်းဘုရင်တွေပေါ်လာတယ်...ဘိန်းက လူကိုဖျက်... ဖျက်တဲ့ဘိန်းကို လူကမဖြတ်နိုင်တော့ မရှိရှိတာပေါင်နှံ ငွေမလောက်တော့ လောင်းကစားဝိုင်းပြေး နောက်ဆုံး အိမ်တိုင်ကျွတ် ရှိတာကုန်တော့ မိန်းမသားသမီးကို သင့်ရာနေရာရောင်းချ... ဒီလိုနဲ့ပဲ လောင်းကစားဝိုင်းတွေများပြားလာပြီး အဖော်အချွတ်နဲ့ ငွေရှာတဲ့ အမျိုးသမီးတွေ ထုနဲ့ထည်ပေါ်ထွက်လာတာပေါ့...ခေတ်ပျက်မှာ စာရိတ္တပျက်ပြီး မကောင်းတာလုပ်မှ ငွေရတော့တဲ့ ကာလဆိုရင်မမှားဘူးပေါ့... ဒီကာလမှာဖြစ်တဲ့ အဖြစ်ပျက်တစ်ချို့ကို အမှန်နည်းနည်း စိတ်ကူးယဉ်နည်းနည်း ရောယှက်ပြီး ဒီဇာတ်လမ်းလေးဖြစ်လာခဲ့တာပါ.. Filesize : 1.28 GB / 737 MB Quality : WEB-DL 1080p , 480p Format ...
movie

Kowloon Walled City ( 2021 )

Journey to the West: Conquering the Demons (2013) 6.8
Journey to the West: Conquering the Demons (2013) Journey to the West Conquering the Demons (2013)IMDb Rating (6.7) / Rotten Tomatoes (94%)ဒီရုပ်ရှင်ကို Stephen Chow က ဒါရိုက်တာအဖြစ်ရော တွဲဖက်ပရိုဂျူဆာအဖြစ်ပါ ဖန်တီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကြောင်းကတော့ အနောက်ဖက်သို့ခရီးသွားခြင်း ဒဏ္ဍာရီကို အခြေခံထားပြီး ကျမ်းစာသယ်တဲ့ ခရီးစဉ်မစတင်မီ ဆရာတော်ထန်စန်းကျန့်ဆိုပြီးဖြစ်မလာခင် သူ့ရဲ့တပည့်၃ယောက်ဖြစ်လာမယ့် ဝူခုန်းတို့ ပါကျဲတို့ မိစ္ဆာဘဝဖြစ်စဉ်နဲ့ မိစ္ဆာတွေကို နှိမ်နင်းတဲ့အကြောင်းကိုရိုက်ကူးထားတာပါ။ဇာတ်လမ်းလေးကတော့ မြစ်ဘေးကရွာတစ်ရွာမှာ ငါးမိစ္ဆာကြီးတစ်ကောင်သောင်းကျန်းနေတာကို ထန်စန်းကျန့်ကနှိမ်နင်းဖို့ကြိုးစားရာကနေစတင်ပါတယ်... မိစ္ဆာကိုမသတ်ဘဲ မေတ္တာနဲ့အစွဲချွတ်ချင်တဲ့သူ့ရဲ့လမ်းစဉ်ဟာ ထင်သလောက်မအောင်မြင်ပါဘူး... သူက လောကကြီးကိုကယ်တင်ဖို့ရာ ကြီးမားတဲ့မေတ္တာတရားကသာ အခရာလို့ သိထားပေမယ့် အစွမ်းမရှိတဲ့ သာမန်လူဖြစ်နေတော့ အခက်အခဲတွေအများအပြားနဲ့ စမ်းတစ်ဝါးဝါးဖြစ်နေခဲ့ပါတယ်။ဆိုတော့ကာ ထန်စန်းကျန့်ကိုအစွမ်းထက်အောင် ဘယ်သူကအလင်းပြမလဲ....လာပါပြီ မမရှုကြည်(Shu Qi)ပါပဲခင်ဗျာ....ထန်းစန်းကျန့်အဖြစ် မင်းသား Wen Zhang ရော မင်းသမီးရှုကြည်ရော အတိုင်အဖောက်ညီတာမလို့  ဒီရုပ်ရှင်က Rating မြင့်မားတဲ့ ...
movie

Journey to the West: Conquering the Demons (2013)

2013
Desperado ( 2024 ) 6
Desperado ( 2024 ) ခွေးထိရင်ဓားကြည့်ဆိုတဲ့ John Wickကြီးလိုပဲ သမီးထိရင်မီးပွင့်သွားမယ်ဆိုတဲ့ အထူးအေးဂျင့်ဟောင်းကြီးတစ်ယောက် လက်ဗလာနဲ့ လူဆိုးအုပ်ကြားမှာကြမ်းတဲ့ အက်ရှင်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ အရမ်းကိုထူးချွန်တဲ့အထူးအေးဂျင့်ဟောင်းကြီးတစ်ယောက်က ဇာတ်မြှုပ်ပြီးတော့ လုံခြုံရေးကုမ္ပဏီလေးဖွင့်ပြီး ဘဝကိုရိုးရိုးရှင်းရှင်းဖြတ်သန်းနေချိန်မှာ မင်းသားကသူ့ဟာသူနေပေမယ့် ပြဿနာကသူ့ဟာသူမနေပဲ တံခါးဝထိရောက်လာပါတယ်။ ဒီလိုနဲ့သူကမိသားစုကိုဆုံးရှုံးလိုက်ရပြီးတော့ ထောင်(၉)နှစ်ကျသွားပါတယ်။ထောင်ကထွက်လာတဲ့အချိန်မှာ သူ့ရဲ့မိသားစုကိုဖျက်ဆီးခဲ့တဲ့သူကို လိုက်ရှာတော့တာပေါ့။ သဲလွန်စတွေရဲ့အချိတ်အဆက်တစ်ခုဖြစ်တဲ့ ကလေးမလေးတစ်ယောက်ကို သမီးအရင်းလိုသဘောထားပြီးကာကွယ်ပေးရင်း သူ့ရဲ့ရန်ငြိုးကိုလက်စားချေဖို့ကြိုးစားတော့တာပေါ့။ လူကြမ်းကြီးတစ်ဖြည်းဖြည်းနဲ့ အဖြစ်မှန်အမှုကိုဖော်သွားတာကို ကြမ်းကြမ်းရမ်းရမ်းအက်ရှင်တွေနဲ့ ခံစားကြည့်လိုက်ပါနော်...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Crime Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Desperado ( 2024 )

The Great Ice Siege ( 2024 ) 5.7
The Great Ice Siege ( 2024 ) တရုတ်ပြည်မြောက်ပိုင်းကမြို့လေးတစ်မြို့မှာ စီးပွားရေးသမားအယောင်ဆောင် လူဆိုးဂိုဏ်းတွေဟာ ခြယ်လှယ်နေကြတယ်။ တစ်နေ့မှာတော့ မြို့လေးကို လက်ဝါးကြီးအုပ်ထားတဲ့ ဝမ်ယွီကို ဖန့်မျိုးနွယ်ညီအစ်ကိုက လူသတ်သမားလွှတ်ပြီး လုပ်ကြံလိုက်ပါတယ်။ဒီမြို့လေးရဲ့သမိုင်းမှာအရမ်းကိုဆိုးရွားတဲ့အမှုဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့ကနေပြီး အင်အားကုန်သုံးပြီး တရားကိုဖမ်းဖို့ ကြိုးစားကြတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ သူများလက်ကိုသုံးပြီး တစ်ဆင့်ခံသတ် သက်သေဖျောက်ပြီး ဉာဏ်များတဲ့ဖန့်ညီအစ်ကိုကို ရဲတပ်ဖွဲ့ခေါင်းဆောင်ကျိုးတို့က မဆုတ်မနစ်တဲ့ဇွဲနဲ့ အမိအရကြိုးစားဖမ်းနိုင်ဖို့ ဘယ်လိုအခက်အခဲတွေကျော်ဖြတ်ရမလဲ ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 31 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Great Ice Siege ( 2024 )

Whisper of Silent Body ( 2019 ) 5.9
Whisper of Silent Body ( 2019 ) ဒီဇာတ်လမ်းကတော့ အလောင်းခွဲမှုထောင်ချီမှာ တစ်ခါမှအမှားမဖြစ်ဖူးတဲ့ ထူးချွန်မှုခင်းဆရာဝန်ချင်မင်က ဆေးတက္ကသိုလ်ကိုလာရောက်‌ဟောပြောနေတုန်း ဖော်မလင်မှာခြောက်နှစ်တာစိမ်ထားတဲ့ အသံတိတ်ဆရာ (သေဆုံးပြီးနောက် ဆေးတက္ကသိုလ်သို့လှူဒါန်းသောကိုယ်ခန္ဓာ)ကို သာမန်သေဆုံးခြင်းမဟုတ်ပဲ အသတ်ခံရတာဖြစ်ကြောင်း မထင်မှတ်ပဲတွေ့ရှိခဲ့ပါတယ် အဲ့တော့မှ အချိန်ကြာညောင်းလှပြီဖြစ်တဲ့အမှုရဲ့အဖြစ်မှန်နဲ့ နောက်ကွယ်ကပုံပြင်ကို စတင်စစ်ဆေးမှုပြုလုပ်ခဲ့တယ်ချင်မင်အမှုစစ်ဆေးတဲ့လမ်းတစ်လျှောက်မှာ အမှုနဲ့ပက်သက်တဲ့လူသက်သေတွေက တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြတယ် အဖြစ်မှန်ကိုသိရှိနိုင်ဖို့အတွက် ချင်မင်နဲ့ကျန်းကျား ရဲမှူးချုပ်လင်ထောင်းတို့က အတူလက်တွဲပြီး လွန်ခဲ့တဲ့၁၆နှစ်ကအမှုကို ပြန်လည်ရှာဖွေစစ်ဆေးခဲ့ကြတယ် ဒီ၁၆နှစ်တာကြာနေတဲ့အမှုကြီးကို ချင်မင်ကဘယ်လိုဖြေရှင်းပြီး နောက်ဆုံးတရားခံကဘယ်သူဖြစ်လိမ့်မလဲဆိုတာ စောင့်မျှော်ကြည့်ရှုလိုက်ကြပါစို့ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mary Eaint Encoded by LK
movie

Whisper of Silent Body ( 2019 )

Magic Man ( 2023 ) 5.9
Magic Man ( 2023 ) ရှိုးလော်ဂိုဏ်းလို့ခေါ်တဲ့ လူသတ်သမားအဖွဲ့အစည်းတစ်ခုက လူသတ်သမားဖြစ်တဲ့ လန်ကန်းဟာ မွေးရာပါသတ္တုနှင့်ထိတွေ့ခဲ့ရင် ဏ်ရာပြန်ကောင်းလာနိုင်တဲ့ ထူးခြားစွမ်းအင်တခုရှိပါတယ်လန်ကန်းဟာတပ်မှူးကြီးကိုလုပ်ကြံတဲ့ လှုပ်ရှားမှုတစ်ခုမှာ ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး အရက်ဆိုင်ပိုင်ရှင်ဟုန်လော်နဲ့ သူ့ညီမမိုက်ကျစ်ရဲ့ ကယ်တင်ခြင်းကိုခံခဲ့ရတယ်ကျေးဇူးပြန်ဆပ်ဖို့အတွက် လန်ကန်းကအရက်ဆိုင်မှာ ယာယီနေပြီးစားပွဲထိုးအဖြစ်လုပ်ခဲ့တယ် ဒီလိုအေးချမ်းသာယာတဲ့ဘဝမျိုးက မှောင်မိုက်ပြီးဓားကိုင်လူသတ်တဲ့ဘဝကိုဖြတ်သန်းရတဲ့လန်ကန်းကို စိတ်လှုပ်ရှားစေခဲ့ပြီး သာမန်အေးချမ်းတဲ့ဘဝကိုဖြတ်သန်းချင်ခဲ့တယ်ဒီလိုမျိုးအေးဆေးတည်တည်ငြိမ်ငြိမ်လေးနေချင်တဲ့သူ့ဘဝကို တနေ့မှာ ဇောက်ထိုးမိုးမျှော်ဖြစ်စေမယ့် ကိစ္စတခုကျရောက်လာတဲ့ အခါမှာတော့ လန်ကန်းတစ်ယောက်ဘယ်လိုတွေရင်ဆိုင်မလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mary Eaint Encoded by LK
movie

Magic Man ( 2023 )

Never Say Never ( 2023 ) 6
Never Say Never ( 2023 ) CM ကနေဇာတ်ကားတွေထဲမှာတင်ဆက်ပေးချင်တာကတော့ Never say neverဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ လက်ဝှေ့ချန်ပီယံဆုရှင်ရှန့်ထိန်ဟွေးက သူများရဲ့ မတရားအကောက်ကြံမှုကြောင့် ထောင်ကျခဲ့ပြီးထောင်ကလွတ်လာတဲ့အချိန် သဲလုပ်ငန်းလုပ်တဲ့ သူဌေးဖြစ်လာခဲ့တယ်။သူဌေးဆိုပေမဲ့လည်းအကြွေးတွေ နစ်နေတာကြောင့် သူ့သူငယ်ချင်းကနေလက်ဝှေ့သရုပ်ပြပွဲလုပ်ဖို့အတွက် မိဘမဲ့ကလေးတွေကို စုဆောင်းဖို့အကြံပေးခဲ့တယ်။ ဒီလိုနဲ့ရှာတွေ့လာတဲ့ ကလေးတွေက ချို့တဲ့လှတဲ့မြက်ရိုင်းပင်လေးတွေဖြစ်တာကြောင့် မကြာခဏ ပြဿနာတွေဖြစ်လာတာပေါ့။ ဒီလိုနဲ့ရှန့်ထိန်ဟွေးကလက်ဝှေ့သရုပ်ပြဖို့လေ့ကျင့်ပေးရင်း သူ့သူငယ်ချင်းက ဒီကလေးတွေကိုမြေတောင်မြှောက်ပေးဖို့တိုက်တွန်းလာခဲ့အချိန် ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ဒီကလေးတွေကတော့ဘယ်လိုတွေကြိုးစားရုန်းကန်ကြမလဲ စတာတွေကို ဒီဇာတ်ကားလေးကနေပြသပေးသွားမှာဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action Runtime : 1h 57 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

Never Say Never ( 2023 )

Fire Storm ( 2023 ) 5.8
Fire Storm ( 2023 ) ယာဥ် မတော်တဆမှုတစ်ခုကြောင့် ထောင်ကျနေတဲ့ဝေးဖုန်း... သူထောင်ထဲမှာရှိနေတဲ့အချိန် အပြင်မှာ ကျန်ခဲ့တဲ့အစ်မက အကြွေးဆပ်ဖို့အတွက် ရရာလုပ်ရင်း တယ်လီကွန်းလိမ်လည်မှုအဖွဲ့တစ်ခုရဲ့ ထောင်ခြောက်ထဲကျရာက ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့အထိဖြစ်သွားခဲ့ရတယ်ထောင်ကလွတ်လာပြီးနောက်ပိုင်း အစ်မသေဆုံးရတဲ့အကြောင်းကိုစုံစမ်းရင်း လိမ်လည်နေတဲ့အဖွဲ့ကို သိခဲ့ရပြီး သူ့နည်းသူ့ဟန်နဲ့ ကလဲ့စားချေ ဖို့ကြိုးစားခဲ့တယ်.. ညီအစ်ကိုလို တပည့်လိုနေခဲ့တဲ့ ရှောင်ဖုန့်ရဲ့အကူအညီနဲ့ ဒုခေါင်းဆောင်ဝေရှောက်ကိုရင်းနှီးအောင်လုပ်ပြီး အဖွဲ့ထဲဝင်ကာ အစ်မအတွက် ဘယ်လိုကလဲ့စားချေမလဲ.... ပြစ်မှု သက်သေတွေရဖို့ ဘယ်လိုကြိုးစားရယူမလဲ.... ခေါင်းဆောင်အထိရော ဖမ်းမိနိုင်ပါ့မလားဆိုတာ................. Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Aye Myat Nwe Encoded by LK
movie

Fire Storm ( 2023 )

Call of Heroes (2016) 6.4
Call of Heroes (2016) Call of heroes (2016)ဒီကားလေးကတော့ နိုင်ငံရေးအရှုပ်အထွေးတွေ ကွန်ဖူးသဘောကျသူတွေ ကြည့်သင်တဲ့ကားလေးပါနော် မြင်းတစ်ကောင်ကိုပဲ မှီခိုပြီး မြင်းသွားရာနောက်သာလိုက်တတ်တဲ့ မာဖုန်း... သူ့မှာဘယ်လိုအတိတ်တွေရှိခဲ့လို့ လောကကြီးကိုစိတ်ကုန်ပြီး လေလွင့်နေတာလဲ?တောမီးလောင် တောကြောင်လက်ခမောင်းခတ်သလို တိုင်းပြည်မငြိမ်သက်ချိန် ချောင်ယင်းက စစ်အင်အားစုပြီး မြို့လေးတွေကို လိုက်သိမ်းပိုက်ပါတော့တယ်စိတ္တဇဆန်ဆန် လူပဲသတ်ချင်နေတဲ့ ချောင်ယင်းရဲ့သား ချောင်ရှောလန်ကြောင့် မာဖုန်းနဲ့ ဆရာမလေး​ပိုင်တို့ တွေ့ဖို့ဖြစ်လာတဲ့အခါ...ဘယ်လိုကံကြမ္မာတွေကြုံတွေ့ရမလဲ?ချောင်ယင်းတို့ကို ဘယ်လိုနှိမ်နှင်းမလဲဆိုတာ ဇာတ်လမ်းလေးထဲ ကြည့်ရအောင်နော် ။( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Hlaing Theint Theint Latt ပါ )File Size__(2.7GB) / (1.3GB) Quality__Bluray_1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__02:00:00 Type__Action, Adventure, Crime Subtitle__Myanmar Subtitle (Hardsub) Translated by Hlaing Theint Theint Latt Encoded by Naing Aung Latt
movie

Call of Heroes (2016)

Desert Monster ( 2022 ) 5.9
Desert Monster ( 2022 ) ဒီနေ့မှာတော့ CM က ပရိသတ်ကြီးကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားလေးကတော့ ၂၀၂၂ မှာထွက်ရှိခဲ့တဲ့ “desert monster” ဆိုတဲ့ ဇာတ်ကားလေးပါ ဇာတ်လမ်းအကျဥ်းလေးကိုပြောပြရမယ်ဆိုရင်တော့ -“အေးချမ်းစွာနေထိုင်လာခဲ့ကြတဲ့သဲကန္တာရ ကျေးရွာလေးတစ်ခုဆီကို ဗီဇပြောင်း သားရဲတွေ ရောက်ရှိလာခြင်းကနေပြီးတော့ အစပြုပါတယ် အဲဒီရွာငယ်လေးမှာနေထိုင်ကြတဲ့ အများစုဟာဆိုရင် မုဆိုးလုပ်ငန်းကို လုပ်ကိုင်ပြီးတော့ အသက်မွေးဝမ်းကြောင်းပြုကြတဲ့သူတွေပါ ဗီဇပြောင်းသားရဲတွေ ရောက်ရှိလာပြီးတဲ့နောက်မှာတော့ ကျေးရွာက ရွာသူ ရွာသားတွေဟာ ထူးဆန်းတဲ့ ရောဂါတစ်ခုကို ခံစားရပါတော့တယ်အသက်တွေ တစ်ချောင်းပြီး တစ်ချောင်းဆုံးရှုံးနေစဥ်မှာတော့ “ယင်းဇီ” လို့ခေါ်တဲ့ မိန်းမပျိုလေးဟာ သူ့ရဲ့မုဆိုးအပေါင်းအပါတွေနဲ့ အတူတူ သူတို့ကျေးရွာလေးကိုကယ်တင်ဖို့အတွက် မူလဗီဇပြောင်းဖြေဆေးရည်ကို သွားရှာဖို့ ထွက်လာခဲ့ပါတော့တယ် ​ အဲဒီအချိန်မှာ သူတို့တွေလိုချင်တဲ့ မူလဗီဇပြောင်းဖြေဆေးရည်ကို ရရှိဖို့အတွက် ဗီဇပြောင်းသားရဲတွေရဲ့ခေါင်းဆောင် မိခင်သားရဲကြီးကို ဖမ်းဆီမှ ဖြစ်မဲ့ အခြေအနေနဲ့ ကြုံတွေလာရတဲ့အခါမှာတော့ -”❐ ဘာတွေဆက်ဖြစ်ကြမှာလဲ ? ❐ အသံကြားနိုင်စွမ်းလဲကောင်း / အနံ့ခံနိုင်စွမ်းအားလဲကောင်းတဲ့ ဗီဇပြောင်းသားရဲတွေကိုရော သူတို့ အဖွဲ့လေးရင်ဆိုင်နိုင်ပါ့မလား ? ❐ ကဒ်ဆိုးကြီးကျရောက်နေတဲ့ သူတို့ကျေးရွာလေးကိုရော ကယ်တင်နိုင်ပါ့မလား ဆိုတာ ဒီဇာတ်ကားလေးကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုလိုက်ကြပါဦးရှင် [Reviewed By Chit Mya Mya Hmwe] Quality : ...
movie

Desert Monster ( 2022 )