Channel Myanmar

Xing Jiadong

That Untold Story ( 2024 ) 6
That Untold Story ( 2024 ) ဒီနေ့မှာတော့ CM တရုတ်ကားချစ်သူတို့အတွက်... ပေါက်စီမြေမှာ ဝတ္ထုဖတ်ပြီး ဝက်ဝက်ကွဲ မျက်ရည်မိုးရွာခဲ့တယ်လို့ နာမည်ကြီးခဲ့တဲ့... စာရေးသူ ကျိုးအိုက်ဟွားရဲ့ "ဘယ်သူမှမသိခဲ့သော ဇာတ်လမ်းလေး တစ်ပုဒ်" ဆိုတဲ့ ဝတ္ထုလေးကို မှီငြမ်းရိုက်ကူးထားတဲ့ ထိုင်ဝမ်ရုပ်ရှင်ဗားရှင်းလေးပါပဲ...ဟုတ်ပါတယ်... ဒရာမာဗာရှင်းလေးလည်း ရှိသေးတာမို့ ဒရာမာစောင့်ရင်း ရုပ်ရှင်ဗားရှင်းအရင်ကြည့်ထားနိုင်ပါတယ်နော်... ဇာတ်လမ်းလေးကတော့... ရှေးဟောင်းပစ္စည်းတွေကို မြတ်နိုးလို့ ပျက်စီးဆုံးရှုံးနေတဲ့ ရှေးဟောင်းပစ္စည်းတွေကို ပြန်လည်ပြုပြင်ထိန်းသိမ်းတဲ့အလုပ်လုပ်နေသူ ယန်ကျောင်းဆိုတဲ့ မိန်းကလေးတစ်ယောက်ကကံကြမ္မာရဲ့ ဇာတ်ညွှန်းအတိုင်း ဘဝအချိုးအကွေ့တစ်ခုမှာ ဒုက္ခတိခြေပြတ် ချန်မင်ရှန်းနဲ့ ဆုံတွေ့ခဲ့ပါတော့တယ်...အတိတ်ကံကြောင့်ပဲလား နတ်ဖူးစာရွာလည်လို့လားမသိပေမယ့်... အချစ်တစ်ခု သူတို့ကြားမှာ ပေါက်ပွားလာခဲ့ပါတယ်... ထူးခြားတာကတော့ ဒီချန်မင်ရှန်းက...မူးယစ်ဆေးနဲ့ပတ်သက်ရင် အရမ်းကို အထိမခံဖြစ်လွန်းပြီး တုံ့ပြန်မှုက ပြင်းထန်လွန်းပါတယ်... နောက်ပြီးတော့ သူက လူသိမခံတဲ့ မြေကြွက်လေးလိုပဲ ဘဝကြီးကို ပုန်းလျိုပြီး ဖြတ်သန်းနေတတ်ပြန်တယ်...ဓာတ်ပုံလည်းအရိုက်မခံဘူး... တစ်ခုခုဆို ကိုယ့်အသားအနာခံပြီး ရှောင်ပြေးတတ်တယ်... သူဘာကိုလျို့ဝှက်နေတာလဲ...ဒီလျို့ဝှက်ချက်တွေပေါ်လာတဲ့တစ်နေ့မှာ သူတို့ကြားက ဇာတ်လမ်းလေးက ဘာဆက်ဖြစ်သွားမှာလဲ Filesize : 1.97 GB / 977 MB / 549 MB Quality : WEB-DL 4K HEVC , 1080p HEVC , 720p ...
movie

That Untold Story ( 2024 )

4K HEVC
Coward Hero ( 2019 ) 5.7
Coward Hero ( 2019 ) ဒီ coward hero ဆိုတဲ့ဇာတ်ကားလေးက Dramaတွေ ဟာသ‌တွေအပြည့်နဲ့ ကြည့်ရမဲ့ဇာတ်ကားလေးဖြစ်ပါတယ် ဇာတ်ကားလေးကတော့ ရှန့်ဟိုင်မြို့ရဲ့ 1930 ပတ်ဝန်းကျင်လောက်က လူဆိုးဂိုဏ်းအဖွဲ့ဝင် ယန်သဟိုင်(မင်းသား)ဆိုတဲ့ ငကြောက်လေးတစ်ယောက်ကနေ စတင်ခဲ့ခြင်းပဲဖြစ်ပါတယ်ယန်သဟိုင်မှာ တိတ်တခိုးချစ်‌နေရတဲ့ သုချင်း(မင်းသမီး) အကမယ်လေးတစ်ယောက်ရှိပါတယ် ယန်သဟိုင်က သူ့ဘဝ‌လေးကိုအေးဆေးပျော်ရွှင်စွာ ဖြတ်သန်းနေချိန်မှာပဲ သူ့မှာကုသလို့မရတော့တဲ့ရောဂါတစ်မျိုးရနေကြောင်း၊ သေတော့မှာဖြစ်ကြောင်းကိုသိလိုက်တဲ့အခါသူချစ်ရတဲ့ကောင်မလေးအတွက် အကြွေးတွေပြန်ဆပ်ပေးဖို့ဆုံးဖြတ်ခဲ့တယ် သူအကြွေးဆပ်ဖို့ ငွေရှာရင်းနဲ့ ကြက်ကန်းဆန်အိုးတိုးပြီး ရဲအရာရှိတစ်ယောက်ဖြစ်ခဲ့တယ် ဒါပေမဲ့ ဘာမှတတ်ကျွမ်းမှုမရှိတဲ့လူတစ်ယောက်က ရဲအရာရှိတစ်‌ယောက်အနေနဲ့ အမှုတွေဘယ်လိုဖြေရှင်းကြမလဲ...ရဲအရာရှိဖြစ်သွားတာနဲ့အတူ လူဆိုးဂိုဏ်းအဖွဲ့ဝင်ဖြစ်နေလို့ ကြားထဲက ပြဿနာတွေ ဘယ်လိုဖြေရှင်းမလဲ... သူအသက်ရှင်နေတုန်း သေရကျိုးနပ်အောင် ဘယ်လိုများ Drama Kingလုပ်မလဲ.. သူချစ်ရတဲ့မိန်းကလေးကို ဘယ်လိုပေးဆပ်ခဲ့မလဲဆိုတာကို နောက်ဆုံးအခန်းလေးထိကြည့်ရှုလိုက်ကြရအောင်နော် Filesize : 1.74 GB / 983 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , Comedy Runtime : 1h 46 min Subtitle : Myanmar ...
movie

Coward Hero ( 2019 )

Three Old Boys ( 2024 ) 6
Three Old Boys ( 2024 ) ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် စိတ်ဝင်စားဖွယ်ကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ တင်ဆက်ပေးလိုက်ချင်ပါတယ်။ဒီဇာတ်လမ်းလေးထဲမှာတော့ လာဘ်စားမှု၊အခွန်ရှောင်တိမ်းမှု၊ တရားမဝင် ငွေမည်းငွေဖြူလုပ်မှု စတဲ့စီးပွားရေးနှင့် ပတ်သက်တဲ့အမှုတွေကို စုံစမ်းရေးအဖွဲ့မှာ အတွေ့အကြုံဝါရင့်ပြီး ဆရာတစ်ဆူအဖြစ်သတ်မှတ်ထားတဲ့ ချွေးထျယ်ကျွင်း။ သူလိုမျိုးလုပ်သက်တဲ့ သူငယ်ချင်းနောက်ထပ် ၂ ယောက်ရှိသေးတာပေါ့။သူတို့တွေကတော့ မှုခင်းစုံစမ်းရေးမှူး၊ကင်းလှည့်ရဲတွေ ဖြစ်ကြတယ်။ ဒီလိုနဲ့တစ်နေ့မှာသူတို့မြို့ရဲစခန်းဆီ ဘဏ်ဝန်ထမ်းတစ်ယောက်က မြေအောက်ဘဏ်လို့ခေါ်တဲ့ အောက်လမ်းမသမာတဲ့ဘဏ်လုပ်ငန်းတစ်ခုနဲ့ ပူးပေါင်းပြီး ငွေတွေကိုပြည်ပဆီပို့ပေးပြီးလိမ်လည်တယ်ဆိုတဲ့ တိုင်ကြားစာရောက်လာခဲ့တယ်။ဒီတိုင်ကြားစာကိုစုံစမ်းရင်းတခြားသဲလွန်စသက်သေတွေတွေ့ရှိလာခဲ့ပေမဲ့ စုံစမ်းရေးမှူးတဖွဲ့လုံးက အတွေ့အကြုံနုသေးတဲ့အပြင် ဒီအန္တရာယ်ကြီးထဲကို ဘယ်သူမှမစွန့်စားရဲတာကြောင့် အတွေ့အကြုံရင့်တဲ့ ချွေးထျယ်ကျွင်းနဲ့သူ့အပေါင်းအပါ နှစ်ယောက်ကိုဒီအမှုစုံထောက်အဖြစ်တာဝန်ပေးအပ်ခဲ့တယ်။ဒီလိုနဲ့သိပ်မကြာခင်မှာ ဒီအမှုကိုဖော်ထုတ်နိုင်သွားပေမဲ့ ချွေးထျယ်ကျွင်းတစ်ယောက်ကတော့ဒီအမှုကို သိပ်မသင်္ကာစရာတွေအများကြီးရှိနေတာကြောင့် အမြစ်ပြတ်ရှင်းပစ်ဖို့တောင်းဆိုခဲ့ရာမှာ ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ ဒီအမှုကကော ဘယ်လောက်ထိရူပ်ထွေးနေလဲ။ နောက်ကွယ်ကဘယ်သူချုပ်ကိုင်ထားလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ စိတ်ဝင်စားဖွယ်တွေ့ရှိရမှာဖြစ်ပါတယ်။ Filesize : 995 MB / 625 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime Runtime : 1h 49 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK  
movie

Three Old Boys ( 2024 )

1911 Revolution (2011) 5.8
1911 Revolution (2011) တရုတ်နိုင်ငံတွင် နှစ်ရှည်ကြာစွာ ခိုင်မြဲတည်တန့်ခဲ့တဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်ကို တွန်းလှန်ဖယ်ရှားရာမှာ တရုတ်ပြည်သူများ ကို ဒေါက်တာဆွန်ယက်ဆင်နဲ့အဖွဲ့မှ ဦးဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကားက တရုတ်ပြည်ရဲ့ မန်ချင်းမင်းဆက်ကိုနန်းကျစေခဲ့တဲ့ ဒေါက်တာဆွန်ယက်ဆင်ဦးဆောင်တဲ့ ၁၉၁၁ ရှင်းဟိုက် လူထုတော်လှန်ရေးကိုအခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်သမိုင်းအခြေခံဇာတ်ကားတစ်ကားဖြစ်ပါတယ်။မင်းသားကြီး ဂျက်ကီချန်းမှ သရုပ်ဆောင်၊ဒါရိုက်တာအဖြစ် ပါဝင်ထားတဲ့ဇာတ်ကားပါ။IMDb Rating (5.8/10) ရရှိထားပါတယ်။ဒီဇာတ်ကားက ရှင်းဟိုက်တော်လှန်ရေးရဲ့ တစ်စိတ်တစ်ပိုင်းကိုသာ ပုံဖော်ထားနိုင်တာမို့ ရှင်းဟိုက်တော်လှန်ရေးသမိုင်းကြောင်း၊တရုတ်ပြည်သမိုင်းအကြောင်း၊ရှင်းဟိုက်တော်လှန်ရေးမှသည် ယနေ့ခေတ်တရုတ်ပြည်ဖြစ်ပေါ်လာတဲ့သမိုင်းကြောင်း၊ထိုင်ဝမ်နိုင်ငံအကြောင်းတို့ကို ရှင်းလင်းစွာသိချင်တယ်ဆိုရင်တော့ တရုတ်သမိုင်းတွေကိုရေးသားနေတဲ့ဒီ https://www.facebook.com/1811445109124572/posts/2904998626435876/ FB Page လင့်မှာသွားဖတ်ပါ။ဇာတ်ကားမကြည့်ခင် စာကိုအရင်ဖတ်ကြည့်ဖို့တိုက်တွန်းပါတယ်။  File size…(2.7 GB)and (1.4 GB) Quality…BluRay rip 1080p and 720p 5.1CH Format…mp4 Duration….02:01:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

1911 Revolution (2011)

2011
Leap ( 2020 ) 6.7
Leap ( 2020 ) Imdb 6.7  ရရှိထားပြီးတော့ဆယ်စုနှစ်နဲ့ချီတဲ့ သမိုင်းကြောင်းကိုပုံဖော်ရိုက်ကူးထားတဲ့ဇာတ်ကားဆိုမမှားတဲ့တရုတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်ဇာတ်လမ်းလေးအကြောင်းပြောရမယ်ဆိုရင်တော့...တစ်ချိန်က တရုတ်အမျိုးသမီးဘောလီဘောအဖွဲ့ဟာ တရုတ်ဆိုတဲ့နာမည်ကို ကမ္ဘာကသိရမယ်ဆိုတဲ့ယုံကြည်ချက်ကို လက်ကိုင်ထားပြီး အသက်ပေးကြိုးစားလေ့ကျင့်ခဲ့ကြတယ်။ဒီလိုနဲ့ပဲ ၁၉၈၂ ခုနှစ်မှာ အိပ်မက်တွေအောင်မြင်ပြီး ချန်ပီယံဆုကိုပိုက်ကာ အိမ်ပြန်လာခဲ့တယ်ပေါ့.လျန်ဖင်းဆိုတဲ့ သူရဲကောင်းကတော့ အမေရိကားအဖွဲ့ရဲ့ နည်းပြအဖြစ်နှစ် ၂၀ အကြာ မိခင်မြေကို ပြန်ပြီး မိခင်အဖွဲ့နဲ့ပြန်ပြိုင်ရတဲ့အခါမှာတော့တစ်ချိန်က သူကြိုးစားခဲ့တဲ့ တရုတ်အမျိုးသမီး ဘောလီဘောအဖွဲ့ကစံနှုန်းတွေကျနေတာနဲ့အတူ သူနည်းပြလုပ်နေတဲ့ အမေရိကန်အဖွဲ့ကိုပါရှုံးခဲ့တဲ့အချိန်မှာတော့ သူ့ဆုံးဖြတ်ချက်တွေအတွက် ပြန်လည်ဆန်းစစ်ခဲ့တော့တယ်။တစ်ချိန်က ဘာအကူအညီလေ့ကျင့်ရေးစက်တွေ နည်းလမ်းတွေဘာမှမရှိချိန်တုန်းကအသက်ပင်ပေးရပါစေ ချန်ပီယံကို အရယူမယ်လို့ ကြိုးစားခဲ့တဲ့ ခေတ်ကနေအားကစားစက်တွေ လေ့ကျင့်နည်းတွေအပြည့်နဲ့ အားလုံးက ပြိုင်ပွဲကဂိမ်းတစ်ခု အရှုံးအနိုင်က နာမည်တစ်ခုလို့ ပြောင်းလဲသွားတဲ့ ပြောင်းလဲမှုကိုလျန်ဖင်းတို့ဘယ်လိုမှ နားမလည်နိုင်တာအမှန်ပါ။ ဒါကြောင့်လည်း သူတရုတ်ပြည်မှာကျန်ခဲ့ပြီး နည်းပြလုပ်ပြီး တစ်ချိန်က အမျိုးသမီးဘောလီဘောအဖွဲ့နာမည်ကိုထိန်းမယ်လို့ ကြိုးစားခဲ့ပါတယ်။ကြိုးစားမယ်ဆိုတိုင်း ကြိုးစားလို့ရတာမျိုးတော့မဟုတ်ဘူးလေ။အားကစားသမားတွေအရင်စုရတယ်။ လေ့ကျင့်မှုတွေနဲ့အတူ စိတ်ဓာတ်ပါပြုစုပျိုးထောင်ရတာတွေနဲ့ ပင်ပန်းရတဲ့ကြားထဲမှာ ပြိုင်ပွဲကာလအတွင်းထွက်သွားတဲ့ အားကစားသမားတွေနဲ့....ဒီလိုခက်ခက်ခဲခဲကြိုးစားမှုရလဒ်ကတော့ ၂၀၁၆ ခုနှစ်ကမ္ဘာ့အားကစားပြိုင်ပွဲမှာ အဖြေသိရမှာပါ။အဖြေကတော့ ဇာတ်လမ်းလေးကြည့်လိုက်ကြပါလို့.... Quality ...
movie

Leap ( 2020 )

Extraordinary Mission (2017) 6.4
Extraordinary Mission (2017)   ဒီတစ်ခါတော့ Channel Myanmar ပရိတ်သတ်တွေအတွက် ကြမ်းကြမ်းရမ်းရမ်း အက်ရှင်ကား တစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်Extraordinary mission ဆိုတာကတော့ ရဲအရာရှိ လင်ခိုင် ရဲ့ မစ်ရှင် တစ်ခုပါ...သူ့ရဲ့ မစ်ရှင်က တော့ မူးယစ်ဆေးဝါးဂိုဏ်းအကြီးစား တစ်ခုကို နှိမ်နင်းဖို့ပါဒီဂိုဏ်းကို လက်ပူးလက်ကြပ် ဖမ်းဖို့က မလွယ်တဲ့ ကိစ္စတစ်ခုပါဒီတော့ ရဲအရာရှိကြီး ဟာ မူးယစ် ဆေးဝါး ဂိုဏ်းထဲကို သူလျိုတစ်ယောက် အနေနဲ့ ဝင် ဖို့ ဆုံးဖြတ်လိုက်ပါတယ်လူအသစ် တစ်ယောက်ကို ဘယ်သူက ကော လွယ်လွယ်ယုံမှာလဲ... ဂိုဏ်းအကြီးစား ဆိုတော့ ပိုဆိုးပြီပေါ့..ဒါနဲ့ လင်ခိုင် ဟာ သူ့ကိုယ်သူ မူးယစ်ဆေး အစွဲ ခံပြီး မူးယစ်ဆေးဝါးဂိုဏ်းက ယုံအောင် သက်သေ ပြရပါတယ် ( extraordinary ဘဲဗျာ )သူ့ရဲ့ ကြိုးပမ်းမှု ဟာ အရာထင်မလား???ဂိုဏ်းက သူ့ရဲ့ အကြံကို ရိပ်မိသွားမလား ...
movie


2017