Channel Myanmar

Xander Berkeley

The Ghost Trap (2024) 6.5

The Ghost Trap (2024)

Rust (2024) 5.8
Rust (2024)  ဒီရုပ်ရှင်လေးကတော့ ၁၈၀၀ ပြည့်နှစ်ကာလများကအမေရိကန်ပြည်ထောင်စုအခြေအနေကို နောက်ခံထားရိုက်ကူးထားတဲ့ ကောင်းဘွိုင်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။၁၈၀၀ ပြည့်နှစ်များမတိုင်ခင်မှာ အမေရိကန်က ဌာနေတိုင်းရင်းသားလူမျိုးစုများနဲ့ စစ်ပွဲပေါင်းအလီလီနွှဲခဲ့ရပြီးဒီဇာတ်လမ်း ဇာတ်အိမ်တည်ထားတဲ့ ၁၈၈၀ ပြည့်နှစ်အလွန်ကာလများမှာလည်း ဌာနေတိုင်းရင်းသားတွေ၊လူဆိုး ဓားပြတွေ များစွာပေါများနေပြီး ရဲတပ်ဖွဲ့ရဲ့တရားဥပဒေစိုးမိုးမှုအားနည်းနေချိန်ပါ။လူးကပ် ဆိုတဲ့ ကောင်လေးက ညီဖြစ်သူနဲ့အတူနှစ်ယောက်တည်းနေထိုင်ပြီး အဖေဖြစ်သူရော အမေဖြစ်သူပါ ဆုံးပါးသွားပါပြီ။ ညီအစ်ကိုနှစ်ယောက် ဘဝကိုကြိုးစားရုန်းကန်ရင်း အစ်ကိုကြီးလူးကပ်က တစ်ရက်မှာတော့ လျော်ကြေးလာတောင်းတဲ့ လူတစ်ယောက်ကိုမထင်မှတ်ပဲ မတော်တဆ သေနတ်တဲ့ပစ်သတ်လိုက်မိပါတော့တယ်။ တရားရုံးက တရားစီရင်ချက်ချအပြီးမှာသေဒဏ်ချမှတ်ခံလိုက်ရပါတော့တယ်။ဒီလိုနဲ့ ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားရင်းနဲ့ မထင်မှတ်ပဲလူးကပ်တစ်ခါမှမတွေ့ဖူးတဲ့အဘိုးကြီးတစ်ယောက်ကထောင်ဖောက်ပြီး လူးကပ်ကို လာကယ်သွားပါတယ်။သူတို့ရဲ့ ပတ်သတ်မှုက ဘယ်လိုလဲ။ထွက်ပြေးရာလမ်းတစ်လျှောက်မှာ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ ဆိုတာကို ကောင်းဘွိုင်ကားတို့ထုံးစံ အက်ရှင်ခန်းအပြည့်နဲ့ စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။  File size… (1.62 GB) / (992 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….2h 19m Genre …..Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Rust (2024)

Air Force One (1997) 6.5
Air Force One (1997) Air Force One (1997)IMDb Rating (6.5) / Rotten Tomatoes (79%)မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ် ပါဝင်တဲ့ ဒီရုပ်ရှင်ကားကြီးက အမေရိကန်သမ္မတတွေပဲ စီးနင်းရတဲ့ Air Force One လေယာဉ်ကြီးပေါ်မှာ သမ္မတကိုပြန်ပေးဆွဲတဲ့ကားအဖြစ်နာမည်ကြီးပါတယ်။ ဘတ်ဂျက် $85 million ပဲသုံးခဲ့ပေမယ့် Box office $315.2 million ပြန်ရရှိတဲ့အထိ အောင်မြင်ခဲ့ပြီး အခုချိန်ထိ တမ်းတမ်းစွဲကြည့်နေကြရတဲ့ ရုပ်ရှင်ကားကြီးတကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့.. သမ္မတကြီးဂျိန်းမာရှယ်လ်နဲ့မိသားစုဟာ မော်စကိုကနေ USကို air force one လေယာဉ်နဲ့ ပြန်လာတဲ့ခရီးလမ်းတခုရဲ့အလည်ပျံသန်းနေစဉ်အတွင်းမှာပဲ အကြမ်းဖက်သမားတစ်စုက လေယာဉ်ကိုပြန်ပေးဆွဲလိုက်ပါတော့တယ်။ ပြန်ပေးသမားတွေရဲ့ လိုရင်းက ဘာလဲ သမ္မတရဲ့ အစိုးရအဖွဲ့တွေကရော ပြန်ပေးသမားတွေရဲ့တောင်းဆိုချက်တွေကို လိုက်လျောပါ့မလား သမ္မတကရော ဘယ်လိုတွေစွန့်စားဆုံးဖြတ်သွားမလဲဆိုတာ အသည်းတအေးအေးကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…(8.4 GB) / (2.9 GB )/ (1.2 GB) Quality…BluRay 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:05:00 Subtitle….Myanmar ...
movie

Air Force One (1997)

1997
4K HEVC
The Rock (1996) 7.4
The Rock (1996)  မင်းသားကြီးရှောင်ကွန်နရီ နဲ့ နီကိုလပ်ကေ့ချ် တို့အဓိကပါဝင်ထားတဲ့ ဒီဇာတ်ကားကြီးဟာ Armageddon,Transformers ဇာတ်ကားတွေကို ဖန်တီးသူ ဒါရိုက်တာ Michael Bay ရဲ့ နောက်ထပ်လက်ရာကောင်းဇာတ်ကားတစ်ကားဖြစ်ပါတယ်။တိုင်းပြည်ရဲ့ လျှို့ဝှက်စစ်ဆင်ရေးတိုက်ပွဲတွေမှာ အသက်စွန့်ခဲ့ရပေမယ့် ဘာဂုဏ်ပြုမှတ်တမ်းမှ မရေးထိုးပေးဘဲ ချောင်ထိုးခံလိုက်ရတဲ့ ကျဆုံးစစ်သည်နဲ့ မိသားစုတွေအတွက်  ရင်နင့်နေတဲ့ အမေရိကန်ဗိုလ်ချုပ်ဖရန့်ဟမ်းမဲလ်....ဘယ်သူမှဖဖောက်နိုင်တဲ့ထောင်ကို ဖောက်ထွက်ပြေးခဲ့ဖူးတဲ့ နာမည်ကြီးထောင်ဖောက်သမားကြီး ဂျွန်မေဆင်....FBI ဌာနရဲ့ ဓါတုဗေဒ ပညာရှင် ဂွတ်စပိဒ်....ဒီလိုထိပ်တန်းလူသုံးယောက် ကိုယ့်ခံယူချက် ယုံကြည်ချက်အတွက် တိုက်ပွဲဝင် ထိပ်တိုက်တွေ့ဆုံရာဝယ်.............။ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်....မင်းသားကြီးတွေရဲ့ သရုပ်ဆောင်မှုတွေ အသောအထေ့တွေက အသက်ဝင်လွန်းပါတယ်။နီကိုလပ်ကေ့ချ်ကို ငယ်ရွယ်နုပျိုစွာမြင်ရတာကလဲ အတော်ပဲ ကြည့်ပျော်မှာပါ။ File size…(2.6 GB)/(1.4 GB) Quality….BrRip 1080p / 720p Format… mp4 Duration…. 02:16:00 Genre... Action, Adventure, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Myo Min Aung
movie

The Rock (1996)

1996
A Few Good Men (1992) 7.7
A Few Good Men (1992) A Few Good Men (1992) ***************************** IMDb.....7.7,,,,,Rotten.....82% Rules of Engagementဆိုတဲ့ စစ်ကား ကိုတော့ တော်တော်များများကြည့်ဖူးကြမယ်ထင်တယ်... အဲဒီလိုကားမျိုးကို သဘောကျတဲ့ဆိုရင်တော့ ဒီကားကိုကြည့်သင့်တယ်..... ဒီကားက နယ်ခြားစောင့်စစ်တပ်မှာ စစ်သည်တစ်ယောက်သေဆုံးတဲ့အကြောင်းကို အဓိကဇာတ်အိမ်တည်ပြီးရိုက်ကူး ထားတယ်.... စစ်သည်အချင်းချင်းအပြစ်ပေးရာကနေ မတော်တဆသေဆုံးသွားတယ်.... ဒီအမှုကို ကိုင်တွယ်ဖို့ စစ်တရားရုံးရှေ့နေအဖြစ် Tom Cruise ကိုတာဝန်ပေးခြင်းခံရတယ်...ဒီကားက ကျွန်တော်ကြည့်ခဲ့တဲ့ စစ်ကားထဲမှာ အကောင်းဆုံးစာရင်းဝင်လို့တောင်ပြောလို့ရတယ်.. အယ် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စစ်ဆင်ရေးဆင်နွှဲနေတဲ့ကားတော့မဟုတ်ဘူး.... သို့ပေမဲ့ စကားလုံးတွေနဲ့ စွမ်းအားကတော့ လက်နက်ကြီးထက်ပြင်းထန်ပုံရတယ်... ဇာတ်လမ်းက စစချင်းကိုဆွဲဆောင်မှုရှိတယ်....ကျွန်တော်ပြောရင် Spoiler ဖြစ်သွားမှာစိုးလို့ ခံစားကြည့်လိုက်ပါဦး....ဒီကားရဲ့ ဒိုင်ယာလော့တွေကို အတတ်နိုင်ဆုံး အလှပဆုံး မြန်မာမှုပြုပေးတဲ့ ဘာသာပြန်ကတော့ Ko Ye Pye Sone ပါ.... IMDbရော Rotten ရော အမြင့်ဆုံးမှာရှိနေသလို သရုပ်ဆောင်တွေကလည်း.  Tom Cruise, Jack Nicholson, Demi Mooreတို့ဖြစ်လို့  ဒေါင်းကြည့်သင့် မသင့် ဆုံးဖြတ်ကြပေတော့..... File Size : 2.18GB/ 870MB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…02:18:00 Genre :  Drama, Thriller Subtitle ...
movie

A Few Good Men (1992)

Girl Walks Into a Bar (2011) 5.6
Girl Walks Into a Bar (2011) Girl Walks Into a Bar (2011) ****************************ကြည့်ဖူးနေကျ ဇာတ်ကားတွေနဲ့မတူဘဲ တစ်မူကွဲထွက်နေတဲ့ 2011 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ပုံမှန်ဆိုရင် ဇာတ်ကားတွေမှာ အဓိကသရုပ်ဆောင်တွေက ၁ ယောက် ၂ ယောက်ပဲပါပေမဲ့ ဒီဇာတ်ကားမှာ တွေ့ရမဲ့ ဇာတ်ကောင်တိုင်းကတော့ သူ့ဘ၀နဲ့သူ သူ့ဇာတ်ကြောင်းနဲ့သူ အဓိကဇာတ်ဆောင်တွေဖြစ်နေကြတာပါပဲ။ဇာတ်ကြောင်းဆိုပြီးတစ်ခုတည်း ခွဲထွက်နေတာမရှိသလို ဟိုရောက်ဒီရောက်နဲ့ ကြည့်ရမှာဆိုပေမဲ့ တစ်မူထူးခြားနေလို့ ရိုးရိုးတွေကို အီနေပြီဆိုရင် ဒီကောင်လေးက မဆိုးဘူးလို့ပြောရမှာပါပဲ။ဇာတ်ကားနာမည်ကတော့ Girl Walk Into A Bar ဖြစ်ပြီး IMDb Rating 5.6 အထိ ရရှိထားပါတယ်။ဇာတ်ကားနာမည်အတိုင်း ကောင်မလေးတစ်ယောက် ဘားတစ်ခုထဲ ဝင်လာတာကနေ ဇာတ်လမ်းစထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ တစ်ယောက်ချင်းစီတိုင်းရဲ့ အကြောင်းအရာတွေကို ချိတ်ဆက်ပြသသွားမှာဖြစ်တာမို့ ဇာတ်လမ်းအကျဉ်းချုပ်ရယ်ဆိုပြီး မရှိတဲ့အတွက် ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ဖို့ ညွှန်းပေးလိုက်ပါတယ်။ (အညွှန်းကို Saw Lay မှ ရေးသားထားပါတယ်) File size…1.36GB / 412MB Quality… BluRay 1080p/ 720p Format…mp4 Duration….1h 20m Genre ...
movie

Girl Walks Into a Bar (2011)

Heat (1995) 8.3
Heat (1995) HEAT (1995) ****************** IMDb...8.3,,,,Rotten...86  ဒီကားက ၁၉၉၅ခုနှစ်ကထွက်ခဲ့တဲ့တာဆိုတော့ ၂၀၂၀ ခုနှစ်မှာ နေထိုင်တဲ့ခင်ဗျားတို့အမြင်မှာရိုးစင်းလွန်းတယ် ...ဒီဘက်ခေတ်အမြင်မှာ အဆင့်မရှိလောက်ဘူး ဇာတ်လမ်းကောင်းရင်တောင် ကြည့်ရတာ အံဝင်မယ်မဟုတ်ဘူးလို့ ထင်နေရင်တော့အဲဒီအမြင်ကိုမြောင်းထဲလွှင့်ပစ်လိုက်ပါလို့ ကျွန်တော်ရဲရဲကြီးပြောလိုက်မယ်....ဒီကားက ဟီးဟီးဟားဟားကွက်တွေ အော်ဂလီဆန်စရာသတ်ဖြတ်မှုတွေ ခြောက်လှန့်မှုတွေမပါဘူး ..ဒါပေမဲ့ ပြသချိန် ၃နာရီနားပါးကြီးမှာ တစ်ချိန်လုံးခင်ဗျားဟာ စိတ်လှုပ်ရှားနေတယ်.... ဘာလို့ဆို မတူညီတဲ့ဇာတ်ကောင် ၂ယောက်ရဲ့အားပြိုင်မှုကြောင့်ပဲ....တစ်ယောက်က ရဲ။... သူ့မှတ်တမ်းတစ်လျှောက်လုံးမှာ ဆိုးပါတယ် လိုက်ဖမ်းရခက်ပါတယ်ဆိုတဲ့ လူတွေကိုမှထောင်ထဲထည့်ခဲ့တဲ့သူ. .ရဲဌာန တစ်ခုလုံးကလည်း သူ့ကိုလေးစားရတယ်.....အယ် ဒါပေမဲ့ တစ်နေ့တော့ သူ့နှုတ်ဖျားက ဒီကောင် အရမ်းတော်တယ်ဆိုပြီး ညည်းညူခဲ့ရတဲ့ ဓားပြတစ်ယောက်ပေါ်လာတယ်..တကယ်တော့ သူပြောတာထက်တောင်ပိုပါတယ်... အဲဒီဓားပြက အကွက်ချတာတော်တယ်... ပတ်ဝန်းကျင်ကိုလေ့လာအကဲဖြတ်ပြီး တစ်ဒင်္ဂအတွင်းအကောင်းဆုံးသော ဆုံးဖြတ်ချက်ကိုချနိုင်တယ်. ....လက်အောက်ငယ်သားတွေကိုကြည့်တယ်...ဒီကားက စစချင်း ၁၀မိနစ်လောက်ကတည်းက ခင်ဗျားတို့အာရုံတွေ ဖမ်းစားလိုက်ပြီ...ဒီကားထဲက အဓိကသရုပ်ဆောင်မင်းသားကြီး (၂)လက်ဖြစ်တဲ့ Al Pacino နဲ့Robert De Niro ကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ...အရံသရုပ်ဆောင်တွေကလည်း ထိပ်တန်းသရုပ်ဆောင်တွေအတော်များတယ်..ဇာတ်အိမ်ခိုင်သလား ...
movie

Heat (1995)

City of Lies (2018) 6.5
City of Lies (2018) City of Lies (2018)********************Who Shot Biggie???ဒီဇာတ်ကားရဲ့ ကြာမြင့်ချိန် 1 နာရီ 52 မိနစ်ဟာ အဲဒီမေးခွန်းလေးတစ်ကြောင်းနဲ့ ဆက်စပ်ပြီးရိုက်သွားတာပါ... အကြောင်းအရာတစ်ခုတည်းကို 1 နာရီ 52 မိနစ်တောင် ရိုက်ထားလို့ ပျင်းစရာကောင်းမှာပဲလို့ တွေးမိရင် တက်တက်စင်အောင် လွဲပါလိမ့်မယ်...ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားဖြစ်ပြီး တကယ့်အပြင်မှာလည်း Who Shot Biggie? ဆိုတဲ့မေးခွန်းကို နာမည်ကျော် FBI အဖွဲ့အပါအဝင် LAPD စုံထောက်တွေပါ ပူးပေါင်းစုံစမ်းခဲ့တာ နှစ် 20 ကျော်ကြာခဲ့ပါတယ်...မြန်မာနိုင်ငံက Rapper တွေ Mainstream နဲ့ Underground အပြန်အလှန်လှော်နေကြသလို Los Angeles မြို့ကြီးမှာလည်း East Coast နဲ့ West Coast ဆိုပြီး နှစ်ဖွဲ့ကွဲ လှော်ကြပါတယ်...1996 ခုနှစ်လောက်ကဖြစ်ခဲ့တဲ့လူသတ်မှုဖြစ်တဲ့အတွက် လူဖြူလူမည်းပဋိပက္ခတွေလည်း ရှိနေတဲ့အချိန်ပါ... ဒီအမှုကို နှစ်ပေါင်းအကြာကြီး စုံစမ်းနေသူကတော့ Poole ဆိုတဲ့ စုံထောက်တစ်ယောက်ပါ...နောက်ထပ်ဒီအမှုကို စိတ်ဝင်စားပြီး သတင်းလိုက်နေတဲ့သူကတော့ Jackson ဆိုတဲ့ ...
movie

City of Lies (2018)

Reagan (2024) 6.2
Reagan (2024)  ဒီ ဇာတ်လမ်းလေးကအမေရိကန် နိုင်ငံရဲ့ အယောက်လေးဆယ်မြောက်ရုပ်ရှင် သရုပ်ဆောင်ကနေ သမ္မတလာဖြစ်တဲ့ ရော်နယ်ရေဂန် ရဲ့ ဘဝဇာတ်ကြောင်း Biography ဇာတ်လမ်းလေးပါ၊ ဒီဇာတ်လမ်းက Paul Kengor ရဲ့ The Crusader: Ronald Reagan and the Fall of Communism ဆိုတဲ့ စာအုပ်ကို Inspired ယူပြီး ရိုက်ထားတာပါ ။ရော်နယ်ရေဂန်က ဟောလိဝုဒ်မင်းသားကနေ California ရဲ့ မြို့တော်ဝန်ဖြစ်လာပြီး အမေရိကန် နိုင်ငံရေးလောကထဲကို ဝင်လာပြီးတော့ အမေရိကန်နဲ့ ဆိုဗီယက်တို့ စစ်အေးတိုက်ပွဲ အပြင်းအထန်ဖြစ်နေတဲ့အချိန်မှာ သမ္မတဖြစ်ခဲ့တာပါ။ အခု ဂျိုးဘိုင်ဒန်မတိုင်ခင်အထိ ရေဂန်က အမေရိကန် သမ္မတတွေထဲမှာ အသက်အကြီးဆုံး သမ္မတ တစ်ယောက်ပါ။ ဆိုဗီယက် ပြည်ထောင်စုကြီး ပြိုကွဲတာ သူ့ကြောင့်လို့ တော်တော်များများကအခုချိန်ထိပြောကြပါတယ် ။ ဒီထဲမှာတော့ ဆိုဗီယက် KGB အေးဂျင့်ဟောင်းတစ်ယောက်က ...
movie

Reagan (2024)

Transcendence (2014) 6.3
Transcendence (2014) Transcendence(2014)2014 ထွက် Drama | Mystery | Sci-Fi ဇာတ်ကားတစ်ကားပါ...Dr. Will Caster နဲ့ Evelyn တို့ ဇနီးမောင်နှံဟာ သူငယ်ချင်းဖြစ်သူ Max Waters နဲ့ အတူ Pinn ကို တီထွင်နိုင်ခဲ့ကြပါတယ်....PINN ဆိုတာဟာ သူ့ဆီမှာ ရှိတဲ့ အချက်အလက်အကုန်လုံးကို လျှင်မြန်စွာ တွက်ချက်ပြီး အဖြေထုတ်နိုင်ပေမယ့်ကိုယ်ပိုင်အသိဉာဏ် ဖြင့် စဉ်းစားဆင်ခြင်နိုင်တဲ့အဆင့်ထိတော့ မရသေးပါဘူး...နည်းပညာရပ်ဆိုင်ရာ ဟောပြောပွဲ တခုမှာ Will Caster ဟာ လုပ်ကြံခံခဲ့ရပြီး သူ့ရဲ့တခြားသောteam တွေအကုန်လုံးလဲ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့အပြင် သူတို့ Research တွေလည်း လုံးဝဖျက်ဆီးခံလိုက်ရပါတယ်...နည်းပညာကလူတွေကိုလွှမ်းမိုးလာတာကိုမလိုလားတဲ့လူတစ်စုကြောင့်ပေါ့..သူတို့ကတော့ "Revolutionary Independence From Technology" (R.I.F.T.)ပါ..လုပ်ကြံမှုကြီးပြီးတဲနောက်မှာတော့  Will Caster ဟာ  သူ့အတွက် ရွေးချယ်မှုတစ်ခုသာရှိပါတော့တယ်..အဲဒါနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့.....ဒီကားက ရဲ့ခေါင်းဆောင်မင်းသားကြီး Johnny Depp  ကိုတော့ ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်...ဒါအပြင် ...
movie

Transcendence (2014)

2014
Gattaca (1997) 7.8
Gattaca (1997)  သိပ်မဝေးတော့တဲ့ အနာဂတ်မှာ မျိုးရိုးဗီဇမြှင့်တင်ပြောင်းလဲမှုတွေ လုပ်နိုင်လာပါပြီ။ လူတိုင်းဟာ အားနည်းချက်မရှိ ခြောက်ပစ်ကင်း သလဲစင်ဖြစ်လာကြတဲ့ခေတ်ပေါ့။ ဒါကြောင့် သဘာဝအတိုင်း မိခင်က ကိုယ်ဝန်ဆောင်ပြီး မွေးတာက မရှိသလောက်နည်းလာပါတယ်။ သဘာဝအတိုင်းမွေးလာတဲ့သူတွေကိုတော့ 'စံချိန်မမှီ' သူတွေလို့ခေါ်ပြီး သူတို့ရဲ့ပြီးပြည့်စုံမှုမရှိတဲ့ မျိုးဗီဇတွေကြောင့်နေရာတိုင်းမှာ ခွဲခြားဆက်ဆံခံနေကြရပါတယ်။ဒီကားရဲ့ ဇာတ်လိုက်ကျော် Vincent ဟာ အာကာသယာဥ်မှူးလုပ်ပြီး အာကာသထဲခရီးသွားနိုင်ဖို့ အမြဲစိတ်ကူးယဥ်ခဲ့တဲ့သူ တစ်ယောက်ပေါ့။ ဒါပေမဲ့ သူက 'စံချိန်မမှီ' တစ်ယောက်ဖြစ်တာကြောင့် အာကာသထဲသွားမဲ့ ဘယ်ပရိုဂရမ်ကမှ သူ့ကို အလုပ်မခန့်ကြပါဘူး။အဲဒါနဲ့ Vincent ဟာ ဗီဇမြှင့်တင်ပြီး မွေးလာတဲ့ Jerome Morrow ဆိုသူရဲ့ မျိုးရိုးဗီဇအချက်အလက်တွေကို တရားမဝင် ဝယ်ယူပြီး သူ့ကံကြမ္မာကို ပြောင်းပြန်လှန်ဖို့ ကြိုးစားပါတော့တယ်အဲဒီအာကာသပရိုဂရမ်က အကြီးအကဲ ဒါရိုက်တာတစ်ဦး အသတ်ခံရတဲ့အမှုကြောင့် Vincent ရဲ့ အစီအစဥ်တွေ ရှုပ်ထွေးကုန်တဲ့အခါ...Vincent အဖြစ် Ethan Hawke Jerome အဖြစ် Jude ...
movie

Gattaca (1997)

Superman/Batman: Public Enemies (2009)
Superman/Batman: Public Enemies (2009) Superman/Batman: Public Enemies(2009) IMDb: 7.1/10 Rotten Tomatoes: 67% Superman/Batman: Public Enemies(2009) ဟာ DC Universe Animated Original Movies ရဲ့ ခြောက်ကားမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ စူပါမန်းနဲ့ဘတ်မန်းတို့ နှစ်ယောက်ရဲ့လက်တွဲညီမှုကိုတွေ့ရမှာဖြစ်ပါတယ်။ အတော်လေးလည်းကောင်းမွန်လှတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ဇာတ်ညွှန်း ဥက္ကာခဲ ကြီးတစ်ခု ကမ္ဘာကိုတည့်တည့်ကြီးဝင်လာနေပါတယ်။ ဂေါ့သမ်တစ်မြို့လုံးလည်း ကဗြောင်းကိုသတ်နေပါတယ်။ အားလုံးထဲမှာအဆိုးဆုံးကတော့ လက်စ်လူသာတစ်ယောက် အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဖြစ်လာတာပါပဲ။စူပါဟီးရိုးဆိုရင်ကြည့်မရတဲ့ လက်စ်လူသာတစ်ယောက် စူပါဟီးရိုးတွေကို လိုက်လံဖမ်းဆီးပါတော့တယ်။ လူသာဟာစူပါမန်းကိုလူသတ်ကောင်လို့ အကွက်ဆင်ပြီး လူထုနဲ့သွေးခွဲလိုက်ပါတော့တယ်။ တစ်ဖက်မှာက ဥက္ကာခဲ၊ တစ်ဖက်မှာက အာဏာရော ဉာဏ်ရည်ရောပြည့်စုံတဲ့ လက်စ်လူသာ၊ အဲဒီလူနှစ်ယောက်ကို စူပါမန်းနဲ့ဘတ်မန်းတို့နှစ်ယောက်ဘယ်လိုများ ရင်ဆိုင်သွားမှာလဲ။ File size…    1.2 GB /  577 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 7m Genre ..... Animation/Action/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maximoff
movie

Superman/Batman: Public Enemies (2009)

Son of Batman (2014)
Son of Batman (2014) Son of Batman (2014) IMDb: 6.7/10 Rotten Tomatoes: 64% Genre: Animation/Action/AdventureSon of Batmanဟာ ၂၀၁၄ ခုနှစ်ထွက် DC Animated Original Movies ရဲ့ အခု ၂၀ မြောက် ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်ထွက် "Batman and Son" comic ကိုအခြေခံထားတာဖြစ်ပါတယ်။ ဘတ်မန်းရဲ့ သားဖြစ်တဲ့ ဒေမီယမ်ဝိန်း ကိုမိတ်ဆက်တဲ့ ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ အဖေနဲ့သားရဲ့ချစ်စဖွယ် ဇာတ်လမ်းလေးပေါ့ဗျာ :)ဇာတ်ညွှန်း League of Assassins ဦးဆောင်နေသူဟာ ရေရှယ်ဂူးလ် ဖြစ်တယ်ဆိုတာကို ဘတ်မန်းနဲ့ မစိမ်းသူတိုင်းသိပါတယ်။ ဘရုစ်ဝိန်းဆိုတဲ့ လူတစ်ယောက်မရောက်လာခင်အထိ ဆလိတ်ဝီဆင်လ်(Deathstroke) ဟာ ရေရှယ်ဂူးလ် ရဲ့ ညာလက်ရုံးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘရုစ်ဝိန်းရောက်လာတဲ့အချိန်မှာတော့ ဆလိတ်ကို လက်လွှတ်လိုက်တာသိကြမှာပါ။တစ်ရက်မှာတော့ ဆလိတ်ဝီဆင်လ်ဟာ ရေရှယ်ဂူးလ်တို့တည်ရှိနေတဲ့နေရာကိုလာရောက်တိုက်ခိုက်ခဲ့ပါတယ်။ သေမင်းကိုခဏခဏကလိမ်ကျပြီး အသက်ရှင်ခဲ့တဲ့ ရေရှယ်ဂူးလ် ဟာ ဒီတစ်ကြိမ်မှာတော့ အသက်ဆုံးခဲ့ပါတယ်။ ဒါပေမယ့် မသေပဲလွတ်သွားတဲ့လူနှစ်ယောက်ရှိခဲ့ပါတယ်။ သူတို့နှစ်ယောက်ကတော့ တာလီယာနဲ့ ဒေမီယမ်တို့နှစ်ယောက် ဖြစ်ပါတယ်။ တာလီယာကတော့ရေရှယ်ဂူးလ်ရဲ့သမီးဖြစ်ပြီး ...
movie

Son of Batman (2014)

Taken (2008) 7.7
Taken (2008) Taken 1 (2008) Unrated Extended CutOld but gold ကားဟောင်းတွေကို Quality Update လုပ်ပြီး တင်ဆက်ပေးနေရာမှာ ဒီတစ်ခါ အလှည့်ကျလာတာကတော့ မင်းသားကြီး Liam Neeson ရဲ့ Taken Trilogy Franchise ပဲ ဖြစ်ပါတယ်။ Liam Neeson နဲ့အတူ မင်းသမီး Maggie Grace လည်း ပါဝင်ပြီး ကြည့်ပြီးသားသူတွေအတွက်တော့ အထူးပြောစရာမလိုသလို မကြည့်ရသေးတဲ့သူတွေအတွက်လည်း အချိန်ပေးရကျိုးနပ်စေမယ့် ကားတွေပါပဲ။Taken ရုပ်ရှင်ကား ၃ ကားရှိပြီး 4K Quality ကိုမှ Unrated Extended Cut Version နဲ့ ၃ ကားလုံးတင်ဆက်ထားပါတယ်။ ၃ ကားလုံးကို ဒီမှာ    https://channelmyanmar.to/?s=taken+trilogy ဒေါင်းပါ။မကြည့်ရသေးတဲ့သူတွေအတွက် ဇာတ်လမ်းကို ပြောပြရရင်တော့ ဘရိုင်ယန်က စီအိုင်အေစုံထောက်ဟောင်းတစ်ယောက်ပါ။ အလုပ်မှာပဲအချိန်ပေးခဲ့တာကြောင့် မိန်းမနဲ့ကွာရှင်းလိုက်ရပြီး ၁၇ နှစ်အရွယ်သမီးလေးကိုပါ သူ့အမေလက်ထဲထည့်ပေးလိုက်ရတာမို့ အငြိမ်းစားယူပြီးနောက် သမီးဖြစ်သူကို အကောင်းဆုံးဖြည့်ဆည်းပေးဖို့ ...
movie

Taken (2008)

4K HEVC
Terminator 2: Judgment Day (1991) 8.6
Terminator 2: Judgment Day (1991) လူသားတွေကို မျိုးဖြုတ်မယ့် ဉာဏ်ရည်တုကွန်ပျူတာစနစ်ဆိုတာက တစ်ခုမဟုတ် တစ်ခု ရှိနေတာမျိုးပဲ။ ဆိုက်ဘာဒိုင်း၊ စကိုင်းနက် အစရှိသဖြင့်ပေါ့လေ။ ဆာရာ ကော်နာ နဲ့ ကိုင်းလ် ရိစ် တို့ လက်တွဲရင်ဆိုင်ပြီး အနာဂတ်ကလာတဲ့ မော်ဒယ် ၁၀၁ ကို အဆုံးသတ်နိုင်ခဲ့ပေမဲ့ ကမ္ဘာကို ကပ်ပါးပိုးတစ်ခုလိုတွယ်ကပ်နေတဲ့ ဉာဏ်ရည်မြင့်စက်တွေကတော့ ထင်းခွေမကြုံ ရေခပ်အကြုံကို စောင့်နေကြဆဲပါပဲ။ပထမဇာတ်ကား သိပ်ကိုအောင်မြင်သွားတော့ ဒုတိယကားထွက်ဖို့ စိုင်းပြင်းကြတဲ့အချိန်မှာ ဇာတ်လမ်းတွေ တော်တော်ရှုပ်ခဲ့ပါတယ်။ ထုတ်လုပ်သူပြောင်းချင်လို့ မူပိုင်ခွင့်ပြန်ဝယ်တဲ့ကိစ္စတွေ၊ ကွန်ပျူတာ အထူးပြုလုပ်ချက်ကို အထူးရှယ်လုပ်ရင်းနဲ့ အချိန်လွန်ကုန်တာတွေ။ ဒါပေမဲ့ ပထမကားထက် ပိုပြီးတော့ ဝေဝေဆာဆာ လှလှပပ အောင်အောင်မြင်မြင်ထွက်ရှိလာခဲ့တယ်။ကန်မရွန်း ရဲ့ ဩဇာသိပ်ကြီးလာသလို အာနိုး ရဲ့ အခန်းကဏ္ဍကလည်း မြင့်လာတော့ သူ့ကို ဇာတ်ဆောင်မင်းသားနေရာ ပို့ပေးလိုက်ရတာပေါ့။ ဒီလိုနဲ့ ပရိသတ်အကြိုက်ဖြစ်သွားတော့ ဟုန်းဟုန်းတောက် အောင်မြင်သွားပြန်တယ်။ ၁၉၉၁ ရဲ့ ဝင်ငွေအကြမ်းဆုံးဇာတ်ကား၊ ...
movie

Terminator 2: Judgment Day (1991)

1991
Universal Soldier: The Return (1999) 4.2
Universal Soldier: The Return (1999) ဒီ​ရုပ်ရှင်​က Universal Soldier (1992) ရဲ့အဆက် ဇာတ်​လမ်း​ဖြစ်ပြီး ဗန်ဒိန်းက အဓိက​ဇာတ်​ကောင်​ Luc အဖြစ် သရုပ်ဆောင်​ထားပါတယ်။ ပထမ​ရုပ်ရှင်​အပြီး နှစ်အတန်ကြာကာလမှာ ဇာတ်​အိမ်တည်ထားတာဖြစ်ပါတယ်။၁၉၉၂ ဇာတ်ကား​နဲ့ အခု ၁၉၉၉၊ ဇာတ်ကား​ကြားမှာ ထွက်​ရှိ​ခဲ့တဲ့ Universal Soldier​ နှစ်ကား​ကတော့​ ရုပ်​သံ​လိုင်း​အတွက် ရိုက်​ကူးခဲ့တဲ့ဇာတ်ကားတွေဖြစ်ပြီး Luc နေရာမှာ ဗန်ဒိန်း​မဟုတ်​တဲ့အပြင် အဲဒီ​နှစ်ကား​က အဖြစ်​အပျက်​တွေကို အခု Universal Soldier :​ The​ Re​turn မှာ ထည့်​သွင်း​စဉ်းစား​ထားခြင်း​မရှိတဲ့အတွက် Universal Soldier​ franchise ရဲ့ လေးကားမြောက်ရုပ်ရှင်ဖြစ်ပေမဲ့ အထက်​က နှစ်ကား​ကိုပယ်ပြီး ဒုတိယ​မြောက်ဇာတ်ကားအဖြစ် သတ်​မှတ်ရင်​လည်းရပါတယ်။ဇာတ်လမ်း​အကျဉ်းကတော့​ပထမ​ဇာတ်ကား​အပြီး Luc ရဲ့ရန်သူတော် GR 13 သေဆုံး​ပြီးတဲ့နောက်မှာ Luc ဟာ Veronica နဲ့ လက်ထပ်ပြီး သမီးတစ်ဦးဖွားမြင်ပါတယ်။ Veronica ကွယ်လွန်​ပြီးနောက်မှာတော့ Luc ...
movie

Universal Soldier: The Return (1999)

Shanghai Noon (2000) 6.6
Shanghai Noon (2000)  (function(f,b,n,j,x,e){})(); ၁၉ရာစုနှောင်းပိုင်းတုန်းက ချောင်ဝမ် ( Jackie Chan ) ဟာ အင်မတန်ကို့ရို့ကားယားနိုင်ပြီး တရုတ်နိုင်ငံရဲ့ ဘုရင့်သက်တော်စောင့်တစ်ယောက်ဖြစ်ပါတယ်… ဘုရင်ကြီးမှာ သမီးတော်တစ်ပါးရှိပြီး မင်းသမီးလေး ဖေးဖေး ( Lucy Liu) လို့ အမည်တွင်ပါတယ်…တနေ့မှာ တရုတ်ပြည်ကို ရောက်လာတဲ့ နိုင်ငံခြားသားတွေက မင်းသမီးလေးကို တစ်ဖက်လှည့်နဲ့ အမေရိကကို ပြန်ပေးဆွဲခေါ်ဆောင်သွားပါတော့တယ်…ဒီအခါမှာ ချောင်ဝမ်တို့တွေဟာ မင်းသမီးလေးကို ကယ်တင်ဖို့အတွက် တာဝန်ပေးခြင်းခံလိုက်ရပြီး အနောက်ဘက်ကိုထွက်လာခဲ့ကြပါတော့တယ်…အဲ့ဒီအချိန်မှာ မလိမ့်တပတ် လူလိမ်လုပ်စားနေတဲ့ သူခိုးတစ်ယောက်လည်းဖြစ်တဲ့ ရွိုင်းအိုဘန်နွန်နဲ့ တွေ့တဲ့ အခါမှာတော့….ချောင်ဝမ်တစ်ယောက် မင်းသမီးလေးကို ပြန်ပြီး ကယ်တင်နိုင်မှာလား ??? ဘယ်လိုပြန်ကယ်တင်မလဲ ??? ချောင်နဲ့ ရွိုင်းအိုဘန်နွန်နဲ့ရော ဘယ်လိုနှစ်ပါးသွားကြမလဲ ??? ဆိုတာတွေကိုတော့ ဆက်လက်ကြည့်ရှုခံစားပေးကြပါလို့…မင်းသားကြီးဂျက်ကီချန်းနဲ့ ဟာသသရုပ်ဆောင် အိုဝင် ဝီလ်ဆင် တို့ အတွဲညီညီ ပါဝင်သရုပ်ဆောင်ထားကြပြီး ဟာသအက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်…IMDb rating 6.6/10 ရရှိထားပြီး ဂျက်ကီချန်းပရိတ်သတ်တွေအကြိုက်တွေ့စေမယ့်ကားကောင်းတစ်ကားဖြစ်ပါကြောင်း… ကြည့်ရှုအားပေးကြပါဦး  File ...
movie

Shanghai Noon (2000)

2000
Alchemy of the Spirit (2022)
Alchemy of the Spirit (2022)  2022 တုန်းကထွက်ရှိထားတဲ့ “စိတ်ဝိညာန်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ပြောင်းလဲမှု” လို့အမည်ပေးထားတဲ့ Sci-fi ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ထူးထူးခြားခြား ဆုပေါင်း ၂၃ ခုအထိရရှိထားပါတယ်။အော်လီဗာဘလက်ခ်လို့ အမည်ရတဲ့ ပန်းချီဆရာကြီးဟာ ချစ်မြတ်နိုးရတဲ့ ဇနီးဖြစ်သူအယ်ဗလင်းနဲ့ တစ်သက်လုံးလက်တွဲဖြတ်သန်းလာခဲ့သူတစ်ဦးပါ။ တစ်ရက်မှာတော့ အယ်ဗလင်းဟာ အိပ်စက်နေရင်း သေဆုံးသွားခဲ့ပြီး အော်လီဗာတစ်ယောက် အယ်ဗလင်းရဲ့ဘေးမှာ နိုးထလာခဲ့ပါတယ်။ အော်လီဗာဟာ အစကတော့ ၉၁၁ ကို ဖုန်းဆက်အကြောင်းကြားဖို့ တွေးမိခဲ့ပေမဲ့ ဒီလိုလုပ်လိုက်ရင် သူနဲ့ သူချစ်ရတဲ့ဇနီးတို့ဟာ ထာ၀ရဝေးကွာသွားရတော့မှာကို သဘောပေါက်သွားပါတယ်။အော်လီဗာဟာ ဇနီးသည်ရဲ့သေဆုံးမှုကို လက်မခံချင်ဘူး။ ဒီလိုလက်မခံထားမှသာ သူနဲ့ ဇနီးဖြစ်သူဟာ ဘယ်တော့မှမခွဲခွာရမှာ။မှော်ဆန်တဲ့ လက်တွေ့တည်ရှိမှုနဲ့အတူ အော်လီဗာဟာ ယုံကြည်မှုတွေရဲ့ မှားယွင်းနေတဲ့အတွေးကမ္ဘာကြီးထဲကို ရောက်ရှိသွားတယ်။ အိုလီဗာအတွက် အချိန်နဲ့ နေရာတို့ဟာ ရောယှက်သွားခဲ့ပြီး ဘယ်ဟာကအစစ်အမှန်လဲ ဘယ်ဟာက စိတ်ရဲ့လှည့်စားမှုလဲဆိုတာ ကွဲပြားအောင်ခွဲခြားဖို့အတွက် စတင်ခက်ခဲလာခဲ့တယ်။ဒီလိုနဲ့ အော်လီဗာရဲ့ ထင်ယောင်ထင်မှားဖြစ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ အတွေးကမ္ဘာကြီးထဲကို ...
movie

Alchemy of the Spirit (2022)

Allegiant (2016)
Allegiant (2016) စာရေးဆရာမVeronica Roth ရဲ့ နာမည်ကျော် Divergent Series ရဲ့ သုံးအုပ်မြောက်စာအုပ်ကိုအသက်သွင်းထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ရှေ့က Divergent(2014) နဲ့ Insurgent(2015) ရုပ်ရှင်တွေကိုကြည့်ဖူးထားရင်တော့ အဆက်အစပ်မိပါလိမ့်မယ်။ဇာတ်လမ်းရဲ့ကြောရိုး....အနာဂတ်ကာလ Chicago မြို့မှာ တံတိုင်းကြီးကာထားပြီးနေထိုင်ကြတဲ့ မျိုးနွယ်စုတစ်စုရှိပါတယ်။သူတို့ထဲမှာ  Abnegation ( အတ္တကင်းမဲ့မှု)၊ Amity ( ကြင်နာမှု )၊ Candor ( ရိုးသားမှု)၊ Erudite ( ဉာဏ်ပညာထက်မြက်မှု)၊ နဲ့ Dauntless ( ရဲရင့်မှု ) စသည်ဖြင့်အမျိုးအစားခွဲထားပြီး  အဲ့ဒီအမျိုးအစားထဲကနေ ချွန်ပြီးထွက်နေတဲ့ Divergent လို့သတ်မှတ်သူတွေကိုတော့ ဒီမြို့ထဲမှာမထားပါဘူး...သတ်ပစ်ပါတယ်။ဒီလိုချိန်မှာ Abnegation အကြီးအကဲရဲ့သမီး Tris (မင်းသမီး Shaileen Woodley ) ကတော့ အမျိုးအစား(၃)ခုကျော်နေလို့  Divergent လို့ The System ကသတ်မှတ်ပြီး သတ်ပစ်ဖို့ကြိုးစားလာပါတယ်။ဘာကြောင့်လဲဆိုတော့ Divergent တွေဟာ The System ...
movie

Allegiant (2016)

2016
4K HEVCHDR