Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Wulan Guritno
5.8
Love Therapy (2025)
ဒီဇာတ်လမ်လေးတော့ အိမ်ထောင်ရေးအကြောင်းကိုဟာသDrama အဖြစ်နဲ့ ရိုက်ကူးထားတဲ့ အင်ဒိုနီးရှားဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်..မာတင်နဲ့ ဒါရာတို့ဟာ အိမ်ထောင်ကျခါစမှာတော့ ချစ်ခင်ခင်နဲ့ အစစအရာရာ အဆင်ပြေသာယာနေခဲ့ပါတယ်..ဒီလိုနဲ့ အိမ်ထောင်သက် ၁၀နှစ်လောက်ကိုရောက်လာတဲ့အချိန်မှာတော့သူတို့ရဲ့ ဆက်ဆံရေးအခြေနေတွေက ညားခါစကလိုမျိုး မဟုတ်တော့ပါဘူး.အိမ်ထောင်ရေးဖောက်ပြန်တာမျိုး တခြားပြဿနာမျိုးတွေရှိနေတာမျိုး မဟုတ်ဘဲပုံမှန်ဆက်ဆံရေးမှာဆိုရင် နွေးနွေးထွေးထွေးနဲ့ အဆင်ပြေနေပေမဲ့လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် လက်ထပ်ပြီးခါစကလိုမျိုး စိတ်အားထက်သန်မှုတွေမရှိတော့ဘဲနဲ့ တစ်ယောက်အပေါ်တစ်ယောက် တပ်မက်မှုမရှိတော့သလို ဖြစ်လာကြတာပါ.ဒါကြောင့်မို့ တစ်အိမ်တည်းနေပြီး အတူတူအိပ်ကြတဲ့ လင်မယားဖြစ်ပေမဲ့လိင်မဆက်ဆံဖြစ်ကြတာ လနဲ့ချီအောင် ကြာလာကြပါတယ်.လိင်ဆက်ဆံတယ်ဆိုတာ အိမ်ထောင်ရေးတစ်ခုမှာ မရှိမဖြစ် လိုအပ်တဲ့အရာတစ်ခုလို့လူတော်တော်များများက လက်ခံယူဆထားကြတာပါ..ဒါကြောင့် သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုလိုအပ်နေသလိုမျိုးခံစားလာရတဲ့အတွက် တစ်ယောက်အပေါ်တစ်ယောက်ပြန်ပြီးတော့ လိုချင်တပ်မက်စိတ်ရှိလာအောင် မျှားနတ်မောင်ဆေးခန်းဆိုတဲ့ စုံတွဲတွေ ပြန်အဆင်ပြေအောင် လုပ်ပေးတဲ့ဆေးခန်းတစ်ခုဆီကို သွားခဲ့ကြပါတယ်..အပြန်အလှန် ငြီးငွေ့သလိုမျိုး ဖြစ်လာကြတဲ့ မာတင်နဲ့ ဒါရာတို့ စုံတွဲအနေနဲ့အဲဒီဆေးခန်းနဲ့ အတွေ့မှာ အဆင်ပြေသွားကြမလား ....ဆေးခန်းဘက်ကရောသူတို့ကို ဘယ်လိုဝန်ဆောင်မှုမျိုးတွေ လုပ်ပေးမလဲဆိုတာကိုဟာသနှောပြီးတော့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်..အရမ်းကို ရယ်မောရမဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်တာကြောင့်မို့ဟာသရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူတွေအနေနဲ့ လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်လမ်းလေးပဲ ...
movie
Love Therapy (2025)
5
Sleep Paralysis aka Ketindihan (2025)
Sleep Paralysis (2025) "ဘီလူးစီးခံရသော ကောင်မလေး"Horror ပရိသတ်တိုအတွက် အင်ဒိုဟော်ရာ ဇာတ်လမ်းအသစ်လေးကို အမြန်ဆုံး တင်ဆက်ပေးလိုက်ပါတယ်အင်္ဂလိပ်စာမှာ Sleep Paralysis လိုခေါ်ပြီး အယူသီးကြတဲ့ ရွှေမြန်မာအခေါ် ဘီလူးစီးခြင်းကို မတွေ့ကြုံဖူးရင်တောင် သူများပြောတာ ကြားဖူးကြမှာပါဒီထဲမှာတော့ ဒါဟာ အမျိုးသမီးလေးတွေကို သီးသန့်ပစ်မှတ်ထားတဲ့ Jinn ခေါ်တဲ့ မိစ္ဆာကောင်ကြောင့်ပါတဲ့ ဇာတ်လိုက်မင်းသမီး ကောင်မလေးဟာလည်း Daddy Issue/ Mommy Issue လေးတွေရှိနေပြီး အထီးကျန်တာနဲ့ သူငယ်ချင်းမတစ်ယောက် ပြောပြသလို လက်တည့်စမ်းကာ Jinn ကို ဆင့်ခေါ်လိုက်တဲ့နောက်မှာတော့ ။ ။အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team မှ ဖြစ်ပါတယ် File size… 985 MB / 515 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team
movie
Sleep Paralysis aka Ketindihan (2025)
5.9
Bangsal Isolasi (2024)
Bangsal Isolasi ( 2024 ) အမှန်တရား IMDb – 6.3/10 ဒီတစ်ခါတော့ အင်ဒိုနီးရှား ထောင်ကားအကြမ်းစားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဝင်နီဟာ ဆေးမှုသံသယရှိသူအနေနဲ့ ရာတူ အက်ဒေး အကျဉ်းထောင်ထဲကို ရောက်လာပါတယ်။ ထောင်ဆိုတဲ့အတိုင်းပဲ အမှုမျိုးစုံနဲ့ရောက်လာကြတဲ့ ဇိုးလေးတွေ အကုန်စုနေကြတဲ့နေရာပေါ့။ဝင်နီနဲ့ တစ်ခန်းတည်းနေရမဲ့ ထောင်အခန်းဖော်ကတော့ ယန်တီလို့ခေါ်တဲ့ တစ်ယောက်ပါ။ ယန်တီက လောလောဆယ် ပေါင်းသင်းကြည့်ရသလောက်တော့ ထောင်အကြောင်း ထောင်မှူးအကြောင်းတွေပြောပြပေး ကူညီပေးနဲ့ မိတ်ဆွေကောင်းတစ်ယောက်လိုပါပဲ။ဒီထောင်မှာ ပဟေဠိအဆန်ဆုံးသော အခန်းတစ်ခန်းလည်းရှိပါသေးတယ်။ အဲဒါက သီးသန့်ထောင်လို့ခေါ်တဲ့ ဝင်နီတို့နားလေးက အခန်းပါ။ ညညဆိုရင် အဲဒီအခန်းကနေ အော်ညည်းသံတွေကြားနေရပြီး သီးသန့်ထောင်အကြောင်း ကောလာဟလတွေကလည်း မဆုံးနိုင်အောင်ပါပဲ။ ဝင်နီတစ်ယောက် တကယ်ပဲ အပြစ်ကျူးလွန်ခဲ့လို့ ထောင်ထဲကိုရောက်လာတာဖြစ်မလား။ ဒီထောင်ကိုလာရတဲ့ သူ့ရည်ရွယ်ချက်က ဘာဖြစ်နေမလဲ။ အဆုံးမှာ သူလိုချင်နေတဲ့အဖြေတွေကို ရသွားမလားဆိုတာတော့…(ဘာသာပြန်နဲ့အညွှန်းကတော့ Eaindra ~ ToMo ~ KKKZ ~ Yunni တို့ပဲဖြစ်ပါတယ်) File size…898 MB / 476 MB Quality…WEB DL 1080p HEVC / ...
movie
Bangsal Isolasi (2024)
6.0
Trinil (2024)
ဒီတစ်ခေါက်မှာတော့ Horror ရုပ်ရှင်ဆို ပြူးပြူးပြဲပြဲJump scares တွေမှကြိုက်တတ်ပါတယ်ဆိုတဲ့သူတွေအတွက်ဖြည်းဖြည်းလေးရော ဝုန်းဝုန်းဒိုင်းဒိုင်းရော နည်းမျိုးစုံ ခြောက်ပြမဲ့အင်ဒို ခေါင်းပြတ်သရဲကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းဟာ 1980ခုနှစ်များမှာ အင်ဒိုနီးရှားနိုင်ငံအတွင်း နာမည်ကျော်ခဲ့တဲ့ ရေဒီယိုဇာတ်လမ်းတစ်ပုဒ်ကိုမှီငြမ်းပြီးရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်းထဲမှာတော့1970ဝန်းကျင်ကာလကိုဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း****************အင်ဒိုနီးရှားနိုင်ငံ Central Java မှာ လက်ဖက်ခြံပိုင်ရှင် သူဌေးကြီးဝမ်လမ်ဆောင်ဒါဆိုပြီးရှိပါတယ်။ သူ့မှာ သူချစ်စနိုးနဲ့ ထရီနီလိုခေါ်တဲ့ သမီးလေးတစ်ယောက်လည်းရှိပါတယ်။ တစ်ရက်မှာတော့သူဌေးကြီးဆုံးပါးသွားပြီး သူ့မိန်းမဟာလည်းရုတ်ချည်းဆိုသလိုပျောက်ဆုံးသွားခဲ့ပါတယ်။ သူ့သမီးကတော့ သူဌေးကြီးမဆုံးခင်အိမ်မှာ သူနာပြုလာလုပ်ပေးတဲ့ သူနာပြုဆရာလေးနဲ့လက်ထပ်ပြီးHoney moon ခရီး သုံးလကြာထွက်သွားခဲ့ပါတယ်။ သူတိုဟန်းနီးမွန်းထွက်နေတဲ့ကာလမှာ လက်ဖက်ခြံထဲ ရာသီဥတုမကောင်းတာတွေ၊ ဝန်ထမ်းတွေ သေဆုံးတာတွေ ၊သတ်သေတာတွေဆက်တိုက်ဖြစ်လာပါတော့တယ်။ သူတိုနှစ်ယောက် ဟန်းနီးမွန်းကပြန်လာတဲ့အခါမှာလည်း အိပ်နေရင်းဘီလူးစီးခံရတာတွေခြောက်လှန့်ခံရတာတွေဖြစ်လာတာမို ခင်ပွန်းဖြစ်သူကသူ့သူငယ်ချင်းအပနှင်ဆရာကို အပနှင်ပေးဖိုအကူအညီတောင်းရာကနေစံအိမ်ကြီးရဲ့လျှိဝှက်ချက်တွေတစ်ခုပြီးတစ်ခု ပေါ်လာပါတော့တယ်။ဇာတ်လမ်းအကျဉ်းကတော့ဒီလောက်ပါပဲ။ဒီမှာ တစ်ခုသတိထားမိတာက အင်ဒိုသရဲကားတွေဟာဇာတ်လမ်းဇာတ်အိမ် ကျစ်လျစ်ပိုင်နိုင်ပြီး တင်ဆက်ပုံကလည်းအဆင့်အတန်းတစ်ခုမှာရှိပါတယ်။ ဇာတ်လမ်းကို အစကနေအဆုံးထိတန်ပိုကောင်းကောင်းနဲ့ဆွဲခေါ်သွားနိုင်တာမို အချိန်ပေးကြည့်ရတာတန်စေမဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေရှင်။ File size…1.54 GB/ 677 MB Quality… WEB-DL ...
movie
Trinil (2024)