Channel Myanmar

Wu Mei-He

Mon Mon Mon Monsters (2017) 6.3
Mon Mon Mon Monsters (2017) ဒီဇာတ်ကားကတော့ တရုတ်ဇွန်ဘီဇာတ်ကားလေးဖြစ်ပြီးသွေးထွက်သံယိုပြကွက်ကြမ်းတွေ ပါတာမို့ ရွံတတ်သူများ မကြည့်သင့်ပါဘူး။ဇာတ်လမ်းအကျဉ်းလေးကတော့ အတန်းထဲက အဆင့် ၁ ကျောင်းသားကိုကျောင်းလူမိုက် အဖွဲ့က အတန်းကြေးတွေခိုးပါတယ်လို့ စွပ်စွဲခံရ‌အောင်လုပ်ပြီးတစ်တန်းလုံးရှေ့မှာ အရှက်ခွဲခဲ့ပါတယ်။အဲဒီမှာအတန်းပိုင်က အဆင့် ၁သမားကိုရော ကျောင်းလူမိုက်တွေကိုပါ အဖွဲ့ဖွဲ့ပေးလိုက်ပြီးလူမှုကူညီရေးအလုပ်တွေ ဝင်လုပ်ဖို့ ဒဏ်ပေးလိုက်ပါတယ်။သူတို့အဖွဲ့သွားလုပ်ရတဲ့ တိုက်ခန်းက လူသားစား မကောင်းဆိုးဝါးတွေ ရှိတယ်လို့နာမည်ကြီးနေတဲ့ တိုက်ခန်းဖြစ်နေတာပါ။အဲဒီတိုက်ကနေ တကယ်ပဲ မကောင်းဆိုးဝါး တစ်ကောင်ကို ဖမ်းမိလာပြီးလူမိုက်အဖွဲ့ပီပီ ပေါက်ကရနှိပ်စက်နည်းတွေ မျိုးစုံသုံးပြီး အဲဒီဇွန်ဘီမကောင်းဆိုးဝါးကို နှိပ်စက်ခဲ့ပါတယ်။ထိုအခါဇွန်ဘီအစ်မဖြစ်သူက သူ့ညီမဇွန်ဘီကို လိုက်ရှာနေရင်းနဲ့အထက်တန်းကျောင်းသားတွေရဲ့ လက်ချက်ဖြစ်ကြောင်း သိသွားတဲ့အခါကလဲ့စားချေ သတ်ဖြတ်မှုတွေ လုပ်လာလို့ ကိုယ်မွှေးခဲ့တဲ့မီးကို ကိုယ်ပြန်ငြှိမ်းရတော့မယ့်လူမိုက်အဖွဲ့နဲ့ အဆင့်တစ်ကောင်တို့ဟာ လူသတ်ဇွန်ဘီမနဲ့ ထိပ်တိုက်ရင်ဆိုင်ရ‌‌ပါတော့တယ်။  File Size : 1.6 GB, 811 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 51min Format : Mp4 Genre ...
movie

Mon Mon Mon Monsters (2017)

Workers The Movie ( 2023 ) 5.9
Workers The Movie ( 2023 ) ထိုင်ဝမ်ဇာတ်လမ်းတွဲ Workers (2020) ကိုရုပ်ရှင်အဖြစ်ပြန်ရိုက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ အလုပ်သမားတွေရဲ့ဘဝကိုအဓိကထားပုံဖော်ထားပြီးတော့ လူတွေရဲ့မြေနိမ့်ရာလှံစိုက်တတ်ပုံတွေ လူနေမှုဘဝနိမ့်ကျပေမယ့် စိတ်စေတနာပြည့်ဝတဲ့အလုပ်သမားပြည်သူတွေရဲ့ လေးစားစရာစိတ်ဓာတ်ကိုရိုက်ပြသွားတဲ့ ဟာသဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းခွင်က သံလုပ်သားညီအစ်ကိုအားချီနဲ့အားရှင်း၊ အစ်ကိုချန်းနဲ့ မြေကော်စက်မောင်းသမားအားချန်းတို့ဟာ ချမ်းသာဖို့အိပ်မက်တွေရှိကြတဲ့ လုပ်သားတွေဖြစ်ကြတယ်။ သူတို့ဟာအလွဲလွဲတွေကြားမှာ ဆုံတွေ့ကြပြီးတော့ ရင်းနီးလာခဲ့ကြတယ်။သူတို့တွေက အိပ်မက်မက်ကြတယ်။ အိပ်မက်တွေပျက်စီးရတယ်။ အားမလျှော့ပဲ လဲရာကပြန်ထကြတယ်။ ကိုယ်စီအခက်အခဲတွေရှိရဲ့သားနဲ့ ဆင်းရဲတဲ့မြေးအဖွား၂ယောက်ကို အိမ်အသစ်ဆောက်ပေးဖို့ ကြိုးစားကြတယ်။ လူသားဆန်တဲ့ သာမန်လုပ်သားတွေရဲ့ဘဝကို ဟာသနှောပြီး ပုံဖော်ထားတဲ့အတွက် ရယ်ရတဲ့အပြင် အားတက်စေမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Filesize : 2.11 GB / 0.98 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv  Genres : Comedy , Family Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Workers The Movie ( 2023 )