Channel Myanmar

Wu Ma

Swordsman (1990) 6.8
Swordsman (1990) Swordsman (1990)IMDb Rating (6.8)ဒီဇာတ်ကား စာရေးဆရာကျင်းယုံ (Louis Cha) ရဲ့ နာမည်ကျော် ဝတ္ထု "The Smiling, Proud Wanderer" မြန်မာလိုဆို သိုင်းလောကစိန်ခေါ်သံ စီးရီးကို အခြေခံထားတဲ့ လင့်ဟူချုန်းရဲ့ တကိုယ်တော် wuxia ဇာတ်ကားဖြစ်ပါတယ်။1990 ခုနှစ်ကာလ Hong Kong ရုပ်ရှင်လောက ရွှေခေတ်ကို ကိုယ်စားပြုတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး၊ အောင်မြင်ခဲ့လို့ Swordsman 2 (1992) နဲ့ Swordsman 3 The East Is Red (1993) ဇာတ်ကားများကို ထပ်မံရိုက်ကူးခဲ့ပါတယ်။တရုတ်ပြည် မင်မင်းဆက်ကာလမှာ လင့်ဟူးချုန်းဆိုတဲ့ ဓားသူရဲကောင်းနဲ့ သိုင်းလောကကြားမှာ နာမည်ကြီးနေတဲ့ နေကြာသိုင်းကျမ်းကို ရယူဖို့ကြိုးစားကြတဲ့ သိုင်းသမားများ၊ အုပ်စုများအကြား ပြိုင်ဆိုင်မှုများ၊ သစ္စာရှိမှုနဲ့ သစ္စာဖောက်မှုများ၊ ချစ်ခြင်းမေတ္တာနဲ့ လောဘတို့ကို ရင်သပ်ရှုမောစရာ သိုင်းကွက်တွေနဲ့ သေချာရိုက်ပြထားတဲ့ ...
movie

Swordsman (1990)

4K HEVC
Swordsman 3: The East Is Red (1993) 6.1
Swordsman 3: The East Is Red (1993) Swordsman 3: The East Is Red (1993)IMDb Rating (6.1)သိုင်းကားချစ်သူတိုင်းရဲ့ငယ်ဘဝအမှတ်တရတစ်ခုဖြစ်တဲ့ စာရေးဆရာကြီးကျင်းယုံရဲ့ သိုင်းလောကစိန်ခေါ်သံဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ the swordsman 3(1993) လေးကို CM Version လေးနဲ့ ပြန်လည်ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီ။ The swordsman 3 ကတော့ မင်းသားကြီး Jet Liနဲ့ မင်းသမီးကြီး Brigette Linတို့ရဲ့ the swordsman 2ရဲ့အဆက်ဆိုတော့ ရှေ့နှစ်ကားကြည့်ပြီးမှပဲ ဇာတ်ရည်လည်မှာမလို့ မကြည့်ရသေးရင်တော့ အရင်ကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။The swordsman 2ရဲ့အဆုံးသတ်မှာ တောင်နက်ကမ်းပါး တိုက်ပွဲအပြီးမှာ တုန်းဖန်းပုပိုက်တစ်ယောက် အကြီးအကျယ်ရှုံးနိမ့်ပြီးတော့ ချောက်ကမ်းပါးကနေ ပြုတ်ကျပြီးတော့ နေလဂိုဏ်းနဲ့အတူ သိုင်းလောကကနေ စုန်းစုန်းမြုပ်သွားပါတော့တယ်။ဒါပေမဲ့ ဒီအချိန်မှာ တိုင်းပြည်ရေးရာက မတည်မငြိမ်ဖြစ်နေသလို တိုင်းပြည်တစ်ခွင်မှာ ကိုယ့်ကိုယ်ကိုယ် တုန်းဖန်းပုပိုက်လို့ နာမည်တပ်နေသူတွေ အများအပြားပေါ်ထွက်လာပြီး ဖိနှိပ်မှုတွေ သတ်ဖြတ်မှုတွေ ...
movie

Swordsman 3: The East Is Red (1993)

4K HEVC
Iron Monkey 2 (1996) 4.6
Iron Monkey 2 (1996)  ကျွန်တော်တို့လူငယ်တွေရဲ့ ငယ်ဘဝအသည်းစွဲဖြစ်တဲ့ ကိုယ်ခံပညာရှင် အိုင်ပီမန်း မင်းသားကြီး ဒွန်နီယန်ရဲ့ ငယ်ရွယ်စဉ်ကာလမှာ ရိုက်ကူးခဲ့တဲ့ ကိုယ်ခံပညာအက်ရှင်ဇာတ်ကားလေးပဲဖြစ်လို့ သေချာပေါက် ကြည့်ရှုသင့်ပါတယ်။ဇာတ်လမ်းအကျဉ်း ဒီဇာတ်ကားမှာတော့ တရုတ်ပြည်ကို ဂျပန်တွေသိမ်းပိုက်ထားတဲ့ကာလမှာ ကျောက်စိမ်းကျားဆိုတဲ့ လူမိုက်ဂိုဏ်းခေါင်းဆောင်ဟာ လက်နက်တွေကို မှောင်ခိုသွင်းယူပြီးတော့ ဂျပန်တွေနဲ့ လက်ဝါးချင်းရိုက်ကာ အကျင့်ပျက်ခြစားလို့နေပါတယ်။ ဒီအချိန်မှာ သံမဏိမျောက်ဆိုတာကတော့ အားလုံးက ဟိုလေးတကျော်သိကြပြီး မကောင်းမှုတွေကို တိုက်ဖျက်တားဆီးနေတဲ့ ကိုယ်ခံပညာရှင်ဖြစ်ပါတယ်။အဲမြို့ကြီးမှာ စုကျင်နဲ့ ရှောင်ချန်းဆိုတဲ့ လူတွေကို အမျိုးမျိုးပတ်လိမ်ကာ ငွေချူစားနေတဲ့ မိဘမဲ့စုံတွဲဖြစ်ပြီး သူတို့ဟာ တောကတက်လာပြီး အနဖေဖြစ်သူကိုလာရှာတဲ့ တန်ဆိုတဲ့ ကိုယ်ခံပညာရှင်လူရွယ်တစ်ယောက်ကို တစ်ပတ်ရိုက်တာ သေနတ်မှောင်ခိုတင်လာတဲ့ကားကို ဖြတ်လုပါတော့တယ်။ ဒီအချိန်မှာ သံမဏိမျောက်၊ မိဘမဲ့စုံတွဲနဲ့ အဖေလာရှာတဲ့ တန်တို့ ဘယ်လိုဇာတ်ထုပ်နဲ့ ကျောက်စိမ်းကျားတို့ရဲ့ ဒုစရိုက်မှုတွေကို ဘယ်လိုတားဆီးကြမလဲဆိုတာကို အရသာခံ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(2.1)/(1.2 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:32:00 Genre... ...
movie

Iron Monkey 2 (1996)

1996
The Dead and the Deadly ( 1981 ) 6
The Dead and the Deadly ( 1981 ) ဒါကတော့ ၁၉၈၂ခုနှစ်မှာ ထွက်ခဲ့တဲ့ ဟုန်ကျင်းပေါင် Sammo Hung ရဲ့သရဲဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အဖိုးလေးနဲ့အတူကြီးပြင်းလာတဲ့ ကျူးဟုန်ယိဟာ အလုပ်လုပ်တဲ့နေရာမှာ ကပျက်ကချော်နိုင်ပေမယ့် သူငယ်ချင်းအပေါ်သစ္စာရှိတဲ့လူတစ်ယောက်ဖြစ်တယ်။အဖိုးလေးနဲ့အတူ ဈာပနာအခမ်းအနားသုံးစက္ကူရုပ်တွေလုပ်ကိုင်ရင်း အသက်မွေးဝမ်းကြောင်းခဲ့တယ်။ မမွေးခင်ကတည်းကစေ့စပ်ထားတဲ့ အားယွင်ဆိုတဲ့ကောင်မလေးရှိပေမယ့် ကျူးဟုန်ယိကသူ့ကိုအလေးမထားခဲ့ဘူး။တစ်နေ့မှာတော့ ကျူးဟုန်ယိရဲ့သူငယ်ချင်းတစ်ယောက်ဟာ ထူးထူးဆန်းဆန်းသေသွားခဲ့တယ်။ သူငယ်ချင်းသေတာမသင်္ကာစရာဖြစ်နေတော့ ကျူးဟုန်ယိတစ်ယောက်အယောင်ဆောင်လိုက်လံစုံစမ်းခဲ့တယ်။ သူငယ်ချင်းရဲ့ဇနီးနဲ့ယောက်ဖဆိုတဲ့သူတွေကငွေလိုချင်လို့ကြံစည်နေတာဖြစ်ပြီးတော့ လောဘကြောင့် နောက်ဆုံးမှာသူငယ်ချင်းကိုသတ်လိုက်တာဖြစ်နေတယ်။ ဒီလိုနဲ့သူငယ်ချင်းရဲ့ဝိဉာဉ်ဟာ ကျူးဟုန်ယိက သူ့ကိုကူညီပြီးလက်စားမချေမချင်း လိုက်ကပ်ပြီးနှောက်ယှက်ပါတော့တယ်။ မတတ်သာတဲ့အဆုံးသူငယ်ချင်းကိုအစားလက်စားချေဖို့ လက်ခံလိုက်ပြီး ဘာတွေဆက်ပြီးအလွဲလွဲအချော်ချော်ဆက်ဖြစ်နေမလဲ...... Filesize : 1.64 GB / 813 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Comedy , Fantasy , Horror Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Dead and the Deadly ( 1981 )

Battle of the Warriors (2006) 6.7
Battle of the Warriors (2006)  စစ်သည်တို့ရဲ့တိုက်ပွဲလို့အမည်ရတဲ့ ဒီဟောင်ကောင်ရုပ်ရှင်က၂၀၀၆ ခုနှစ်ထွက်စစ်ပွဲရုပ်ရှင်ဖြစ်ပြီး ဂျပန်သမိုင်းဝင်မန်းဂစီးရီးတစ်ခုဖြစ်တဲ့ Bokkō ပေါ်အခြေခံထားပါတယ်။ ဒါရိုက်တာ Jacob Cheung ရိုက်ကူးထားပြီး နာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Andy Lau, Ahn Sung-ki, Wang Zhiwen, Fan Bingbing, Nicky Wu နဲ့ Choi Siwon တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီပူးတွဲထုတ်လုပ်မှုမှာ တရုတ်ပြည်မြောက်ပိုင်း၊ ဟောင်ကောင်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ပါဝင်ပါတယ်။ဒီရုပ်ရှင်က ဘီစီ ၃၇၀ ခုနှစ်က တရုတ်ပြည်ရဲ့ စစ်ပွဲခေတ်ကာလကို ဖော်ပြထားပြီး Zhao နိုင်ငံက စစ်တပ်ကြီးဟာ Yan နိုင်ငံကို တိုက်ခိုက်သိမ်းယူဖို့ ချီတက်လာနေပါတယ်။ Zhao-Yan နယ်နမိတ်ပေါ်မှာတည်ရှိနေတဲ့ Liang မြို့ဟာ Zhao စစ်တပ်က သိမ်းယူခြင်းကိုခံရမယ့် အန္တရာယ်ကိုကျရောက်နေပါတယ်။ Liang မြို့ကို ကာကွယ်ဖို့ Mohist တစ်ဦးဖြစ်သူ Ge Li က အကူအညီပေးဖို့ရောက်ရှိလာပါတယ်။ ...
movie

Battle of the Warriors (2006)

The Millionaires’ Express ( 1986 ) 6.9
The Millionaires’ Express ( 1986 ) ဒီဇာတ်ကားလေးကတော့ အက်ရှင်ဇာတ်ကားကောင်းတွေကို ကြိုက်နှစ်သက်တတ်တဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ old but gold ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ -တရုတ်ပြည်သူ့သမ္ပတနိုင်ငံအစောပိုင်းကာလအချိန်မှာဇာတ်လမ်းလေးကို အစပြုထားပါတယ် ။Ching Fong Tin က ရုရှားစစ်သားတွေဆီကနေ ကုန်ပစ္စည်းတွေခိုးယူဖို့ကြိုးစားပြီးတော့ ပစ္စည်းတွေရတော့ ထွက်ပြေးဖို့လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ရုရှားစစ်သားတွေဆီမှာဖမ်းမိသွားပြီး ပြက်ရယ်အပြုခံခဲ့ရပါတယ် ။‌Ching Fong Tin ကအဲဒီလိုအဖမ်းပြန်ခံရပြီး ခက်ခက်ခဲခဲနဲ့ရုရှားစစ်သားတွေလက်ထဲကနေ ပြန်လွတ်ခဲ့ပြီး ထပ်ထွက်ပြေးခဲ့ပေမဲ့ ကံဆိုးစွာနဲ့ ထပ်ပြီး Fook loi ‌ဆီမှာ အဖမ်းခံခဲ့ရပါတယ် ။နောက်ဆုံးသူခက်ခက်ခဲခဲကြိုးစားပြီးတော့မှမွေးရပ်မြေကိုပြန်ရောက်ရှိလာပါတော့တယ် ။ ဒါပေမဲ့ အလွဲလေးတွေဖြစ်လာပြီး Fong Tin တစ်ယောက် အေးအေးချမ်းချမ်းမနေရဘဲ သူ့နောက်လိုက်လာတဲ့ Fook Loi နဲ့ပြန်တွေ့ပြီး ထပ်ပြေးရပြန်‌ပါတော့တယ် ။အဲဒီအချိန် မြို့ထဲကိုလည်း ဓားပြအုပ်စုတစ်စုရောက်လာပြီး မြို့ထဲကပြည်သူတွေကို ဓားစာခံအဖြစ်ခေါ်ပြီး ခရီးသည်တွေကိုပါ ဖမ်းစီးထားပြီးပြဿနာတွေရှာတော့ Fong Tin တစ်ယောက် ကိုယ်လွတ်ရုန်းလို့ရပါရဲ့နဲ့မရုန်းနိုင်ဘဲ မြို့ကပြည်သူတွေကိုကယ်ဖို့ ကြိုးစားပုံလေးတွေကို ဟာသလေးတွေနှောပြီး ရိုက်ကူးထားတာဖြစ်လို့ အဆုံးထိကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ Quality : Bluray 1080p , 720p  ( HEVC ) Format : mp4 Genres ...
movie

The Millionaires’ Express ( 1986 )

Mr. Vampire Saga 4 ( 1988 ) 6.4
Mr. Vampire Saga 4 ( 1988 ) တရုတ်ခုန်ဆွသရဲကားလို့နာမည်ကြီးခဲ့တဲ့ Mr Vampire ပြန်တင်ပေးလိုက်ပါတယ်။ စုစုပေါင်းလေးကားရှိပြီး ၃ ကားကိုတင်ဆက်ပေးပီးပါပြီဒီလင့်ကိုနိပ့်ပီးရှာနိုင်ပါတယ်၁ နဲ့ ၂ နဲ့ ၃ နဲ့ ၄ နဲ့ကအဆက်အစပ်မရှိပါဘူး။ဇာတ်လမ်းအညွှန်းအနေနဲ့ - လူသူမနီးတဲ့ခြံကွက်လေးထဲမှာ အိမ်၂အိမ်ရှိပြီး အဲဒီ၂အိမ်မှာ ‌ဘုန်းတော်ကြီးတစ်ပါးနဲ့ တောက်ဆရာတစ်ပါးတို့က တပည့်လေးတွေနဲ့ အိမ်နီးချင်းနေထိုင်လျက်ရှိပါတယ် ။ ဆရာကြီးနှစ်ယောက်က အမြဲတမ်းပညာစမ်းကြရင်းနဲ့ သိပ်ပြီးတော့ မတည့်ကြပါဘူး။တစ်နေ့ကျတော့ နယ်စပ်ကနေနန်းမြို့တော်ကိုသယ်လာတဲ့ ဘုရင့်ဆွေမျိုးဖုတ်ကောင်ပါတဲ့ ရွှေရောင်ခေါင်းတလားသယ်တဲ့သူတွေက သူတို့ ၂အိမ်ရှေ့ကနေဖြတ်သွားပါတော့တယ် ။အဲဒီခေါင်းတလားကိုတာဝန်ယူသယ်ပေးရတဲ့ တောက်ဆရာဖြစ်သူကလည်း ခြံဝန်းထဲမှာနေတဲ့တောက်ဆရာကြီးရဲ့ဆရာတူညီလေးဖြစ်နေတော့ ကောက်ညှင်းဝင်တောင်းရင်းစကားပြောဖြစ်ခဲ့ကြပါတယ် ။သူတို့ထွက်သွားတဲ့ညမှာပဲ မိုးတွေသည်းပြီး ခေါင်းတလာကိုပိတ်ထားတဲ့ မန္တန်ဆေးမင်တွေ ‌အရောင်လွင့်ကုန်ပါတော့တယ် ။ အဲဒါကြောင့်ပဲ ဖုတ်ကောင်က ခေါင်းတလားထဲကနေထွက်လာပြီး လူတွေလိုက်သတ်ပါတော့တယ် ။အဲဒီဖုတ်ကောင်ကြီးကိုဘယ်လိုတွေရှင်းကြမလဲ ? ဆရာကြီး၂ယောက်က တကယ့်အရေးကိစ္စကြုံလာရင်ရော စည်းလုံးကြပါ့မလားဆိုတာကို ဟာသလေးနဲ့ပါ‌ယှဉ်တွဲရိုက်ကူးထားတာဖြစ်ပြီး ဘယ်အချိန်ကြည့်ကြည့်မရိုးရဘူးမလို့ အသစ်တစ်ခေါက်ကြည့်ရှုလိုက်ဖို့ တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action, Horror , Comedy Runtime : 1h 36 min Subtitle : Myanmar Subtitle ( Hardsub ...
movie

Mr. Vampire Saga 4 ( 1988 )

1988
Mr. Vampire 3 (1987) 7.1
Mr. Vampire 3 (1987) တရုတ်ခုန်ဆွသရဲကားလို့နာမည်ကြီးခဲ့တဲ့ Mr Vampire ပြန်တင်ပေးလိုက်ပါတယ်။ စုစုပေါင်းလေးကားရှိပြီး ၁နဲ့၂ ကိုတင်ဆက်ပေးပီးပါပြီဒီလင့်ကိုနိပ့်ပီးရှာနိုင်ပါတယ်၁ နဲ့ ၂ နဲ့ ၃ ကအဆက်အစပ်မရှိပါဘူး။ဦးလေးမင်ဆိုတဲ့ မောင်ရှန်းဆရာဟာ အစွမ်းမထက်ပေမဲ့ အကြံဉာဏ်မျိုးစုံရှိသူ ဖြစ်ပါတယ်။ သူ့အနားမှာ တာ့ပေါင်နဲ့ စေ့ပေါင်ဆိုတဲ့ သရဲနှစ်ကောင်ကို ခေါ်ထားပြီး လိုက်လိမ်နေသူ ဖြစ်ပါတယ်။ သူဌေးကြီး ထန်ပိုင်ဝမ့်အိမ်အတွက် သရဲနှင်ပေးတဲ့အချိန်မှာ သရဲမိသားစုနဲ့ တွေ့ပြီး ထွက်ပြေးခဲ့ရပါတယ်။ညအချိန်ကြီး ဦးလေးမင်ဟာ တိတ်ဆိတ်နေတဲ့ ရွာတစ်ခုထဲ ရောက်လာခဲ့ပါတယ်။ အဲ့ဒီရွာမှာ ဓားပြတွေ သောင်းကျန်းနေတဲ့အတွက် အစောင့်အကြပ်တင်းကျပ်နေချိန်ဖြစ်ပြီး ဦးလေးမင်ကို ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ဖမ်းဆီးခဲ့ပါတယ်။ တာအိုဆရာကြီး ဦးလေးကျိုက အချိန်မီရောက်လာလို့ ဦးလေးမင်လည်း အသက်ရှူချောင်ခဲ့ပါတယ်။ထိုအချိန်မှာပဲ ဓားပြတွေ ရောက်လာခဲ့ပြီး ရွာသားတွေက စည်းလုံးစွာနဲ့ ဓားပြတွေကို နှင်ထုတ်နိုင်ခဲ့ပြီး ဓားပြနှစ်ယောက်ကို ဖမ်းဆီးရခဲ့ပါတယ်။ ဓားပြတွေရဲ့ သွေးအရောင်ကို ကြည့်ပြီး ဓားပြတွေဟာ သာမန်လူမဟုတ်ကြောင်း ဦးလေးကျိုသတိထားမိသွားပါတယ်။ဦးလေးကျိုရဲ့ မွေးနေ့မှာ အလွှဲလေးတွေဖြစ်ပြီး တာ့ပေါင်နဲ့ စေ့ပေါင်က အဖမ်းခံလိုက်ရပါတယ်။ နောက်မှာ ဦးလေးကျိုရဲ့ ဆုံးမမှုကြောင့် ဦးလေးမင်ဟာ သရဲနှစ်ကောင်ကို လွတ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ တာ့ပေါင်ကို ဓားပြတွေက အသုံးချဖို့ ဖမ်းသွားခဲ့ပါတယ်။ဓားပြတွေ တာ့ပေါင်ကို ...
movie

Mr. Vampire 3 (1987)

Mr. Vampire 2 ( 1986 ) 5.9
Mr. Vampire 2 ( 1986 ) တရုတ်ခုန်ဆွသရဲကားလို့နာမည်ကြီးခဲ့တဲ့ Mr Vampire ပြန်တင်ပေးလိုက်ပါတယ်။ စုစုပေါင်းလေးကားရှိပြီး ပထမကားကိုတင်ဆက်ပေးပီးပါပြီဒီလင့်ကိုနိပ့်ပီးရှာနိုင်ပါတယ်၁ နဲ့ ၂ ကအဆက်အစပ်မရှိပါဘူး။ Mr. Vampire II ရဲ့ဇာတ်လမ်းအကျဉ်းကတော့ လောဘသားပါမောက္ခနဲ့တပည့်နှစ်ယောက်က ရှေးဟောင်းအမွေအနှစ်ကိုရောင်းစားဖို့တူးဖော်ကြရင်း ရှေးဟောင်းအလောင်း(၃)ခုကိုရခဲ့ပါတယ်။စျေးကြီးကြီးနဲ့ပြန်ရောင်းဖို့ သယ်လာခဲ့ကြပြီးမှ သွေးစုပ်ဖုတ်ကောင်တွေ မှန်းသိလိုက်ရတယ်။ ကမောက်ကမတွေဖြစ်ပြီး အသေးလေးတစ်ကောင်လွတ်သွားခဲ့ပါတယ်။ ဖုတ်ကောင်မိဘလင်မယားက မြို့အနှံ့ကလေးလေးကိုလိုက်ရှာတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ Quality : Bluray 1080p , 720p Format : mp4 Genres : Horror , Comedy , Action Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Mr. Vampire 2 ( 1986 )

1986
Mr. Vampire ( 1985 ) 7.6
Mr. Vampire ( 1985 ) အားလုံးရင်းနှီးကျမယ့် တရုတ်သရဲကားတစ်ကားဖြစ်မှာပါ.. အလွယ်ခေါ်ရင်တော့ တရုတ်ခုန်ဆွ သရဲပေါ့ ငယ်စဉ်ကထဲက အားလုံးရင်းနှီပြီးသားဇာတ်ကားလေးတကားပါပဲ စုစုပေါင်း ၄ ကားရှိပြီး Bluray Quality Update တွေ အကုန်လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဒီ ဇာတ်ကားလေးရဲ့ ရရှိထားတဲ့ IMDb Rate ကတော့ 7.3 ပဲဖြစ်ပါတယ်..မင်ကော်ခေတ်ဦးပိုင်းမှာ သူဌေးကြီးရန်ဟာ ဖုန်းရွှေဆရာရဲ့ သတိပေးချက်အရ နှစ် ၂၀ ကြာတဲ့အခါ အဖေ့ရဲ့အုတ်ဂူကို နေရာပြောင်းဖို့အတွက် ဦးလေးကျိုကို အကူအညီတောင်းခဲ့ပါတယ်။ အုတ်ဂူဖွင့်တဲ့နေ့မှာ သိလိုက်ရတာက သခင်ကြီးရန်ရဲ့ သင်္ချိုင်းရှိရာနေရာဟာ အလွန်ကောင်းတဲ့ ပုစဉ်းရေစက်ချနေရာဖြစ်ပေမဲ့ အရင်တုန်းက မြှုပ်နှံဖို့အကြံပေးခဲ့တဲ့ ဖုန်းရွှေဆရာရဲ့ ယုတ်မာမှုကြောင့် သူ့အလောင်းဟာ နှစ် ၂၀ ကြာတဲ့အထိ မပုပ်မသိုးဖြစ်နေပါတယ်။ဦးလေးကျိုဟာ သံသယဖြစ်မိပြီး အဲ့အလောင်းကို သူနေထိုင်ရာ အလောင်းစံအိမ်ကို ပြန်သယ်သွားပြီး စောင့်ကြည့်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ သခင်ကြီးရန်ရဲ့ အလောင်းဟာ ကျန်းရှီးသရဲဖြစ်သွားပြီး သူဌေးရန်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ခေါင်းဆောင်ကလည်း ပေါ့ပျက်ပျက်နဲ့ပဲ ဦးလေးကျိုကို အချုပ်ခန်းထဲ ဖမ်းဆီးသွားခဲ့ပါတယ်။အဲဒီညမှာပဲ သူဌေးရန်ရဲ့အလောင်းကလည်း ကျန်းရှီးသရဲဖြစ်သွားပြီး စခန်းက လူတွေကို လိုက်လံတိုက်ခိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း ထင်ထင်ကို ကာကွယ်ဖို့အတွက် ဝိန်ချိုင်တစ်ယောက် ကျန်းရှီးသရဲကိုက်တာ ခံလိုက်ရပြီး အလောင်းအဆိပ်တက်ပြီး ကျန်းရှီးသရဲဖြစ်သွားနိုင်ချေ ...
movie

Mr. Vampire ( 1985 )

A Chinese Ghost Story 2 ( 1990 ) 7.0
A Chinese Ghost Story 2 ( 1990 ) A Chinese Ghost Story 1 ရဲ့အဆက်ပဲဖြစ်ပါတယ်..စုစုပေါင်းသုံးကားတိတိရှိပြီး ဒီလင့်မှာ သုံးကားလုံးကိုရှာနိုင်ပါတယ်နင့်ချိုင်ချန်ရဲ့ ချစ်သူတစ္ဆေမလေး နင့်ချိုင်ချန်တစ်ယောက် နောက်ဘဝကို ကူးသွားပြီးတဲ့နောက်မှာတော့  နှစ်အနည်းငယ် အကြာကနေ ဇာတ်လမ်းပြန်ဆက်ပြီးရိုက်ကူးထားပါတယ်..အကြွေးလိုက်တောင်းတဲ့အလုပ်အဖြစ် တာဝန်ယူရတဲ့နင့်ချိုင်ချန်တစ်ယောက် ဇာတိမြေကို ပြန်အရောက်မှာ အားလုံးအပြောင်းအလဲတွေဖြစ်ကုန်ပါပြီ.. မတရားမှုတွေကြီးစိုးပြီး သရဲတစ္ဆေတွေ ပေါများလှတဲ့ နယ်မြေတစ်ခုမှာ နင့်ချိုင်ချန်တစ်ယောက် ဘယ်လိုအသက်ရှင်အောင်ကြိုးစားရမလဲ. ပြီးတော့ နင့်ချိုင်ချန်နဲ့ပတ်သတ်တဲ့အချစ်ဇာတ်လမ်းလေး ဘယ်လိုဆက်မလဲဆိုတာတော့ ဆက်လက်ခံစားကြည့်ရှုပါ Quality : WEB-DL 1080p , 720p Format : mp4 Genres : Fantasy , Action , Comedy Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK  
movie

A Chinese Ghost Story 2 ( 1990 )

1990
14 Blades (2010) 6.3
14 Blades (2010) CM ပရိသတ်ကြီးတို့ကို wuxia ကားကောင်းကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ 14 blades လို့ခေါ်ပြီးတော့၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တာပါ။တရုတ်ကားကောင်းကောင်း ကြည့်ချင်ရင် ကားအဟောင်းတွေပြန်ကြည့်ရတယ်ဆိုသလိုမျိုးပဲ ဒီဇာတ်ကားကလည်းကားကောင်းတွေထဲက တစ်ကားပါ။ အဓိက ဇာတ်ဆောင်အနေနဲ့ကတော့ မြန်မာပြည်က တရုတ်ကားပရိသတ်တိုင်းသိကြတဲ့ မင်းသားကြီး Donnie Yen က ပါဝင်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မင်မင်းဆက်ကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြရရင်တော့ မင်မင်းဆက်နှောင်းပိုင်းမှာ နန်းတွင်းခုံရုံးက အကျင့်ပြက်ခြစားသူတွေစာရိတ္တပျက်ပြားတဲ့ အမတ်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။ဒါ့အပြင် အဲဒီခေတ်ကာလမှာ လမ်းဘေးလေလွင့်နေတဲ့မိဘမဲ့ကလေးတွေကို ဖမ်းဆီးပြီး ကျင်းယိဝေ့လို့ခေါ်တဲ့အထူးစစ်သည်တော်တွေအဖြစ် လေ့ကျင့်ပေးတာမျိုးလည်း ရှိခဲ့တယ်။ကျင်းယိဝေ့တွေက လျှို့ဝှက်တာဝန်တွေကို ထမ်းဆောင်ကြရတာပါ။ကျင်းယိဝေ့တွေရဲ့ခေါင်းဆောင် ချင်းလုံ (မင်းသား Donnie Yen) ကတာဝန်ထမ်းဆောင်ဖို့ ဓား ၁၄ လက် အပ်နှံခံထားရသူပါ။တစ်နေ့မှာတော့ သူဟာ ဧကရာဇ်ရဲ့ အနီးကပ်လူယုံဖြစ်တဲ့ကျားကုန်းကုန်းက ဦးရီးတော်ဖြစ်တဲ့ ချင်းမင်းသားနဲ့ ပူပေါင်းပြီးပုန်ကန်ဖို့ လုပ်နေတာကို သိသွားခဲ့ပါတယ်။ ဒါကိုသိသွားတဲ့ ချင်းလုံက ကျင်းယိဝေ့ထဲမှာ မနေတော့ဘဲထွက်ပြေးတိမ်းရှောင်ရင်း ပုန်ကန်မှုကို လိုက်လံတားဆီးဖို့ ...
movie

14 Blades (2010)

2010
Dragons Forever (1988) 7.1
Dragons Forever (1988)     ဂျက်ကီလောင် (ဂျက်ကီချန်း) ဟာ အရည်အချင်းရှိတဲ့ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ တနေ့မှာတော့ ဓာတုဆေးဝါးထုတ်လုပ်တဲ့ကုမ္မဏီဘက်က ရှေ့နေလိုက်ပေးဖို့ဖြစ်လာပါတယ်။ ဝါကုမ္မဏီက စွန့်ပစ်တဲ့ ဓာတုအကြွင်းအကျန်တွေက ရေထဲစီးဆင်းလာပြီး ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ မစ္စရီတို့အတွက် အကြီးအကျယ်ထိခိုက်စေပြီး ငါးတွေအမြောက်အမြားသေဆုံးရတဲ့အတွက် မစ္စရီတို့ ညီအစ်မက ဝါဓာတုဆေးဝါးကုမ္မဏီကို တရားစွဲပါတော့တယ်။ဒီအချိန်မှာ ဂျက်ကီက ဓာတုဆေးဝါကုမ္မဏီဘက်က ရှေ့နေလိုက်ပေးပြီး မစ္စရီရဲ့ ဝမ်းကွဲညီမ တဖြစ်လည်း ငါးလုပ်ငန်းဘက်ကရှေ့နေဖြစ်တဲ့ ဝမ်မေလင်းကို သဘောကျသွားပါတော့တယ်။ ဒီလိုနဲ့ တရားလိုရှေ့နေနှင့် တရားပြိုင်ရှေ့နေဖြစ်တဲ့ သူတို့နှစ်ယောက် ချစ်မိသွားကြမလား ဘယ်ဘက်က တရားနိုင်သွားမလဲ ဓာတုဆေးဝါးကုမ္မဏီနောက်ကွယ်မှာရော ဘာလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာ ဂျက်ကီချန်းကားသဘာဝအတိုင်း ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမော ကြည့်ရမယ့် ဟောင်ကောင်ဇာတ်မြူးလေးတစ်ပုဒ်ဖြစ်ပါတယ်။ဘာသာပြန်ဆိုသူကတော့ Matteo ဖြစ်ပါတယ်။ File size…(4.8 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Action, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo
movie

Dragons Forever (1988)

1988
Heart of Dragon (1985) 6.5
Heart of Dragon (1985)    ဟောင်ကောင်အက်ရှင်လောကရဲ့ ရွှေရောင်မျိုးဆက်တွေဖြစ်တဲ့ ဂျက်ကီချန်းတို့ ဟုတ်ချင်းပေါင်(Sammo Hung)တို့အပြင် ဇာတ်ကားတွေမှာ မှော်ဆရာလုပ်နေကြ Lam Ching-ying တို့လို ဇာတ်ရံတွေ အများအပြားလဲပါဝင်ထားပါတယ်။အထူးရဲကွန်မန်ဒို ဂျက်ကီချန်းနဲ့ ကျပ်မပြည့်တဲ့သူ့အစ်ကို ဟုတ်ချင်းပေါင်တို့ကြားက သံယောဇဉ်ကို ရင်နင့်အောင် ပြီပြင်စွာ ပုံဖော်ထားပြီး ဟာသတွေ အက်ရှင်တွေနဲ့လဲ ဇာတ်လမ်းကို ခပ်သွက်သွက် ဆွဲခေါ်ထားပါတယ်။၏ဂျက်ကီချန်းရဲ့ ငယ်မူငယ်သွေးကို အထင်းသားမြင်ရမှာဖြစ်သလို Action,Comedy,Drama ကြိုက်သူတွေ လက်မလွတ်သင့်တဲ့ကားလေးပါပဲ...... IMDb Rating (6.5/10) ရရှိထားပြီး ဒါရိုက်တာကလဲ ဟုတ်ချင်းပေါင်ပဲဖြစ်ပါတယ်။ File size…(1.8 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hein Zaw & Thar Nyo Lwin 
movie

Heart of Dragon (1985)

1985
My Lucky Stars (1985) 6.3
My Lucky Stars (1985)   ဒီတစ်ကားမှာတော့ မာဆယ် (ဂျက်ကီချန်း) နှင့် ရစ်ကီတို့ဟာ ရဲဌာနက သိမ်းဆည်းရမိတဲ့လက်ဝတ်ရတနာတွေကို ခိုးထုတ်ပြီးတော့ သစ္စာဖောက်ပြီး ဂျပန်ကိုရှောင်ပြေးသွားတဲ့ စုံထောက်တစ်ယောက်ကို ဂျပန်ထိ လိုက်ဖမ်းရပါတော့တယ်။ ဒါပေမဲ့ ဒီသစ္စာဖောက်စုံထောက်ဟာ ဂျပန်က စာခြောက်ရုပ်ဂိုဏ်းကို ဝင်ရောက်ခိုလှုံသွားတဲ့အတွက် သူတို့နှစ်ယောက်သား ဒီဂိုဏ်းနဲ့ ပတ်သက်ရပြီး ရစ်ကီတစ်ယောက်အဖမ်းခံရတဲ့အတွက် မာဆယ် (ဂျက်ကီချန်း) တစ်ယောက် ဟောင်ကောင်အထူးရဲတပ်ဖွဲ့ကို တပ်ကူတောင်းရပါတော့တယ်။မာဆယ်က ရဲမှန်းမသိသာဘဲ စိတ်ချယုံကြည်ရမယ့် သူ့ဘော်ဒါဖြစ်တဲ့ တုတ်ကြီးကို လွှတ်ပေးဖို့ အကူအညီတောင်းပါတယ်။ ဒီအချိန်မှာ တုတ်ကြီးက မာဆယ်သတင်းပေးလို့ ထောင်ကျနေတာဖြစ်လို့ မာဆယ်က တုတ်ကြီးကို တစ်ဖက်လှည့်နဲ့ ပြန်လွှတ်စေချင်တာပါ။ ဒီလိုနဲ့ တုတ်ကြီးကို လွှတ်ငြိမ်းခွင့်ပေးပြီး ဂျပန်သွားခိုင်းပါတော့တယ်။ ဒါနဲ့ တုတ်ကြီးကလည်း သူ့ဘော်ဒါရင်းတွေဖြစ်တဲ့ ပြောင်ကြီး၊ ဆန်ဒီ၊ ဂင်ရှင်း၊ ရာဝစ်တို့ကိုပါ ခေါ်သွားချင်တဲ့အတွက် ကြီးကြပ်ရေးမှူးလည်း ခွင့်ပြုလိုက်ပေမယ့် သူ့လက်ထောက်ကောင်မလေးပါထည့်လိုက်ပြီး တစ်ပြုံတမကြီး ဂျပန်လစ်ပါတော့တယ်။ ဒီအချိန်မှာ တုတ်ကြီးတို့အဖွဲ့ ...
movie

My Lucky Stars (1985)

Twinkle, Twinkle, Lucky Stars (1985) 6.2
Twinkle, Twinkle, Lucky Stars (1985)    ဒီဇာတ်ကားလေးကတော့ တရုတ်ကားတွေမှာ မြင်နေကျ ဂျက်ကီချန်းအပါအဝင် ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေ အရွယ်ကောင်းတုန်းက ရိုက်ကူးထားတဲ့ အက်ရှင်ဟာသဇာတ်ကားလေးတစ်ပုဒ်ပါ။ချီချီဝမ်ဆိုတဲ့ ပြဇာတ်သရုပ်ဆောင် ကောင်မလေးရဲ့ မိတ်ဆွေဖြစ်သူဟာ မူးယစ်ဆေးကုန်သွယ်မှုအကြောင်း သတင်းပေးထားတဲ့ စာတစ်စောင်ကို သူမဆီပို့လိုက်ပြီးတဲ့နောက်မှာ အသတ်ခံလိုက်ရပါတယ်။ ဒီအတွက်ကြောင့် ဒီသတင်းပေးထားတဲ့ စာစောင်ကို ရရှိမှ အမှုဆက်လိုက်လို့ရမှာဖြစ်တဲ့ စုံထောက်တွေဖြစ်တဲ့ ဂျက်ကီချန်းတို့ဟာ ချီချီဝမ်ကို အန္တရာယ်ကင်းကင်းနဲ့ စာကို လက်ခံရရှိနိုင်ပြီး သူတို့လည်း အမှုဖြောင့်ဖြောင့်စုံစမ်းလို့ရအောင် အသိဘော်ဒါတွေအိမ်မှာ ချီချီဝမ်ကို ပို့ထားလိုက်ပါတော့ တယ်။ဒီတော့ ဒီဘော်ဒါတစ်အုပ် မိန်းကလေးချောချောလေး အိမ်ပေါ်ရောက်လာတော့ ဘယ်လိုအကြံအဖန်တွေလုပ်ပြီး နှာထကြမလဲ၊ မူးယစ်ဆေးအမှုကိုရော ဒီကောင်တွေက ဘယ်လိုစောက်တလွဲတွေလုပ်ရင်းနဲ့ အမှုကို ကူညီဖော်ထုတ်သွားမလဲဆိုတာ ခွက်ထိုးခွက်လန်ရယ်မောရင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂျက်ကီချန်း အရွယ်ကောင်းတုန်းက အချိန်ကို ပြန်မြင်ရမှာကလည်း အမြတ်ပါပဲ။ ဒီဇာတ်ကားက စော်ငြင်းကောင်၊ စောက်ပေါ၊ နှာဘူးဖွန်ကောင်တွေ၊ အတည်ပေါက်နဲ့ နောက်တဲ့ကောင်တွေအပြင် ဇာတ်ကောင်မျိုးစုံပါဝင်တဲ့အတွက် ရှယ်ရယ်ရမှာဖြစ်ပြီး ကြည့်ရတာတန်တဲ့ကားဖြစ်ပါတယ်။ ဒီတော့ ...
movie

Twinkle, Twinkle, Lucky Stars (1985)

Wheels on Meals (1984) 7.0
Wheels on Meals (1984)    တရုတ်ကွန်ဖူးရုပ်ရှင်တွေမှာ နာမည်ကြီးတဲ့မင်းသားသုံးဦးဖြစ်တဲ့ Jackie Chan, Yuen Biao, Sammo Hung တို့ရဲ့ ပေါင်းစပ်မှုဖြစ်ပါတယ်။ ထုံးစံအတိုင်း ကွန်ဖူးနဲ့ဟာသကို ရောထားတဲ့ ကားလေးပါ။ ဇာတ်လမ်းကတော့ စပိန်နိုင်ငံမှာပဲ ရိုက်ကူးထားတာဖြစ်ပါတယ်။Jackie Chan နဲ့ Yuen Biao တို့ဟာ စပိန်နိုင်ငံမှာ အခြေချတဲ့ တရုတ်လူမျိုးတွေဖြစ်ပြီး Mobile စားသောက်ဆိုင်လေးနဲ့ အေးချမ်းတဲ့ဘဝကို ပိုင်ဆိုင်ထားပါတယ်။ Yuen Biao ရဲ့အဖေကတော့ စိတ်ကျန်းမာရေးမကောင်းသူမို့ ဆေးရုံကိုသွားရင်းနဲ့ လှပချောမောတဲ့ စပိန်သူ လေးကို တွေ့ခဲ့ကြရပါတယ်။ အဲဒီ လှပတဲ့စပိန်သူလေးက Jackie Chan နဲ့ Yuen Biao တို့ကို ဒုက္ခတွေအမျိုးစုံရောက်စေခဲ့ပါတယ်။ အလွတ်စုံထောက် Sammo Hung ကလည်း သူ့ရဲ့အမှုသည်အတွက် အဲဒီစပိန်သူလေးနောက်ကို လိုက်နေသူဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ လူဆိုးတစ်အုပ်က စပိန်သူလေးကို အတင်းပြန်ပေးဆွဲဖို့ ကြိုစားတာကို မင်းသားသုံးယောက်က ...
movie

Wheels on Meals (1984)

Yes, Madam! (1985) In the Line of Duty-2 6.6
Yes, Madam! (1985) In the Line of Duty-2  မြန်မာပြည်မှာ ဟောင်ကောင်ဂျက်မလို့ လူသိများကြတဲ့ ဇာတ်ကားတွေကို ပြန်လည်တင်ဆက်သွားပါ့မယ်...ဟောင်ကောင်ဂျက်မဆိုတာက အဲ့ချိန်တုန်းကမြင်ရခဲတဲ့ ဆံပင်တိုတိုနဲ့ ဟောင်ကောင်ရဲမေစုံထောက် ကွန်ဖူးဖိုက်တာတွေကို ဆိုလိုတာပါ...ဇာတ်ကားအများစုကို မီရှဲယိုနဲ့ Cynthia Khan တို့အဓိက သရုပ်ဆောင်ခဲ့ကြပါတယ်။ဂျက်မ Franchise အဖြစ် နာမည်ကြီးကြတာတော့ In The Line of Duty ဆိုတဲ့ဇာတ်ကားတွေပါပဲ။ဟောင်ကောင်ရဲ့ ရုပ်ရှင်ရွှေခေတ်မှာ နာမည်ကြီးခဲ့ကြတဲ့ မင်းသားမင်းသမီးအကုန်နီးပါး ဒီ Franchise ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ကြပါတယ်။၁၉၉၀ ခုနှစ်လောက်က ဇာတ်ကားတွေဆိုပေမယ့် အခုချိန်ထိ ခေတ်မီနေပြီး သွက်လက်တဲ့ Action တွေကို ခံစားရမှာပါ။ဂျက်ကီချန်းရဲ့ဇာတ်ကားတွေလိုပဲ Action,Comedy,Drama Theme တွေကို လှလှပပ ကူးသန်းချိတ်ဆက်ထားပါတယ်။ခုပထမဆုံးတင်ဆက်လိုက်တဲ့ Yes, Madam! (1985) ဇာတ်ကားကတော့ In The Line of Duty-2 သို့မဟုတ် Police Assassins 2 အဖြစ်လဲ ခေါ်ဆိုကြပါတယ်။မင်းသမီးမီရှဲယိုနဲ့ အမေရိကန်မင်းသမီး ...
movie

Yes, Madam! (1985) In the Line of Duty-2