Channel Myanmar

Wu Ke-Xi

Redeeming Love (2022) 6.7
Redeeming Love (2022) Redeeming Love (2022)IMDb Rating (6.7) ရှင် ကျွန်မကို ဘာလို့ဒီ​​လောက်ချစ်ရတာလဲ?ကျွန်မက အငယ်အ​နှောင်းရဲ့ သမီးတစ်​​ယောက်၊ ​လူ့​လောကထဲ​ရောက်မလာသင့်တဲ့သူလို့ ဖခင်ရင်းနှုတ်က​နေ အ​ပြောခံရသူပါ၊ အ​မေကလည်း မျိုးရိုး​ကောင်းမဟုတ်သလို ​လောကဓံလှိုင်းတံပိုးကြား ကာလသား​ရောဂါနဲ့ ဆုံးခဲ့ရသူပါ။ကျွန်မဆိုတာကလည်းမိခင်​သေဆုံးပြီး အသက်၈နှစ်အရွယ်တည်းက "အိန်ဂျယ်​​"ဆိုတဲ့နာမည်ဝှက်နဲ့ မိန်းမပျက်ဘဝ စခဲ့သူပါ။ ဒီလို မသန့်ရှင်း​တော့တဲ့မိန်းက​လေးတစ်​ယောက်ကို ဘာလို့ဒီ​လောက်ထိချစ်ရတာလဲ။ရှင် ကျွန်မရဲ့အတိတ်အ​ကြောင်း တစ်ဝက်​လောက်သိရင်​​​တောင် စွန့်ခွာထွက်​ပြေးသွားမှာမလား၊ ကျွန်မရဲ့နာမည်အရင်းကို​​တောင် ရှင်သိရဲ့လား၊ အချစ်ဆိုတာက အချိန်တန်ရင် ပျောက်သွားမယ့် စိတ်ခံစားချက်လို့ပဲ သ​ဘောထားတာကို ရှင်သိရဲ့လား၊ ကျွန်မရဲ့ မှတ်ဉာဏ်ထဲမှာ ရှင်ဟာ ကျွန်မနဲ့ပျော်ပါးဖူးတဲ့ မတစ်​ထောင်ဖွား ယောကျ်ားသား​တွေနဲ့ အတူတူပဲဆိုတာမသိလို့လား၊ ဘာ​ကြောင့်ကျွန်မကို ဒီ​လောက်ထိ လက်ထပ်ချင်​နေရတာလဲ။ကျွန်မဆိုတာ ကိုယ့်ခံစားချက်ကို​ဘေးချိတ်ပြီး ဝမ်း​ရေးအတွက် ဒီအလုပ်ကို လုပ်​နေရသူပါ၊ ရှင့်ကိုချစ်ဖို့မဆိုနဲ့ အ​တွေးထဲ​တောင် အဝင်မခံနိုင်တဲ့သူပါ၊ ရှင်ဟာ အမျိုး​ကောင်းသားတစ်​ယောက်ပါ၊ ကျွန်မထက် သာတဲ့ မိန်းက​​လေး​တွေ လက်ချိုး​ရေမကုန်ပါဘူး၊ ရှင် ကျွန်မကို ...
movie

Redeeming Love (2022)

2022
4K HEVC
Black Tea (2024) 5.2
Black Tea (2024)   Black Tea (2024)အာဖရိကန် ဒါရိုက်တာ Abderrahmane Sissako ရိုက်ကူးထားပြီး ဇာတ်အိမ်ကို တရုတ်နိူင်ငံ ကွမ်ကျိူးပြည်နယ်ဘက်မှာ ဇာတ်အိမ်တည်ထားတာပါတယ်။ဂျွိုက်ဟာ သူစိတ်ဝင်စားတဲ့ လက်ဘက်ရည်ပညာရပ်ကိုလဲဆည်းပူးရင်း စိတ်ပြေလက်ပျောက် တရုတ်နိူင်ငံ ကွမ်ကျိုးမြို့ဆီ ထွက်လာခဲ့ပါတယ်။နယ်ခံဖြစ်တဲ့ Cai နဲ့ ဂျွိုက်စ် တို့ရဲ့ကြားက သံယောဇဉ်ကနေ ချစ်ချင်းမေတ္တာပေါက်ဖွားလာပုံ၊ဂျွိုက်နဲ့နယ်ခံတရုတ်တွေရဲ့ကြား ဆက်နွယ်မှုအကြောင်းကို ရိုက်ကူးပုံဖော်တင်ဆက်ထားတဲ့ ဇာတ်လမ်းကောင်းဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Aung Kyaw ဖြစ်ပါတယ်။)File size…(1.5 GB) / (780 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….01:50:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Aung Kyaw
movie

Black Tea (2024)

2024
Kidnapped Soul ( 2021 ) 6.1
Kidnapped Soul ( 2021 ) ဒီတစ်ခေါက်မှာတော့ rainie ရဲ့ ထိုင်ဝမ်ကားကောင်းလေးကို ချစ်ရပါသော CM ချစ်ပရိသတ်တွေအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီဇာတ်လမ်းလေးက သည်းထိတ်ရင်ဖိုကြိုက်တဲ့ သူတွေအတွက်လိုဆိုနိုင်သလို အားကြီးနဲ့ မိုးနဲ့အတူ ငိုချချင်သူတွေအတွက်လည်း ကြည့်သင့်တဲ့ဇာတ်ကားလေးပါနော်....ဒီဇာတ်လမ်းလေးကKidnapped Soul ဆိုတဲ့ နာမည်လေးအတိုင်းပါပဲ... ပြန်ပေးဆွဲခံရတဲ့ကလေးလေး ၂ ယောက်အကြောင်းပေါ့... တစ်ယောက်က ဖုံဖုံ တစ်ယောက် သောသောတဲ့ဇာတ်လမ်းလေးအကျဉ်းလေး ပိစိလေးပြောရမယ်ဆိုရင်... ရဲမှူးကျီခိုင်က အမည်မဖော်နိုင်တဲ့ကလေးအလောင်းသေတ္တာ ကွင်းဆက်အမှုကို တာဝန်အရ စုံစမ်းနေချိန်မှာပဲ သူ့အစ်မဖြစ်သူ မူလတန်းဆရာမမိန်ကျိန်းရဲ့ သမီးလေးလည်း အလားတူ ပုံစံနဲ့ ပြန်ပေးဆွဲခံခဲ့ရပါတယ်။အမှုလိုက်နေတဲ့အချိန် သဲလွန်စအရ မိန်ကျိန်းရဲ့ အိမ်နီးနားချင်းဟောင်းဖြစ်တဲ့ မင်းချန်နဲ့ ဟွေ့လန်တိုနဲ့ ဆုံတွေ့ချိန်မှာတော့ သူတိုရဲ့ သမီးလေးဟာလည်း ပျောက်ဆုံးနေတာ တစ်နှစ်ရှိပြီဆိုတာ သိခဲ့ရပါတယ်။ ရှုပ်ထွေးပြီး သဲလွန်စပျောက်တဲ့ အမှုကိုလိုက်ဖို့ လမ်းစရှာမရတဲ့အဆုံး ကျီခိုင်ဟာ ထူးထူးဆန်းဆန်းနဲ့ ၂၁ ရာစုထဲမှာ အမှုမှန်ပေါ်ဖိုအတွက် နတ်ကတော်ကျိန်းပိုင်ရှီကိုပဲ အကူအညီတောင်းရပါတော့တယ်။ကဲကဲ... ဝိညာဉ်တွေအကူအညီသုံးရင်း အမှန်တရားကိုဖော်ထုတ်နိုင်မလားဆိုတာရယ်... ပြန်ပေးဆွဲခံရတဲ့ ကလေး ကိုပြန်ကယ်တင်နိုင်မှာလား... ဇာတ်လမ်းအစက ကလေးအလောင်းက ဘယ်သူဖြစ်မှာလဲ... ပြန်ပေးဆွဲခံရချင်းတူပေမယ့် ကလေးနှစ်ယောက်ရဲ့ အဆုံးသတ်တူပါ့မလား ဆိုတာကို မိုးအေးအေး စောင်လေးကွေးပြီး ဒေါင်းကြည့်နေတဲ့ CM ချစ်ပရိသတ်တို့ တစ်ယောက်တည်းအိမ်မှာရှိရင် တံခါးဖွင့်ဖို ကြောက်မသွားကြနဲ့နော်...  Quality : WEB-DL 1080p, 480p Format : mp4 Genres ...
movie

Kidnapped Soul ( 2021 )

The Road to Mandalay (2016) 6.8
The Road to Mandalay (2016) The Road to Mandalay (2016) ---------------------------------------------------------------------------------- စာအုပ်တစ်အုပ်ကို ကာဗာ ကိုကြည့်ပြီး မဆုံးဖြတ်ပါနဲ့ ဆိုတဲ့စကားတော့ တကယ်လက်ခံသွားပါပြီ ။ အမှန်အတိုင်းပြောရရင် JoJo က ဘာသာပြန်နေရင်းနဲ့ ဒီကားကောင်းကို သာမန်ပဲထင်ခဲ့တာပါ ။ မင်းသမီးကလည်း သိပ်မချောတော့လေ. .. (ဒါပေမဲ့ Google ခေါက်တော့မှ အထင်နဲ့အမြင်လွဲတာဆိုတာ ... ) ဒီကားလေးက The Lady ကားကိုထုတ်လုပ်ခဲ့တဲ့ Myanmar Montage Film Production ကပါ ။ နိုင်ငံတကာ ဆုပေါင်း (၁၉) ဆု ဇကာတင်စာရင်းဝင်ခဲ့ပြီး အကောင်းဆုံးဇာတ်ကားဆု ၊ ထုတ်လုပ်ရေးဆု၊ အမျိုးသားဇာတ်ဆောင်ဆု နဲ့ အကောင်းဆုံး ဒါရိုက်တာဆု ရရှိခဲ့ပါတယ် ။ နည်းနည်းတော့ ဖြုံသွားပြီး ... အဲ့လောက်တောင်လားပေါ့ ? တကယ် အဲ့လောက်တောင်ပါ ... ဇာတ်လမ်းလေးက မြန်မာနိုင်ငံကနေ ထိုင်းဘက်ကို တရားမဝင်သွားရောက်နေထိုင် အလုပ်လုပ်ကိုင်တဲ့ အကြောင်းလေးပါ ။ မင်းသမီးက ရည်မှန်းချက်ကြီးတဲ့သူပါ။ ထိုင်းမှာ အလုပ်လုပ်ဖို့က အလုပ်ပါမစ်လိုပါသတဲ့။ အဲ့အလုပ်ပါမစ်အတွက် မင်းသမီးက အသေရရ အရှင်ရရ ကြိုးစားပါတော့တယ်။ သူ့ရည်မှန်းချက်က ...
movie

The Road to Mandalay (2016)

2016
Nina Wu(2019) 6.6
Nina Wu(2019) Nina Wu(2019)အခုတစ်ခါ 2019 ထွက်ရှိထားတဲ့ Nina Wu ဆိုတဲ့ ထိုင်၀မ်ကားလေးတစ်ကားကို တင်ဆက်ပေးပါမယ် ...နီနာဟာ သရုပ်ဆောင်ဖြစ်ဖို့ကို အလွန်ရူးသွပ်ပါတယ်...ဒါပေမယ့် ဇာတ်လမ်းတိုတွေနဲ့ ကြေငြာတွေမှာပဲ ပါ၀င်ခွင့် ရပြီး ဇာတ်ကားကြီးတွေဆိုရင် ဖြတ်လျှောက်နေရာသာ ပါ၀င်ခွင့်ရခဲ့ပါတယ်... တစ်ရက်မှာတော့ သူမ အတွက် ရုပ်ရှင်ကားကြီး ရိုက်ဖို့ လူရွေးပြိုင်ရန် ကမ်းလှမ်းခံခဲ့ရပါတယ်...ဒါပေမယ့် ဇာတ်ကားမှာ Sex Scene တွေပါ၀င်တဲ့အတွက် သူမက တွေ​ေ၀နေခဲ့ပါတယ်... နောက်ဆုံး ဒီဇာတ်ကားကို ရိုက်ကူးခဲ့ဖြစ်ခဲ့ပါတယ် အဲ့လိုရိုက်ကူးပြီး အောင်မြင်လာတဲ့ အခါမှာ သူမ ဘယ်လိုအခက်ခဲတွေ ကြုံရမလဲ....ဘယ်လိုတိုက်ခိုက်ခံရမလဲ ...သူဘာကြောင့် ဒီဇာတ်ကား ရိုက်ခွင့်ရခဲ့လဲဆိုတာ ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုပါနော်...၁၈+ ခန်းများအနည်းငယ်ပါဝင်တာကြောင့် မိသားစုနဲ့အတူမကြည့်သင့်ပါကြောင်း..... File Size : (900 MB) and (477 MB) Quality : WEB-DL 720p Format…mp4 Duration…01:42:00 Genre : Drama Subtitle ...
movie

Nina Wu(2019)