Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Wong Chung
Love Without End (1961)
တော်တော်လည်းဟောင်းနေတဲ့ ဟောင်ကောင်ကားပါ။ရှားရှားပါးပါးကြည့်ရတာလို့တောင် ပြောရမယ်။ထူးထူးခြားခြားတော့ မရှိလှတဲ့ ချစ်ခြင်းမေတ္တာတစ်ခုသက်သက်ကိုပဲဖော်ကျူးထားတဲ့ရုပ်ရှင်ပေမဲ့ အဖြူအမည်းနဲ့ ရှေးသရုပ်ဆောင်တွေနဲ့ရှေးကားတစ်ကားရဲ့ ဇာတ်အိမ်မျိုးနဲ့။ ရှေးတော်တော်ကျတဲ့ အာရှရုပ်ရှင်ဟောင်းတစ်ခုကိုကြည့်ရတဲ့အရသာကတော့ ထူးတယ်လို့ပြောရမယ်။ဒီကားက ရှေးတုန်းက မြန်မာကားတွေကို ကြည့်ရတဲ့အရသာနဲ့တောင် ခပ်ဆင်ဆင်တူလိမ့်မယ်။ဒါပေမဲ့ ကြည်ကြည်လင်လင်တော့ ကြည့်ရတာပေါ့။ဇာတ်လမ်းတည်ဆောက်ပုံတို့ဘာတို့ကတော့ချက်ကော့ရဲ့ သေနတ်ကို ပစ်ကိုပစ်ရမယ်ဆိုတဲ့ အယူအတိုင်းပဲ သွားထားတယ်။ဒီလိုမသွားလိုက်ရင်တော့ ဒီရုပ်ရှင်က မတူတဲ့အရသာတစ်ခုတော့ ပေးနိုင်မှာပဲ။အခုဇာတ်လမ်းကတော့ အချစ်ဆိုတဲ့ အသိရအခက်ဆုံးအရာကိုသစ္စာတရားတွေနဲ့ အနစ်နာခံခြင်းတွေနဲ့သက်သက် ဖော်ကျူးသွားတယ်။ဒါပေမဲ့လည်း အချစ်နဲ့စစ်ကပဲ ကဗျာတွေစလာခဲ့သလို အချစ်နဲ့စစ်ကပဲရုပ်ရှင်တွေစလာခဲ့သလို အကြောင်းအရာပေါင်းစုံဆီ မစီးကူးသွားသေးခင်ကျော်ဖြတ်ရတဲ့ကာလတစ်ခုရဲ့ ခေတ်အခါပေါ့။ဒီလိုပုံစံနဲ့ ယုံကြည်ခဲ့ကြတဲ့အချစ်တွေဆီကနေ ပိုနားလည်လာရင်းပိုအသိရခက်လာရင်းဖြစ်လာတဲ့အရာဆိုတာကို တင်ပြလာကြတဲ့အချိန်တစ်ခုမရောက်လာခင် ကျော်ဖြတ်ခဲ့ရတဲ့ မှတ်တိုင်တစ်ခုပေါ့။ File Size : 1.6 GB / 825 MB Quality : WEB-DL 1080p / 720p Running Time : 1hr 57min Format : Mp4 Genre : Romance Subtitle : ...
movie
Love Without End (1961)
Come Drink with Me (1966)
Come Drink with Me ( 1966 ) IMDb: 6.9/10 Genre: Action/CrimeCome Drink with Me ခေါ် Great Drunken Heroကို one of the greatest wuxia films of all timeလို့ သတ်မှတ်ထားကြတယ်။ သိုင်းကားတွေနဲ့ပတ်သက်ရင် နာမည်ကျော်တဲ့ ရှောဘရားသားကထုတ်ပြီးကင်းဟူက ရိုက်ထားတယ်။ ကင်းဟူနဲ့ ရှောဘရားသားဟာ ဒီကားအပြီးမှာ ခွာပြဲပြီး ကင်းဟူကဒရာဂွန်အင်းတွေ ဘာတွေဆက်ရိုက်ခဲ့တယ်။ ဒီကားအပြီးမှာ သူတို့ခွာပြဲကြတယ်ဆိုပေမဲ့လည်းဒီကားက မညံ့ခဲ့တဲ့အပြင် ခရမ်းချဉ်းသီး အလုံးတစ်ရာရထားတယ်။ရထားတာနဲ့တန်အောင်လည်းကောင်းပါတယ်။ ပုဂ္ဂလိကအမြင်အရဆို သူ့ရဲ့ ဒရာဂွန်အင်းတို့ဘာတို့ထက်တောင် ပိုကြိုက်တယ်။ဘာလို့ဆို ကျွန်တော့်အနေနဲ့ အကြိုက်ဆုံးဖြစ်သိုင်းဝတ္တုဆရာ ကျင်းယုံရဲ့ ဇာတ်ကောင်တွေကိုမတူညီတဲ့ပုံစံနဲ့မြင်နေရတာကို သဘောကျလို့လို့ပဲဖြေရမယ်။ ဒီကားထဲက အဓိကဇာတ်ကောင်က အမူးသမား သူတောင်းစား။ သိုင်းမတတ်သလိုလို ပေါသလိုကြောင်သလိုနေနေတဲ့ကောင်။ သူက မကောင်းတဲ့ သူ့ဆရာတူအစ်ကိုလက်ထဲ သူ့ဆရာရဲ့အမွေအနှစ်ဖြစ်တဲ့ဝါးတုတ်ပါမသွားအောင်ကာကွယ်ရင်း ပညာလျှိုရင်း ...
movie
Come Drink with Me (1966)
6.9
King of Beggars (1992)
King of Beggars (1992)IMDB(6.9)ဇာတ်လမ်း အကျဉ်းလေးကတော့ -ပညာမတတ် အပျော်အပါးလိုက်စားပြီး တချိန်လုံး သောက်စားယစ်မူးလိုက် မိန်းမပျက်တွေနဲ့ ပျော်ပါးလိုက် နေနေတဲ့ စတီဖင်ချောင် တစ်ယောက်သူ့အဖေက တိုက်တွန်းလို့ သိုင်းသင်တန်းကျောင်း ဝင်ခွင့်ဖြေဆိုဖို့ ပီကင်းကိုရောက်လာပါတယ်။ရေးဖြေဖြေဆိုတော့ ကလိမ်ကကျစ်နဲ့ ခိုးချတာမိသွားပါတယ်:3အဲ့ဒီမှာ ဘုရင်ကြီးက ကလိမ်ကကျစ်ကောင်ကို သူတောင်းစား အဖြစ် အပြစ်ပေးလိုက်တဲ့အခါမှာတော့ဉာဏ်နီဉာဏ်နက်များတဲ့ စတီဖင်ချောင်တစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ။+++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို https://channelmyanmar.to/category/stephen-chow/ မှာကြည့်လို့ရပါတယ်။စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါသူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ…ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်…စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရောသာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme ...
movie
King of Beggars (1992)
1992