Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
William Houston
7.5
The Gorge (2025)
The Gorge (2025)TMDb Rating (7.5) / Rotten Tomatoes (61%) မင်းသမီး Anya Taylor-Joy ရဲ့ ရိုမန့်စ်အက်ရှင် ရုပ်ရှင်အသစ် ထွက်ပါပြီ။ဒါရိုက်တာကတော့ Doctor Strange ရဲ့ ဒါရိုက်တာဖြစ်တဲ့ Scott Derrickson ပါပဲ။ အက်ရှင်ကြမ်းကြမ်း ခပ်ရိုရိုကားကြည့်ချင်ရင် လက်လွတ်မခံပါနဲ့။ ဇာတ်လမ်းအကျဉ်းလီဗိုင်ဟာ ကမ္ဘာထိပ်တန်းအဆင့်ရှိတဲ့ မရိန်းတပ်ဖွဲ့ဝင်ဟောင်း စနိုက်ပါတစ်ယောက်ပါ။တပ်ကထွက်ပြီး ကြေးစားလုပ်နေချိန်မှာ တာဝန်ကြီးတစ်ခု အလုပ်အပ်လာပါတယ်။တာဝန်ကတော့ ကမ္ဘာပေါ်က ဘယ်နေရာမှန်းမသိတဲ့နေရာ၊ လူမရှိတဲ့နေရာမှာ တာဝါတစ်ခုကို တစ်ယောက်တည်း သေနတ်တွေ ဗုံးတွေအပြည့်နဲ့ လုံခြုံရေးယူရတဲ့တာဝန်ပါပဲ။အဲဒီနေရာမှာ သူ့လိုပဲ တစ်ဖက်တာဝါမှာ လုံခြုံရေးယူနေတဲ့ မိန်းကလေးတစ်ယောက်ရှိတယ်။သူတို့နှစ်ယောက်က လုံးဝ ဆက်သွယ်ခွင့်မရှိဘူး။ဒါပေမဲ့ ဆက်သွယ်မိသွားပြီး ရင်းနှီးပြီးသွားပြီးနောက်မှာမှ သူတို့ ကင်းစောင့်ရတဲ့နေရာရဲ့ ကြောက်စရာလျှို့ဝှက်ချက်တွေကိုတွေ့လာပြီး အသက်ရှင်လျက် ထွက်သွားနိုင်ဖို့ ကြိုးစားရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size…(4.6 GB) / ...
movie
The Gorge (2025)
2025
4K HEVC
5.7
Son of God (2014)
ဒီရုပ်ရှင်ဟာ ဓမ္မသစ်ကျမ်းကို မှီးပြီး ခရစ်တော်ရဲ့ ဘဝဇာတ်ကြောင်းကိုသူပြောခဲ့တဲ့ နှုတ်ကပတ်တော်တွေနဲ့တွဲစပ်ပြသပြီး ကားစင်အတင်ခံရတဲ့အထိ ပြထားတယ်။ခရစ်တော်ပြန်လည်ထမြောက်ပြီးတဲ့နောက် သူ့သာဝကတွေဟာခရစ်တော်ရဲ့နှုက်ကပတ်တော်တွေကို ဖြန့်ကျက်ခဲ့ကြတယ်။အဲဒီခေတ်ကာလမှာ ဓမ္မသစ်ကို သိပ်လက်မခံကြသေးတော့သူ့နောက်လိုက်တွေအကုန်နီးပါး နှိပ်ကွပ်ခံခဲ့ရတယ်။ဒီဇာတ်ကိုတော့ ခရစ်တော်ရဲ့နောက်ဆုံးကျန်တဲ့သာဝက ယောဟန်ကသူကြုံခဲ့ရတဲ့ဇာတ်လမ်းကို ပြန်ပြောပြတဲ့ပုံနဲ့ တင်ဆက်ထားတယ်။ဒီရုပ်ရှင်မှာ ခရစ်တော်ရဲ့ကာလမှာ ကဲသာဘုရင်လက်ထက် (ဆီဇာ)ဂျူးတွေရောမလက်အောက်ခံဖြစ်ခဲ့ကြပုံတွေရောမတွေနဲ့ဂျူးတွေကြာက အဖုအထစ်တွေယဇ်ပုရောဟိတ်မင်းက ဘာသာရေးကို ချုပ်ကိုင်ထားပုံတွေတရားစီရင်မှုအထိပါ ယဇ်ပုရောဟိတ်မင်းတွေက ဝင်စွက်ဖက်ခဲ့ကြပုံတွေကိုလည်း ပြထားတယ်။ယေရှုခရစ် ဘယ်လိုကာလမှာ ရှင်သန်ခဲ့ရလဲ ကောင်းကောင်းမြင်သာအောင် ပြထားတယ်။ယေရှုခရစ်ကို ထောက်ခံသူတွေများပြားလာသလို ယေရှုခရစ်ကလည်းယေရှုရှလင် (ဂျေရုစလင်)ကို လာဖို့လုပ်တဲ့အချိန် ယဇ်ပုရောဟိတ်မင်းကယာဖကဒီအခြင်းအရာက ပသခါပွဲတော်ကို ထိခိုက်လာမှာကို စိုးရိမ်ပြီး ပွဲမတိုင်ခင်မှာတင်ညတွင်းချင်း ဖမ်းဆီးပြီး တရားစီရင်ဖို့လုပ်ခဲ့တာတွေလည်းပြထားတယ်။ဒါကို မြို့ဝန်မင်းပိလတ်က ဘာမှ မတတ်နိုင်ရတဲ့ အကြောင်းရင်းတွေ ဘာတွေလည်းပြထားတယ်။ဒီရုပ်ရှင်မှာ ယေရှုခရစ်ရဲ့ဖြစ်တော်စဉ်ကိုတော့ သေချာပြထားတယ်။နှုတ်ကပတ်တော်တွေတော့ အကုန်မထည့်ထားဘူးပေါ့။ယေရှုခရစ်ရဲ့သမိုင်းကို စိတ်ဝင်စားတာပဲဖြစ်ဖြစ် ခရစ်ယာန်ဘာသာရေးကို စိတ်ဝင်စားတာပဲဖြစ်ဖြစ် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ File Size : 2.5 GB / 1.3 GB Quality ...
movie
Son of God (2014)
5.5
Age of Heroes (2011)
ရိန်းစ်က ထူးချွန်တဲ့တပ်သားတစ်ယောက်ပါ၊ဒန်ကပ်စစ်ဆင်ရေးမှာကိုယ့်တပ်ဖွဲ့ဝင်တွေကိုပြန်ခေါ်လာရင်းနဲ့ နောက်တန်းတစ်နေရမှာအမိန့်ဖီဆန်လို့ဆိုပြီးထောင်ကျသွားတယ်။ တစ်ဖက်မှာ ဗြိတိန်စစ်တပ်ဟာနာဇီတို့ရဲ့နောက်ဆုံးပေါ်ရေဒါနည်းပညာကိုအသည်းအသန်လိုအပ်နေတယ်။အကြောင်းကတော့ ဗြိတိန်စစ်တပ်ကလွှတ်လိုက်တဲ့ လေယာဉ်တွေ စစ်သင်္ဘောတွေဟာ ဂျာမနီရဲ့နောက်ဆုံးပေါ်ရေဒါကြောင့် အကြီးအကျယ်ထိခိုက်ပျက်စီးခဲ့ရတယ်။အဲ့ဒါကြောင့်စစ်ဆင်ရေးလုပ်ဖို့နဲ့အထူးတပ်ဖွဲဖွဲ့စည်းဖို့ ဗိုလ်မှူးဂျုန်းစ် နဲ့ဒုဗိုလ် မော်တန်ဆန်တို့ကိုတာဝန်ပေးအပ်လိုက်တယ်။ စစ်ဆင်ရေးရဲ့ရည်ရွယ်ချက်က ဂျာမနီပင်မဆက်သွယ်ရေးဌာနထဲကို ဝင်ပြီးနောက်ဆုံးပေါ်ရေဒါနည်းပညာနဲ့ ပစ္စည်းတွေကိုအကောင်းပကတိအတိုင်းသယ်ဆောင်လာရမှာဖြစ်တယ်။ ခေတ်မှီတဲ့ဂျာမနီစစ်တပ်ထဲကိုခြောက်ပတ်တာလေ့ကျင့်ထားတဲ့အထူးတပ်ဖွဲ့ကဘယ်လိုပြီးမြောက်အောင်ဆောင်ရွက်မလဲဆိုတာ ဆက်လက်ကြည့်ရှူပေးပါဦး။ File size…2.05GB / 938MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 30m Genre ….. Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Age of Heroes (2011)
6.3
Dracula Untold (2014)
Dracula Untold (2014) ========== Dracula Untold 2 အဆက်ထွက်ဖို့ ပြောနေကြလို့ ပထမဇာတ်ကားကို 4K Quality နဲ့ တင်ဆက်လိုက်ပါတယ်။ဘဝမှာမလွဲမသာတဲ့အခြေနေတစ်ခုကိုရောက်လာတိုင်းလုပ်သင့်လုပ်ထိုက်တဲ့အရာကို ချက်ချင်းဆုံးဖြတ်ချက်ချပြီးလုပ်နိုင်တဲ့သူဟာ လူတော်ပါပဲ.... တကယ်လို့အဲဒီလုပ်သင့်လုပ်ထိုက်တဲ့အရာက အကောင်းဆုံးမဟုတ်ရင်တောင်မှ အဆုံးဝါးဆုံးအရာဖြစ်နေရင်ကော သင်ဘာကိုရွေးချယ်မလဲ... အရေးကြီးတဲ့အရာကိုလုပ်ဖို့ အဆုံးဝါးဆုံးအရာကိုရွေးချယ်မလား.... ဒါမှမဟုတ် ပုံမှန်သဘာဝအတိုင်းပဲရင်ဆိုင်ဖို့ ကြိုးစားမလား...ဒီဇာတ်လမ်းကိုကြည့်ရအောင်ပါ....ဒီဇာတ်လမ်းလေးဟာ ၁၉၈၇ ခုနှစ်က ထွက်ရှိထားတဲ့ Dracula ဆိုတဲ့ဝတ္တုကိုအခြေခံပြီးတော့ ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်...တိုင်းပြည်တစ်ပြည်ရဲ့ မင်းသားဘလက်ဟာ တူရကီနိုင်ငံရဲ့လက်အောက်ခံကျွန်ဘဝကနေလွတ်မြောက်လာခဲ့ပြီး တိုင်းပြည်ရဲ့ဘုရင်တစ်ပါးဖြစ်လာခဲ့ပါတယ်... စစ်ဆင်ရေးတစ်ခုမှာ မင်းသားဘလက်နဲ့သူ့ရဲ့စစ်သားတွေဟာ တူရကီတွေကိုလိုက်လံခြေမှုန်းရာကနေ ဂူတစ်ခုမှာ သွေးစုပ်ဖုတ်ကောင်တစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်... သူ့ရဲ့စစ်သားအားလုံးသေပြီးတော့ သူတစ်ယောက်တည်းသာလွတ်မြောက်လာခဲ့ပါတယ်...တစ်နေ့ ဘလက်ဟာ သူ့ရဲ့သားနဲ့ဇနီးနဲ့အတူ Dracula နန်းတော်မှာ စားသောက်ပွဲကျင်းပနေတဲ့အချိန် တူရကီစစ်တပ်များရောက်လာပြီးတော့ ယောကျ်ားလေးအယောက် ၁၀၀၀ ကိုသူတို့စစ်တပ်အတွက်တောင်းဆိုခဲ့ပါတယ်..ငယ်သားတွေကိုကြင်နာတဲ့ ဘလက်ဟာ လူတွေအစားငွေတွေကိုပေးဖို့ကမ်းလှမ်းခဲ့ပေမယ့်လည်းမအောင်မြင်ခဲ့ပါဘူး...ဒါကြောင့် တူရကီတွေဟာသူတို့တိုင်းပြည်ကို စစ်တိုက်ဖို့ပြင်လာပါတော့တယ်...တကယ်တမ်း စစ်တိုက်ဖို့အတွက် တူရကီတွေနဲ့ယှဉ်လာရင် သူတို့ဟာအင်အားမမျှခဲ့ပါဘူး...ဒါကြောင့်ကျူးကျော်လာတဲ့ အင်အားကြီးတဲ့တူရကီတွေကိုပြန်လည်တုန့်ပြန်ဖို့ အင်အားတွေကိုလိုလာခဲ့ပါတယ်...မင်းသားဘလက်ဟာ သူ့တိုင်းပြည်အတွက်ဆုံးဖြတ်ပြီး သူတို့ကိုတိုက်ခိုက်ခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်ဆီကနေ အကူညီတောင်းခံခဲ့ပါတယ်...ဒါကြောင့် သွေးစုပ်ဖုတ်ကောင်ဟာ သူ့ကိုအင်အားကြီးမားတဲ့ Dracula အဖြစ် ၃ ရက်ရှင်သန်စေခဲ့ပါတယ်...ထို ၃ ရက်အတွင်းမှာ ...
movie
Dracula Untold (2014)
2014
4K HEVC
5.8
Clash of the Titans (2010)
မြွေခေါင်းတွေနဲ့မယ်ဒူဆာကို အကြည့်ချင်းဆုံမိတာနဲ့ ကျောက်ရုပ်ဖြစ်သွားတတ်တဲ့ ဒဏ္ဍာရီကို ကြားဖူးရင် ဒီဇာတ်ကားကို အတော်များများသိကြမှာပါ...ဒီရုပ်ရှင်ကားကို မင်းသားမင်းသမီး A list တွေနဲ့ရိုက်ကူးထားပါတယ်...Avator မင်းသား Sam Worthington ,Taken မင်းသားကြီး Liam Neeson,ဟယ်ရီပေါ်တာရဲ့ဗိုဒီမော့ Ralph Fiennes,Hansel and Gretel မင်းသမီး Gemma Arterton တို့အပြင် ဇာတ်ရံပေါင်းများစွာပါဝင်ပါတယ်။ဇာတ်လမ်းကတော့...သိကြတဲ့အတိုင်းပါပဲ...ဂရိဒဏ္ဍာရီလာ နတ်ဘုရားတွေအကြောင်းရိုက်ကူးထားခြင်းဖြစ်ပါတယ်။လူသားတွေကိုဖန်ဆင်းထားတဲ့ နတ်ဘုရားတွေ...တန်ခိုးပါဝါအာဏာတွေတပ်မက်ရင်း လူသားတွေလိုစိတ်ဆိုးပြီး...နေရာလု ရန်ဖြစ်ကြပါတော့တယ်...ဒီပြသနာက လူ့ပြည်ထိ ရိုက်ခတ်လာတဲ့အခါမှာတော့...လူတစ်ပိုင်း နတ်ဘုရားတစ်ပိုင်း ပါးစီးရပ်စ်နဲ့...ဘာတန်ခိုးမှမရှိတဲ့လူသားတို့ အခက်အခဲတွေကို လူသားဆန်ဆန် ရင်ဆိုင်ဖြေရှင်းကြတဲ့အကြောင်းပါ။Clash of the Titans ကိုကြည့်ထားမှ သူ့ရဲ့အဆက် Wrath of The Titans(2012) ကို ဆက်ကြည့်ကြပါ။ File size…(3.1 GB) and (1 GB) Quality….BluRay 1080p & 720p Format…mp4 Duration….01:46:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie
Clash of the Titans (2010)
7.7
The Last Duel (2021) 18+ Rated
ဒါရိုက်တာ ရစ်ဒလေ စကော့ ရိုက်ကူးထားပြီး စာရေးဆရာ အဲရစ်ဂျက်ကာရဲ့ ၂၀၀၄ ခုနှစ်ထွက် novelThe Last Duel: A True Story of Trial by Combat in Medieval France(နောက်ဆုံးစီးချင်း - မီဒီအီဗယ်ခေတ် ပြင်သစ်ရဲ့ ဖြစ်ရပ်မှန် စီးချင်းထိုး တရားစီရင်မှု) ကိုNicole Holofcener, Ben Affleck နဲ့ Matt Damon တို့က ဇာတ်ညွှန်းပြန်လည်ရေးသားထားတာဖြစ်ပါတယ်။သရုပ်ဆောင်တွေကတော့ မတ်ဒေမွန်၊ အဒမ် ဒရိုင်ဗာ၊ ဂျိုဒီကိုမာ၊ ဘန် အက်ဖလက်တို့လို နာမည်ကျော်တွေဖြစ်ပါတယ်။ဇာတ်လမ်းကို အခန်း ၁ ၂ ၃ ဆိုပြီး သုံးပိုင်းပြသထားလို့ တစ်ယောက်ချင်းစီရဲ့ ရှုထောင့်အရဇာတ်ကွက်လေးတွေ ထပ်နေတဲ့ပုံတော့ ပါပါတယ်။ ပြင်သစ်နဲ့အိုင်ယာလန်နေရာတွေမှာ ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကိုတော့ မပြောပြတော့ပါဘူး။ အတော်ကြည့်လို့ကောင်းတာပဲ ပြောပြထားပါတော့မယ်။ဒီရုပ်ရှင်ထဲက ခေတ်ရဲ့ အံ့သြစရာ ...
movie
The Last Duel (2021) 18+ Rated