Channel Myanmar

William deVry

A Whitewater Romance (2024) 5.3
A Whitewater Romance (2024)  ဆွတ်ပျံ့ကြည်နူးဖွယ်ရာ အချစ်ဇာတ်လမ်းလေးတွေပဲ အရိုက်များကြတဲ့ Cindy Busbyနဲ့ Ben Hollingsworthတို့ရဲ့ ကနေဒါရိုမန့်စ်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဗက်စတာဆိုတဲ့ ဆိုရှယ်မီဒီယာအက်ပ်ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်နေတဲ့ မာယာ။ တစ်ရက် အလုပ်လုပ်နေတုန်း မမျှော်လင့်ပဲ ကုမ္ပဏီရဲ့ စီအီးအို အယ်လီဂရာ့ဆီက ဖုန်းဝင်လာခဲ့တယ်။ ရော့ကီးတောင်တန်းတွေဆီကို ပိတ်ရက်မှာ လာခဲ့ဖို့။ ဗက်စတာရုံးခွဲလေးခုရှိတာထဲကနေ အရှေ့ပိုင်းရုံးရဲ့ ကိုယ်စားပြုဝန်ထမ်းအနေနဲ့ သွားရမှာပါ။ သူ့ရုံးက အထက်လူကြီးက စီအီးအိုခေါ်တဲ့ဆီကိုသွားပြီး သူတို့ကုမ္ပဏီရဲ့နောက်ထွက်မဲ့ အက်ပ်မှာ သူတို့ရုံးအသာစီးရဖို့အရေး ဘယ်လိုနည်းနဲ့မဆိုကြိုးပမ်းဖို့ မှာလိုက်ပါတယ်။ ခေါ်ထားတဲ့နေရာကို ရောက်တဲ့အခါမှာတော့ ပြိုင်ဆိုင်လိုစိတ်ကြီးမားတဲ့ မာယာတစ်ယောက် သူနဲ့လုံး၀မလိုက်ဖက်တဲ့နေရာမှာ အလွဲလွဲအချော်ချော်တွေဖြစ်ရင်း ဘ၀ရဲ့အနှစ်သာရဆိုတာကို ခံစားလာမိတဲ့အချိန်မှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.6 GB)/(920 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:24:00 Genre... Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie

A Whitewater Romance (2024)

Christmas at the Chalet (2023) 6.5
Christmas at the Chalet (2023)   ခရစ္စမတ်ရဲ့ အငွေ့အသက်အပြည့်ခံစားရမယ့် မိသားစုကားကောင်းလေးတစ်ခုပါ။Lex Rileyက ကွာရှင်းထားတာ မကြာသေးတဲ့ အရွယ်ရောက်နေတဲ့ သားတစ်ယောက်ရှိတဲ့ အမေတစ်ယောက်ပါ။ သားဖြစ်သူကတော့ Influencerတစ်ယောက်ဖြစ်ပြီး သူ့အမေကို ချက်နည်းပြုတ်နည်းတွေ အွန်လိုင်းပေါ်မှာ ဝေမျှဖို့အတွက် အမြဲ အားပေးနေခဲ့ပါတယ်။ခရစ္စမတ်မှာ သားဖြစ်သူက သူ့အဖေနဲ့အတူ Aspen မှာသွားပြီး အချိန်ကုန်မှာမို့လို့ သူပါ လိုက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူတည်းရမဲ့ အပန်းဖြေအိမ်လေးမှာ ဟိုတယ်bookingက အမှားဖြစ်ပြီး အခန်းမရတော့ပါဘူး။ ဒါနဲ့ ဟိုတယ် ပိုင်ရှင်ဖြစ်တဲ့ Ericကလည်း အကူဝန်ထမ်းအသစ်လိုနေတာနဲ့ အလုပ်နဲ့ အခန်း လဲလှယ်ပြီး သဘောတူညီမှုတစ်ခုလုပ်ခဲ့ပါတယ်။ သဘောထားကောင်းဖော်ရွေတတ်တဲ့ Ericနဲ့ ခင်မင်သွားပြီး Ericက Lexကို နှင်းလျှောစီးသင်ပေးရင်း ပိုပြီး ရင်းနှီးခဲ့ကြပါတော့တယ်။ ၂၀ကျော် ၃၀ကျော်တွေရဲ့ အချစ်ဇာတ်လမ်းမဟုတ်ပေမဲ့ ၅၀ကျော် နှစ်ယောက်ရဲ့ ကြည်နူးစရာ အချစ်ဇာတ်လမ်းက ကြည့်ရှုသူတွေကိုလည်း ကြည်နူးစေပါလိမ့်မယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p ...
movie

Christmas at the Chalet (2023)