Channel Myanmar

Will Lyman

Little Children (2006) 7.5
Little Children (2006) Little Children (2006)IMDb Rating (7.5) / Rotten Tomatoes (80 %)မင်းသမီး Kate Winslet နဲ့ Jennifer Connelly တို့အပြိုင်ကြဲထားပြီး သူတို့နှစ်ယောက်အပြိုင်လုမယ့်မင်းသားကတော့ Patrick Wilson ဖြစ်ပါတယ်။ဇာတ်လမ်းကတော့.. ဘရက်ဆိုတဲ့ ကလေးအဖေဆီမှာ ကေသီဆိုတဲ့ မော်ဒယ်ရှုံးအောင်လှတဲ့ ဇနီးသည်လေးရှိပေမယ့် သူ့ဘဝသူ မလွတ်လပ်ဘူး မရှင်သန်ဘူးထင်ရာကနေ ဆာရာဆိုတဲ့လုံးကြီးပေါက်လှ ကလေးအမေ နောက်တယောက်ကို ငြိတွယ်မိသွားပါတယ်။ ဆာရာကျတော့လဲ သူ့ခင်ပွန်းရဲ့လိင်စိတ်စွဲလမ်းမှုတလွဲတွေကို သည်းမခံနိုင်ဖြစ်ရာကနေ သူ့ဘဝသူမကျေနပ်နဲ့ ပိတ်လှောင်နေရသူပါ။ ဒီလိုရှင်သန်ရာကိုယ်စီဘဝမှာ အားမရသူနှစ်ယောက်အချင်းချင်း အားပေးကူညီကြရင်း အားတွေပါကုန်ပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ......။ဒါတင်မကသေးဘဲ ဝမ်းနည်းကြေကွဲစရာ လူ့သဘောသဘာဝတခုနဲ့ပါ ချိတ်ဆက်ထားတာမလို့ ဒီရုပ်ရှင်ကားက Rating တွေလဲ ကောင်းခဲ့သလို တကယ်လဲ ထိုင်ရာမထတမ်းကြည့်မိမယ့် ရုပ်ရှင်မျိုးဖြစ်ပါတယ်။" လူတွေဟာ အတိတ်ကို ပြန်မပြင်နိုင်ကြပါဘူး.. ဒါပေမယ့်..အနာဂတ်ဘဝကိုတော့..မတူကွဲပြားအောင် တည်ဆောက်လို့ရပါတယ်... စပြောင်းလဲဖို့သာ အဓိကပါပဲ"- Little Children (2006)(အဖော်အချွတ်ခန်းတချို့ပါတာကြောင့် မိသားစုနဲ့ကြည့်မယ်ဆို ချင့်ချိန်ကြည့်ရမယ့်ကားပါ။) File size…(2.4 GB )/(1.2 ...
movie

Little Children (2006)

2006
Mystic River (2003) 7.9
Mystic River (2003) Mystic River (2003)********************* IMDb....7.9,,,,Rotten...88% ဒီဇာတ်ကားကတော့ စာအုပ်လည်း ထွက်ထားပါတယ် .....ဇာတ်လမ်းကလည်း ၂နာရီလောက်ကြာပါတယ် .....တော်တော်များများရုပ်ရှင်တွေက စာအုပ်ကို မမှီဘူးလို့ ဝေဖန်ခံရလေ့ရှိပါတယ် ....ဒါပေမယ့်ဒီရုပ်ရှင်ကတော့ စာအုပ်ဖတ်ဖူးသူတိုင်းက ရုပ်ရှင်ကပိုကောင်းတယ် ပိုပြီးခံစားရတယ် ....သာမန် Thriller ရုပ်ရှင်တွေထက်ကိုသာလွန်တယ်လို့ review ကောင်းတွေရထားတဲ့ဇာတ်ကားပါ...Thriller fan တွေတကယ်ကို လက်မလွတ်သင့်တဲ့ဇာတ်ကားပါပဲ..ထောင်ထွက် Jimmy ရဲ့သမီးလေး အသတ်ခံရတော့ သူ့ရဲ့ငယ်သူငယ်ချင်း၂ယောက်ပါ ဒီကိစ္စထဲပါလာတယ်...တစ်ယောက်က Daveက သာမန်အလုပ်သမား ဒါပေမယ့်အတိတ်ဆိုးနဲ့လူ ....သူက Jimmy သမီးကိုမသေခင်နောက်ဆုံးတွေ့ခဲ့တဲ့လူဖြစ်နေတယ်..နောက်တစ်ယောက်က Sean လူသတ်မှုတွေရဲ့စုံထောက်ပေါ့ သူကဒီအမှုကိုတာဝန်ယူထားရတဲ့လူ...သူငယ်ချင်း၃ယောက်ပြန်ဆုံဖြစ်ကြတယ်ပေါ့ ...တဖြည်းဖြည်းနဲ့ အမှုနဲ့ပတ်သက်လို့သိလာရတာတွေရှိလာတော့ Jimmy က Dave ကိုသံသယဝင်လာတယ်...ဘယ်လိုဖြေရှင်းကြတယ် သူငယ်ချင်း၃ယောက်ရဲ့ဇာတ်လမ်းကဘယ်လိုလဲဆိုတာတော့ဆက်ကြည့်ကြဖို့ပဲတိုက်တွန်းချင်ပါတယ်...ဒါရိုက်တာ Clint Eastwood ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကျော်မင်းသားကြီးတွေဖြစ်တဲ့Sean Penn,Tim Robbins, Kevin Bacon တို့ပါဝင်သရုပ်ဆောင်ထားပါတယ်... အညွှန်းနဲ့ဘာသာပြန်သူကတော့ Jthekoala ပဲ ဖြစ်ပါတယ်... File Size : 1.96 GB, ...
movie

Mystic River (2003)

Aftermath (2024) 5.8
Aftermath (2024)  ဒီတစ်ခါမှာတော့ အက်ရှင်အကြမ်းစားတွေကိုကြည့်ချင်တဲ့ပရိသတ်တွေအတွက် အက်ရှင်ကားကောင်းတစ်ကားကိုယူဆောင်လာပါတယ်။ဇာတ်ကားနာမည်က Aftermath ဖြစ်ပြီးတော့ အက်ရှင်ဇာတ်ကားတွေနဲ့ ဆုပေါင်းများစွာရရှိထားတဲ့ ဒါရိုက်တာPatrick Lussier က ရိုက်ကူးထားပါတယ်။အဓိကဇာတ်ဆောင်တွေအဖြစ် Mason Gooding,Dylan Sprouse, Dichen Lachman တို့က ပါဝင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ အကြမ်းဖက်အဖွဲ့တစ်ခုဟာ တံတားတစ်စင်းကိုဖောက်ခွဲပြီးတော့ တံတားပေါ်ကလူတွေကို ဓားစာခံဖမ်းလိုက်ပါတယ်။ဒါပေမယ့် အဲဒီဓားစာခံတွေထဲမှာ စစ်သားဟောင်းတစ်ယောက်ဖြစ်တဲ့ Eric နဲ့အတူ သူ့ညီမလေးပါ ပါသွားပါတယ်။ဒီလိုနဲ့ Eric ဟာ သူ့ညီမလေးနဲ့အတူ ဓားစာခံအဖြစ်ကနေဘယ်လိုလွတ်မြောက်အောင်လုပ်မလဲဆိုတာကိုစိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုကြရမှာပါ။အမိုက်စားအက်ရှင်ခန်းတွေနဲ့အတူ အကြမ်းပတမ်းရိုက်ကူးပြသထားပြီးတော့ အက်ရှင်ရသကို အပြည့်အဝပေးစွမ်းနိုင်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။  File size… (1.17GB) / (697 MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin
movie

Aftermath (2024)

A Perfect Murder (1998) 6.6
A Perfect Murder (1998) ကျွန်တော်တို့ Iron-man ဇာတ်ကားထဲမှာ Iron-man ရဲ့အတွင်းရေးမှူးကနေ သူ့ရဲ့ဇနီးသည်ဖြစ်လာတဲ့သရုပ်ဆောင်မင်းသမီးချောလေး ဇာတ်ဆောင်မင်းသမီးအဖြစ်က ပါဝင်သရုပ်ဆောင်ထားပြီး၁၉၉၈ ခုနှစ်က ထွက်ခဲ့တာဆိုတော့ သူ့ရဲ့ငယ်ရွယ်နုပျိုလှပဆဲ ကာလကို ခံစားကြည့်ရှုနိုင်မယ့် ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကိုပြောရရင် အသက်နည်းနည်းကြီးတဲ့ လူချမ်းသာတေလာမှာ အမ်မလီဆိုတဲ့ ဇနီးချောလေးရှိပါတယ်။သူတို့ကြည့်ရတာ အိမ်ထောင်ရေးက အဆင်ပြေတယ်ထင်ရပေမဲ့ လူကုံထံတွေအများစုရဲ့ထုံးစံအတိုင်း အပေါ်ယံမှာပဲ အဆင်ပြေနေတာပါ။တကယ်တမ်းမှာတော့ တစ်ယောက်ကိုတစ်ယောက် နားမလည်မှုတွေနဲ့ရှင်သန်နေခဲ့ကြရင်း အမ်မလီဟာပန်းချီဆရာကောင်လေး ခပ်ငယ်ငယ်တစ်ယောက်နဲ့ နောက်မီးလင်းပါတော့တယ်။အမျိုးသားဖြစ်သူ မစ္စတာတေလာ ဘာမှမသိဘူးအထင်နဲ့ပေါ့။တစ်နေ့မှာ မစ္စတာတေလာဟာ သူ့မိန်းမနဲ့ဖောက်ပြန်တဲ့သူနဲ့တွေ့ပြီး အပေးအယူလုပ်ပါတယ်။ဒေါ်လာ ၅သိန်းပေးမှာပါ။ အဲဒီပိုက်ဆံက သူတို့နဲ့ဝေးဝေးနေဖို့ပေးတာမဟုတ်ဘဲ သူ့မိန်းမကိုသတ်ပေးဖို့ ခိုင်းတဲ့ပိုက်ဆံဖြစ်နေပါတယ်။ဆိုတော့ အစကတည်းက ပိုက်ဆံမက်လို့ ချဉ်းကပ်လာတဲ့သူကရော ငြင်းမှာလား အမ်မလီတစ်ယောက် အသတ်ခံရမှာလားဆိုတာလင်ကြီးနဲ့လင်ငယ်ပေါင်းပြီး အကွက်ချသတ်တာကို စိတ်ဝင်တစား ကြည့်ရမှာပါ။  File Size :  2.12 GB, 963 MB Quality : Blu-Ray 1080p / 720p Running Time : 1hr ...
movie

A Perfect Murder (1998)

Welcome to the Dollhouse (1995) 7.4

Welcome to the Dollhouse (1995)

The Crucible (1996)
The Crucible (1996) ဒီဇာတ်လမ်းလေးကတော့ အယူသီးမှုကနေ ဖြစ်ပေါ်လာတဲ့အကျိုးဆက်ကို ရိုက်ကူးထားတာပါ။ တွေးရင် တွေးနိုင်သလောက် ပညာရစေတဲ့ ဇာတ်လမ်းမျိုးလည်းဖြစ်တယ်။ တကယ်တော့ အပြင်လောကမှာရှိတဲ့စေတန်ထက် မိမိကိုယ်တွင်းစိတ်ယုတ်ကသာလျှင် စေတန်အစစ်အမှန်ပဲဖြစ်တယ်။ ၁၆ရာစုဝန်းကျင်ခန့်က ဆေလန်ပြည်နယ်မှာ စုန်းအတတ်ကျင့်သုံးတယ်ဆိုတဲ့ စွဲချက်နဲ့ လူ၂၀၀ကျော်ခန့် အစွပ်စွဲခံခဲ့ရပြီး အပြစ်မဲ့သူ ၁၉ယောက်သေဒဏ်ကျခံခဲ့ရပါတယ်။ The Crucibleရုပ်ရှင်ကတော့ ဒီဆေလန်ပြည်ဖြစ်စဥ်ကို ကျောရိုးယူပြီး ရိုက်ကူးထားတာပါ..။ ဇာတ်လမ်းအကျဥ်းကတော့ အက်ဘီဂေးဝီလီယမ်အပါအဝင် အမျိုးသမီးငယ်အများအပြားက အုပ်စုဖွဲ့ပြီး တဖက်သတ်ချစ်တဲ့ယောကျ်ားတွေရဲ့ အချစ်ကိုရဖို့ တောထဲမှာ ဂါထာတွေရွတ်ပြီး ကခုန်ကြတယ် ။ အဲဒီအချိန်မှာ ခရစ်ယာန်ဘုန်းတော်ကြီးပါးရစ်က တူမဖြစ်တဲ့အက်ဘီဂေးနဲ့ သမီးဖြစ်တဲ့ဘတ်တီတို့ကို တွေ့သွားခဲ့တယ်။ အသက်ငယ်သေးတဲ့ ဘတ်တီက ကြောက်အားလန့်အားနဲ့ မေ့လဲရာကနေ တစ်ရွာလုံးမှာ စုန်းပြုစားခံရတယ်ဆိုတဲ့ သတင်းပြန့်သွားခဲ့တယ်။ အက်ဘီက ဒီအခွင့်အရေးကို အသုံးချပြီး  အိမ်ထောင်သည်ဂျွန်ပရော့တာနဲ့ ပေါင်းဖက်ရဖို့ ကြိုးစားတော့တယ်။ အက်ဘီအပါအဝင် တခြားမိန်းမငယ်လေးတွေအားလုံး စေတန်လက်က လွတ်လာတာမို့ စေတန်နဲ့ပက်သက်သူတွေကို သိထားပါတယ်ဆိုရာကနေ...ဆေလန်ပြည်တစ်ပြည်လုံးက အက်ဘီရဲ့တပ်မက်မှုလောဘစိတ်တွေနဲ့ ကြိုးကိုင်မှုအောက်ကို ကျရောက်သွားခဲ့တယ်။ ...
movie

The Crucible (1996)