Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Will Fitz
7.0
Nonnas (2025)
ဇာတ်ကားနာမည်ကို မြင်ပြီး ကိုရီးယားက နူနားတွေလို့မထင်လိုက်ပါနဲ့ဦး။ Nonnaဆိုတာ အီတလီလို အဘွားလို့ခေါ်တာပါ။ဂျိုးဟာ ငယ်စဉ်ကတည်း အမေနဲ့ အဘွားတို့နဲ့ ကြီးပြင်းလာခဲ့ရပြီး အမေနဲ့ အဘွားတို့ ချက်ကျွေးတဲ့ အီတလီဟင်းလျာတွေဟာ သူ့ရဲ့ soul food တွေဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့ အသက်တွေကြီးလာပြီး ဂျိုးရဲ့အမေဆုံးသွားချိန်မှာဂျိုးဟာ အမေ့ရဲ့ အသက်အာမခံပိုက်ဆံတွေကို အရင်းပြုပြီးအီတလီစားသောက်ဆိုင်တစ်ခု ဖွင့်ဖို့ကြိုးစားခဲ့ပါတယ်။သူဖွင့်ချင်တာ သာမန်စားသောက်ဆိုင်မျိုးမဟုတ်ဘဲအီတလီအဘွားတွေကိုယ်တိုင်ချက်ပြုတ်ပေးတဲ့ မိသားစုဆန်ဆန်စားသောက်ဆိုင်လေးတစ်ခုပါ။သူ့ရဲ့ရည်ရွယ်ချက်က အကြောင်းအမျိုးမျိုးကြောင့်ချစ်ရတဲ့ မိသားစုဝင်တွေအနားမှာမရှိကြတော့တဲ့သူတွေအတွက် မိသားစုအရသာ၊ အမေ့လက်ရာ၊အဘွားလက်ရာကို ပေးစွမ်းနိုင်မဲ့ စားသောက်ဆိုင်တစ်ခုဖြစ်စေဖို့ပါပဲ။ဒီလိုနဲ့ နီးစပ်ရာ အီတလီ အဘွားတွေနဲ့အတူ အန်နိုတက်ကာမာရီယာဆိုတဲ့ စားသောက်ဆိုင်လေးကို စတင်ဖွင့်လှစ်ခဲ့ပုံအကြောင်းရိုက်ကူးထားတာပါ။ဒီရုပ်ရှင်က ဖြစ်ရပ်မှန်အပေါ် အခြေတည်ရိုက်ကူးထားတာဖြစ်ပြီး နှလုံးသားကိုပါ နွေးထွေးတဲ့ ခံစားချက်လေးတစ်ခုပေးစွမ်းနိုင်တာမလို့ တစ်ခါလောက်တော့ ကြည့်သင့်တဲ့ဇာတ်ကားဖြစ်တယ်လို့ ညွှန်းလိုက်ချင်ပါတယ်။ဒီရုပ်ရှင်လေးကိုကြည့်ပြီးရင်တော့ အမေ့လက်ရာအဘွားလက်ရာ အစားအစာတွေကို တောင့်တမိမှာအသေအချာပါပဲ။ File size… (1.18GB) / ( 730 MB) Quality… WEB-DL 1080p HEVC /720p Format…mkv ...
movie
Nonnas (2025)
7.0
The Life List (2025)
The Life List (2025)IMDb Rating (7.0) / Rotten Tomatoes (47%) အဲလက်စ်ဟာ မွေးချင်းသုံးယောက်တည်းမှာ အငယ်ဆုံးနဲ့ တစ်ဦးတည်းသော သမီးလေးဖြစ်ပြီး သူမအထက်မှာ အစ်ကိုနှစ်ယောက်ရှိပါတယ်။ သူ့အစ်ကိုနှစ်ယောက်လုံးကလည်း အရမ်းတော်ကြပြီး သူ့နေရာနဲ့သူ ပေါက်ပေါက်မြောက်မြောက် ရှိကြတဲ့သူတွေပါ။တစ်ဖက်မှာတော့ အဲလက်စ်ဟာ သူ့အမေရဲ့ ကုမ္မဏီဖြစ်တဲ့ ရို့အလှကုန်မှာပဲ မားကတ်တင်းမန်နေဂျာအနေနဲ့ ပြန်လုပ်ပြီး ကိုယ့်ပန်းတိုင်က ဘာမှန်းမသိ ဖြစ်ချင်တာ ဘာမှန်းမသိတဲ့ ထုံပေပေ သိုးမည်းလေး ဖြစ်လို့နေပါတယ်။ဒီလိုနဲ့ မကြာခင်မှာ သူမရဲ့အမေဟာ ရောဂါနဲ့ ဆုံးပါးသွားခဲ့ပြီး သူတို့မောင်နှမအတွက် သေတမ်းစာမှာ အမွေချန်ပေးခဲ့တဲ့အခါမှာ အဲလက်စ်အတွက် ဒီဗွီဒီခွေလေး တစ်ခွေကလွဲရင် ဘာမှ မခွဲပေးခဲ့ပါဘူး။ သူက မခံမရပ်နိုင်ဖြစ် ဒေါသတွေ ထွက်ရပေမဲ့လည်း အိမ်ကိုပြန်လာပြီး အဲခွေလေးကို ဖွင့်ကြည့်လိုက်တဲ့အခါမှာ သူ့အမေ မသေခင် ရိုက်ကူးထားတဲ့ဗွီဒီယိုလေးကို တွေ့လိုက်ရပါတော့တယ်။သူ့အမေက သူသမီး ဒီလို ဖြစ်ချင်ရာဖြစ် ...
movie
The Life List (2025)
2025
4K HEVC
5.2
Y2K (2024)
Y2K (2024) IMDb Rating – 5.2 /10၁၉၉၉ ဒီဇင်ဘာအကုန် ၂၀၀၀ အကူးမှာ ကွန်ပြူတာတွေအကုန် ပျက်ပြီး ကမ္ဘာကြီးတစ်ခုလုံးထိခိုက်မယ်ဆိုတဲ့သတင်း ပြန်ခဲ့တာကို ၉၀ ဖွားတွေအကုန်မှတ်မိကြမယ်ထင်ပါတယ်။အဲ့သတင်းကို ကျောရိုးယူပြီး ရိုက်ကူးတင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကားမှာတော့ မင်းသား Jaeden Martell နဲ့ အခုတလော လူတော်တော်များများ မေတ္တာပို့နေကြတဲ့ စနိုးဝှိုက်မင်းသမီးလေး Rachel Zegler တို့ရဲ့ Horror/ Comedy ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။အထက်တန်းကျောင်းသားတွေဖြစ်ကြတဲ့ ‘အီလိုင်’နဲ့ ‘ဒန်နီ’တို့ သူငယ်ချင်းနှစ်ယောက်က ၁၉၉၉ ခုနှစ်ရဲ့ နှစ်သစ်ကူးညကို ရုပ်ရှင်တွေပဲ ကြည့်ရင်း အတူတူကုန်ဆုံးကြဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့ အဲ့နေ့မနက်မှာပဲ အီလိုင်ရဲ့ ခရပ်ရှ်/ တစ်ကျောင်းလုံးရဲ့ အချောအလှကွင်းလေး/ ‘လော်ရာ’က အီလိုင်ကို နှစ်သစ်ကူးပါတီတစ်ခုကို လာရောက်ဖို့အတွက် ဖိတ်သွားတဲ့အခါ သကောင့်သားနှစ်ယောက်က အိမ်မှာမနေကြတော့ဘဲ ပါတီကိုသွားကြပါတော့တယ်။သူတို့တွေ ပါတီရောက်လို့ ၂၀၀၀ ပြည့်နှစ်ကိုကူးပြောင်းသွားပါမှ ကမ္ဘာပျက်ကိန်းနဲ့ကြုံရတဲ့အခါ...(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Nway Oo K Zaw က တင်ဆက်ထားပါတယ်။) File size… 1.5 GB / 815 MB Quality…WEB DL ...
movie
Y2K (2024)
6.5
Rob Peace (2024)
`သားဖန်တီးတဲ့ကမ္ဘာကို အမေမြင်ချင်ခဲ့တာ" ဆိုတဲ့ ဇာတ်သိမ်းမှာရော့ဘ်ပိ့စ်ရဲ့အမေပြောလိုက်တဲ့စကားဟာ ဝမ်းနည်းဆို့နင့်စရာကောင်းလှပါတယ်။ရော့ဘ်ပိ့စ်ဆိုတဲ့လူမည်းကောင်လေးဟာ ဥာဏ်ရည်ထူးချွန်ထက်မြက်သူဖြစ်တာကြောင့် မိသားစုကဆင်းရဲပေမယ့် မိခင်ဖြစ်သူက အလုပ်မျိုးစုံလုပ်ပြီး သားကိုအကောင်းဆုံးကျောင်းကိုမှထားပေးခဲ့တာပါ။ရော့ဘ်ကလည်း သိတတ်လိမ္မာပြီးကြိုးစားတာကြောင့် နာမည်ကျော်ရေးလ်တက္ကသိုလ်ကိုတောင် ဝင်ခွင့်ရခဲ့ပါတယ်။စိတ်ရင်းလည်းကောင်းတဲ့ရော့ဘ်ရဲ့အိပ်မက်က သိပ္ပံပညာရှင်အဖြစ်နဲ့ကင်ဆာရောဂါကုသမှုကို ရှာဖွေဖော်ထုတ်ဖို့ပါ။လူမည်းကလေးငယ်တွေရဲ့ရှေ့ဆောင်လမ်းပြအောင် ကိုယ်တိုင်ရုန်းကန်ကြိုးစားနိုင်ခဲ့တဲ့ရော့ဘ်ရဲ့အားနည်းချက်ကတော့ ဖခင်ကိုသံယောဇဥ်ကြီးလွန်းတာပါပဲ။ဆေးခြောက်ရောင်းသူတစ်ယောက်ဖြစ်တဲ့ ရော့ဘ်ရဲ့ဖခင်ဟာ လူသတ်မှုနဲ့လည်းထောင်ကျနေခဲ့တာဖြစ်ပါတယ်။ ရော့ဘ်လိုဥာဏ်ကြီးရှင်တစ်ယောက်ကဖခင်ကြောင့်လမ်းမှားရောက်သွားခဲ့ပုံကိုတော့ ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတဲ့ Rob Peace ရုပ်ရှင်ထဲမှာနှမြောစရာကြည့်ရှု့ခံစားမိနိုင်မှာဖြစ်ပါတယ်။ File size…2.27GB / 1.04GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Rob Peace (2024)
6.0
I Saw the TV Glow (2024)
ဒီကားကတော့ A24 production က ထုတ်ထားတဲ့ Horror/Drama ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ Horror ကားဆိုပေမယ့် လူတွေကို အတင်းဖြဲခြောက်တဲ့ကားတွေထဲမှာတော့ မပါပါဘူး။ သေချာတာကတော့ ဒီဇာတ်ကားကြည့်ရတာ တော်တော်လေး Trippy ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ သုံးထားတဲ့ အရောင်တွေ ရိုက်ချက်တွေကတော့ ကြည့်လို့လှပြီး တစ်မူထူးခြားပါတယ်။အိုဝန် ဆိုတဲ့ကောင်လေးဟာ သူ့ရဲ့ကျောင်းမှာ တစ်နေ့ မက်ဒီဆိုတဲ့ ကောင်မလေးနဲ့ တွေ့ခဲ့ပါတယ်။ မက်ဒီဟာ အိုဝန်ကို သူကြည့်နေကြ ဇာတ်လမ်းတွဲတစ်ခုနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ဒီဇာတ်လမ်းတွဲလာတဲ့အချိန်ဟာ အိုဝန်ရဲ့ အိပ်ယာဝင်ချိန်ထက်နောက်ကျတဲ့ အတွက် သူ့ရဲ့ မိဘတွေက ပေးမကြည့်ခဲ့ပါဘူး။ အဲဒါကြောင့် မက်ဒီဟာ ဇာတ်လမ်းကို တိပ်ခွေထဲသွင်းပြီး အိုဝန်ကို ပေးကြည့်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သူတို့နှစ်ယောက်ဟာ ရင်းနှီးလာပြီး နှစ်တွေကြာလာတော့ ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး ထူးဆန်းတာတွေ ဖြစ်လာတဲ့အခါ... File size…(1.8 GB)/(790 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Drama, ...
movie
I Saw the TV Glow (2024)