Channel Myanmar

Wen Song

The Brother of Lottery ( 2022 ) 6
The Brother of Lottery ( 2022 ) တရုတ်ဟာသကားလေးကို CM Chinese ကို အစဉ်မပြတ် အားပေးနေတဲ့ဖန်တွေအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းလေးကတော့ လီတကျွမ့်တစ်ယောက် အရက်စက်ရုံမှာ ရင်းနှီးမြုပ်နှံမှုများသွားတာကြောင့် အကြွေးများနေသူဖြစ်ပြီး.... အမှတ်မထင် ဒုတိယဆုထီကို ဆွတ်ခူးသွားခဲ့ရာကနေ မလိုလားတဲ့ ပြဿနာများကို ရှောင်ရှားဖို့ နှုတ်ဆိတ်နေရာကနေ ထီပေါက်တဲ့သူကို လူတွေက ခန့်မှန်းနေကြချိန်မှာပဲ ရွာသားတွေရဲ့အမြင်မှာ ပရော်ဖက်ရှင်နယ်အကျဆုံး ဆိုတဲ့ ဝမ်ခွန်းက သူလို့ပြောပြီး သူ့ရဲ့အနာဂတ် ယောက္ခမရဲ့ သဘောတူညီချက်ကိုရဖို့အတွက် ချမ်းသာသွားယောင်ဆောင်ခဲ့တယ်....တကယ့်ထီပေါက်သူ လီတကျွမ့်ကတော့ အရက်စက်ရုံကို ဆက်လက်လည်ပတ်ဖို့ ဇနီးဖြစ်သူ ကန့်ကွက်တာကြောင့် အဆင်မပြေလို့ သူက ဆင်းရဲယောင်ဆောင်ပြီး အတူသရုပ်ဆောင်ပြခဲ့တယ်...သူတို့အလိမ်အညာဇာတ်ကြီး ဘာတွေဆက်ဖြစ်ပြီး အလိမ်ပေါ်တဲ့တစ်နေ့ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်စားဖွယ်ဟာသနှောတင်ဆက်ပြထားတဲ့ကားကောင်းလေးဖြစ်ပါတယ်... Filesize : 1.16 GB / 687 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , Comedy Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Brother of Lottery ( 2022 )

Way of the Stone 1 ( 2022 ) 5.8
Way of the Stone 1 ( 2022 ) CM တရုတ်ကားချစ်သူတို့ရေ... ဘဝအမောတွေကို ဖြေပေးဖို့ ဟာသကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီကားလေးကတော့ ရွာသားလေး မောင်ရှီထုံတစ်ယောက်... ကိုယ်ခံပညာကို ရူးသွပ်တဲ့ သိုင်းရူးလေး.... ရွာမှာ ဘာလုပ်လုပ် အမြဲ မှန်မနေတဲ့ တစ်လွဲစိန်လေး... အကြောင်းပဲဖြစ်ပါတယ်...ရွာဖွံ့ဖြိုးတိုးတက်ရေးမှာ ကျောက်သူဌေးဆိုတဲ့ မြို့သူဌေးက ရင်းနှီးမြှုပ်နှံပါမယ်ဆိုတာကို သူ့ကျေးဇူးနဲ့.... မတော်တဆလေးဖြစ်ခဲ့ပြီး...ကျောက်သူဌေးမှာ ထိပ်ပြောင်တဲ့ကြားက မရှိရှိတဲ့ ဆံပင်လေးပါ ကုန်တော့မလိုဖြစ်ခဲ့တယ်... အဲ့ မတော်တဆကြောင့်ပဲ ကျောက်သူဌေးကျန်ခဲ့တဲ့ ပစ္စည်းကို ပြန်ပေးဖို့ ရှီထုံတစ်ယောက် မြို့တက်ဖြစ်ခဲ့တယ်...ဒီလိုနဲ့ ရွာသားလေး ရှီထုံ မြို့မှာ ဘာတွေထပ်လွဲဦးမှာလဲ... ကျောက်သူဌေးလက်ထဲကိုရော ပစ္စည်းရောက်အောင်ပေးနိုင်ပါ့မလား... ရွာသားရှီထုံရဲ့ စွန့်စားခန်းကို CM နဲ့ အတူ ကြည့်လိုက်ရအောင်... Filesize : 1.14 GB / 648 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Romance , Comedy Runtime : 1h 12 min Subtitle : Myanmar Subtitle ...
movie

Way of the Stone 1 ( 2022 )

Romantic Adventures ( 2023 ) 5.9
Romantic Adventures ( 2023 ) အချစ်ဟာသကားလေး တင်ဆက်ပေးလိုက်ပါတယ်။ မမျှတတဲ့အိမ်ထောင်ရေးတစ်ခုဟာ တည်မြဲဖို့မလွယ်ပါဘူး။ တီခယ့်ဟာစီးပွားရေးအရာမှမဖြစ်ထွန်းပဲ သူ့ရဲ့မိန်းမကတော့လုပ်ငန်းပိုင်းမှာအရမ်းအောင်မြင်တာမလို့ တီခယ့်ဟာ အိမ်ထောင်ရှင်ယောင်္ကျားတစ်ယောက်တာဝန်ကို အပြည့်အဝယူရပါတယ်။သူကအိမ်မှာနေ ထမင်းဟင်းချက် အိမ်မှုကိစ္စတွေလုပ်ပြီးနေရတာကိုမပျော်ပါဘူး ယောင်္ကျားတစ်ယောက်အနေနဲ့အပြင်ထွက်ပြီးအလုပ်လုပ်ချင်ပါတယ်။ ဒါကိုသူ့ရဲ့မိန်းမကခါးခါးသီးသီးငြင်းဆန်ပါတယ်။ ဒီလိုနဲ့ပဋိပက္ခတွေဖြစ်ပြီး ကွာရှင်းဖို့အထိပါဖြစ်လာပါတယ်။လုပ်ငန်းမှာအရမ်းအောင်မြင်ပြီး ယောင်္ကျားကိုအထင်မကြီးတဲ့မိန်းမကို ပညာပေးဖို့အတွက် တီခယ့်ကလူတစ်စုနဲ့အတူပူးပေါင်းပြီး အပြိုင်ကမ္ဘာကတီခယ့်ဆိုပြီးဖန်တီးလိုက်ပါတယ်။ သူ့မိန်းမကိုလဲပြန်ခံစားရစေမယ်ဆိုပြီး ဟစ်ကြွေးလို့ပေါ့...... သူ့တို့ဆင်တဲ့ဇာတ်လမ်းကြောင့်လင်မယာကြားပြန်သင့်မြတ်သွားမလား...... ဒါမှမဟုတ်ပြဿနာတွေပဲပိုဆိုးလာမလားဆိုတာကိုတော့.... Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Drama Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Romantic Adventures ( 2023 )

Our New Life ( 2021 ) 6.1
Our New Life ( 2021 ) လူ့ဘဝဆိုတာ အနိမ့်အမြင့်အတက်အကျတွေရှိသလို အသက်၁၀၀မနေရသော်လည်း အမှု ၁၀၀ မကကြုံတွေ့ရတတ်ပါတယ်။ သာမန်ဘဝဖြတ်သန်းမှုတွေဟာ ရုပ်ရှင်မဆန်ပေမယ့် စိတ်ဝင်စားစရာတွေတော့ရှိနေကြပါတယ်။ ဒါဆိုရင် သာမန်လူတွေရဲ့ သာမန်ဘဝဖြတ်သန်းမှုတွေ ပြဿနာတွေအကြောင်းကို ရိုက်ကူးထားတဲ့ လက်တွေ့ဆန်တဲ့ဒီရုပ်ရှင်ကို ခံစားကြည့်လိုက်ကြရအောင်။မတူညီတဲ့ဇာတ်လမ်း၅ပုဒ်ကိုကြည့်ရှုရမှာဖြစ်ပြီး တစ်ခုစီဟာလည်း လောကမှာကြုံတွေ့ရတတ်တဲ့ပြဿနာတွေကို မီးမောင်းထိုးပြနေပြီး၊ စိတ်နှလုံးကိုနွေးထွေးစေတဲ့ အကြောင်းအရာများလည်းပါဝင်နေပါတယ်။အသက်အရွယ်အသီးသီး အလွှာအသီးသီးက လူတွေရဲ့ရုန်းကန်မှု ကြိုးစားမှု ပျော်ရွှင်မှုကိုရှာဖွေကြပုံ ဘဝနေထိုင်မှုပုံစံ တွေကိုကြည့်ရှုရင်း ပုံမှန်ဆန်စွာ ပြဿနာတွေကိုဖြေရှင်းကြပုံကို စိတ်ဝင်စားဖွယ် ငြိမ့်ငြိမ့်ညောင်းညောင်းကြည့်ရှုရမှာမို့ လူ့ဘဝ လူ့သဘာဝအကြောင်းကို ခံစားကြည့်ရှုချင်သူတွေအတွက် အေးအေးဆေးဆေးအပန်းဖြေကြည့်ရှုနိုင်မယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ [ Reviewed By Yin Wai Phyo ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama Runtime : 2h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Our New Life ( 2021 )

Northeast Disco ( 2022 ) 5.9
Northeast Disco ( 2022 ) ကိုယ်ကြီးလာတဲ့အခါဘယ်လိုဖြစ်မယ်လို့ပုံဖော်ခဲ့ကြဖူးလဲ? ငယ်ဘဝရဲ့အိပ်မက်နဲ့ ကြီးပြင်းလာတဲ့အခါ တစ်ထပ်တည်းကျတတ်ရဲ့လား?ဒစ္စကိုခေတ်က ကျိုးချွမ်ယွဲ့ဆိုတဲ့ရုပ်ဆိုးဆိုးလူငယ်လေးဟာ မတော်တဆထိခိုက်မိသွားပြီး ပြန်နိုးလာတဲ့အခါ ၂၀၂၂ခုနှစ်ကိုရောက်နေပါပြီ......နိုးလာတဲ့ကျိုးချွမ်ယွဲ့ဟာ အိမ်ကြီးအိမ်ကောင်းမှာနေ ကားကောင်းကြီးစီးပြီး ကုမ္ပဏီဥက္ကဌကြီးဖြစ်နေတာတွေ့လိုက်ရတယ်။ ပိုပြီးအံ့အားသင့်စရာကောင်းတာက သူငယ်ငယ်တုန်းက ရင်ထဲကနတ်ဘုရားမလေး ဖုဖန်းဟာသူ့ရဲ့ဇနီးဖြစ်နေပါလား...... ကျိုးချွမ်ယွဲ့လက်မခံနိုင်တဲ့အမှန်တရားကတော့ သူဟာရှယ်ယာရှင်ပြည်သူတွေရဲ့ငွေတွေကိုလိမ်လည်ခဲ့ပြီး မိဘကပါစွန့်လွှတ်ထားတဲ့ လူဆိုးကြီးဖြစ်နေတာကိုပါပဲ......တစ်နေ့မှသူ့ရဲ့ရည်းစားလုဖက်ဖြစ်ခဲ့တဲ့လိုင်အန်နဲ့ပြန်ဆုံတွေ့ခဲ့တယ်။ သူ့ရဲ့ရည်းစားလုဖက်လိုင်အန်က ဖုဖန်းကိုမမေ့နိုင်သေးပါဘူး..... ဒီလိုနဲ့နှစ်ယောက်သားအကြိမ်ကြိမ်အကွက်တွေထုတ်သုံးပြီး ယှဉ်ပြိုင်ကြတာကိုရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာပါ။ အားလုံးကိုသေချာပေါက်စိတ်ပျော်ရွှင်စေမယ့်ကားလေးပဲဖြစ်ပါတယ်နော်၊ Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Northeast Disco ( 2022 )

Brothers (2022) 5.5
Brothers (2022) မွေးကင်းစတည်းက ပင်လယ်ကမ်းစပ်က ကောက်ရခဲ့ပြီး ​မွေးစားအဖွားနဲ့ တူတူ​နေထိုင်ရင်း က​လေးဘဝတည်းက တခြားက​လေး​တွေရဲ့ အနိုင်ကျင့်ခြင်းကိုသည်းခံရင်း လူလား​မြောက်လာတဲ့ကွာ​ဟောင်တစ်​ယောက် အဖွားဖြစ်သူ ဆုံးပါးသွားတဲ့​နောက် တစ်​ကောင်ကြွက်ဘဝနဲ့ နိုင်ငံခြားထွက်ကာ အလုပ်လုပ်ဖို့ ကြံပါ​တော့တယ်သူရဲ့အလုပ်က ၃နှစ်တိတိအလုပ်လုပ်ရုံနဲ့ ယွမ်၁သန်းရမယ်လို့ မက်လုံး​ပေးထားတဲ့ ကုန်တင်သင်္ဘောလုပ်ငန်းတစ်ခု ဖြစ်ပါတယ်တကယ်​တော့ ကုန်တင်သင်္ဘောနဲ့ မက်လုံး​တွေရဲ့ ​နောက်ကွယ်မှာ ကုမ္ပဏီကြီးတစ်ခုကိုအမည်ခံပြီး လုပ်အား​ခေါင်းပုံဖြတ်မှု​ လုပ်နေတာပါ ​နောက်ကွယ်ကလူက ဥက္ကဌမိသားစုရဲ့ အနီးကပ်လူယုံတစ်ဦးပါ တစ်​နေ့ သင်္ဘောလုပ်ငန်းကို ဥက္ကဌကိုယ်တိုင်စစ်​ဆေးရင်း လူယုံရဲ့ လျှို့ဝှက်ချက်ကို သိသွားတဲ့​နောက် ဥက္ကဌကြီးကို ရှင်းပြီး သူ့​​နေရာမှာ လူစားထိုးဖို့ ရုပ်ချင်းဆင်တဲ့တစ်​ယောက်ကို ရှာရပါ​တော့တယ်။အဲဒီရုပ်ချင်းဆင်တဲ့သူက ကွာ​ဟောင်ဖြစ်​နေပြီး ဥက္ကဌ​နေရာကို ဘုမသိဘမသိ လူစားဝင်ကာ အ​​ယောင်​ဆောင်ရပါ​တော့တယ် တကယ့်ဥက္ကဌအစစ်က အသက်မ​သေဘဲ ကွာ​ဟောင်တို့ရဲ့ဇာတိမြို့ကို​ ရောက်သွားပြီး အဖြစ်မှန်ကို ​တစ်ဆင့်ချင်း​ဖော်ထုတ်ဖို့ ကြိုးစားရာ ကွာ​ဟောင်၊ဥက္ကဌနဲ့ လူယုံတို့ အားပြိုင်မှု​တွေဖြစ်လာတဲ့အခါ...( အညွှန်းရေးသားထားသူကတော့ Jim X ပါ )File Size__(1.6GB) / (800MB) Quality__WebDL_1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:31:00 Type__Action, ...
movie

Brothers (2022)