Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Warren Keith
8.1
Fargo (1996)
Fargo(1996) *************IMDb - 8.1/10_____Rotten - 94%Won 2 Oscars. Another 81 wins & 57 nominationsဒီကားက အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု နဲ့ အကောင်းဆုံးဇာတ်ညွှန်းဆုရရှိထားပါတယ်...အခြားဆု(၈၁)ဆုရရှိခဲ့ပြီး ဆန်ကာတင် (၅၇)ဆုလည်းဝင်ခဲ့တယ်...မင်းသမီးကတော့ Three Billboards Outside မှာ အော်စကာထပ်ရခဲ့တဲ့ Frances McDormand ပါပဲ...ဒီကားက ၁၉၈၇ ခုနှစ် မီနီဆွန်တာမှာဖြစ်ခဲ့တဲ့ တကယ့်မှုခင်းကြီးကို အခြေခံပြီးပြန်လည်ရိုက်ကူးထားတာပါ....သိပ်ချမ်းသာတဲ့မိသားစုတစ်စုရှိတယ်.....ယောက္ခမက စည်းကမ်းကြီးသလို တိလည်းတိကျတယ်...ဒီမိသားစုမှာ သားမက်ကတော့ စီးပွားရေးပိုင်းရော လူမှုရေးပိုင်းရော အားနည်းတယ်...ဒါ့အပြင် အသုံးအစွဲကလည်းမတတ်ဆိုတော့ ကြာတော့ ငွေကအရမ်းလိုလာတယ်..ဒီတော့ ပြန်ပေးသမားတွေနဲ့ပေါင်းပြီး ကိုယ့်မိန်းမကိုယ် ပြန်ပေးဆွဲဖို့စီစဉ်တယ်..ယောက္ခမဆီကနေ ငွေညှစ်မယ်ပေါ့...သို့သော်လည်း သူထင်သလောက်ရိုးရိုးရှင်းရှင်းလေးဖြစ်မသွားဘူး....ကိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတော့ ခံစားကြည့်လိုက်ဦးဗျို့...ကားသစ်တွေကို တစ်ခါတစ်ရံစိတ်တိုင်းမကျတဲ့သူတွေအဖို့ ဒီလိုကားမျိုးကို နင်းကန်ကြည့်ဖို့ပြောပါရစေ...ဇတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ye Pye Sone ဖြစ်ပါတယ်.... File Size : 2.8 GB, 783 MB Quality : Blu-Ray 1080p, 720p Format…mp4 Duration…01:38:00 Genre : Crime, Drama, Thriller Subtitle : Myanmar ...
movie
Fargo (1996)
The Big Lebowski (1998)
The Big Lebowski (1998) ***********************လော့စ်အိန်ဂျယ်လ်စ်မြို့မှာ Lebowski ဆိုတဲ့နာမည်နဲ့လူ(၂)ယောက်ရှိတယ်...သူတို့က နာမည်သာတူတာ ...အရည်အချင်းနဲ့ပိုင်ဆိုင်မှုကတော့ ဆီနဲ့ရေလို့ပြောရမလားပဲ။ တစ်ယောက်က သန်းကြွယ်သူဌေးကြီးဖြစ်ပြီးတော့...နောက်တစ်ယောက်ကတော့ ဘီယာလေးငုံလိုက် ဘော်ဒါတွေနဲ့ ပေါက်ကရပြောလိုက်နဲ့ ငပျင်းဘဲကြီး Lebowski...တစ်နေ့မှာ သူဌေးကြီး Lebowskiရဲ့အိမ်ကို...ကြေးစားလူမိုက်နှစ်ယောက်က ဖျက်ဆီးဝင်ရောက်ပြီး ငွေညှစ်ကြတယ်။ကံဆိုးချင်တော့ သူတို့ဝင်တဲ့အိမ်ဟာ နာမည်တူ ငပျင်းငမွဲ Lebowskiရဲ့အိမ်ဖြစ်နေပါတယ်...ဒါ့ကြောင့်စိတ်တိုတိုနဲ့ ...အိမ်မှာရှိတဲ့ကော်ဇောကိုသေးနဲ့ပန်းသွားကြတယ်...ဒါက သန်းကြွယ်သူဌေးLebowskiမှာ တာဝန်ရှိတယ်လို့ ယူဆပြီး...ငပျင်းကြီးက ကော်ဇောအစားတစ်ခုပြန်ပေးဖို့သွားတောင်းပါတယ်။ သွားတောင်းတဲ့အချိန်မှာပဲ သူဟာ ပြန်ပေးဆွဲမှုတစ်ခုမှာ...ပါဝင်ပတ်သက်မိပြီးတော့ ပြဿနာအားလုံးဟာ သူ့ခေါင်းပေါ်ကျလာပါတော့တယ်။ ဘဲကြီးLebowskiအနေနဲ့ ...အရှုပ်တွေကြားထဲကနေ ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ရမလဲ ...ဘယ်လိုရုန်းထွက်မှာလဲ...ဒီကားက imdb ရော Rotten ရော လန်ထွက်နေသလို ဆုပေါင်း ၅ဆုရရှိထားပြီး အခြားဆု ၁၇ဆုအတွက်လည်း...ဆန်ကာတင်စာရင်းဝင်ထားပါတယ်။ ကားသစ်တချို့ကြောင့်စိတ်ပျက်နေတဲ့သူတွေအတွက် ဒီကားကတော့...နင်းကန်မိုက်ကြောင်း သတင်းကောင်းပါးပါရစေ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizas ဖြစ်ပါတယ်...File Size : 2.11GB / 997MB Quality : 1080p 5.1ch ...
movie
The Big Lebowski (1998)
7.0
A Serious Man (2009)
IMDb 7 / Rotten Tomatoes 89% အပြင် ဆုပေါင်း ၁၇ ခုကိုသိမ်းပိုက်နိုင်ခဲ့ပြီး အော်စကာ ၂ ဆုအတွက်ပါ ဆန်ကာတင်ရွေးချယ်ခံခဲ့ရတဲ့ ကားဟောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ခင်ဗျားတို့ဘ၀မှာ တချိန်တည်းမှာ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ရင်ဆိုင်ရမယ်ဆိုရင် ခင်ဗျားတို့ဘယ်လိုများရင်ဆိုင်ကျော်လွှားဖို့ကြိုးစားကြမလဲ။ ဒီရုပ်ရှင်ထဲက ဂျူးလူမျိုး ရူပဗေဒပါမောက္ခတစ်ဦးဖြစ်တဲ့ လယ်ရီဂေါ့ပ်နစ်ခ်ကလည်း သူ့ရဲ့သာယာနေတဲ့ဘ၀လေးထဲကို ပြဿနာပေါင်းစုံ၀င်လာလို့ ဒုက္ခပင်လယ်ဝေခဲ့ရတဲ့သူပါ။ လယ်ရီဂေါ့ပ်နစ်ခ်က တက္ကသိုလ်မှာ ရူပဗေဒဘာသာရပ်ကိုသင်ကြားရင်း မိသားစုကိုဦးဆောင်နေတဲ့ ကလေးနှစ်ယောက်အဖေ အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ တစ်ရက်မှာတော့ လယ်ရီ့ရဲ့ ပါဆင်နယ်ရော ပရော်ဖက်ရှင်နယ်ဘ၀ထဲကိုပါ မထင်မှတ်ထားတဲ့ ပြဿနာအရှုပ်ထုပ်ပေါင်းစုံက တချိန်တည်းမှာဆိုက်ဆိုက်မြိုက်မြိုက်ကြီး၀င်ရောက်လာတဲ့အခါမှာတော့ လယ်ရီတစ်ယောက် ရရာကောက်ရိုးလေးတမျှင်ကိုဆွဲပြီး ဒီအခက်အခဲတွေကို အံတုရင်ဆိုင်ဖြေရှင်းဖို့ ကြံရပါတော့တယ်။လယ်ရီနေရာမှာသရုပ်ဆောင်ထားတဲ့ Michael Stuhlbarg ဟာဆိုရင်လည်း ၁၉၉၀ နဲ့ ၂၀၀၀ခုနှစ်ကျော်အတွင်းမှာ ရုပ်ရှင်ကားကောင်းတွေကိုရိုက်ကူးခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ကြီးဆိုတော့ အက်တင်ဘာညာကတော့ ကြည့်မကောင်းမှာမပူရပါဘူး။ ရုပ်ရှင်ပြီးသွားတဲ့အထိကို ဘာဆက်ဖြစ်မလဲဆိုတာကို ပရိတ်သတ်ကိုဆက်ပြီး အတွေးနယ်ချဲ့ခိုင်းစေပြီး ချန်ထားခဲ့မယ့်ရုပ်ရှင်မျိုးပါ။ ပေါ့ပေါ့ပါးပါးနဲ့ ...
movie
A Serious Man (2009)
7.7
Nomadland (2020)
Nomadland (2020) ======================IMDb Rating- 7.7/10 Rotten Tomatoes- 96%ဖန်တီးမှုလက်ရာကောင်းတစ်ခုဟာ ပြောပြချင်တာတွေများလာတဲ့အခါ ဖြစ်တည်လာတော့တာပါပဲ။ ဝေါင်ကာဝေးရုပ်ရှင်အများစုရဲ့ Cinematographyသမား ခရစ္စတိုဖာဒွိုင်းက ရုပ်ရှင်ရိုက်ကူးရေးနဲ့ ပက်သက်ပြီး ပြောဖူးတာတစ်ခုရှိတယ်။ " ကမ္ဘာကြီးကို မြင်အောင်ကြည့်၊ ထောင်ထဲသုံးလေးခါနေကြည့်၊ ခင်ဗျားအတွေ့အကြုံတွေစုဆောင်းမိမယ်။ စုဆောင်းမိလာတာနဲ့ ခင်ဗျား ပြောချင်တာတွေရှိလာမယ်။ ခင်ဗျားပြောချင်တာဘာမှမရှိရင်တော့ ရုပ်ရှင်မရိုက်သင့်ဘူး"တဲ့ Nomadlandဟာ ပြောစရာ သိပ်များတဲ့လူတွေအတူဖန်တီးထားတဲ့ လက်ရာတစ်ခုလို့ဆိုရမယ်။ ညနေစောင်းလို့ တိမ်တောက်တဲ့အခါ မြင်ရတဲ့ နေ၀င်ချိန်တိမ်ပွင့်အမျောကလေးကို ကြည့်ပြီး ပြောစရာသိပ်များတဲ့လူတွေ၊ ရှင်သန်မှုဆိုတဲ့စကားလုံးကလေးနဲ့ ပက်သက်ပြီး ပြောစရာသိပ်များတဲ့လူတွေပေါ့။ ဒီတော့ ဒီရုပ်ရှင်မှာ ရှင်သန်မှုနဲ့ ပက်သက်ပြီး အများကြီးတွေ့ရလိမ့်မယ်။Nomadဆိုတာ အိမ်ခြေအတည်မရှိ လေလွင့်နေသူတွေ ခြေသလုံးအိမ်တိုင်တွေကိုပြောတာ ၊Nomadlandဆိုတာကို ပြန်ဆိုရရင်တော့ လေလွင့်သူတို့ကွန်းလို့ ဆိုရမယ်။ အိမ်ခြေရာမဲ့လို့တော့ မဆိုချင်ဘူး။ သူတို့မှာ houseဆိုတဲ့အိမ်မရှိပေမဲ့ homeဆိုတဲ့ အိမ်တော့ရှိကြတာကိုး။ ရုပ်၀တ္တုအဆောက်အဦးတွေပေါ်မှာ အမှတ်ရစရာတွေက မတည်ကြဘူးတဲ့ ရုပ်ခန္ဓာထင်ရှားမရှိတော့တဲ့ သူတို့ချစ်ခဲ့တဲ့လူတွေကို အမှတ်ရစေဖို့ သူတို့နည်းသူတို့ဟန်နဲ့ ကြိုးစားနေကြတဲ့ ဒီရုပ်ရှင်ထဲက Nomadတွေနဲ့ သူတို့ရဲ့ ဘ၀နေထိုင်နေမှုဟာ တစ်ချို့အတွက်တော့ ဒုက္ခလို့ ဆိုလို့ရပေမဲ့ ကျွန်တော်တော့ သိပ်ချစ်စရာကောင်းတယ်လို့ပဲ ဆိုချင်တယ်။ ခွဲခွာခဲ့ရတဲ့သူတွေကို တစ်နေ့မှာ အနာဂတ်ရဲ့လမ်းခုလတ်မှာ ပြန်တွေ့ရမယ်လို့ မျှော်ရည်ယုံကြည်ရင်း သူတို့ရှင်သန်ကြတယ်။ အဆုံးသတ်ရန်တစ်နေရာမှာတော့ အားလုံးဟာ အဆုံးသတ်ကြရတာပါပဲ အဲ့ဒီနေ့မရောက်သေးသမျှတော့ မျှော်လင့်ချက်တွေကို လိုအပ်ကြတယ် မဟုတ်လား။ Nomadlandဟာ ဒီမျှော်လင့်ချက်တွေအကြောင်းပါပဲ။ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ ဇာတ်ကားမှာပါဝင်တဲ့ဇာတ်ကောင်တိုင်းရဲ့ နာမည်တွေက သရုပ်ဆောင်တွေရဲ့ နာမည်အတိုကောက်ပါပဲ Castအပိုင်းမှာတော့ အော်စကာနှစ်ဆုရှင် Frances McDormandပါရင် သရုပ်ဆောင်ထားပြီး တတိယမြောက်အော်စကားရရှိဖို့ တစ်ပြေးနေပါတယ်တစ်ချို့ကတော့ ဒီနှစ်ရဲ့အော်စကာ Best Pictureရနိုင်ခြေအများဆုံး ရုပ်ရှင်လို့ဆိုကြတယ်။ Cineamatographyကလည်း Landscape viewနဲ့ရိုက်ပြထားပြီး အတော်ခမ်းနားတယ်။ ဘာပဲဖြစ်ဖြစ် ဒီနှစ်ရဲ့ အကောင်းဆုံးရုပ်ရှင် ဆယ်ကားကိုပြောပါဆိုရင် Nomadlandက ထိပ်ကပါနေမှာပါ။ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။(အညွှန်းရေးသားပေးထားသူကတော့ WiRa Aungပါ) Translated by Daniel ...
movie
Nomadland (2020)
2020