Channel Myanmar

Wang Yitong

Once Upon a Time in China ( 2024 ) 5.8
Once Upon a Time in China ( 2024 ) 1920-1930 ခုနှစ်ဝန်းကျင်လောက်က ရှန်ဟိုင်းမြို့ကြီးမှာ ဖြစ်ပါတယ်။ မြစ်ကမ်းစပ်မှာ သေတ္တာတစ်လုံးတွေ့ပြီး အထဲမှာ အမျိုးသမီးအလောင်းတစ်လောင်း တွေ့တဲ့အတွက် ရှာဖေးလမ်းရဲစခန်းက တိုင်ကြားမှုကို လက်ခံရရှိခဲ့ပါတယ်။အင်္ဂလန်က ပညာသင်ပြီး ပြန်လာတဲ့ အမျိုးသမီးစုံထောက်အသစ်စီးမာနန်က ဒီအမှုပို ဦးဆောင်စစ်ဆေးဖို့ တာဝန်ယူခဲ့ပါတယ်။ အထက်က ၅ ရက်အတွင်း အမှုဖော်နိုင်ရမယ်ဆိုတဲ့ ဖိအားကြောင့် စီးမာနန်၊ လော်ချုံးနဲ့ ချန်ခယ်တို့ဟာ အမှုကို ဖြေရှင်းဖို့ သဲလွန်စတွေကို လိုက်ရှာပါတော့တယ်။အလောင်းကို စစ်လိုက်တော့ သတ်ဖြတ်ပုံသတ်ဖြတ်နည်းက ထူးခြားနေတာကို တွေ့ရှိရပါတယ်။ သေသူရဲ့ ရင်ဘတ်ကို ခွဲစိတ်ဓားနဲ့ သပ်သပ်ရပ်ရပ်ခွဲပြီး နှလုံးကို ထုတ်ထားတာဖြစ်ပါတယ်။ ဒီလို ရက်စက်တဲ့ လူသတ်နည်းမျိုးကို လုပ်နိုင်တဲ့လူက ရှန်ဟိုင်းမှာသိပ်မရှိလှပါဘူး။မြစ်ဘေးမှာ သေတ္တာထဲက အမျိုးသမီးအလောင်းတွေ ဆက်တိုက်တွေ့ရတဲ့အခါမှာတော့...... စီးမာနန်တို့တစ်တွေ တရားခံအစစ်ကို ရှာတွေ့နိုင်မလား...... တရားခံအစစ်က ဘယ်သူဖြစ်လိမ့်မလဲ...... တရားခံက ဘယ်လိုအကြောင်းကြောင့် အမျိုးသမီးတွေကိုပဲ သတ်ဖြတ်ရတာလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။ Filesize : 0.99 GB / 572 MB Quality : WEB-DL 1080p HEVC , 720p ...
movie

Once Upon a Time in China ( 2024 )

Land of Broken Hearts ( 2024 )
Land of Broken Hearts ( 2024 ) အချစ်ရုပ်ရှင်ပဲ ကြည့်ချင်တဲ့သူတွေအတွက် စိတ်ကူးယဉ်အချစ်ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့-ဟွမ်ကျန့်ခိုင်းဟာ သူ့ကိုယ်သူ ရုပ်ရှင်ဇာတ်လမ်းတစ်ခုထဲမှာ ရှင်သန်နေတယ်လို့ထင်နေပါတယ်။ သူ့ဘဝရုပ်ရှင်မှာ မွေးကတည်းက ဇာတ်ညွှန်းရှိပြီးသား သူဘာမှ မပြောင်းလဲနိုင်ဘူး။ ဇာတ်ညွှန်းအတိုင်းပဲ တစ်နေ့ပြီးတစ်နေ့ ဘဝကို ဖြတ်သန်းရမယ်လို့ ထင်နေပါတယ်။ ဒါပေမဲ့ ဒါကို မကျေနပ်တဲ့သူက အိမ်အသစ်ပြောင်းပြီး ဆံပင်အရောင်အသစ်ဆိုးပြီး ဘဝသစ်ကို စဖို့ ကြိုးစားနေပါတယ်။အိမ်အသစ်မှာ ထူးဆန်းတဲ့ သူနဲ့ အိမ်အတူငှားနေတဲ့ လီရှောင်လဲ့နဲ့ တွေ့တဲ့အချိန်မှာတော့ သူ့ရဲ့ဘဝမှာ ပြောင်းလဲမှုတွေ စတင်ခဲ့ပါတယ်။ အဲဒီ နာမည် ၁၀ ခုကျော်လောက်ရှိပြီး စကားအခွန်းတိုင်းမှာ အလိမ်အညာတွေနဲ့ ပြည့်နေတဲ့ မိန်းကလေးရဲ့ဘဝကို သူအားကျမိခဲ့ပါတယ်။ အချင်းချင်း ဘယ်သူမှန်း မသိပေမဲ့ အချင်းချင်း နားအလည်ဆုံးလူ ဖြစ်ခဲ့ပါတယ်။အဲလိုနဲ့ တဖြည်းဖြည်း သူက လီရှောင်လဲ့ရဲ့ အကြောင်းကို ပိုပိုသိချင်လာပြီး လီရှောင်လဲ့ကတော့ ရှောင်ပြေးသွားခဲ့ပါတယ်။ အချစ်က ဘာလဲဆိုတာကို သိချင်နေတဲ့ သူတို့နှစ်ယောက် အချစ်ကို ရှာတွေ့သွားမလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.35 GB / 733 MB Quality : WEB-DL 1080p ...
movie

Land of Broken Hearts ( 2024 )

Eye for an Eye 2 ( 2024 ) 6.1
Eye for an Eye 2 ( 2024 ) 2023 တုန်းက ထွက်ရှိထားတဲ့ Eye For An Eye ( 2023 ) – Channel Myanmar ရဲ့ အဆက်ပဲဖြစ်ပါတယ်..အရင်ကားကြည့်ချင်ရင်တော့အပေါ်လင့်လေးမှာ ထောက်ကြည့်နိုင်ပါတယ်Eye for an eye 2 မှာ မျက်မမြင်သူရဲကောင်းဟာ တရားရုံးတော်က ဆုကြေးဝရမ်းထုတ်ထားတဲ့ လူဆိုးတွေကိုဖမ်းတဲ့ ကြေးစားတစ်ယောက်အဖြစ်လုပ်ကိုင်ပြီးနေခဲ့တယ်။ သူနေတဲ့မြို့မှာ အဖေ့ရဲ့ရာထူးကိုအားကိုးပြီး လူ့အသက်ကိုတန်ဖိုးမထား ထင်ရာဆိုင်းနေတဲ့ လူ့အမှိုက်တစ်ယောက်က သောင်းကျန်းနေပါတယ်။ကံဆိုးစွာနဲ့ အဲဒီလူရဲ့သားကောင်ဖြစ်ခဲ့ရတဲ့ကလေးလေးတစ်ယောက်ကို မျက်မမြင်သူရဲကောင်းက မထင်မှတ်ပဲကယ်မိရာကနေ ကလေးလေးကသူ့နားမှာပဲတွယ်ကပ်နေပါတော့တယ်။ ကလေးလေးကလက်စားချေပေးဖို့ အကြိမ်ကြိမ်ပြောပေမယ့် လက်စားချေခြင်းဆိုတဲ့မပြန်လမ်းကိုမလျှောက်စေချင်တဲ့အတွက်အကြိမ်ကြိမ်ငြင်းခဲ့တယ်။ကံကြမ္မာကထင်သလိုမဖြစ်လာတော့ မျက်ကန်းသူရဲကောင်းတစ်ယောက် ကလေးလေးကိုကူပြီးလက်စားချေဖို့ဖြစ်လာခဲ့တယ်။ Eye for an eye အရင်ကားကိုကြည့်ဖူးသူတွေကိုတော့ မျက်ကန်းကြီးဘယ်လိုကြမ်းမလဲဆိုတာ ထူးထွေပြီးပြောပြနေစရာမလိုပါဘူး။ မကြည့်ဖူးသေးတဲ့သူတွေအတွက် ဒါကသိုင်းကားဖန်တွေအတွက် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie

Eye for an Eye 2 ( 2024 )

Journey to the West ( 2023 ) 5.9
Journey to the West ( 2023 ) UFOတွေ ဂြိုလ်သားတွေဆိုတာ တကယ်ရှိသလားဆိုတဲ့မေးခွန်းကို သိချင်တဲ့သူတွေ စိတ်ဝင်စားတဲ့သူတွေအတွက်အကြိုက်တွေ့မယ့် ကားကောင်းတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ထန်ကျစ်ကျွင်းဟာ (စကြာဝဠာကိုစူးစမ်းခြင်း)ဆိုတဲ့မဂ္ဂဇင်းရဲ့ အယ်ဒီတာတစ်ယောက်ဖြစ်တယ်။ ထန်ကျစ်ကျွင်းက ကမ္ဘာပြင်ဘက်ကယဉ်ကျေးမှုတွေအပေါ်စိတ်ဝင်စားမှုက သာမန်ထပ်ပိုပြီး အလွန်အကျွံလို့တောင်ပြောလို့ရပါတယ်။သူ့ရဲ့စွဲလမ်းမှုတွေကြောင့်မိန်းမလဲမခံနိုင်ကွာရှင်းခဲ့ပြီး သ မီးလေးဟာလဲစိတ်ကျရောဂါနဲ့ဆုံးသွားခဲ့ပါတယ်။ တစ်နေ့မှာတော့ စင်္ကြာဝဠာအဝေးတစ်နေရာမှပို့လာတယ်လို့ယူဆရတဲ့ Signalကိုလက်ခံရရှိလာတဲ့အခါ နေရာအနှံ့ကသူလိုလူတွေစုစည်းပြီး သူ့တစ်ဘဝလုံးမဖြေရှင်းနိုင်ခဲ့တဲ့ပုစ္ဆာတစ်ခုနဲ့အတူ ဂြိုလ်သားရှာဖွေရေးခရီးစဉ်ကိုပြန်လည်စတင်လိုက်ပါတော့တယ်...... Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated By CM Team Reviewed By Nu Mon Encoded by LK
movie

Journey to the West ( 2023 )