Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Wang Xiao
6.2
Upstream ( 2024 )
အသက်(၄၅)နှစ်အရွယ်ပရိုဂရမ်မာတစ်ယောက်ဟာ ကုမ္ပဏီမှာ(၁၀)နှစ်ကျော်လုပ်ခဲ့ပေမယ့် လူငယ်တွေလောက်မလုပ်နိုင်တော့လို့ အလုပ်ဖြုတ်ခံလိုက်ရတဲ့အခါ အသက်အရွယ်နဲ့အတွေ့အကြုံအရ သတ်မှတ်လစာများတဲ့အတွက် ဘယ်ကုမ္ပဏီမှမခန့်ချင်ပဲ အလုပ်ရှာရခက်နေပါတယ်။သူဟာ မိသားစုအားလုံးကိုထောက်ပံ့နေရတဲ့သူဖြစ်တဲ့အတွက် ဖိအားတွေအများကြီးနဲ့ အကြပ်ရိုက်နေပါတယ်။ ကြံရာမရဖြစ်နေတဲ့အချိန်မှာ Delivery ကောင်လေးတစ်ယောက်နဲ့တွေ့ပြီး Deliအလုပ်ကိုလုပ်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တကယ်တမ်းလုပ်ကြည့်တဲ့အခါကျမှ Deliveryအလုပ်ဟာမလွယ်ကူမှန်းသိလိုက်ရတယ်။ ဒါပေမယ့်လဲ မိသားစုအတွက် သမီးလေးရဲ့အနာဂတ်အတွက် ရှိတဲ့မာနတွေကိုချထားပြီး ကြိုးစားပြီးလုပ်သွားတဲ့အကြောင်းကိုရိုက်ထားတဲ့ အလုပ်ကြိုးစားတဲ့သူတွေ အားလုံးကိုဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Filesize : 2.20 GB / 1.13 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama Runtime : 2h 1 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Upstream ( 2024 )
6
The Volunteers: To the War ( 2023 ) The Great War
စစ်ရယ်လို့ဖြစ်လာရင် နှစ်ဖက်လုံးကတော့ အဆုံးအရှုံး အသေအကြေ ကြုံကြရစမြဲပဲ.... ဒီလိုပဲ စစ်မြေပြင်ပေါ်မှာ တိုက်ခိုက်နေသူတွေတောင် မျက်စိတစ်ဆုံးမြင်ရတဲ့အရာအပြင် ပိုမသိနိုင်ကြပါဘူး... ဒါကြောင့်လည်း သမိုင်းဆိုတဲ့ မှတ်တမ်းချင်းတူပေမယ့်... ရေသားထားတဲ့ အကြောင်းအရာတွေမတူညီကြတာပဲ..ဒီလို သမိုင်းမှတ်တမ်းချင်းမတူညီတဲ့ထဲမှာ ၁၉၅၀-၅၃ ကြားဖြစ်ပွားခဲ့တဲ့ တောင်-မြောက်ကိုရီးယားစစ်ပွဲအကြား တရုတ်နဲ့ အမေရိကန် အားဖြည့်ကူညီတိုက်ခိုက်ရင်း တရုတ်-အမေရိကန်ကြား ဖြစ်ခဲ့တဲ့ ကာလရှည်တိုက်ပွဲလည်းပါဝင်နေပါသေးတယ်...သမိုင်းထက်မှာရော၊ တောင်-မြောက်ကိုရီးယားသမိုင်းကြောင်းမှာရော၊ ကမ္ဘာကုလသမဂ္ဂမှတ်တမ်းမှာရော အသီးသီးရေးသားမှတ်တမ်းတင်ထားသလို.. တရုတ်နိုင်ငံမှတ်တမ်းမှာလည်း သူတို့ရှုထောင့်က တစ်မျိုးတစ်ဖုံ မှတ်တမ်းတင်ထားပါသေးတယ်...ဒီမှတ်တမ်းကို ချန်ခိုင်ခယ် ဒါရိုက်တာကြီးက The Volunteers: To the War (2023) The Great War ဆိုတဲ့နာမည်နဲ့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်... အင်အားမမျှတဲ့ စစ်မြေပြင်မှာမှ...တရုတ်နိုင်ငံကို ထိုင်ခုံနေရာမပေးဘဲ ကမ္ဘာကုလသမဂ္ဂအစည်းအဝေးမှာ သဘောတူညီချက်တွေ လက်မှတ်ထိုးရေးဆွဲပြီး ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဘက်မမျှတဲ့စစ်ပွဲဖြစ်နေခဲ့တာကြောင့်... မော်စီတုန်း တစ်ယောက်ဟာ မြေပြင်မှာ အားကိုးရတဲ့ ကြယ်နီတပ်သားတွေကို စေလွှတ်ခဲ့ပြီး... ကမ္ဘာကုလသမဂ္ဂအဖွဲ့အစည်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုတဲ့ နေရာတစ်နေရာရဖို့လည်း ကြိုးစားခဲ့ရပါသေးတယ်...တခြားစစ်ပွဲတွေနဲ့မတူညီတာကတော့... စစ်ပွဲရယ်လို့ဖြစ်လာရင် နိုင်ငံခေါင်းဆောင်နဲ့ သားသမီးတွေက စစ်မြေပြင်မှာ ရှေ့တန်းဆင်းတိုက်ခိုက်တာတို့ ကျရှုံးတာတို့မြင်ခဲတယ်ဆိုပေမယ့်... သမိုင်းမှတ်တမ်းအခြေခံရိုက်ကူးထားတဲ့ ဒီကားထဲမှာတော့...မော်စီတုန်းရဲ့ သားကြီးကိုယ်တိုင် ရှေ့တန်းဝင်ခဲ့ပြီး လေယာဉ်ဗုံးမှန်သေခဲ့တာကိုပါ ရိုက်ပြထားခဲ့ပါတယ်... သမိုင်းဆိုတာ ရေးသူရဲ့ ရှုထောင့်အတိုင်းဖြစ်ပြီး... ဇာတ်လမ်းဆိုတာလည်း ...
movie
The Volunteers: To the War ( 2023 ) The Great War
4K HEVC
6.3
The Volunteers: The Battle of Life and Death ( 2024 )
သေမင်းနဲ့တိုက်ပွဲဝင်ရမှာသေချာပြီးအသက်ရှင်ပြန်လာနိုင်ခြေ ၁ ရာခိုင်နှုန်းတောင် မသေချာတဲ့ တိုက်ပွဲမှာ... စိတ်လိုလက်ရ ကိုယ်ကျိုးစွန့်ပြီး တိုက်ပွဲဝင်မယ့် စေတနာရှင် ပြည်သူ့သူရဲကောင်းတွေကို သမိုင်းမှတ်တမ်းတင် ဂုဏ်ပြုတဲ့အနေနဲ့ ပြန်လည်ရိုက်ကူးတဲ့ ကားတွေအများကြီးထဲကမှ အတော်လေး လူကြိုက်များပြီး အသိမှတ်ပြုခံထားရတဲ့ The Volunteers: To the War (2023) ကားအပြီးမှာတော့ နောက်ဆက်တွဲ The Volunteers: The Battle of Life and Death ( 2024 ) လေးထွက်လာတာမို့ CM က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...လက်နက်အား၊ လူအင်အား၊ နည်းပညာအကူအင်အား မမျှတဲ့ အမေရိကန်တပ်နဲ့ တရုတ်တပ်တို့ ရဲ့ လွန်ခဲ့သော နှစ် ၁၀၀ လောက်က မြေပြင်မှာ တိုက်ခဲ့တဲ့ သမိုင်းကြောင်းကို မှတ်တမ်းတွေကတစ်ဆင့် ပြန်တူးဖော်ပြီး ပုံဖော်တင်ဆက်ထားတဲ့ကားလေးပါ... ဒီဇာတ်လမ်းလေးမှာတော့...စွန်းရှင်းတစ်ယောက် စစ်မြေပြင်မှာကြုံတွေ့ခဲ့ရတဲ့ တုန်လှုပ်မှုကြောင့် မှတ်ဉာဏ်ကစဉ့်ကလျားဖြစ်သွားခဲ့ပြီး... ဘာတွေကြုံတွေ့ခဲ့တယ်... ဘာဖြစ်ခဲ့တယ်ဆိုတာကို မေ့သွားပါတော့တယ်...ဒါပေမယ့်လည်း ရောဂါကုသရမယ့်အစား စစ်မြေပြင်မှာ ဆက်ပြီး တိုက်ပွဲဝင်ဖို့ဖြစ်လာခဲ့ပြန်တယ်... တရုတ်တပ်နဲ့ အမေရိကန်တပ်ကြားမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြားထဲမှာမှ... ၁၉၅၀-၅၃ ခုနှစ်ကြားမှာ တောင်မြောက်ကိုရီးယားအရေးက တစ်ဆင့်ဖြစ်သွားခဲ့တဲ့ ကာလရှည်တိုက်ပွဲကို ...
movie
The Volunteers: The Battle of Life and Death ( 2024 )
4K HEVC
6
The Lonely Warrior ( 2023 )
CMကနေ ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ မှုခင်းရဲဇာတ်ကားလေးပဲဖြစ်ပါတယ် Main cast တွေအနေနဲ့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Yi Zhen ,Chen Li တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီ း Steven Zhang ကလည်း ပါဝင်အားဖြည့်ပေးထားတာပါဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တစ်ယောက်ကို အဓမ္မပြုကျင့်ပြီးသတ်သွားခဲ့တာကနေ ဇာတ်လမ်းလေးကို အစတည်ထားပါတယ် မှုခင်းရဲတပ်ဖွဲ့(၃)က ခေါင်းဆောင်ချန်ဦးဆောင်တဲ့အဖွဲ့ဟာ အမှုကြီးတွေကို ကိုင်တွယ်ရာမှာ နာမည်ကြီးပါ ဒီအမှုကိုလည်း သူတို့အဖွဲ့ပဲကိုင်တွယ်စုံစမ်းနေစဉ်မှာ သူတို့သိလိုက်ရတာက ဒီအမှုက သာမန်သွေးရိုးသားရိုးမဟုတ်ဘဲ ကွင်းဆက်အဓမ္မပြုကျင့်လူသတ်မှုဖြစ်နေခဲ့တာပါပဲတရားခံကတော့ ဝမ်သာ့ယုံနဲ့ ဝမ်အော့ယုံ ညီအစ်ကိုနှစ်ယောက်ပါ တရားခံကိုသိရတဲ့အချိန်မှာ လိုက်လံဖမ်းဆီးခဲ့ပေမယ့် အစ်ကိုဖြစ်သူကိုပဲ ဖမ်းဆီးလို့ရခဲ့ပါတယ် အစ်ကိုဖြစ်သူဆီကနေ ညီဖြစ်သူရဲ့သတင်းကို စစ်ဆေးမေးမြန်းရာကနေ ခြေလွန်လက်လွန်တွေဖြစ်ပြီး တရားခံဝမ်သာ့ယုံ သေဆုံးသွားခဲ့ပါတယ် ခေါင်းဆောင်ချန်အပါအဝင် သူတို့အဖွဲ့(၃)က အဖွဲ့ဝင်တွေလည်း အသီးသီးထောင်ကျသွားခဲ့ပါတယ်ချန်ပင်းတစ်ယောက် ထောင်ကထွက်လာပြီးနောက်ပိုင်းမှာ လွတ်နေသေးတဲ့ တရားခံဝမ်အော့ယုံကို ဖမ်းမိဖို့အတွက် ဘယ်လိုတွေကြိုးစားကြမှာလဲ ဘယ်လိုအခက်ခဲတွေနဲ့ရင်ဆိုင်ရဦးမှာလဲ.... မှုခင်းရုပ်ရှင်တွေကို စိတ်ဝင်စားတဲ့ပရိတ်သတ်တွေအကြိုက်တွေ့စေနိုင်မယ့် ဒီဇာတ်ကားလေးကို CMကနေ ဘာသာပြန်တင်ဆက်ပေးထားမို့လို့ ကြည့်ရှုအားပေးကြပါဦးနော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action , Crime Runtime : 2h ...
movie
The Lonely Warrior ( 2023 )
7.2
Lang Lang Plays Disney (2023)
Lang Lang Plays Disney (2023) ======================= IMDb Rating - 7.2/10ဇာတ်ကားက Lang Lang ဆိုတဲ့နာမည်ကြီးဂန္တ၀င်သီချင်းတီးတဲ့ ပီယာနိုတီးသူတစ်ယောက်က Disney ဇာတ်၀င်တေးတွေကိုသံစုံ တီးဝိုင်းနဲ့ပြန်လည်တီးခတ်တာကိုရိုက်ပြထားတာပဲဖြစ်ပါတယ်။ ကိုယ်ငယ်ငယ်တုန်းကကြည့်ခဲ့တဲ့ကာတွန်းကားတွေထဲကဇာတ်၀င် တေးတွေကို ကိုယ်တိုင်တီးခတ်ခွင့်ရတဲ့ Lang Lang ရဲ့အကြောင်း အပြင် သူဒီနေရာရောက်အောင်ကြိုးစားခဲ့ရပုံတွေ သူရဲ့စိတ်နေစိတ် ထားတွေကိုပါ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Zar Ni Oo ဖြစ်ပါတယ်)File Size..........(1.2 GB) / (478 MB) Quality............WEB-DL 1080p / 720p Duration.........1Hr Subtitle...........Myanmar Hardsub Format............MP4 Genre..............Documentary, Music Translator......Khant Zar Ni Oo Encoder..........SWM
movie
Lang Lang Plays Disney (2023)
2023