Channel Myanmar

Wang Kai Jie

Giant Fish 2 ( 2024 ) 5.8
Giant Fish 2 ( 2024 ) ဘဝကြီးမှာ အရာအားလုံးမတည်မြဲခြင်းတရားကို လူတိုင်းသိကြသော်လည်းထာဝရတည်မြဲအောင် လုပ်နေကြတဲ့လူသားတွေကို ဖော်ကြူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို CM မှပရိသတ်ကြီးဆီ တင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းလေးကတော့ကျန်းချန်ဆိုတဲ့လူကတော့ မအိုဆေးကို သုတေသနလုပ်တာ အောင်မြင်သွားပေမဲ့လည်း ဘေးထွက်ဆိုးကျိုးရှိနေတာကြောင့် ဈေးကွက်ထဲကို မဖြန့်ပဲနေလိုက်ရာ လျော်ကြေးအကြွေးတွေ တင်နေခဲ့တာကြောင့် အရူံးသမားလို့ကိုယ့်ကိုယ်ခံယူနေခဲ့တယ်။သူ့နဲ့ (၁၇) နှစ်ကြာပေါင်းသင်းခဲ့တဲ့မိန်းမ ယန်ထုံကတော့ ငယ်ရွယ်ပြီးလှပတဲ့မိန်းကလေးတစ်ယောက်ပေါ့။ တနေ့မှာမိန်းမဖြစ်သူက ဖောက်ပြန်တယ်လို့သံသယဝင်ပြီး မိန်းမရှိတဲ့နိုင်ငံခြားကိုသွားပြီးလက်ပူးလက်ကြပ်မိအောင် ဖမ်းဖို့နိုင်ငံခြားကို ကျန်းချန်နဲ့သူ့သူငယ်ချင်းသာ့ဖေးတို့ ထွက်ခဲ့ကြတယ်။ ယန်ထုံအလုပ်လုပ်တဲ့နေရာကတော့ ဟေးဟူလို့အမည်တွင်ပြီး ဟေးဟူဆိုတာကမိန်းကလေး ဧည့်သည်တွေကို အထူးပစ်မှတ်ထားတဲ့ အသားအရည်ထိန်းသိမ်းရေးစင်တာဖြစ်တယ်။ဒါပေမဲ့ဒီဟေးဟူရဲ့ထူးဆန်းစေတဲ့အရာတစ်ခုကတော့ သူတို့ချပေးတဲ့ ငါးအသားကိုစားလိုက်ရုံနဲ့ အိုမင်းနေတဲ့အသားအရည်ကနေ ငယ်ရွယ်နုပျိုတဲ့အသားအရည်အဖြစ်ပြောင်းလဲသွားစေပြီး ဟေးဟူကိုတည်ထောင်တဲ့ မီယာမိန်းကလေးကို လာရောက်တဲ့ဧည့်သည်တွေကနတ်ဘုရားသဖွယ်ကိုးကွယ်နေကြတာဖြစ်တယ်။ဒီလိုနဲ့ကျန်းချန်နဲ့သာ့ဖေးတို့က ယန်ထုံအလုပ်လုပ်တဲ့ဟေးဟူကို မိန်းကလေးပုံစံအဖြစ်ဟန်ဆောင်ဝင်ရောက်သွားပြီး ယန်ထုံဖောက်ပြန်မှုကိုဖော်ထုတ်ရန်ကြိုးစားပါတော့တယ်။ ယန်ထုံက ဟေးဟူရဲ့သုတေသနပညာရှင်ဝမ်ပါမောက္ခနဲ့ ဖောက်ပြန်နေတာလို့ သံသယဝင်ကြပြီးအဲ့သက်သေကို ကျန်းချန်နဲ့သာ့ဖေးရှာဖွေကြရင်း မတော်တဆဟေးဟူဝန်ထမ်းက သတိထားမိသွားလို့ ထွက်ပြေးကြတဲ့အချိန်မှာ နှစ်ဦးသားမတော်တဆ ဝမ်ပါမောက္ခနေတဲ့အခန်းကိုရောက်သွားခဲ့တယ်။ဝမ်ပါမောက္ခအခန်းထဲမှာ ယန်ထုံအတွင်းခံဘောင်းဘီကို တွေ့ခဲ့တာကြောင့် ကျန်းချန်ကသူ့မိန်းမဖောက်ပြန်နေတာလို့ တထစ်ချမှတ်ပြီး ၂ ဦးသားစကားများကွာရှင်းဖို့ဆုံးဖြတ်ပြီးနောက် ကျန်းချန်နဲ့သာ့ဖေးတို့ထွက်သွားဖို့ပြင်ဆင်ခဲ့တယ်။ ဒါပေမဲ့ သူတို့ကားရပ်ထားတဲ့ကားပါကင်မှာ လူအလောင်းတွေကို ဖျက်စီးနိုင်တဲ့ကိုယ်ပျော့သတ္တဝါအများအပြားကိုတွေ့ရှိသွားတဲ့အချိန်မှာ ကျန်းချန်က ဒီသတ္တဝါတွေကလူလုပ်ဖန်တီးထားတယ်ဆိုတာ သတိပြုမိသွားပြီး နောက်ယောင်ခံလိုက်တဲ့အချိန်မှာ ငါးမန်းပုံစံနဲ့ရေခူပုံစံ လူသားစားတဲ့ထူးဆန်းငါးကြီးကိုတွေ့ရှိသွားခဲ့တယ်။ဒါကိုအမှုဖွင့်ရဲတိုင်ဖို့ကြိုးစားရာကနေ မီယာမိန်းကလေးတစ်ယောက် သိသွားတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။ ဒီငါးကြီးကကော ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလဲဆိုတာအပြင် မိန်းကလေးတွေရဲ့ အလှအပအလွန်အမင်းမက်မောမှုကြောင့် ကိုယ့်အသက်ကိုတောင်မမှုပဲနုပျိုအောင်ဖန်တီးနေကြတဲ့အရာတွေကို ပီပြင်အောင်ရိုက်ကူးထားတာဖြစ်တာကြောင့် လက်မလွတ်တမ်းစောင့်မျှော်ကြည့်ရူလိုက်ရအောင် Filesize : 1.14 GB / 629 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Thriller , Fantasy ...
movie

Giant Fish 2 ( 2024 )

Tomb Keeper ( 2023 ) 5.9
Tomb Keeper ( 2023 ) ဒီဇာတ်လမ်းလေးတော့ နာမည်အတိုင်း သင်္ချိုင်းစောင့်တွေရဲ့ အကြောင်းကိုရိုက်ကူးထားတဲ့ သဲထိတ်ရင်ဖိုဖွယ် ဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ် ။ဇာတ်လမ်းမှာထူးခြားတာက ဒီကားထဲက သင်္ချိုင်းစောင့်နေတာ ရိုးရိုးမြေပြင်ပေါ်က သင်္ချိုင်းတွေကို စောင့်တာမဟုတ်ဘဲ ရေဘေးကြောင့်နဲ့နစ်မြစ်သွားရတဲ့ ရေထဲက သင်္ချိုင်းတွေကို စောင့်ကြပ်ကြတာပဲဖြစ်ပါတယ် ။ရှေးဟောင်းသင်္ချိုင်းတွေနစ်မြုပ်နေတဲ့နေရာက မြစ်ဝါမြစ်ရဲ့ ကြမ်းအောက်ခြေမှာဖြစ်ပြီး ထိုမြစ်ဝါမြစ်မှာ အလုပ်လုပ်ပြီး ဘိုးဘေးအမွေတွေကို ဆက်ခံနေတဲ့ သင်္ဘောဂိုဏ်းတစ်ဂိုဏ်းကလည်းရှိနေပါတယ် ။ အဲ့ဒီသင်္ဘောဂိုဏ်းမှာက ထောင်ရှား ( ရွှေကျင်တဲ့အဖွဲ့ ) , မြစ်ထဲကအလောင်းဆယ်ယူတဲ့အဖွဲ့နဲ့ ‌အလောင်းမြှပ်ပြီး သင်္ချိုင်းစောင့်အဖွဲ့ဆိုပြီးလေးဖွဲ့ရှိပါတယ် ။မြစ်ဝါမြစ်ရဲ့လျို့ဝှက်ချက်တွေကဘယ်အရာတွေဖြစ်နိုင်မလဲ ဘယ်လိုမျိုးအန္တရာယ်တွေရှိနိုင်လဲ...သင်္ချိုင်းစောင့်အဖွဲ့ တွေကြားထဲက ပတ်သတ်မှုတွေကရောဘယ်လိုမျိုးဖြစ်မလဲဆိုတာကိုဆက်လက်ကြည့်ရှုပါCGI တွေလည်းတကယ်ကောင်းပြီး တရုတ်ရိုးရာ ပြင်္ကဒိန်ကခုနှစ်လတွေနဲ့ လုပ်ထားတဲ့ စက်ယန္တယားတွေ တခြားစိတ်ဝင်စားစရာ ရာဇဝင်တွေရော အစုံပါပါသေးတယ်။ ဆိုတော့ ‌ဇာတ်လမ်းကစလယ်ဆုံးဟာကွက်မရှိလို့ ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းလိုက်ချင်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Horror Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

Tomb Keeper ( 2023 )