Channel Myanmar

Wang Hongwei

Tiger Wolf Rabbit ( 2024 ) 6.5
Tiger Wolf Rabbit ( 2024 ) ကလေးခိုးခံရတဲ့အတွက် ရင်ကွဲနေရတဲ့ အမုန်းတရားတွေနဲ့ပြည့်နေတဲ့ လူ(၃)ယောက်ရဲ့ ကလေးရှာဖွေတဲ့ ခရီးစဉ်အကြောင်းကို ရိုက်ထားတဲ့ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ဘာမှမသက်ဆိုင်တဲ့ သာမန်မိဘ(၃)ယောက်ဟာ တူညီတဲ့ရည်ရွယ်ချက်တစ်ခုအတွက် အတူဆုံလာခဲ့ကြတယ်။ သူတို့ကတစ်လမ်းလုံးမှာ တစ်ယောက်နဲ့တစ်ယောက် သံသယတွေနဲ့ မှန်းဆရင်းကနေ တစ်ဖြည်းဖြည်းတစ်ယောက်နဲ့တစ်ယောက်ယုံကြည်လာခဲ့ကြတယ်။အများအမြင်မှာတော့ အသက်မဲ့တဲ့အကြည့်တွေနဲ့ ကလေးပျောက်ဆုံးသွားတဲ့ မိဘတွေလို့ထင်ကြပေမယ့် တကယ်တမ်းတော့ သူတို့ဟာ ကိုယ့်သားသမီးအတွက် ခေါင်းမာတဲ့၊ သန်မာတဲ့၊ ဇွဲမလျှော့တဲ့ မိဘတွေဖြစ်ကြောင်းကိုပြသွားခဲ့ပါတယ်။ အခက်အခဲတွေ အန္တရာယ်တွေအမျိုးမျိုးကျော်ဖြတ်ရတဲ့ သူတို့ရဲ့ကလေးပျောက်ရှာတဲ့ခရီးဟာ အဆုံးမှာဘယ်လိုရလာဒ်တွေကစောင့်ကြိုနေမှာလဲ။ဇာတ်လမ်းတွဲတွေမှာ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကြောင့်ချီးကျူးခံရတဲ့ မမZhao Li Ying က ဒီရုပ်ရှင်မှာပါ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်တွေကိုချပြထားပါတယ်။ Filesize : 9.30 GB / 1.97 GB / 846 MB Quality : WEB-DL 4K HEVC,  1080p HEVC , 720p Format : mkv / mp4 Genres : Drama , Crime  Runtime : 2h 6 min Subtitle : Myanmar Subtitle ( ...
movie

Tiger Wolf Rabbit ( 2024 )

4K HEVC
Dwelling by the West Lake ( 2024 ) 6
Dwelling by the West Lake ( 2024 ) ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ Dwelling ကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်ကားလေးကတော့ (၄) လပိုင်းမှာအတော်လေးခေတ်စားပြီးအခုထိတိုင် နာမည်ကြီးနေဆဲဖြစ်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အလွန်အေးချမ်းလှတဲ့ရွာလေးတစ်ရွာမှာ လက်ဖက်ရွက်ခူးတဲ့အလုပ်ကို အေးအေးချမ်းချမ်းလုပ်ကိုင်နေတဲ့ ဝူထိုင်ဟွား။အဖေဖြစ်သူက (၁၀) နှစ်ကြာ အဆက်အသွယ်မလုပ်လို့ သေပြီလို့ထင်နေကြပေမဲ့ အသက်ရှင်ဆဲလို့ခံယူပြီး အဖေကိုလိုက်ရှာမယ့်အိပ်မက်ရှိသူ ဟယ်မုလျန်။အိပ်မက်ကြောင့် ဟန်ကျိုးမှာအလုပ်ရှာဖွေအခြေချနေဖို့ အမေဖြစ်သူဝူထိုင်ဟွားကို ပြောတဲ့အခါမှာ သားဖြစ်သူဆန္ဒကိုမလွန်ဆန်နိုင်တာကြောင့် ခွင့်ပြုခဲ့ပေမဲ့ အမေဖြစ်သူပါလိုက်လံနေထိုင်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့တစ်နေ့မှာ လက်ဖက်ခင်းရွာလေးကနေ ထွက်လာပြီး သားဖြစ်သူ ဟန်ကျိုးရှိရာဆီလာခဲ့တာပေါ့။ ဝူထိုင်ဟွားမှာအချစ်ဆုံးသူငယ်ချင်းဖြစ်သူရဲ့ မောင်လေးက စီးပွားရေးလုပ်တာအရမ်းအောင်မြင်ချမ်းသာပြီး ဇိမ်ခံကားတွေ တိုက်တွေ ပိုင်ဆိုင်နေတာကြောင့် မောင်ဖြစ်သူမှာအလုပ်လုပ်ဖို့ ဆုံးဖြတ်လာကြတဲ့လူနှစ်ယောက်။တကယ်တမ်းမောင်ဖြစ်သူရဲ့ စီးပွားရေးလုပ်ငန်းက MLM တိုင်းရင်းဆေးခြေထောက်ကပ်လုပ်ငန်း ဖြစ်ပြီး MLM ဆိုတဲ့အတိုင်းလူစုစည်းရုံးရေးဆင်းတဲ့အပေါ် ဝူထိုင်ဟွားတို့သူငယ်ချင်းနှစ်ယောက် စိတ်နစ်မြောသွားပြီး အဲ့အပေါ်မှာအရူးအမူးဖြစ်နေတာကို သားဖြစ်သူဟယ်မုလျန်တစ်ယောက် ကယ်ထုတ်ဖို့ ကြိုးစားပေမဲ့အချိန်လွန်သွားတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲ။ဒီလုပ်ငန်းစုကြီးနောက်ကွယ်မှာ ဘယ်လောက်တောင် လိမ်လည်လှည့်စားမှုတွေရှိနေမလဲ။ ဘယ်လိုတွေဖော်ထုတ်သွားကြမလဲ။ စတဲ့အကြောင်းရာတွေနှင့်အတူ ယနေ့ခေတ်မှာ ခေတ်စားနေတဲ့ MLM လုပ်ငန်းကိုပေါ်ပေါ်ထင်ထင် ရိုက်ကူးထားတာမို့လို့ လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama Runtime : 1h 58 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...
movie

Dwelling by the West Lake ( 2024 )

A Touch of Sin(2013) 7.1
A Touch of Sin(2013) A Touch of Sin(2013)**************************IMDb....7.1,,,,Rotten...94%တစ်ချို့သော သူတွေအတွက် ပုရွက်ဆိတ်လေးတစ်ကောင်သတ်ဖို့တောင် လက်တွန့် နေတတ်ပေမယ့် တစ်ချို့သူတွေအတွက် လူ့အသက်တစ်ချောင်းကို ဇီဝိန်ခြွေဖို့ မျက်တောင်အခတ်မပျက် ပြုမူဆောင်ရွက်နိုင်တာတွေရှိတယ်..... တစ်ချို့သူတွေအတွက် နုှတ်ထွက်စကားတစ်ခွန်း သတိထားပြီးဆိုတတ်ပေမယ့် တစ်ချို့သူတွေအတွက် အကြမ်းတမ်းဆုံးသောစကားတွေအတွက် လေချွန်သလောက်တောင် အားစိုက်စရာမလိုပဲ အလွယ်တကူပြောကြတယ်... ဘဝပေးကုသိုလ်လား ဗီဇလား ပတ်ဝန်းကျင်ကြောင့်လား...ရှင်သန်ရေးအတွက် လုပ်ရတဲ့ကိစ္စတွေက ဘယ်သူတွေကြောင့်လဲ... ဒီဇာတ်ကားကနေ တရုတ်နိုင်ငံမှာရှိတဲ့ လူတန်းစားအမျိုးမျိုးရဲ့ ကြုံတွေ့နေရတဲ့ပြဿနာတွေ၊ ဖြစ်ပျက်နေတာတွေကို စိတ်ဝင်စားစရာကောင်းပြီးပေါ်လွင်အောင် ပုံဖော်ထားပါတယ်။ ဒီဇာတ်ကားရဲ့အခန်းတိုင်းက ဆက်စပ်နေပြီး အနှစ်သာရပြည့်ဝတဲ့အတွက်ကြောင့် အစကနေ အဆုံးအထိ ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ပြောရရင် တွေးလို့ ကောင်းတဲ့ဇာတ်ကားဆိုရင်ပိုမှန်ပါတယ်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Naomi Noe ဖြစ်ပါတယ်...File Size : (1.0 GB) and (359 MB) Quality : Blu-Ray 720p Format…mp4 Duration…02:10:00 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Naomi Noe Encoded by Phyo Pyae
movie

A Touch of Sin(2013)

2013