Channel Myanmar

Wafda Saifan Lubis

The Demon’s Bride (2025) Pengantin Iblis 5.6
The Demon’s Bride (2025) Pengantin Iblis  The Demon's Bride (2025)IMDb Rating (5.6) နတ်ဆိုးနဲ့အပေးအယူလုပ်တာ၊ လက်ထပ်တာ၊ ကတိကဝတ်ပြုတာမျိုးတွေကို လူတွေဟာကြံရာမရဖြစ်ချိန်တွေမှာ ကောက်ရိုးလေးတစ်မျှင်အနေနဲ့လုပ်လေ့လုပ်ထရှိကြပြီး ပြဿနာတွေပြေလည်ပြီးလို့ပြန်လည်ပေးဆပ်ရမယ့်အချိန်ရောက်လာတဲ့အခါ ပေးလိုက်ရတဲ့ တန်ဖိုးတွေဟာ မတန်တဆဖြစ်နေတတ်တာကိုမြင်ဖူးကြမှာပါ။အောက်လမ်း၊ မှော်ပညာ၊ နတ်ဆိုး အစရှိတဲ့အရာတွေဟာ မတို့ထိသင့် မပတ်သက်သင့်တဲ့အရာတွေဖြစ်နေလို့ပါပဲ။အင်ဒိုနီးရှားနိုင်ငံမှာတော့ စည်းစိမ်ဥစ္စာအတွက်၊ ကျန်းမာရေးအတွက် နတ်ဆိုးနဲ့လက်ထပ်တဲ့ အလေ့အထဟာ အခုချိန်ထိအမြစ်တွယ်နေဆဲလို့ဆိုပါတယ်။ဒီဇာတ်ကားမှာတော့ ထွက်ပေါက်မဲ့နေတဲ့ အိမ်ရှင်မတစ်ယောက်၊ ကြံရာမရဖြစ်ချိန်မှာဒီအစီအရင်ကိုလုပ်ခဲ့မိပြီး ကြောက်စရာအကျိုးဆက်တွေနဲ့ရင်ဆိုင်ရတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။အဲ့ဒီအစီအရင်ကိုလက်တွေ့ကျင့်သုံးခဲ့ဖူးသူတွေကြုံခဲ့ရတဲ့ ဖြစ်ရပ်မှန်တွေကို အခြေခံပေါင်းစပ်ထားတာဖြစ်တယ်လို့လည်းသိရပါတယ်။ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.3 GB) / (710 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:43:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias
movie

The Demon’s Bride (2025) Pengantin Iblis

2025
Poison Sangga: The Homewrecker’s Curse  (aka) Santet Pemisah Rumah Tangga (2024) 5.3
Poison Sangga: The Homewrecker’s Curse (aka) Santet Pemisah Rumah Tangga (2024) Poison Sangga The Homewreckers Curse (2024) "ကျိန်စာ"လျှို့ဝှက်ဆန်းကြယ် သဘာ၀လွန်ဖြစ်ရပ်တွေကို စိတ်၀င်စားတဲ့ပရိသတ်ကြီးအတွက် ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ အင်ဒိုနီးရှား horror ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။မာယာနဲ့ဒွန်ဟာ ကျောင်းအတူတူတက်ခဲ့ကြတဲ့ သူငယ်ချင်းမကရည်းစားမကျ သူငယ်ချင်းတွေပါ။ဘွဲ့ရတဲ့နေ့မှာ ဒွန်က သုံးနှစ်ကြာရင် မာယာ့ကို မိဘတွေဆီကလာတောင်းရမ်းမယ်လို့ ကတိပေးခဲ့ပါတယ်။ မာယာကတော့ အိမ်ထောင်စောစောပြုချင်သူဖြစ်ပြီး ဒွန့်စကားကို သိပ်အလေးအနက်မထားခဲ့ပါဘူး။တစ်နှစ်လောက်နေတော့ မာယာဟာ အန်ဒီနဲ့တွေ့ပြီး မိဘကလည်းကြည်ဖြူတာကြောင့် လက်ထပ်လိုက်ပါတယ်။ ဒွန်တစ်ယောက်အသည်းကွဲသွားတာကလွဲလို့ အဲဒီအထိ အားလုံးအဆင်ချောခဲ့ပါတယ်။လက်ထပ်ပြီးတဲ့အခါ အန်ဒီ့အိမ်ကို မာယာလိုက်သွားတော့မှ တကယ့်ဇာတ်လမ်းစတော့တာပါ။အဲဒီလိုနဲ့ လက်ထပ်ပြီးစအိမ်ထောင်ဦးမှာ မာယာတစ်ယောက် အပျော်တွေအစား ဘာတွေကြုံရမလဲ၊သူတို့နေမဲ့အိမ်ကြီးက ဘယ်လိုလျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့စောင့်ကြိုနေမလဲ၊ နောက်ဆုံးမှာ ဇာတ်သိမ်းလှပါ့မလားဆိုတာ သည်းထိတ်ရင်ဖိုကြည့်ရှုကြရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်။)File size…940 MB / 590 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 58min Subtitle….Myanmar ...
movie

Poison Sangga: The Homewrecker’s Curse (aka) Santet Pemisah Rumah Tangga (2024)

Home Sweet Loan (2024) 8.1
Home Sweet Loan (2024)  Home Sweet Loan (2024)IMDb Rating (8.1) ဒီဇာတ်လမ်းကတော့အင်ဒိုနီရှားနိုင်ငံက လူလတ်တန်းစားအလုပ်သမားတွေရဲ့ လက်တွေ့ကျတဲ့ ငွေကြေးအခက်အခဲနဲ့ မိသားစုပြဿနာတွေကို မီးမောင်းထိုးပြထားပါတယ်။ ကိုယ်ပိုင်စိတ်ကူးအိပ်မက်တွေနဲ့ မိသားစုအပေါ်ထားရတဲ့ တာဝန်ဝတ္တရားတွေကြား လွန်ဆွဲရင်း မိသားစု၊ သူငယ်ချင်းဆက်ဆံရေးနဲ့ ကိုယ့်အိပ်မက်အတွက်ရုန်းကန်မှုတွေကို ရင်ထဲထိအောင်ရိုက်ကူးထားပါတယ်။Plot summary:တစ်ပဲခြောက်ပြားလစာလေးနဲ့ မော်ဒယ်လုပ်နေရတဲ့ Kaluna မှာ အိပ်မက်တစ်ခုရှိတယ်။ အဲဒါကတော့ တစ်နေ့ကျရင် သူ့ကိုယ်ပိုင်အိမ်လေးတစ်ခုဝယ်နိုင်ရမယ်ဆိုတာပါပဲ။ ဒါပေမယ့် သူအခုနေနေတဲ့မိဘအိမ်က သူမောင်နှမတွေရဲ့မိသားစုက အတော်လေးကျပ်တည်းနေပြီး အိမ်ကို Kaluna ကပဲ အကုန်ထောက်ပံ့ကာ အိမ်ဖော်တစ်ယောက်လိုနေနေရတယ်။ လူဦးရေများတဲ့အိမ်မှာနေနေရတဲ့ Kal က သူ့ကိုယ်ပိုင်လွယ်လွယ်လပ်လပ် သီးသန့်နေရာလေးကို အရမ်းလိုချင်ပြီး ကိုယ်ပိုင်အိမ်ဝယ်ဖို့ပိုက်ဆံစုနေပေမယ့် မိသားစုရဲ့ငွေကြေးအခက်အခဲတွေကြားမှာ သူ့အိပ်မက်တွေကိုစွန့်လွှတ်ပြီး မိသားစုကိုပဲဦးစားပေးရမလား၊ တစ်ခါလောက်တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ်ပိုင်အိပ်မက်တွေနောက်ပဲလိုက်မလား... ဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)File size…(2.3 GB) / (890 MB) Quality….WEB-DL 1080p HEVC / ...
movie

Home Sweet Loan (2024)

2024
Paku Tanah Jawa (2024) 5.5
Paku Tanah Jawa (2024)  Indo horroပရိသတ်တို အကြိုက်တွေ့စေမယ့် အသစ်ထွက်ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။အခုနှစ်ပိုင်းတွေမှာ အင်ဒိုဟော်ရာလောကလည်း အဆင့်မြင့်လာပြီးလူကြိုက်များလာကြပြီဆိုတော့ ဒီကားလေးရော ဘယ်လိုလာမလဲရှုစားကြပါဦး။ပါကူတာနာဂျဝါလိုခေါ်တဲ့ တောတွေတောင်တွေ ဝန်းရံနေတဲ့မြိုငယ်လေးမှာ ဟာဒီနီလိုခေါ်တဲ့ ဆွန်ဒန်ကချေသည်တစ်ယောက်ရှိပါတယ်။ ဒါပေမဲ့ ရိုးရာကချေသည်ဖြစ်တဲ့ဟာဒီနီက နာမည်ဂုဏ်သတင်းတော့ မကောင်းလှပါဘူး။ဟာဒီနီက ယောက်ျားတွေနဲ့ ပတ်အိပ်နေသလိုလို ပြည့်တန်ဆာပဲလုပ်စားနေသလိုလို သတင်းတွေထွက်နေပြီး မကြာသေးခင်ကပဲဟာဒီနီဆီကပြန်လာပြီး ရုတ်တရက် နှလုံးဖောက်ပြီးသေသွားတဲ့ကူစ်နိုဆိုသူကလည်းရှိနေတော့ သွားပုပ်လေလွင့်ပြောသူတွေအတွက် ပြောစရာကြီးဖြစ်နေတာပေါ့။အမေ့ရဲ့မကောင်းသတင်းတွေကြောင့် နင်ရမ်တစ်ယောက်လည်းအမေနဲ့ မကြာခဏပြဿနာတက်ရပေမဲ့ အမေဖြစ်သူရဲ့ ထူးဆန်းတဲ့အပြုအမူတွေ လုပ်ရပ်တွေကို နင်ရမ်တစ်ယောက်လည်းနားမလည်နိုင်သလို မေးတော့လည်းဟာဒီနီကမဖြေပြန်ပါဘူး။ဒီလိုနဲ့ သူတိုသားအမိနှစ်ယောက်ရဲ့ဘဝထဲကို ဂျာလူဆိုတဲ့လူတစ်ယောက် ဝင်လာချိန်မှာတော့.... File size… (1.01GB) / (438MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mary
movie

Paku Tanah Jawa (2024)

Buya Hamka Vol. 1 (2023) 6.8
Buya Hamka Vol. 1 (2023) Buya Hamka Vol. 1 (2023)ဒီကားလေးကတော့ အင်ဒိုနီးရှားရဲ့ နာမည်ကျော် နိုင်ငံရေးသမား စာရေးဆရာ ဂျာနယ်လစ် ဒဿနိကပညာရှင်တစ်ဦးဖြစ်တဲ့ အဘ်ဒူလ်မာလစ်ကာရန်အမ်ရူလာလ်ရဲ့ ဘ၀ဇာတ်ကြောင်း အတ္ထုပ္ပတ္တိလေးဖြစ်ပါတယ်။ ကလောင်နာမည် ဟမ်ကာဆိုတဲ့နာမည်နဲ့ကျော်ကြားပြီး ဂျာကာတာမြို့မှာ တက္ကသိုလ်တစ်ခုကို သူ့နာမည်ပေးရတဲ့အထိ လေးစားခံပုဂ္ဂိုလ်ကြီးဖြစ်တဲ့အပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်သူ့သူရဲကောင်းဘွဲ့ရထားသူပါ။ ဒီကားလေးထဲမှာ ဟမ်ကာရဲ့ ဘ၀ဇာတ်ကြောင်း အနိမ့်အမြင့် အချိုးအကွေ့ပေါင်းစုံကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ဇာတ်လမ်းအစကို ဟမ်ကာထောင်ချခံရတဲ့အခန်းနဲ့စတင်ထားပြီး ဘ၀ဇာတ်ကြောင်းတစ်လျှောက်လုံး နောက်ကြောင်းပြန်ပြထားတာကိုက စိတ်၀င်စားဖို့ကောင်းပါတယ်။ ဟမ်ကာရဲ့ ဂျာနယ်လစ်သမားဘ၀ အယ်ဒီတာဘ၀ကနေ နိုင်ငံရေးသမားဘ၀ရောက်ရှိသွားပုံကို ကြည့်ရှုရင်း မြန်မာ့သမိုင်းနဲ့သိပ်မကွာခြားတဲ့ ဒတ်ခ်ျကိုလိုနီလက်အောက်ခံဘ၀ အင်ဒိုနီးရှားနိုင်ငံရဲ့သမိုင်းနဲ့ အစ္စလာမ်ဘာသာအကြောင်းကိုပါ လေ့လာနိုင်ဦးမှာဖြစ်ပါတယ်။ ဒီကားက အပိုင်း(၁)ဖြစ်ပြီး အပိုင်း(၂)လည်း ထွက်ရှိလာဦးမှာပါ။ အားလုံးပဲ IMDb မှာ ရိတ်တင် 6.8/10 ရထားတဲ့ Drama, Biography ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ...
movie

Buya Hamka Vol. 1 (2023)

2023
The Verge of Death (2023) 6.7
The Verge of Death (2023) The Verge of Death / Di Ambang Kematian [2023] (IMDb 6.7/10)ဇာတ်လမ်းအစမှာ နာဒီယာဟာ သူ ၇နှစ်သမီးတုန်းက မိသားစုလိုက် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောင်းပြောလို့ နေခဲ့ပါတယ်... သူ့အမေဟာ နာတာရှည်ရောဂါဆိုးကြီးကို ရင်ဆိုင်နေရရင်းက ရုတ်တရက်ပြန်ကောင်းလာပြီးနောက်မှပဲ သတ်သေသွားခဲ့ပါတယ်... အသေဆိုးနဲ့ သေခဲ့ရပြီးတဲ့နောက်မှာ သူ့အစ်ကိုဟာ ထူးဆန်းတာတွေကို စတင်မြင်တွေ့လာပါတော့တယ်... အဲ့လိုနဲ့ နှစ်အတန်ကြာတဲ့ နောက်မှာတော့ အစ်ကိုဖြစ်သူ ယိုဂက နာဒီယာကို အမေသေရတာဟာ အဖေ့ကြောင့်ဖြစ်ကြောင်း ပြောပြလာပါတော့တယ်.. ဒီလိုနဲ့ သူတို့အဖေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ရင်းက သူတို့အဖေ ယစ်ပူဇော်နေတာကို တွေ့ရပါတော့တယ်... ဒီတော့မှ ဖြစ်ကြောင်းကုန်စင်ကို သိလိုက်ရပြီးတော့ သူတို့ရထားတဲ့ ချမ်းသာကြွယ်ဝမှု မှန်သမျှဟာ အရာတစ်ခုဆီမှာ အလဲအလှယ်ပြုလုပ်ပြီး ရထားကြောင်းနဲ့ အပြန်အလှန်အနေနဲ့ မအေလုပ်သူက အသက်ပေးလိုက်ရတယ်ဆိုတာပါပဲ... နာဒီယာ့အဖေဟာ ကျန်တဲ့သူတွေ အသက်မပျောက်စေရေးအတွက် ယစ်ပူဇော်မှုတွေ ဆက်လုပ်နေခဲ့ရတာပါ... ဒါပေမယ့် အရာမထင်ခဲ့ပါဘူး... ဘယ်သူတွေ ဆုံးပါးသွားပြီး ဘယ်သူတွေ အသက်ဆက်ရှင်ဖို့ ကြိုးစားသွားမလဲဆိုတာကို ရှုစားရမှာပဲဖြစ်ပါတယ်အညွှန်း ...
movie

The Verge of Death (2023)

2023
The Heart of Suhita (2023) 8.6
The Heart of Suhita (2023) The Heart Of Suhita (2023) IMDb - 8.6/10မိုးအေးအေးမှာ အချစ်ဒရာမာအေးအေးလေးနဲ့ ခံစားကြည့်ရှုချင်တဲ့သူတွေအတွက် အင်ဒိုဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Rating 8.6 ထိရရှိထားပြီး ဇာတ်အိမ်ကောင်းကောင်းနဲ့မို့ အကြိုက်တွေ့ကြမှာပါ။ဇာတ်လမ်းအကျဉ်း အာလင်နာဆူဟိတာဆိုတဲ့ကောင်မလေးဟာ ငယ်ငယ်ကတည်း သိတတ်လိမ္မာပြီး ကိုယ့်ဖြစ်ချင်တာကိုလည်း ရအောင်လုပ်တတ်တဲ့သူတစ်ဦးပါ။ အိုင်အန်ဝါဆိုတဲ့ အစ္စလာမ်ဘော်ဒါကျောင်းမှာ ကြီးပြင်းခဲ့ရပြီး ဂုစ်ဆိုတဲ့ကောင်လေးနဲ့တွေ့ဆုံခဲ့ပါတယ်။ဂုစ်ဟာ အာလင်နာကို နည်းနည်းလေးမှတောင်စိတ်မဝင်စားပေမဲ့ နှစ်ဖက်မိဘရဲ့ပေးစားမှုကြောင့် နှစ်ယောက်သားလက်ထပ်ဖြစ်ခဲ့ကြပါတယ်။ အာလင်နာဟာ ယောက္ခထီး ယောက္ခမတွေရဲ့ အချစ်ကိုရပေမဲ့ ခင်ပွန်းအချစ်မခံရတဲ့သူတစ်ယောက်ပေါ့။ တစ်ဖက်မှာလည်း ဂုစ်ဟာ ရန်းဂနစ်ဆိုတဲ့ကောင်မလေးကိုသာ စိတ်ဝင်စားနေတဲ့အခါ... ရှေ့ဆက်သူတို့‌တွေဘာတွေဆက်ဖြစ်မယ်ဆိုတာ ဇာတ်အိမ်ခိုင်မာပြီး ငြိမ့်ငြိမ့်လေးနဲ့ အဆုံးထိဘယ်လိုဆွဲခေါ်သွားမယ်ဆိုတာ ကြည့်ရှုခံစားဖို့ တင်ဆက်ပေးလိုက်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Moon~Alex~KKKZ~ToMo~Cherry တို့ပဲဖြစ်ပါတယ်။) File size…1.99GB / 900MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 17m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Moon~Alex~KKKZ~ToMo~Cherry
movie

The Heart of Suhita (2023)

2023
Kuntilanak 3 (2022)
Kuntilanak 3 (2022) Kuntilanak 3 (2022)Kuntilanakဆိုတာ Hinduဘာသာဒဏ္ဍာရီထဲက အငြိုးကြီးတဲ့ ဝိညာဉ်ကိုဝါးမြိုတတ်တဲ့ တစ္ဆေတစ်ကောင်ရဲ့အသွင်ရှိတဲ့ နတ်ဆိုးတစ္ဆေကြီးပေါ့။ Kuntilanakအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေလည်း ပုံပြင်တွေ ဝတ္ထုတွေ အမျိုးမျိုးရှိပါတယ်။ တချို့ကျတော့လည်း အဖြူရောင်သရဲအနေနဲ့ တချို့ကျတော့လည်း သွေးစုပ်ဖုတ်ကောင်အနေနဲ့ ပုံဖော်ထားကြပါတယ်။ ဒီKuntilanak 3 ထဲမှာတော့ လက်ခံသူရှာဖွေနေတဲ့ မကောင်းဆိုးဝါးအနေနဲ့မြင်တွေ့ရမှာပါ။ဒင်ဒါဟာ သူများနဲ့မတူညီတဲ့အစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့ကလေးတစ်ယောက်ပါ။ အမေဂျီးကားကိုသွားရင် စူပါဟီးရိုးအဖွဲ့တို့ဘာတို့ ရောက်ရင်ရောက်နိုင်ပေမဲ့ အင်ဒိုနီးရှားသူလေးဒင်ဒါ‌ကတော့ လူထူးလူဆန်းဆိုပြီး ကျောင်းမှာ အပယ်ခံဖြစ်နေသူပါ။ အမြဲ အနိုင်ကျင့်ခံ အပယ်ခံဘဝမှာ အထီးကျန်နေရသူဆိုလည်း မမှားပါဘူး။ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့မောင်နှမတွေကိုပါ စိတ်စွမ်းအားနဲ့ ထိခိုက်အောင်လုပ်မိချိန်မှာတော့ ဒင်ဒါတစ်ယောက် အားလုံးဝိုင်းပြောနေသလို သူ့ကိုယ်သူ မကောင်းဆိုးဝါးတစ်ကောင် လူတွေရဲ့အန္တရာယ်တစ်ခုလို မြင်လာတာကြောင့် မာသာဟက်တီဆိုတဲ့ စိတ်စွမ်းအားရှင်တွေကို လေ့ကျင့်သင်ကြားပေးနေတဲ့ ထူးဆန်းတဲ့ကျောင်းတော်ကြီးကိုသွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။မာသာဟက်တီကျောင်းတော်ကို တည်ထောင်ခဲ့တဲ့ မဟာကူစနူမရှိတော့သလို သူ့ရဲ့ဇနီးဖြစ်သူအီရန်ဆုခ်မာကလည်း အိပ်ရာထဲလဲနေတဲ့အကြောင်းပြချက်နဲ့ ဘယ်သူ့ကိုမှ အတွေ့မခံပေမဲ့ ဆရာတွေကောင်းမှု ကျောင်းတော်ကြီးကတော့ စည်ကားနေဆဲပါပဲ။ ဒင်ဒါတစ်ယောက်လည်း ကိုယ်နဲ့တူတဲ့ကလေးတွေမြင်ရလို့ အထီးကျန်မှုတွေပပျောက်လို့ သူငယ်ချင်းသစ်တွေရလို့ ပျော်ရွှင်နေတာပေါ့။ ဒါပေမဲ့....ကျန်နေခဲ့တဲ့ ဒင်ဒါရဲ့မောင်နှမတွေက မာသာဟက်တီကျောင်းတော်အကြောင်း ...
movie

Kuntilanak 3 (2022)

2022
Balada Si Roy (2023) 7.4
Balada Si Roy (2023) Balada Si Roy (2023)******************* လောကဓံရဲ့အနိမ့်အမြင့်အခက်အခဲတွေကို အလူးအလဲခံနေရပေမဲ့ မလျော့သောစိတ်ဓာတ်ခွန်အားတွေနဲ့အတူမတရားဘက်တော်သားတွေကို မကြောက်မရွံ့ပြန်တိုက်ခိုက်ရဲတဲ့ ရွိုက် (Roy) ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ဘဝကိုပုံဖော်ရိုက်ကူးတာတဲ့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်..ရွိုက် (Roy) ဟာ ဘဝကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်စွာဖြတ်သန်းနေတဲ့ ဆယ်ကျော်သက်ကျောင်းသားလေးတစ်ယောက်ဖြစ်ပြီးသူ့မှာ အရမ်းချစ်ရတဲ့ဆိုးတူကောင်းဖက်ရှိနေပေးတဲ့ ဂျိုး (Joe) လို့ခေါ်တဲ့ခွေးလေးတစ်ကောင်ရှိပါတယ် ...နိုင်ငံရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ သူ့အဖေဆုံးသွားပြီးနောက်ပိုင်းမှာ ရွိုက် (Roy) နဲ့သူ့အမေဟာ ဆန်ရန်ဆိုတဲ့မြို့ကို ပြောင်းရွေ့လာခဲ့ပါတယ်.. ဆန်ရန်အထက်တန်းကျောင်းမှာသာမက ဆန်ရန်မြို့မှာပါ ဗိုလ်ကျနေတဲ့ အကြီးအကဲတစ်ဦးရဲ့သားဒူလန် (Dullah) နဲ့ ရွိုက် (Roy) တို့ဟာ ပြဿနာတစ်ခုဖြစ်ပွါးရာမှ ရွိုက် (Roy) ဟာ သူ့အချစ်ဆုံးခွေးလေး ဂျိူး (Joe) ကို ဆုံးရှုံးခဲ့ရပါတယ်..မိသားစုရဲ့အုတ်တံတိုင်းဖြစ်တဲ့ဖခင်ကိုဆုံးရှုံးထားရတဲ့အပြင် ဆိုးတူကောင်းဖက်ခွေးလေးကိုပါလက်လွှတ်လိုက်ရတဲ့ ရွိုက်(Roy) တစ်ယောက် ဘယ်လိုနာကျည်းချက်တွေနဲ့ ပြန်လည်တုံ့ပြန်မလဲ…… သူ့အဖေကရော ဘာအတွက်ကြောင့် အသက်ဆုံးရှုံးခဲ့ရသလဲ…… ဆန်ရန်မြို့ရဲ့ နောက်ကွယ်မှာရော ဘယ်လိုအကြောင်းတရားတွေရှိနေသလဲ……..ဆိုတာကို ဇာတ်ကားထဲမှာ ရှာဖွေကြည့်လိုက်ရအောင်နော်....     File Size      ...
movie

Balada Si Roy (2023)