Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vonnie Bennetto
6.7
Woman of the Hour (2024)
၁၉၇၈ ခုနှစ်က ကွင်းဆက်လူသတ်သမားရတ်ဒ်နီဟာThe Dating Game တီဗီရှိုးမှာ သူပါဝင်ခဲ့စဥ်အချိန်ကမင်းသမီးဖြစ်ဖို့ကြိုးစားနေတဲ့ရှယ်လ်နဲ့ တွေ့ဆုံမှုတစ်ဖြတ်ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့ Crime Thrillerရုပ်ရှင်ဖြစ်ပါတယ်။ရတ်ဒ်နီဟာ အမျိုးသမီးနဲ့မိန်းမငယ်လေးတွေအများကြီးကိုမုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့ သွေးအေးကွင်းဆက်လူသတ်သမားတစ်ယောက်ပါ။ ရတ်ဒ်နီအတွက် ကလေးဘဝမှာစိတ်ထိခိုက်တာ၊ အနိုင်ကျင့်ခံခဲ့ရတာအစရှိသဖြင့် လူသတ်သမားဖြစ်လာစေတဲ့အကြောင်းရင်းတစ်စုံတစ်ရာမရှိခဲ့ပါဘူး။ဥာဏ်ကြီးရှင်တစ်ယောက်ရဲ့ IQ အဆင့်ရှိတဲ့ရတ်ဒ်နီက ချောတယ်။အပြောအဆိုတတ်တယ်။ အပေါင်းအသင်းဆံ့တယ်။အချစ်ခံရတဲ့မိသားစုကနေကြီးပြင်းလာတာလည်းဖြစ်ပေမယ့်မုဒိမ်းမှုနဲ့လူသတ်မှုတွေကို အရသာခံလုပ်ဆောင်ခဲ့တာပါ။ရတ်ဒ်နီဟာ လူသတ်မှုခုနှစ်ခုနဲ့ပြစ်ဒဏ်တွေချမှတ်ခံခဲ့ရပေမယ့်ရှေ့နေတွေရဲ့အဆိုအရတော့ သူသတ်ခဲ့တဲ့မိန်းကလေးတွေဟာ၁၃၀ ကျော်အထိရှိနေနိုင်တာပါပဲ။ ရတ်ဒ်နီကို စိတ်ဝိညာဥ်တစ်ခြမ်းနဲ့မွေးဖွားလာတဲ့လူသတ်သမားလို့လည်း ခေါ်ဆိုကြပါတယ်။ The Woman of the Hour မှာတော့ ရတ်ဒ်နီနဲ့ရှယ်လ်တို့တွေ့ဆုံခဲ့စဥ်ကာလအတွင်း ရတ်ဒ်နီရဲ့သတ်ဖြတ်မှုတွေကိုချောက်ချားစရာမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ File size… 1.36GB / 662MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Woman of the Hour (2024)
6.3
To All the Boys: Always and Forever (2021)
To all the boys : Always and Forever (2021)လာရာဂျိန်းဟာ ချစ်သူနဲ့ စတန်ဖိုဒ့်တက္ကသိုလ်မှာအတူတူတက်ရင်း အနာဂါတ်အတွက် အိပ်မက်တွေအများကြီးမက်နေတဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ဦးပါ။ဒါပေမဲ့ လာရာဟာ အားကစားသမားတစ်ဦးဖြစ်တဲ့ ချစ်သူ ပီတာနဲ့ စတန်ဖို့ဒ်တက္ကသိုလ်အတူတက်ဖို့ စိတ်ကူးထားပေမယ့် ဘဝဟာ စီစဉ်ထားသလိုဖြစ်မလာခဲ့ပါဘူး။ဒါ့အပြင် လေ့လာရေးခရီးသွားရင်း နယူးယော့ခ်မြို့ကိုချစ်မိသွားတဲ့ လာရာတစ်ယောက် နောက်ဆုံးမှာတော့ နယူးယော့ခ်တက္ကသိုလ်ဟာ သူတက်ချင်တဲ့တက္ကသိုလ်ဖြစ်တာကို နားလည်သွားခဲ့ပါတယ်။ချစ်သူနဲ့အတူတူ အနာဂါတ်ခရီးကိုဖြတ်သန်းချင်ပေမယ့်ဘဝခရီးအတွက် ရွေးချယ်ဖို့ဆုံးဖြတ်ချက်ချရတော့မယ့်အချိန်မှာတော့လာရာတစ်ယောက် သူ့ရည်ရွယ်ချက်ကိုလည်း လက်မလွှတ်ချင်ခဲ့ပါဘူး။ဒီဇာတ်လမ်းလေးထဲမှာတော့ အချစ်နဲ့ အနာဂါတ်ဘဝရည်ရွယ်ချက်တွေကြား ဒွိဟဖြစ်နေတဲ့ဆယ်ကျော်သက်တစ်ယောက်..ချစ်သူနဲ့နီးစပ်ဖို့ကိုပဲရွေးချယ်မလားသူဖြစ်ချင်တဲ့လမ်းကိုပဲ ဆက်လျှောက်သွားမလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်အပြင်အထက်တန်းကျောင်းသားတွေရဲ့လူငယ်ဘဝနဲ့ အနာဂါတ်အတွက်ရွေးချယ်မှုတွေကို မြင်တွေ့ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်File size… 1.7GB and 750MB Quality….WEB-DL 1080p and 720p Format…mp4 Duration…. 1hr 49min Subtitle….Myanmar Subtitle (Hardsub) Translator ..... Lwin Lwin Aung Encoder ..... August
movie
To All the Boys: Always and Forever (2021)
2021