Channel Myanmar

Vishnu Unnikrishnan

Thaanara (2024) 6.4
Thaanara (2024) Thaanara (2024) "အမှုပွေတဲ့ ညတစ်ည"ခေတ်ကျပ်ကြီးထဲမှာ စိတ်ညစ်စရာတွေ ခဏဖယ်ထားပြီး ခဏတာရယ်မောရစေမဲ့ ဘောလိဝုဒ်ရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။မတူညီတဲ့ ဘ၀အဖုံဖုံကို အတည်အ‌ပေါက်လိုလိုနဲ့ ဟာသနှောပြီး တင်ဆက်ထားတာ ဖြစ်ပါတယ်။ စစချင်းမှာပါလာတဲ့ နိုင်ငံရေးအကြောင်းတွေကိုကြည့်ပြီး အတည်အပေါက်လို့တော့ မထင်လိုက်ပါနဲ့ဦး။ နောက်ပိုင်း အခွီတွေချည်း ဆက်တိုက်လာမှာပါ။ဇာတ်လမ်းမှာ အတိုက်အခံပါတီအမတ်တစ်ဦးဖြစ်တဲ့ အာဒါ့ရှ်ဟာ အလုပ်ခရီးတစ်ခုဗန်းပြပြီး အမိုက်စားစကီလေးတစ်ဗွေနဲ့ အိမ်ကိုပြန်လာပါတယ်။ဖြစ်ချင်တော့ သူခရီးသွားတဲ့ သတင်းကြောင့် သူ့အိမ်မှာ သူခိုးတစ်ယောက်‌ရောက်နေပါတယ်။သူခိုးကလည်း အိမ်ရှင်တွေမရှိတာကြောင့် စားလိုက်သောက်လိုက် ထင်တိုင်းကျဲနေတော့တာပေါ့။ အာဒါ့ရှ်နဲ့ စကီလေးတို့ အိမ်ရောက်လာချိန်မှာတော့ စည်းစိမ်ယစ်နေတဲ့ သူခိုးခမျာ ဘုံပျောက်ပါတော့တယ်။ အဲဒီနောက် မမျှော်လင့်ဘဲ အိမ်ကို နောက်ထပ်ရောက်ချလာသူကတော့ အာဒါ့ရှ်ရဲ့မိန်းမပါပဲ။ဒီလိုနဲ့ အိမ်တစ်လုံးထဲမှာ လွှတ်တော်အမတ်ရယ်၊ စကီလေးတစ်တစ်‌ဗွေရယ်၊ အမတ်ဇနီးရယ်၊ သူခိုးတစ်ယောက်ရယ် ဘယ်လိုတွေ ဆက်စခန်းသွားကြမလဲ၊ ဘယ်လိုတွေ ကမောက်ကမဖြစ်ကုန်မလဲဆိုတာကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။) File size… 1.8 GB / 980 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 58m Subtitle….Myanmar ...
movie

Thaanara (2024)

Idiyan Chandhu (2024) 6.4
Idiyan Chandhu (2024) Idiyan Chandhu ( 2024 ) လက်သီးချန်ဒူဒီဇာတ်ကားကတော့ ၂၀၂၄ ခုနှစ်ထွက် အိန္ဒိယ-မာလေယာလမ်စကားပြော action thriller ဇာတ်ကားတစ်ခုပဲဖြစ်ပါတယ်။ဇာတ်ကားအကျဉ်းကတော့ - ချန်ဒူလို့ခေါ်တဲ့ ဒေါသကုမ္မာန် ကလေးငယ်တစ်ယောက်ကို ဇာတ်အိမ်ပြုရိုက်ကူးထားပါတယ်။ချန်ဒူဟာ ဘယ်နေရာမှာမဆို လက်သီးသုံးကာဖြေရှင်းတတ်တဲ့ ကလေးဆိုးတစ်ယောက်ဖြစ်တာကြောင့် တက်သမျှကျောင်းကနေ အထုတ်ခံရတဲ့ကောင်ကလေးတစ်ယောက်ပါ။သူ့အဖေ ချန်ဒရာဆိုသူကလည်း ရဲဝန်ထမ်းတစ်ဦးဖြစ်ကာ အပြစ်သားများကို လူမဆန်စွာရိုက်နှက်ခြင်း ရာထူးအာဏာကိုအလွဲသုံးစားလုပ်ကာ ပြည်သူတို့ကို အနိုင်ကျင့်တတ်ခြင်းတွေကြောင့် ရွံကြောက်ကြောက်ကာ လက်သီးချန်ဒရာလို့ အမည်ပေးထားခံရပါတယ်။ချန်ဒူတစ်ယောက်ရဲ့ ဒေါသကြီးပြီး လက်နဲ့သာဖြေရှင်းတတ်တဲ့အကျင့်ဆိုးက သူ့အဖေကြောင့်လည်းအများကြီးပါပါတယ်။သူ့အဖေဟာ သူ့အမေကို ယောက်ျားတကာကိုမြူဆွယ်နေသူဆိုပြီး စွပ်စွဲပြောဆိုကာ ပြင်းပြင်းထန်ထန် တံခါးပိတ်ရိုက်နှက်တတ်တဲ့ အိမ်တွင်းအကြမ်းဖက်သူဖြစ်နေပါတယ်။ချန်ဒူ့မှာတော့ အမေအရိုက်ခံရတာကိုလည်း မြင်ရ ၊ အိမ်နီးနားချင်းတွေက သားဖြစ်နေပြီး အမေအရိုက်ခံရတာကို ထိုင်ကြည့်နေသလားဆိုပြီး ကဲ့ရဲ့ပြစ်တင်တာကိုလည်း ခံရတဲ့အတွက် ဒေါသကြီးတဲ့လူဆိုးလေးတစ်ယောက်အဖြစ်နဲ့ ကြီးပြင်းခဲ့ရတာလည်းဖြစ်ပါတယ်။တစ်ရက်မှာတော့ သူ့အဖေ ချန်ဒရန်တစ်ယောက် ရန်ကြွေးရှိသူတစ်စုက ဝိုင်းရိုက်တာကြောင့် သေဆုံးသွားခဲ့ပါတယ်။ တာဝန်ထမ်းဆောင်နေစဉ်သေဆုံးသွားတာဖြစ်လို့ ရဲဝန်ထမ်းရာထူးဟာ ချန်ဒူအတွက် ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ ချန်ဒူက အသက်လည်းမပြည့်သေး ၁၂ တန်းလည်းမအောင်သေးတာကြောင့် လုပ်ခွင့်မရပါဘူး။ ဒီနောက်မှာတော့ ချန်ဒူတစ်ယောက် လူလိမ္မာဖြစ်ပြီး ရဲဝန်ထမ်းကောင်းတစ်ယောက်ဖြစ်လာမလား..ဆိုးမြဲဆိုးဆဲဖြစ်ပြီး အဖေ့ခြေရာနင်းတဲ့ ရဲဆိုးတစ်ယောက်ဖြစ်လာမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဗျ။( အညွှန်းနဲ့ဘာသာပြန်ကတော့ CM ...
movie

Idiyan Chandhu (2024)

Oru Yamandan Premakadha (2019) 5.1
Oru Yamandan Premakadha (2019) Oru Mandan Premakadha (2019)"မီးတောက်ငယ်လေးတစ်ခု"ဒီတစ်ခေါက်‌တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDb rating မှာ 5.1 ရရှိထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးဟာဆိုရင်တော့ဖြင့် B.C Noufal ရိုက်ကူးထားပြီး 2019 မှာ ထွက်ရှိခဲ့တဲ့ မလေယာလမ်စကားပြော အချစ်ဟာသဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာတော့ မင်းသား Dulquer Salmaan ဟာ ချမ်းသာတဲ့ မိသားစုကနေ မွေးဖွားလာပြီး သူငယ်ချင်းတွေနဲ့အတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ လူငယ်လေး လာလူအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ လာလူဟာ ဆေးသုတ်သမားတစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုရင်း သူ့ရဲ့ သူငယ်ချင်းတွေနဲ့ အတူတူ ပျော်စရာတွေ မကောင်းမှုတွေ တူတူလုပ်လိုက်နဲ့ တစ်ရက်တစ်ရက် အချိန်ကုန်ဆုံးလေ့ ရှိပါတယ်။လာလူဟာ လူငယ်သဘာဝ ပျော်တတ်ပါးတတ်ပေမဲ့ မိသားစုနဲ့ ပတ်သက်ရင်တော့ အလေးထားတတ်သလို ဖခင်ဖြစ်သူရဲ့ ဆန္ဒတွေကိုလည်း အလေးထားပါတယ်တဲ့။ တစ်နေ့မှာတော့ သတင်းစာတစ်ခုကနေ ပျောက်ဆုံးနေတဲ့ အမျိုးသမီးလေး တစ်ယောက်ကို မြင်ပြီး ချစ်မိသွားပါ‌ေတာ့တယ်။ ဘယ်ကမှန်းမသိ ဘယ်လိုလူမှန်းမသိတဲ့ မိန်းကလေးဖြစ်သူ ဒီယာကို ချစ်မိသွားတဲ့အခါ စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ရင်း ...
movie

Oru Yamandan Premakadha (2019)

2019
Big Brother (2020) 4.4
Big Brother (2020) Big Brother (2020)မင်းသားကြီး Mohanlal ကိုတော့  ပရိတ်သတ်ကြီးတွေ အားလုံးသိကြမှာပါနော်Mohanlal ပါဝင်ထားတဲ့ Drishyam (2013) က IMDB 8.3 ထိရရှိခဲ့ပြီးပြန်လည်ရိုက်ကူးထားတဲ့Drishyam 2 (2021) မှာတောင် IMDB 8.6 ထိတောင်ရထားခဲ့တာဖြစ်ပါတယ်ဒီတစ်ခါတင်ဆက်ပေးမယ့်ကားကလည်း Mohanlal ကိုယ်တိုင်ပါ၀င်ရိုက်ကူးထားတဲ့ကားလေးဖြစ်တဲ့မြှုပ်ကွက်ပေါင်းစုံနဲ့ ကြည့်ရှုသူတွေကိုလှည့်စားမယ့် အက်ရှင်ကားတစ်ကားဖြစ်ပါတယ်လူသတ်မှုနဲ့ထောင်ကျနေတဲ့ Sachidanandan က တိုက်ရည်ခိုက်ရည်‌ရှိပြီးဗျူဟာကောင်းတွေထုတ်နိုင်တဲ့ အရည်အချင်းရှိသူတစ်ဦးဖြစ်ပါတယ်။အဲဒါကြောင့် ထောင်ကျနေစဉ်အတွင်းမှာ ကွန်မန်ဒိုတပ်ဖွဲ့၀င်အဖြစ် လေ့ကျင့်ခံခဲ့ရပြီးအန္တရာယ်များတဲ့မစ်ရှင်တွေကိုလုပ်ခဲ့ရတဲ့သူတစ်ယောက်ပါ။ငယ်ကတည်းကထောင်ကျခဲ့တာကြောင့် ၂၄ နှစ်အကြာ ပြန်လွတ်လာတဲ့အချိန်မှာတော့မိသားစုဝင်တွေနဲ့ အေးအေးချမ်းချမ်းပဲ ဘဝကိုဖြတ်သန်းချင်သူဖြစ်ပါတယ်ဒါပေမယ့်လည်း လွတ်‌မြောက်လာပြီးချက်ချင်းပဲ သူ့မိသားစုကိုအန္တရာယ်ပြုတဲ့ဖြစ်ရပ်ကြီးကြုံလိုက်ရတော့ Sachi တစ်ယောက်အတော်လေး တုန်လှုပ်သွားခဲ့ရပြီးမိသားစုကိုကာကွယ်နိုင်ဖို့ရာအင်အားကြီး မူးယစ်ဆေးဒုစရိုက်သမားကြီးတစ်ဦးကို ဆန့်ကျင်တိုက်ခိုက်နိုင်ဖို့အကြောင်းဖန်လာတော့ Sachi ကဘယ်လိုဗျူဟာတွေထုတ်ပြီး ဘယ်လိုလှည့်ကွက်တွေသုံးမလဲဆိုတာစိတ်ဝင်တစားကြည့်ရမယ့်ကားလေးဖြစ်တာကြောင့် ပရိတ်သတ်တွေ လက်မလွတ်သင့်တဲ့ကားဖြစ်ပါတယ်နော် File size…2.5GB / 1.3GB  / 615MB Quality…1080p TRUE HD AAC 5.1CH / 720p / ...
movie

Big Brother (2020)

2020