Channel Myanmar

Vishalini Daniel

Nanban Oruvan Vantha Piragu (2024) 8.8
Nanban Oruvan Vantha Piragu (2024) Nanban Oruvan Vandhaa Poragu(2024) ငယ်ဘဝမိတ်သင်္ဂဟIMDb - 8.8 /10ဘဝမှာ အိပ်မက်နောက်လိုက်ရင်း နေရာတစ်ခုရရောက်ပြီဆို ပြန်သတိရတတ်တာကတော့ ကျွန်တော်တို့ရဲ့ဇာတိမြေ၊ အဲဒီနေရာမှာရှိခဲ့တဲ့ ငယ်ဘဝနဲ့ ငယ်ဘဝမှာ မဖြစ်မနေပါကိုပါတဲ့ ဆိုးဖော်ဆိုးဖက် ငယ်ပေါင်းမိတ်ဆွေတွေပါပဲ။အခုဒီရုပ်ရှင်လေးထဲမှာလည်း အာနန်တစ်ယောက် သူ့ရဲ့ဇာတိကိုပြန်ဖို့ လေယာဉ်စီးရင်း လေယာဉ်ပေါ်မှာ ဦးလေးတစ်ယောက်နဲ့ စကားလက်ဆုံကျရာကစလို့ ငယ်ဘဝရဲ့ အမှတ်တရတွေကို ပြန်ပြောတာလေးနဲ့ အစပျိုးထားပါတယ်။ဘဝမှာ အောင်မြင်မှုတစ်ခုတော့ ရထားပြီဖြစ်ပေမဲ့ ပျော်ရွှင်မှုတွေ နွေးထွေးမှုတွေ လစ်လပ်နေတဲ့အာနန်တစ်ယောက် ငယ်ဘဝရဲ့ အမှတ်တရ ၈ ခုအကြောင်းကို ဇာတ်ကြောင်းပြန်ပြောပြရင်း သူ့လက်ရှိဘဝမှာ သူပျော်နေရဲ့လား။ ပျော်ရွှင်မှုဆိုတာဘာလဲဆိုတဲ့ မေးခွန်းတွေရဲ့အဖြေကိုတွေ့သွားမလားဆိုတာ ရှုစားရမှာပါ။အခုလက်ရှိမှာ အကြောင်းအမျိုးမျိုးကြောင့် မိသားစု မိတ်ဆွေတွေနဲ့ ကွဲကွာနေကြသူတွေများရှိခဲ့ရင်လည်း ငယ်ဘဝကို ပြန်အမှတ်ရစေမယ့် ဇာတ်လမ်းကောင်းလေးဖြစ်လို့ ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 2.4 GB /1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Nanban Oruvan Vantha Piragu (2024)

Farhana(2023) 6.4
Farhana(2023) Farhana (2023) IMDb 6.4/10 Drama/Thriller ဘာသာရေးအရမ်းကိုင်းရှိုင်းပြီး ရှေးရိုးစွဲလွန်းတဲ့ ဘိုင်ဟာ မိသားစုစီးပွားရေးအနေနဲ့ ဖိနပ်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်။ ဒီဖိနပ်ဆိုင်ကြောင့်ပဲ သမီးတွေကို မင်္ဂလာဆောင်ပေးနိုင်ခဲ့ပေမယ့် အိမ်ထောင်အသီးသီးကျပြီး မြေးတွေထပ်ရလာတဲ့အခါမှာတော့ ဒီစီးပွားရေးကျဆင်းလာပြီး မလောက်ငှတော့ပါဘူး။ ချေးငွေယူတာကိုလည်း မကောင်းတဲ့အရာလို့ သတ်မှတ်ထားပါတယ်။အဲဒါကြောင့် သမီးဖြစ်သူ ဖာဟာနာဟာ ကလေးသုံးယောက်ရဲ့အနာဂတ်လည်းရှိသေးတာမလို့ အလုပ်ထွက်လုပ်ခွင့်ပေးဖို့ တောင်းဆိုပါတော့တယ်။ ရှေးရိုးစွဲလွန်းတဲ့အိမ်ကနေ ခက်ခက်ခဲခဲတောင်းဆိုပြီး အလုပ်ရလာတဲ့အခါ ဖာဟာနာတစ်ယောက် အစွမ်းကုန်ကြိုးစားပါတော့တယ်။ဒီလိုနဲ့တဖြည်းဖြည်းအဆင်ပြေလာခဲ့ပေမယ့် သမီးဖြစ်သူ အရေးပေါ်ခွဲစိတ်မှုနဲ့ကြုံလာတဲ့အခါ ဒီ့ထက်ပိုပြီးမက်လုံးပေးတဲ့ အလုပ်တစ်ခုကိုရဖို့ကြံပါတော့တယ်။ ဒါပေမဲ့ ဒီအလုပ်ကနေ မထင်မှတ်ထားတာတွေ ကြုံရ‌တဲ့အခါ ဖာဟာနာဘာတွေဆက်လုပ်မလဲ။ ဘယ်လိုစိတ်ဝင်စားစရာဇာတ်ကြောင်းတွေဖြစ်လာဦးမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Cherry,Zwe,V,BpL,Yunni တို့ပဲဖြစ်ပါတယ်) File size…2.09GB / 858MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by  Cherry~Zwe~V~ BpL~ Yunni 
movie

Farhana(2023)

2023