Channel Myanmar

Vineeth Vishwam

I Am Kathalan (2024) 6
I Am Kathalan (2024) I Am kathalan (2024)"ကြိုးလေးတစ်မျှင်" =============================== ၂၀၂၄ က ထွက်ရှိထားတဲ့ မာလျာလမ်စကားပြော နည်းပညာ မှုခင်း သည်းထိတ်ရင်ဖိုရုပ်ရှင်ကောင်းလေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။တော်ရုံဇာတ်လမ်းမညံ့တဲ့ မာလျာလမ်စကားပြောရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း ဒီရုပ်ရှင်ဟာလည်း အစပိုင်းမှာ ပေါ့ပေါ့ပါးပါးပုံးစံကနေ တဖြည်းဖြည်းချင်း ဇာတ်ကိုဆွဲတင်ပြီး ပရိသတ်ကိုဆွဲခေါ်သွားဦးမှာပါ။ဇာတ်လမ်းကတော့ နည်းပညာပိုင်းမှာ ကျွမ်းကျင်ပေမဲ့ ဘာဖန်တီးမှုမှမပြနိုင်လို့ အလုပ်မရဖြစ်နေတဲ့ ဟက်ကာပေါက်စလေး ဗစ်ရှ်နူး။ဝိုင်ယာကြိုးနှစ်ချောင်းပူးပြီး သူ့ကွန်ပြူတာကို ဖွင့်ရတဲ့ထိ ဘဝမှာတိုင်ပတ်နေတဲ့ ဗစ်ရှ်နူးဟာ အချစ်ရေးမှာတော့ ကံမခေခဲ့ဘဲ သူ့ကိုချစ်တဲ့ချစ်သူ ရှိခဲ့ပေမဲ့ အဲဒီချစ်သူကပါ သူ့ကိုထားသွားတဲ့အချိန်မှာတော့ ဆောက်တည်ရာမရဖြစ်ပြီး ချစ်သူကို ပြန်ပိုင်ဆိုင်ခွင့်ရဖို့ကြိုးစားရင်း အန္တရာယ်အင်မတန်ကြီးတဲ့ကစားပွဲတစ်ခုကို ကစားမိလျက်သားဖြစ်ကာ ပြဿနာတွေနဲ့ရင်ဆိုင်ဖြေရှင်းရပုံကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 1.3 GB / 681 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

I Am Kathalan (2024)

Thaaram Theertha Koodaram (2023) 7
Thaaram Theertha Koodaram (2023) Thaaram Theertha Koodaram (2023) သောကမျက်ရည်စက်များ IMDb- 7.8/10အမေဖြစ်သူက နောက်ယောကျ်ားယူသွားပြီး ပထွေးဖြစ်သူ နှင်ချခံထားရတဲ့ အကြွေးနွံနစ်နေတဲ့ အိမ်ခြေရာမဲ့ညီမနှစ်ယောက်။အခန်းခကလည်း မပေးနိုင်တဲ့အပြင် အကြွေးရှင်တွေကလည်း သတ်မှတ်ရက်အတွင်း အကြွေးကို ဆပ်ဖို အတင်းတိုက်တွန်းနေတဲ့အခြေအနေမှာ သူငှားနေတဲ့အခန်းရဲ့ ဘေးအခန်းက ကောင်လေး ဆန်ဂျေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ဆန်ဂျေးဆိုသူကတော့ နှစ်ကိုယ်ခွဲစိတ်ရောဂါခံစားနေရပြီးတော့ မိသားစုကနေ ပစ်ပယ်ခြင်းကို ခံထားရသူတစ်ဦးပေါ့။ ဒီလိုနဲ့ ဆန်ဂျေးဟာ အိမ်ခြေရာမဲ့ညီမနှစ်ယောက်ကို သူဟာ လူမှုစိတ်ဓာတ်အပြည့်အဝရှိသူပါဆိုတာကို သက်သေပြနိုင်ဖို ကူညီပေးဖို ကြိုးစားရင်းနဲ့ ဘယ်လိုတွေ ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုခံစားရမယ့် ဒရာမာရိုမန့်စ် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~V~Alex~ToMo တိုပဲဖြစ်ပါတယ်) File size…1.8GB / 736MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~V~Alex~ToMo
movie

Thaaram Theertha Koodaram (2023)

2023
Queen Elizabeth (2023) 6.9
Queen Elizabeth (2023) Queen Elizabeth (2023) "ငါသာလျှင် ဘုရင်မ"IMDb 7.5/10လူအုပ်ကြီးနဲ့စီတန်းလှည့်လည်လာတဲ့ ဈာပနတစ်ခု ဈာပနပေမဲ့ ဝမ်းနည်းကြပုံလည်းမပေါ် နိဗ္ဗာန်ယာဉ်ကို ပန်းတွေမှုန်နေအောင်စီခြယ်ထားပြီး လှဲနေသူကိုတော့ အလှဆုံးလေး ပြင်ဆင်ထားသတဲ့။။။နောက်ကြောင်းကိုပြန်ရရင် သူ(မ)ကအဲလိဇဘက်အိန်ဂျယ်တဲ့ ဒါပေမဲ့ကလေးတွေပေးထားတာကတော့ "နတ်ဆိုးအမျိုးသမီး" ဘာလို့ဒီလိုပေးရလဲဆိုတော့ ခေတ်စကားအတိုင်းပြောရရင်အပေါက်ဆိုးလို့ပါ အိမ်ကအိမ်ဖော်တွေကို သူနဲ့အမှိုက်ပုံးတစ်ခုတည်းအတူတူလာထည့်ရင်မကြိုက် အိမ်မှာဖုန်တစ်မှုန့်ရှိနေရင်မကြိုက် သူများတွေထက် အိမ်ဖော်ကိုရူပီ၅၀၀ပိုပေးပြီး အရာရာပြည့်စုံအောင်ဖြစ်နေစေချင်တဲ့အပျိုကြီးဒီဇိုင်းပေါ့ကုမ္ပဏီစီးအီးအိုလည်းဖြစ် တစ်ယောက်တည်းတောက်‌ပနေတဲ့ဒီအမျိုးသမီးအနား ဘယ်သူမှမကပ်ရဲကြ သူ(မ)ကိုကြိုက်ပေမဲ့ မချဉ်းကပ်ရဲကြတဲ့လူတွေလည်း ဒုနဲ့ဒေးပေါ့ တော်လွန်းထက်မြက်လွန်းတဲ့ ဒီအမျိုးသမီးမှာ ရောဂါဆိုးကြီးပေါ်လာတဲ့အခါမှာတော့ ...ဘေးနားကလူတွေရဲ့ စိတ်ရင်းမှန်တွေ ထင်ထားသလိုမဖြစ်လာတဲ့ plot twist တွေနဲ့ ဆက်လက်ရှုစားကြပါဦး(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~ V ~BpL ~Alex ~ToMo တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…1.5GB/ 690MB Quality…WEB DL 1080p /720p Format…mp4 Duration….1h 59m Subtitle….Myanmar Subtitle (Hard ...
movie

Queen Elizabeth (2023)

2023
Ajagajantharam (2021) 7.8
Ajagajantharam (2021) Ajagajantharam (2021)Action/Mysteryကြမ်းကြမ်းရမ်းရမ်း အိန္ဒိယရုပ်ရှင်တွေ ကြည့်ချင်တယ်။ ဒါပေမယ့် အိုဗာတင်းမဖျော်ပဲလက်တွေ့ဆန်တဲ့ရိုက်ချက်တွေလည်း လိုချင်တယ်ဆိုပါစို့။ ဒါဆိုရင်တော့လွမ်းခန်း၊ ဆွေးခန်း၊ ချစ်ခန်း၊ ကြိုက်ခန်းတွေမပါပဲ ရင်တထိထိတ်နဲ့ကြည့်ရမယ့်အက်ရှင်ကားကောင်းကို Channel Myanmar ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ည ။ ညဟာ ပုံမှန်ထက် မှောင်မိုက်လာခဲ့။ သာမန်ညတွေမှာ အိပ်စက်အနားယူကြ၊အလုပ်သွားကြနဲ့ လည်ပတ်နေခဲ့တဲ့ တစ်နှစ်တာ ရာသီစက်ဝန်းမှာ ဒီညဟာတော့ပိုပျော်စရာကောင်းခဲ့။ နှစ်စဥ်ကျင်းပလေ့ရှိတဲ့ Aranjali ရဲ့ဘုရားပွဲနေ့ဖြစ်တာကြောင့်ပေါ့ဗျာ။လူတွေဟာ ဝတ်ကောင်း၊ စားလှတွေဝတ် မီးရောင်စုံတွေ၊ စျေးဆိုင်တန်းလေးတွေ၊ဂီတသံတွေညံစီနေတဲ့ ပွဲစျေးထဲ လည်ပတ်ရင်း ပျော်ရွှင်နေခဲ့ကြတာပေါ့။ဒါပေမယ့် ဒီနှစ် Aranjali ဘုရားပွဲရဲ့အခြေအနေကတော့ရီမောသံတွေအစား ဆဲဆိုသံတွေ ညံပြီး သွေးသံတရဲရဲပေါ့။ ဆင်တစ်ကောင်ရယ်၊နံမည်ဆိုးနဲ့ကျော်ကြားတဲ့ ရာဇဝတ်သားလူမိုက်တွေရယ်၊ လက်ရဲဇက်ရဲလို့ဆိုရမယ့်လူငယ်တချို့ရယ်၊ ပြီးတော့ ပြဇာတ်အကတစ်ဖွဲ့ရယ် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြတဲ့ညပေါ့။ရဲကားသံတွေလည်း တဝီဝီ၊ ပြေးတဲ့လူကပြေးနဲ့ ဖရိုဖရဲအခြေအနေကို စိတ်လှုပ်ရှားဖို့ကောင်းအောင် ကြည့်ရမှာပါ။ဒီကဘုရားပွဲတို့၊ ပျော်ပွဲရွှင်ပွဲတို့မှာဖြစ်လေ့ရှိတဲ့ ရန်ပွဲတွေလိုမျိုးပါပဲ။ ဒါပေမယ့် ထူးခြားတာက ဆင်တစ်ကောင်ကိုထည့်ရိုက်ထားတဲ့နေရာမှာ အိန္ဒိယတို့ရဲ့ အစဥ်အလာအတိုင်း ...
movie

Ajagajantharam (2021)

2021