Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vineeth Radhakrishnan
6.3
Kaadhal Enbadhu Podhu Udamai (2025)
Kaadhal Enbadhu Podhu Udamai (2025) အများနှင့်သက်ဆိုင်သော အချစ်ရဲ့ အရိပ်IMDb 7.4/10ကမ္ဘာပေါ်မှာ ချစ်ခြင်းမေတ္တာတွေက ပုံစံမျိုးစုံနဲ့ တည်ရှိနေကြပါတယ်။ မိသားစုအချစ်၊ သူငယ်ချင်းအချစ်၊ ချစ်သူတွေကြားကအချစ် စသည်ဖြင့်ပေါ့လေ။ဒီဒရမ်မာလေးထဲမှာလည်း ချစ်ခြင်းမေတ္တာ ပုံစံမျိုးစုံ သရုပ်ဖော်ထားတာကို တွေ့မြင်ရမှာပါ။ လက်ရှ်မီးက motivational speaker တစ်ဦးဖြစ်တဲ့အပြင် documentary လေးတွေကိုလည်း ရိုက်ကူးသူတစ်ဦးပါ။သူ့မှာ ဆမ်ဆိုတဲ့ သမီးလေးရှိပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်ရှိပြီး အချင်းချင်း ပံ့ပိုးကူညီရင်း ကောင်းမွန်တဲ့ သားအမိဆက်ဆံရေးလေးကို ပိုင်ဆိုင်ထားရပါတယ်။တစ်နေ့တော့ဆမ်က သူ့မှာချစ်သူရှိနေပြီ ဖြစ်တဲ့အကြောင်း သူ့မိခင်လက်ရှ်မီးကို ဖွင့်ဟပြောကြားလာပါတယ်။ လက်ရှ်မီးကလည်း ဘာမှမေးမြန်းခြင်းမရှိဘဲ တက်ကြွပျော်ရွှင်စွာနဲ့ အိမ်ကိုနေ့လယ်စာစားဖို့ ဖိတ်ကြားစေပါတယ်။သူ့သမီးကို သူက ရိုးရာဝတ်စုံလေး ဝတ်စေချင်တာတောင် ဆမ်က မဝတ်ချင်ပါဘူးဆိုရင် ဖိအားမပေးသူ၊ ဟင်းချက်စေချင်ပေမဲ့ သူ့သမီး မချက်ချင်ရင် အတင်းမ စေခိုင်းသူ၊သူ့သမီးဘာပြောပြော သဘောတူနားလည် လက်ခံပေးခဲ့သူက ဆမ်ရဲ့ချစ်သူက ယောက်ျားလေးမဟုတ်ဘဲ မိန်းကလေးတစ်ယောက်ပါဆိုတာ သိရှိသွားတဲ့အခါမှာတော့....................ဘယ်လိုပဲ ခေတ်မီတိုးတက်လာပါပြီပြောပြော တကယ်တမ်းကြုံတွေ့လာတဲ့အခါ ရင်ဆိုင် ...
movie
Kaadhal Enbadhu Podhu Udamai (2025)
5.9
Daud (1997)
Daud 1997 အပြေးအလွှားDaud ဇာတ်ကားဟာ ၁၉၉၇ ခုနှစ်ထုတ် ဟင်ဒီစကားပြော Adventure Comedy ကားဖြစ်ပြီး နာမည်ကျော်မင်းသားကြီးဗီဂျေးရဲ့ လူငယ်ဘဝက ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။IMDb 5.9 ရရှိထားပြီး Box Office မှာ ထက်ဝက်မြတ်ခဲ့ပါသေးတယ်။ဇာတ်လမ်းစစချင်းမှာပဲ ၃ နှစ်ကြာစီစဉ်ထားရတဲ့ လုပ်ငန်းကိစ္စတွေပျက်ကုန်လို့ ဒေါသထွက်နေတဲ့လူတစ်ခုကိုမြင်ရမှာပဲဖြစ်ပါတယ်။ သူတို့ရဲ့အရေးကြီးသေတ္တာက လိုရာမရောက်ဘဲ အကောက်ခွန်ဌာနက ထိန်းသိမ်းထားတာကြောင့် ရဲတွေစစ်တပ်တွေဝင်မပါခင်မှာ ပြန်လည်ရယူဖို့ အရေးတကြီးစီစဉ်ရပါတော့တယ်။ဒါကြောင့် နာမည်ကြီးသူခိုးဖြစ်တဲ့ ခူရန်နာကို သေတ္တာကို ပြန်ခိုးပေးဖို့ အလုပ်အပ်လိုက်တဲ့အတွက် ခူရန်နာကလည်း လက်စွမ်းပြပြီးခိုးလာခဲ့တာပေါ့။ ဒါပေမယ့် အလုပ်အပ်သူတွေ ငွေမချေမှာကိုစိတ်ပူတဲ့အတွက် သေတ္တာပြန်မအပ်ဘဲ ငွေနဲ့လဲဖို့ ပြောပြီး ညဘက်တွေ့ဖို့ချိန်းဆိုလိုက်ပါတော့တယ်။တစ်ဖက်မှာလည်း အဲဒီသေတ္တာပျောက်သွားတဲ့အတွက် တာဝန်ရှိသူတွေ ခေါင်းမီးတောက်ပြီး ရဲအင်အားအလုံးအရင်းအသုံးပြုကာ ခူရန်နာကို လိုက်ရှာကြပါတော့တယ်။ ဒီလိုနဲ့ ရွှေတုံးတွေအပြည့်ပါတယ်လို့ ထင်ရတဲ့သေတ္တာတစ်လုံးပိုက်ကာ ခူရန်နာတစ်ယောက် ဒေါသူပုန်ထနေတဲ့လူဆိုးတွေနဲ့ ရဲတွေကြားကနေ ဘယ်လိုလွတ်မြောက်အောင်ထွက်ပြေးရမလဲ.. သေတ္တာက ဘယ်သူ့လက်ထဲရောက်သွားမလဲ..တကယ်ပဲ သေတ္တာထဲမှာ ရွှေတုံးတွေအပြည့်ပါလို့ ဒီလောက်အရေးတကြီးလိုက်ဖမ်းနေကြတာလားဆိုတာကိုတော့ ဇာတ်ကားအဆုံးထိ ဆက်လက်ကြည့်ရှုပေးကြပါဦးဗျာ။( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် ) File size… 3.16 GB / 1.4 GB Quality…WEB DL 1080p ...
movie
Daud (1997)
5.6
Dhoomam (2023)
Dhoomam (2023) "မှတ်ဉာဏ် မီးခိုးငွေ့များ"အတိတ်က မွှေးခဲ့တဲ့မီးက ပစ္စုပ္ပန်အထိ လိုက်ပါပြီး မီးခိုးငွေ့တွေ တရိပ်ရိပ်လောင်နေတုန်းပဲ အတိတ်စာမျက်နှာရဲ့ ဘယ်နေရာမှာ ဘာတွေ မှားခဲ့လဲ အခုခံစားနေရတဲ့ အကျိုးဆက်တွေက ဘာကြောင့်လဲ ဆိုတာတောင် မသိရတဲ့ အခြေအနေ...CM ပရိသတ်ကြီး ရုံးပိတ်ရက်မှာ အနားယူဖို့ ဇာတ်အိမ်ခိုင်ခိုင်နဲ့ Malayalam စကားပြော mystery/thriller ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ အာဗီဆိုတဲ့ စီးကရက်ကုမ္ပဏီတစ်ခုက မားကတ်တင်းမန်နေဂျာနဲ့ သူ့ရဲ့ ဇနီးသည်ဖြစ်သူ ဒီယာ တို့က ညဖက် ကားမောင်းနေတုန်း မတော်တဆမှုတစ်ခု ကြုံရပါတယ် ဇာတ်လမ်းကို အတိတ်ဖြစ်ရပ် ကာလအပိုင်းအခြားနဲ့ လက်ရှိဖြစ်နေတဲ့ timeline ကို တစ်လှည့်စီ ရိုက်ကူးပြထားပါတယ် အတိတ်နဲ့ ပစ္စုပ္ပန်တို့ရဲ့ ဇာတ်ကြောင်းနှစ်ခုဟာ ဘယ်လိုမှ မသက်ဆိုင်အောင် ကွာခြားနေပြီး ဒါကပဲ ဒီဇာတ်ကားမှာ ပရိသတ်အနေနဲ့ ဘာဆက်ဖြစ်မလဲ ခန့်မှန်းချင်စိတ်ပေါ်လာအောင် ဆွဲဆောင်ထားနိုင်တဲ့ အချက်ပါအာဗီက လက်ရှိပစ္စုပ္ပန်မှာ အတိတ်မေ့နေပြီးတော့ သူလုပ်ခဲ့တဲ့အရာနဲ့ လက်ရှိသူ့မိန်းမနဲ့ သူတို့နှစ်ယောက်ဖြစ်နေတဲ့ ပြဿနာကို ဆက်စပ်မရဖြစ်နေပါတယ်အတိတ်ဖြစ်ရပ်မှာတော့ သူ့မိန်းမဖြစ်သူနဲ့ ...
movie
Dhoomam (2023)
2023
7.6
Pachuvum Athbhuthavilakkum (2023)
Paachuvum Albhuthavilakkum 20232023 ခုနှစ် ဟာသဒရမ်မာ ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးပါရစေ ဒီဇာတ်ကားလေးက ဝင်ငွေအမြတ်အစွန်းများစွာရခဲ့တဲ့အပြင် ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုများစွာကိုရရှိထားပါတယ်ဒီဇာတ်ကားထဲမှာ အဓိကမင်းသားကတော့ မားမားဘွိုင်း မာလာရရမ်သား လူပျိုကြီးပါ သူကဒူဘိုင်းမှာဆေးဆိုင်တစ်ခုဖွင့် အခြေချနေတာဖြစ်ပြီး ကိစ္စတစ်ခုနဲ့ ကီရာလာကို ပြန်တဲ့အချိန်မှာ အလွဲလေးတစ်ခုစဖြစ်ရာကနေ အလွဲတွေဆက်ပြီး ထူးအိမ်သင်သီချင်းလို လွဲလွဲလေးပဲ ကောင်းပါတယ် ဆိုပြီး တစ်ကားလုံးဖြစ်နေတဲ့ အကြောင်းပါဇာတ်လမ်းလေးကလည်း စိတ်ဝင်စားဖို့ ကောင်းသလို ဇာတ်အိမ်တည်ဆောက်ပုံ ဇာတ်ကောင်တွေကိုဖွဲ့စည်းထားပုံကလည်း သဘာဝကျတာမို့ ကြည့်ရင်း ရီနေရမဲ့အပြင် ပေါကားမဟုတ်တာမို့ စိတ်ကျေနပ်ဖွယ်ရာ ဖျော်ဖြေမှုလဲပေးနိုင်မှာပါပရိသတ်တို့အနေနဲ့ အိန္ဒိယဇာတ်ကားထဲမှာ ရှားပါးတဲ့ အချစ်ဟာသကားပုံစံဖြစ်တဲ့အပြင် ဇွတ်ကလိထိုးတာမပါပဲ သဘာဝကျကျပေါ့ပေါ့ပါးပါးနဲ့ ရီနေရမှာဖြစ်လို့ လက်မလွတ်တမ်း ကြည့်ရှုနိုင်ဖို့ လက်တို့ပေးလိုက်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတာ့ CM Bollywood Team မှဖြစ်ပါတယ် File size…2.4GB / 1GB Quality…1080p WEBDL /720p Format…mp4 Duration….2h 51m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Chiclon3~Yunni~BpL~HM~Nyein~Sai
movie
Pachuvum Athbhuthavilakkum (2023)
2023
7.3
Bhool Bhulaiyaa (2007)
ကဲဗျာအညွန်းမလာခင် မင်းသားမင်းသမီးအရင်ပြောမယ်�Bollywood မှာလိုင်းစုံရတဲ့မင်းသား Ashay Kumar ကဟာသမင်းသားပေါ့� မင်းသမီးကတော့ Kaho Naa Pyar Hai(လက်ပွားမင်းသား ခေါင်းဆောင်မင်းသားလုပ်ခဲ့တဲ့ ပထမဦးဆုံးကား) ထဲက မင်းသမီးချောလေး Ameesha Petal လေးပေါ့…သူကတော့ဒီကားထဲမှာ အိန္ဒြေရှင်လေး.. ချစ်ဖို့စွန်းကောင်းတယ် �ဇာတ်လမ်းအကျဉ်း…နည်းနည်းပဲပြောပြမယ်… အကုန်ပြောပြရင် ကြည့်ရတာ feel မလာတော့ဘူး… ဇာတ်လမ်းလေးက ဘာသာတရားနဲ့စိတ်ပညာကိုအခြေခံထားတာပါ စိတ်ပညာဆိုအရူးလို့ထင်မှာပေါ့… ထင်နေရင်မှားမယ်…တန်ဖိုးရှိတဲ့အသိပညာဗဟုသုတတွေရမှာပါ… သရဲခြောက်တဲ့နန်းတော်ထဲမှာ စိတ်ရောဂါဝေဒနာရှင်လေးအပြင် သရဲကိုပါ ဆရာဝန်ကဘယ်လိုပညာသားပါပါ ဘာသာရေးအကူအညီလေးနဲ့ကုသွားမယ်ဆိုတာ သိချင်စိတ်တပြင်းပြင်းနဲ့ကြည့်ရှုရမှာပါ… အစပိုင်းမှာလည်းဟာသလေးတွေနဲ့ပါ… ဇာတ်လမ်းတစ်ဝက်ဆို သိတဲ့အတိုင်း climax ရောက်ပြီ… �Ashay Kumar ရဲ့ပညာသားပါပါဟာသနှောပြီးရိုက်ထားတာ ဘယ်လောက်ကောင်းလဲတွေ့ရမှာပါ. သီချင်းကောင်းလေးတွေကိုလည်း ဘာသာပြန်ပေးထားပါတယ် …လုံးဝဂန္တဝင်ပါပဲ.. �ဟာသကြိုက်တဲ့သူ အသည်းနုတဲ့သူ(ကြည့်နေရင်းသရဲကိုသနားလို့ငိုပါငိုစေရမယ်) စိတ်ပညာကိုအထင်သေးတဲ့သူတွေအတွက်ကတော့ Must See ပါ.. ဒီလောက်ပါပဲ…ကျန်တာကိုတော့ဇာတ်လမ်းထဲမှာခံစားပါ (ဘာသာပြန်သူကတော့ Khant Shwe Thaik ပါ)File Size : 0.99 GB Quality : Bluray 720p Running Time : 2hr 39minutes Format : Mp4 Genre : Comedy, Horror, Mystery Translator : Khant Shwe Thaik Encoder :Thanhtike Zaw
movie
Bhool Bhulaiyaa (2007)
7.2
Rang De (2021)
Rang De 2021အချစ်ဟာ ဆန်းကြယ်တဲ့ ဆိုတဲ့ စကားကို ရှေ့တန်းတင်ရင် အားလုံးအတွက် ရယ်စရာဖြစ်မလား မသိဘူး။ ဝေးနေပေမဲ့၊ အပြင်မှာ မတွေ့ဖူးပေမဲ့ အရမ်းချစ်ရတဲ့အခါ ရှိတယ်။ ဘယ်သူနဲ့ ဘာတွေ လုပ်နေမလဲဆိုပြီး တွေးတောပူဆွေးရင်း တနေကုန်ငိုနေရတဲ့အခါ ရှိသလိုနီးကပ်၊ထိစပ်နေပေမဲ့ အချစ်စိတ် မဖြစ်ဘဲ သူငယ်ချင်းထက် မပိုနိုင်တဲ့ သံယောဇဉ်တွေလည်း ကြုံဖူးမှာပါ။နှစ်ယောက်လုံးက ချစ်စိတ်မဝင်ကြရင် နေသာသေးတယ်ဗျ၊ နှစ်ယောက်မှာ တစ်ယောက်က တစ်ဖက်သတ်ချစ်နေရမယ်ဆို မခက်ပေဘူးလား။ ---------------တေလဂူးတို့က အချစ်ကားလေးတွေမှာ တော်တော်လေး ကြည့်ကောင်းနေတာ အားလုံး အသိပါပဲ။ခုဇာတ်ကားကတော့ တေလဂူးပရိသတ်တို့ ရင်းနီးပြီးသားဖြစ်တဲ့ Nithiinနဲ့ Keerthyတို့ရဲ့ အိမ်နီးချင်း ဇာတ်လမ်းလေးပါပဲ။Nithiinဖြစ်တဲ့ အာဂျွန်ကတော့ ငယ်ငယ်ကတည်းက Keerthy ဖြစ်တဲ့ အာနူးရဲ့ ဒုက္ခပေးနည်းပေါင်းစုံကို ခံယူခဲ့ရသူတစ်ဦးပေါ့။အာနူးက အာဂျွန် ဝယ်လာသမျှ စားမယ် သောက်မယ်။ မရင် အာဂျွန် အဖေ့ကို တိုင်မယ်။ အတန်းမှာလည်း အတန်းမှာမို့၊ အိမ်မှာလည်း အိမ်မှာမို့နဲ့ အာဂျွန်ကတော့ တော်တော် စိတ်ပျက်နေသူပေါ့။ဒါကိုတော့ အာနူးရဲ့ စိတ်ထဲမှာ ကြည်နူးစရာလို့ သတ်မှတ်ထားတယ်။ အမြဲလိုလို သူ့အပေါ် ဂရုစိုက်တတ်တဲ့ အာဂျွန်ကလွဲပြီး သူ့အတွက်တော့ အားကိုးစရာမရှိဘူး။ငယ်ရွယ်စဉ်မှာ အမြဲလိုလို သည်းခံကြ၊ အနိုင်ယူကြနဲ့ အဆင်ပြေပေမဲ့ အရွယ်ရောက်လာတဲ့အခါမှာတော့....----------------------ကဲဒီလောက်ဆို အားလုံးလည်း ...
movie
Rang De (2021)
2021