Channel Myanmar

Vincent Macaigne

A Burning Hot Summer (2011) 5.0
A Burning Hot Summer (2011) A Burning Hot Summer (2011)ဘယ်တော့မှ ရိုးမသွားနိုင်တဲ့ ဂန္ဓဝင်အလှတရားပိုင်ရှင်မမကြီး မော်နီကာရဲ့ဇာတ်ကားဟောင်းတစ်ကားပါ။ ဇာတ်လမ်းကတော့ ရောမရဲ့နွေရာသီတစ်ခုက စုံတွဲနှစ်တွဲဖြစ်တဲ့ ပန်းချီဆရာဖရက်ဒရစ်နဲ့ သူ့ရဲ့နာမည်ကျော်ရုပ်ရှင်မင်းသမီးဇနီးချော အိန်ဂျယ်၊ နောက်တော့ သူတို့ရဲ့ဖိတ်ခေါ်မှုနဲ့အိမ်ကိုရောက်လာတဲ့ ဖရက်ဒရစ် သူငယ်ချင်း ပေါလ်နဲ့သူ့ကောင်မလေး အဲလိဇဘတ်တို့ကိုအခြေခံပြီး အချစ်၊ပေါင်းသင်းဆက်ဆံရေးနဲ့လူသားတွေရဲ့စိတ်သဘောတွေကို နှီးနွယ်တင်ပြထားတာဖြစ်ပါတယ်။ အီတလီဇာတ်ကားတွေထုံးစံအတိုင်း အေးအေးငြိမ့်ငြိမ့်နဲ့ cinematography လှလှ မင်းသမီးလှလှတွေကိုတစ်၀ငေးရမယ့် ဇာတ်ကားပါပဲ။ File size…(2 GB )/(650 MB) Quality…BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:37:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alias
movie

A Burning Hot Summer (2011)

Maria (2024) 6.5
Maria (2024) Maria (2024)IMDb Rating (6.5) / Rotten Tomatoes (75 %)Venice Film Festival မှာ premiere လုပ်ခဲ့ပြီး မင်းသမီးကြီး အန်ဂျလီနာဂျိုလီ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Musical Drama တစ်ပုဒ်ဖြစ်ပါတယ်။ တစ်ချိန်က ကမ္ဘာကျော်ခဲ့ဖူးတဲ့ အော်ပရာအဆိုရှင် မာရီယာကာလက်စ်ရဲ့ နောက်ဆုံးနေ့ရက်တွေကို အသားပေး ရိုက်ကူးထားပါတယ်။အသက် ၅၀ ကျော်နေပြီဖြစ်တဲ့ မာရီယာဟာ တစ်ချိန်က သူဒိတ်ဒိတ်ကြဲ အောင်မြင်ခဲ့တဲ့ အော်ပရာလောကကို ပြန်ဝင်ရောက်ဖို့ ကြိုးစားပေမဲ့ ကျန်းမာရေးအခြေအနေကြောင့် စိတ်တွေ ဂယောင်ခြောက်ခြားဖြစ်ပြီး တကယ်ဖြစ်နေတာတွေနဲ့ သူ့စိတ်ထဲက ထင်ယောင်မှားတွေကို ခွဲခြားမသိနိုင်တဲ့ အခြေအနေကို ရောက်ရှိလို့နေပါတယ်။ဒါပေမဲ့လည်း သိပ်ကို ခေါင်းမာတဲ့ မာရီယာအတွက်တော့ အော်ပရာဟာ ဘဝတစ်ခု ဖြစ်နေခဲ့ပါတယ်။ သူဖြစ်ချင်တာတွေကို သူ့စိတ်ထဲမှာ စီကာစဉ်ကာနဲ့ အကောင်ထည်ဖော်နေတယ်။ မာရီယာဟာ သူဖန်တီးထားတဲ့ သူ့ရဲ့ စိတ်ကူးယဉ်လူသားတွေနဲ့ စကားတွေပြောတယ်။ဒီလို ...
movie

Maria (2024)

Paint it Gold (2023)
Paint it Gold (2023) Paint It Gold [2023] (IMDb 5.6/10)ရန်ဇို နာဗီဆိုတာ ခေတ်ဟောင်းက ပန်းချီဆရာတစ်ယောက်... ပန်းချီကားရောင်းရငွေလေးနဲ့ပဲ ရှင်သန်နေတယ်... သိပ်ချစ်ရတဲ့ ဇနီးသည်ဆုံးသွားပြီးကတည်းက သူ့ရဲ့ စိတ်ကူးစိတ်သန်းတွေလည်း လွင့်ပါးသွားခဲ့ရတယ်... ပန်းချီဆရာတို့ ထုံးစံ လူ့လောကနဲ့ ဆန့်ကျင်ဘက်… ဘောင်တို့ရဲ့ ပြင်ပက လူတစ်ယောက်ပေါ့... နာဗီ့မှာ အာသာဆိုတဲ့ ပြတိုက်မှူးမိတ်ဆွေတစ်ယောက် ရှိတယ်... အာသာက နာဗီကို အမြဲတစေ ကူညီတယ် ဒါပေမယ့် နာဗီက အကုန်လုံးကို သဲထဲရေသွန်ဖြစ်အောင်ပဲ လုပ်လေ့ရှိတယ်... ဒီလိနေ့မှာတော့ အာသာ သည်းခံနိုင်တဲ့အတိုင်းအတာကို ကျော်လွန်သွားခဲ့ပါတယ်... အဲ့နောက်တော့ ဆယ်စုနှစ်ပေါင်းများစွာတိုင် တည်တံ့ခဲ့တဲ့ သူငယ်ချင်းဆက်ဆံရေးလည်း ပျက်စီးသွားလေတော့သတည်းပေါ့... ဒါပေမယ့်လည်း အချိန်တစ်ခုအကြာမှာတော့ သူတို့ ပြန်ခေါ်ပြန်ပြော ဖြစ်သွားပါတယ်... ပြန်တည့်သွားကြတဲ့နောက် နာဗီတစ်ယောက် သူ့အချိန်ပြီးသွားပြီ သူသေဖို့ အသင့်ဖြစ်ပြီလို့ ဆိုကာ သူ့ကိုယ်သူ သတ်သေမယ့်အစီအစဉ်မှာ ကူညီပေးဖို့ အာသာကို အကူအညီတောင်းပါတယ်... အာသာကတော့ မကူညီခဲ့ပါဘူး... အဲ့နောက်တော့ နာဗီလည်း သူလုပ်စရာ ရှိတာကိုသာ လုပ်ဖို့ ကြိုးစားရင်းက ဘာတွေဆက်မဖြစ်လဲဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ Tun Aung ...
movie

Paint it Gold (2023)

Diary of a Fleeting Affair(2022) 7.0
Diary of a Fleeting Affair(2022) Diary of a Fleeting Affair(2022)*****************************ဇာတ်လမ်းအကျဉ်းလေးကတော့ ဆီမွန်ဆိုတဲ့ လိင်စိတ်မပြည့်ဝတဲ့အိမ်ထောင်သည်တစ်ယောက်ဟာ သူ့မိန်းမမသိအောင်ဖောက်ပြန်ချင်ပါတယ်၊ ဒါပေမယ့် ဖောက်ပြန်ခြင်းရဲ့နောက်ဆက် တွဲအကျိုးဆက်တွေကြောင့် သူ့ဘဝပျက်နိုင်တယ်ဆိုတာကိုလည်း သူသိထားပါတယ်၊တစ်နေ့ပါတီတစ်ခုက အပြန်မှာ ရှားလော့တ်ဆိုတဲ့အမျိုးသမီးတစ်ယောက်ဆီက ဖုန်းနံပါတ်ကိုရခဲ့တယ်၊ နောက်နေ့မှာသူ့ကိုဖုန်းဆက်ပြီး ဆိုင်တစ်ဆိုင်မှာချိန်းလိုက်တယ်၊ သူ့ဘဝအကြောင်း သူ့မိသားစုအကြောင်းတွေသူ့မိန်းမ မသိအောင်အခြားတစ်ယောက်နဲ့အတူနေတာ သူ့အတွက်စိတ် မလုံခြုံကြောင်း၊ သူနဲ့အတူအိပ်တဲ့မိန်းမတွေသူ့ကိုလာပြီတွယ်ကပ်နေမှာကိုကြောက်တဲ့အကြောင်းတွေ အကုန်ပြောပြလိုက်တယ်၊ ရှားလော့တ်ကလည်း သူ့အတွက်လိင်ကိစ္စတစ်ခုသာလိုအပ်ကြောင်း အခြားအကြောင်းတွေကိုစိတ်မဝင်စားကြောင်းပြောပြလိုက်တယ်၊ နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ဆက်ဆံရေးဟာ လိင်ကိစ္စတစ်ခုတည်းအတွက်သာဖြစ်ကြောင်းသဘောတူညီမှုရသွားတယ်၊ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ သူတို့နှစ်ယောက်ပျော်ပါး နေရင်းနဲ့ အနေတွေကြာလာတော့နှစ်ဦးသားသဘောတူထားတဲ့စည်းကိုကျော်လွန် လာတဲ့အခါမှာတော့ ........File Size :(1.8GB) and (760MB) Quality :WEB-DL 1080P, 720p Format…mp4 Duration…01:40:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie

Diary of a Fleeting Affair(2022)

Dear Mother (2020) 6
Dear Mother (2020) တစ်ခါပြုံးရင် တစ်ရက် အသက်ရှည်မယ်တဲ့ဗျား..။ဒါကို ကြည့်နေရင်း ခဏ ခဏ ပြုံးမိနေမှာမို့လို့ ကြည့်ကြည့်ပါ..။ နောင်တ မရစေရဘူး..။ဂျင်း လူးဝစ်ဆိုတဲ့ သက်လတ်ပိုင်း လူတစ်ယောက်ဟာ ကိုယ့်ဘဝကိုယ် ဖြတ်သန်းနေရင်း လုံးဝ နှလုံးမခုန်တော့ပါဘူး တဲ့..။နှလုံးခုန်ရပ်သွားပေမဲ့လည်း အသက်ရှင်နေတဲ့ ဂျင်း လူးဝစ်ဟာ မိန်းမက အဆွယ်ကောင်းလို့ နတ်ဝင်သည်ပဲ ခေါ်ရမလား ၊ ရှေ့ဖြစ်ဟောပဲ ခေါ်ရမလား ဒီလို ခေတ်မှီ ဆရာမကြီးတစ်ယောက်ဆီကို ရောက်သွားခဲ့တဲ့အခါ..။အဲ့ဒီဆရာမကြီးရဲ့ အဆိုအရ သူ့နှလုံးဟာ ပုံမှန်ပြန်ပြီး လည်ပတ်လာဖို့အတွက် မိခင်ရင်းဆီကနေ အရေးကြီးတဲ့ ပစ္စည်းတစ်ခု လိုအပ်ပါတယ်တဲ့..။အရေးကြီးတဲ့ပစ္စည်းဆိုတာကလည်း သူမွေးဖွားလာခဲ့ရာ နေရာ ၊ ထွက်လာခဲ့ရာ ဝမ်းကြာတိုက်ရဲ့ အပေါက်ဝ ၊ အမေ့စပ ဓာတ်ပုံတစ်ပုံ တဲ့ဗျား..။ဒီတော့ ဂျင်း လူးဝစ်တစ်ယောက် ရပ်တန့်နေပြီဖြစ်တဲ့ နှလုံးကြီးတစ်ခုနဲ့ 'အမေ့လယ်ကွက်' ဓာတ်ပုံကို ရအောင် ခက်ခက်ခဲခဲကြိုးစားခဲ့ရတဲ့ အလွဲတွေကို ပေါ့ပေါ့ပါးပါး ...
movie

Dear Mother (2020)