Channel Myanmar

Vincent Leclerc

The Revenant (2015) 8.0
The Revenant (2015) အော်စကာဆု ရွှေကမ္ဘာလုံးဆု တွေ အပါအဝင်ရုပ်ရှင်လောက ရဲ့ ထိပ်သီးဆုတွေ အတွက်လျာထားခြင်းခံထားရတဲ့ ဇာတ်ကားပါ။ဒီဇာတ်ကား ရဲ့ အဓိက မင်းသား လီယိုနာဒို ရဲ့သရုပ်ဆောင် သက်တမ်းတစ်လျှောက်အမှတ်ရစရာအကောင်းဆုံး ဇာတ်ကားလည်းဖြစ်လာနိုင်ပါတယ်။အော်စကာဆုတွေနဲ့ လွဲလွဲနေတဲ့ မင်းသား လီယိုနာဒိုဟာဒီဇာတ်ကားနဲ့အတူ ရနိုင်ဖို့ ကမ္ဘာ့ရုပ်ရှင်ဇာတ်ခုံပေါ်ကလူတိုင်းလိုလို တစ်ပေးထားကြပါတယ်။ဒီဇာတ်ကားမှာဆိုရင် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေရဲ့ကြိုးစားအားထုတ်မှုတွေ အပြင်ထုတ်လုပ်သူတွေရဲ့ ကုန်ကျစရိတ်အမြောက်အများကျခံပြီး ရိုက်ကူးထားမှုတွေ ရုပ်ရှင်တစ်ဖွဲ့သားအားလုံး ရဲ့ အပင်ပန်းခံ ပြီး ပရိသတ်တွေ အပေါ် စေတနာဘယ်လောက် ထား ခဲ့တယ်ဆိုတာတွေပါတွေ့မြင်ရမှာ ဖြစ်ပါတယ်။ယောကျ်ားတစ်ယောက်ရဲ့ စွန့်စားခန်းနဲ့အတူယောကျာ်းကောင်းတစ်ယောက်မှာရှိသင့်တဲ့ စိတ်ခွန်အား စွမ်းရည်သတ္တိလုပ်ရည်ကိုင်ရည် တွေကို အကောင်းဆုံးပြနိုင်ခဲ့တဲ့ ဇာတ်ကားပါ။မိမိရဲ့အမဲလိုက်အဖွဲ့ဝင်တွေရဲ့ စွန့်ပစ်သစ္စာဖောက်ခြင်းကိုခံခဲ့ရတဲ့ နယ်မြေသစ်ရှာဖွေသူ HughGlass (လီယိုနာဒို) ရဲ့အသက်ရှင်ရပ်တည်ရဖို့ တစ်ဦးတည်းရုန်းကန်ရပုံတွေကိုအားရကျေနပ်ဖွယ် ကောင်းလောက်အောင်ရိုက်ပြထားတာပါ။မင်းသား လီယိုနာဒိုဟာ ဒီဇာတ်ရုပ်ကိုပြောစမှတ်တွင်လောက်အောင် သရုပ်ဆောင်ပြသွားတာကိုအားလုံးတွေ့မြင်ရမှာပါ။ဒီဇာတ်ရုပ်ဟာ လီယိုနာဒိုကို အခြား အော်စကာ ဆန်ကာတင်မင်းသားတွေနဲ့ ယှဉ်လိုရင် ပိုသာ သွားအောင်ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။survival adventure ...
movie

The Revenant (2015)

2015
4K HEVC
Allen Sunshine (2024) 6.0
Allen Sunshine (2024)  IMDb Rating: 6.1/10ဒီဇာတ်ကားကိုတော့ အသက် ၂၅ နှစ်ပဲရှိသေးတဲ့ လူငယ်ဒါရိုက်တာHarley Chamandy ရိုက်ကူးထားပြီး တီထွင်ဖန်တီးမှုအတွက်ပေးတဲ့ 2024 Werner Herzog Film Award ရရှိထားပါတယ်။ဒီကားမှာတော့ ဂီတပညာရှင် အယ်လန် ဆန်းရှိုင်း ဟာ နာမည်ကြီးအဆိုတော်ဖြစ်တဲ့ သူ့အမျိုးသမီး ကိုယ့်ကိုကိုယ် သတ်သေသွားလို့ဖြစ်ပေါ်လာတဲ့ ဝမ်းနည်းပူဆွေးမှုတွေကို ဖြေဖျောက်ဖို့ လူသူတိတ်ဆိတ်တဲ့ ရေကန်နံဘေးက သစ်လုံးအိမ်လေးကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့မိန်းမအပေါ် ပျက်ကွက်ခဲ့တာတွေအတွက် သူ့မှာ အမြဲယူကြုံးမရဖြစ်လို့ ကိုယ့်ကိုကိုယ်အပြစ်တင်ပြီးပျော်ရွှင်ဖို့မထိုက်တန်တဲ့သူလို ခံစားနေခဲ့ရပါတယ်။ဒီလိုနဲ့ မထင်မှတ်ဘဲ ဒေသခံ ကလေး ၂ ယောက်နဲ့ ဆုံခဲ့ပြီး သူတို့ဆီကလွတ်လပ်မှု၊ ပျော်ရွှင်မှု၊ အပြန်အလှန်ဖေးမမှုတွေခံစားလာရပြီးတဲ့နောက်ပတ်ဝန်းကျင်နဲ့သီးခြားနေဖို့ လုပ်ခဲ့တဲ့ အယ်လန်တစ်ယောက်ပတ်ဝန်းကျင်နဲ့ဘယ်လိုပြန်ချိတ်ဆက်လာမလဲ...ကိုယ့်ဘဝကို ဘယ်လိုပြန်ရှာဖွေမလဲဆိုတာကို မျက်စိပသာဒဖြစ်စရာတောတောင်ရှုခင်းတွေ၊ ရေပြင်ကျယ်ကြီးတွေကို ကြည့်ရင်းနဲ့ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ File size… (1.97GB) / (986MB ) Quality… WEB-DL 1080p HEVC ...
movie

Allen Sunshine (2024)

The Successor (2023) Le successeur 6.9
The Successor (2023) Le successeur  The Successor (2023) / Original title: Le successeurIMDb Rating (6.9) / Rotten Tomatoes (75%)ဒီကားလေးဟာဆိုရင်တော့ Alexandre Postel ရဲ့ L'Ascendant novel ကိုပြန်ရိုက်ထားတဲ့ ပြင်သစ် Thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအသွားအလာနှေးပေမယ့် နာရီ၀က်လောက်ပြီးသွားရင်တော့ စိတ်၀င်စားစရာကောင်းလာမှာ သေချာပါတယ်။မထင်မှတ်ထားတဲ့ plot twist လည်းပါတဲ့အတွက် ပြင်သစ်ကားငတ်နေတဲ့သူတွေအတွက်ရော အေးအေးလေးနဲ့ ကြည့်ရအဆင်ပြေတဲ့ဇာက်ကားကောင်းတစ်‌ကားကြည့်ချင်နေတဲ့သူတွေအတွက်ပါ အဆင်ပြေစေမှာပါ။ဇာတ်လမ်းကတော့ မင်းသားက နာမည်ရနေတဲ့ fashion designer တစ်ယောက်ဖြစ်ပြီးတော့ သူ့နှလုံးနဲ့ပတ်သတ်ပြီး သံသယ၀င်လာပါတယ်။သံသယ၀င်လာလို့ ဆရာ၀န်နဲ့တိုင်ပင်တဲ့အခါမှာ သူ့အဖေနဲ့ဆက်သွယ်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ဆက်သွယ်ဖို့လုပ်နေတဲ့အချိန်အတွင်းမှာ သူ့အဖေဟာဆုံးပါးသွားခဲ့ပြီး သူ့အဖေရဲ့ အမွေတွေကို ဆက်ခံဖို့ဖြစ်လာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ကြပါ...။(အညွှန်းနဲ့ဘာသာပြန်ကတော့ Wai Hylan ဖြစ်ပါတယ်။)File size…(1.5 GB) / ...
movie

The Successor (2023) Le successeur

2023
We Are Zombies (2023) 5.4
We Are Zombies (2023) ဒီကားလေးကတော့၂၀၂၃ကမှထွက်ရှိထားတဲ့ zombie ဟာသကားလေးဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့....တစ်နေ့မှာလူသေတွေကပြန်ရှင်လာပြီးရုပ်ရှင်ထဲကလို zombie တွေဖြစ်လာပါတယ် ဒါပေမယ့်ရုပ်ရှင်တွေထဲမှာလိုမျိုးလူသားစားတာတွေဘာတွေမရှိပဲဒီတိုင်းပြန်ရှင်လာတာဖြစ်တာကြောင့်သူတို့ကလူတွေနဲ့အတူယဥ်တွဲနေထိုင်နေကြပါတယ်အဲ့ဒီမှာလူလိမ်သူငယ်ချင်းသုံးယောက်ကလုပ်ငန်းကြီးတစ်ခုရဲ့ zombie တွေကိုခိုးယူရာကနေသူတို့အဖွားပြန်ပေးဆွဲခံလိုက်ရတာကိုဟာသနှောပြီးရိုက်ထားတဲ့ပေါ့ပေါ့ပါးပါးဇာတ်ကားလေးဖြစ်ပါတယ် File size…(1.2 GB)/(620 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:20:00 Genre... Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin
movie

We Are Zombies (2023)

Warm Bodies (2013) 6.9
Warm Bodies (2013) IMDb (6.9) / Rotten Tomatoes (81%)Vampire တစ်ကောင်ကိုချစ်နိုင်ပေမယ့် Zombieဆိုရင်ရော ချစ်နိုင်ပါ့မလား? အခုက စိတ်လှုပ်ရှားစရာကောင်းတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ် အလှည့်ပါ။ လူ့ဦးနှောက်တွေစားတဲ့ Zombieတစ်ကောင်နဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းပေါ့။ Zombieတစ်ကောင်ဖြစ်တဲ့ Rဟာ သူရဲ့တစ်နေ့တာကို စွန့်ပစ်ခံမြို့က လေဆိပ်ပျက်ထဲမှာ ဟိုဟိုဒီဒီလျှောက်သွားရင် ကုန်ဆုံးလေ့ရှိပါတယ်။ သူ့မှာ Mဆိုတဲ့ သူငယ်ချင်းတစ်ယောက်လည်းရှိပါတယ်။အဓိပ္ပါယ်မဲ့နေတဲ့ သူ့ဘဝထဲကို ဝင်လာတဲ့သူက Julie Julieနဲ့သူ့သူငယ်ချင်းတစ်စု Rတို့နေတဲ့ မြို့ပျက်ထဲမှာရှိတဲ့ ဆေးဝါးတွေကို ယူဖို့ အထက်ကအမိန့်ပေးခံရတယ်။ Julieတို့လည်း အဆောက်အအုံဟောင်းတစ်ခုက ဆေးဝါးတွေကို သယ်နေတုန်း Rတို့ Zombieအုပ်စုနဲ့တိုးတဲ့အခါ….... Zombieဖြစ်နေတဲ့ Rဟာ Julieရဲ့ချစ်သူကို သတ်ပစ်ပြီး သူ့ရဲ့ ဦးနှောက်ကို စားလိုက်တယ်။ ဒီနေရာမှာ လှည့်ကွက်တစ်ခုက သေသူရဲ့ ဦးနှောက်ကိုစားလိုက်တဲ့အခါ သေသူရဲ့မှတ်ဉာဏ်တွေကို zombieက ခံစားနိုင်တယ်ဆိုတာ။Julieချစ်သူ့ရဲ့ မှတ်ဉာဏ်တွေကတစ်ဆင့် Rဟာ Julieအပေါ် ထူးဆန်းတဲ့ခံစားချက်တစ်ခု ခံစားလိုက်ရတယ်။ ဒီလိုနဲ့ zombieတွေ လက်ထဲ ဒုက္ခရောက်နေတဲ့ Julieကို ...
movie

Warm Bodies (2013)

2013
4K HEVC
Days of Happiness (2023) 6.8
Days of Happiness (2023) Days of Happiness (2023)~ IMDb - 6.8/10, Rotten Tomatoes - 100% ~ခမ်းနားလှတဲ့စင်မြင့်တွေပေါ်မှာ သံစုံတီးဝိုင်းကြီးတွေနဲ့အတူ များပြားလှတဲ့ ဂီတပညာရှင်တွေကို ညွှန်ကြားရတဲ့ ဂီတမှူးတွေကို တွေ့ဖူးကြမှာပါ။ ဒါပေမဲ့ မကြာမကြာတွေ့လေ့ရှိတာကတော့ အမျိုးသားဂီတမှူးတွေပဲဖြစ်မှာပါ။ ကမ္ဘာပေါ်မှာ ဂီတမှူးအဖြစ်အသက်မွေးတဲ့ အမျိုးသမီးအချိုးဟာ 36.4% ပဲ ရှိတာကြောင့် တော်ရုံတွေ့မိဖို့ကလည်း ကြုံတောင့်ကြုံခဲပါပဲ။ ဒီရုပ်ရှင်လေးကတော့ အမ်မာလို့ခေါ်တဲ့ ထူးချွန်ပြောင်မြောက်လွန်းတဲ့ အမျိုးသမီးဂီတမှူးလေးတစ်ဦးအကြောင်းပဲ ဖြစ်ပါတယ်။ကနေဒါနိုင်ငံ၊ မွန်ထရီရယ်ရဲ့ စင်မြင့်တွေမှာ တက်သစ်စကြယ်ပွင့်လေးဖြစ်တဲ့ အမ်မာလေးဟာ နှစ်ပေါင်းများစွာ သူ့ဖခင်ရဲ့ အလိုအတိုင်း သူ့ဖခင်ရဲ့ ချုပ်ကိုင်မှုအတိုင်း မျက်စိမှိတ် လိုက်နာလာခဲ့သူလေးပဲဖြစ်ပါတယ်။ ပက်ထရစ်ဟာ အမ်မာ့ ဖခင်ဖြစ်ရုံမက အမ်မာ့ရဲ့ အေးဂျင့်လည်းဖြစ်ပြန်ပါသေးတယ်။ ဒီတော့ ဘယ်ပွဲမှာ ဖျော်ဖြေလို့ ဘယ်အေဂျင်စီနဲ့ စာချုပ်ချုပ်မယ်ဆိုတာမျိုးတွေကအစ သူ့အဖေ ပက်ထရစ်ရဲ့ သဘောဖြစ်ပြီး အမ်မာဆိုတာ သူ့အဖေ ...
movie

Days of Happiness (2023)

2023
Pet Sematary: Bloodlines (2023)
Pet Sematary: Bloodlines (2023) မြေမြှပ်လိုက်တိုင်း ပြန်ရှင်လာတဲ့ သင်္ချိုင်း၊ စာရေးဆရာကိုယ်တိုင်အကြောက်ဆုံးစာအုပ်Pet Semetaryဒီဇာတ်လမ်းဟာ ဟော်ရာစာရေးဆရာကြီး စတီဖင်ကင်းရဲ့ နာမည်အကြီးဆုံးဝတ္ထုတွေထဲက တစ်အုပ်ဖြစ်တဲ့ Pet Semetary ကိုအခြေခံပြီးရိုက်ကူးထားတာပါ။စတီဖင်ကင်းဟာ အင်တာဗြူးတိုင်းမှာ သူရေးတဲ့ဝတ္ထုတွေထဲသူအကြောက်ဆုံးဇာတ်လမ်းကိုပြောပါဆိုရင် Pet Semetary ကိုပဲ ညွှန်းလေ့ရှိပါတယ်။ပထမဆုံးရုပ်ရှင်ကို 1989 မှာ ရိုက်ကူးခဲ့ပြီး၊ ၂၀၁၉ မှာ ဗားရှင်းအသစ်ရိုက်ကူးထားပါတယ်။နှစ်ကားလုံးကို ချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါတယ်။အခု ဇာတ်လမ်းကတော့ မူရင်းဝတ္ထုထဲက ဇာတ်လမ်းကြီးမစခင်ရှေ့မျိုးဆက်အကြောင်းကို ရိုက်ကူးထားတာပါ။မူရင်းဇာတ်လမ်းထဲက အဘိုးကြီးဂျက်ဟာ ဒီရုပ်ရှင်ထဲမှာ အဓိကဇာတ်လိုက်ပါပဲ။မူရင်းဇာတ်လမ်းတုန်းက တိရစ္ဆာန်သင်္ချိုင်းအကြောင်းကို အဘိုးကြီးကစကားအနေနဲ့ သတိပေးတဲ့ဟာကို အခြေခံပြီး ဇာတ်လမ်းပြန်ဖွဲ့ ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းလဒ်လိုမြို့မှာ ဖုန်းဆိုးမြေလို့ ခေါ်ရမဲ့ နေရာတစ်ခုရှိတယ်။အရင်ကတော့ မျိုးနွယ်စုတွေဟာ တိရစ္ဆာန်တွေကိုမြှပ်နှံပြီး တိရစ္ဆာန်ဝိညာဉ်တွေဟာလူတွေကို မကောင်းဆိုးဝါးလက်ကနေ ကာကွယ်ပေးတယ်လို့ ယုံကြည်ကြပါတယ်။ဒါပေမဲ့ အဲဒီမြေက ပုတ်သိုးသွားပြီး သီးနှံတွေလည်းသေဆုံးလာသလိုမကောင်းဆိုးဝါး အားကောင်းလာတဲ့အခါ စွန့်ခွာပြီး ပြေးခဲ့ကြပါတော့တယ်။နှောင်းလူတွေ အဲဒီ သင်္ချိုင်းမြေကို ဆက်မသုံးမိအောင်လည်း သတိပေးထားကြပါတယ်။ဒါပေမဲ့ အဲဒီမြေရဲ့ မကောင်းဆိုးဝါးက ...
movie

Pet Sematary: Bloodlines (2023)

2023
4K HEVC