Channel Myanmar

Vincent Colombe

Borgo (2023) 7.0
Borgo (2023)  ဒီရုပ်ရှင်ကတော့ Borgo လို့ခေါ်တဲ့ ၂၀၂၃ကထွက်ခဲ့တဲ့ဇာတ်ကားလေးဖြစ်ပါတယ် ပြင်သစ်နိုင်ငံကရိုက်ကူးထားတာဖြစ်တဲ့ဒီ Crime/Drama ဇာတ်ကားကတော့၂၀၁၇တုန်းက Bastia လေဆိပ်မှာ Corsican ရာဇဝတ်သမားနှစ်ယောက်လုပ်ကြံခံရမှုမှာထောင်အစောင့်တစ်ယောက်ပါဝင်ပတ်သတ်နေတဲ့ဖြစ်ရပ်မှန်အကြောင်းကိုအခြေခံရိုက်ကူးထားတာဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့...အသက်၃၂နှစ်ရှိပြီဖြစ်တဲ့ Melissa နဲ့ သူ့မိသားစုဟာ Corsica ဆိုတဲ့ကျွန်းလေးကိုပြောင်းလာခဲ့ပါတယ် အဲ့ဒီမှာသူကတခြားထောင်တွေနဲ့မတူပဲတမူထူးခြားတဲ့ထောင်တစ်ခုရဲ့အစောင့်အနေနဲ့အလုပ်လုပ်ရင်းကနေသူ Saveriu လို့ခေါ်တဲ့လူငယ်အကျဥ်းသားတစ်ယောက်နဲ့ခင်သွားခဲ့ပါတယ်Saveriu ကထောင်ကလွတ်သွားတဲ့အခါမှာတော့သူ့ကိုအကူအညီတောင်းတာကနေဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုစိတ်ဝင်စားစရာကြည့်ရမယ့်ကားလေးဖြစ်ပါတယ်။ ရုပ်ရှင်က Crime/Drama genre ဖြစ်တဲ့အတွက်အက်ရှင်အခန်းတွေမပါပေမဲ့လည်းထောင်ကားနဲ့စုံထောက်ကားကိုပေါင်းထားတဲ့ပုံစံမျိုးဖြစ်တာကြောင့်တော်တော်ကိုကြည့်လို့ကောင်းပြီး IMDB Rating မှာလည်း 7.0 ရထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ် File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:58:00 Genre... Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin
movie

Borgo (2023)

The Substance (2024) 7.8
The Substance (2024) The Substance (2024)IMDb Rating (7.6) / Rotten Tomatoes (91%)နာမည်ကြီး ဟော်ရာ ရုံရှင်ကားအသစ် အကြည်ထွက်ပါပြီ။မင်းသမီးကြီး ဒယ်မီမိုး နဲ့ Once Upon a Time... in Hollywoodရုပ်ရှင်ထဲက Pussycat လေး Margaret Qualley တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကြောက်စရာ ခန္ဓာကိုယ်အပြောင်းအလဲတွေနဲ့ ရွံစရာတွေ ပါတာမို့ နှလုံးခိုင်မှ ကြည့်ကြပါလို့ သတိပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း***************အယ်လီဇဘတ်ဟာ နာမည်ကြီးမင်းသမီးဖြစ်ခဲ့ပေမဲ့ အသက်အရွယ်ကြီးရင့်လာတဲ့အခါ သူ့နေရာမှာ ကောင်မလေးငယ်ငယ်လှလှလေးနဲ့အစားထိုးဖို့ တီဗီအစီအစဉ်တစ်ခုကနေ ကန်ထုတ်ခံလိုက်ရပါတယ်။အဲဒီအချိန်မှာ သူ့ကို ထူးဆန်းတဲ့ ဆေးတစ်မျိုး ကမ်းလှမ်းလာပါတယ်။အဲဒီဆေးရဲ့ အစွမ်းကတော့ ဆေးသုံးလိုက်တဲ့သူရဲ့ ဆဲလ်တွေကိုပွားလာစေပြီး အဲဒီဆေးထိုးခံတဲ့သူရဲ့ နောက်ထပ် ဗားရှင်းလူတစ်ယောက်ကိုယ်ပွားထွက်ပေါ်လာတာပါပဲ။ အဲဒီကိုယ်ပွားက ပိုလှမယ် ပိုတော်မယ်ပိုပြီးပြည့်စုံတဲ့ ဗားရှင်းဖြစ်လာပါမယ်။ဒါပေမဲ့ အရေးကြီးတဲ့သတ်မှတ်ချက်ကတော့ မူလလူနဲ့ ကိုယ်ပွားဟာတစ်ယောက်ကို တစ်ပတ်စီ အချိန်ပေးရပါတယ်။ ဒါပေမဲ့ ငယ်ရွယ်တဲ့ကိုယ်ပွားလေးဟာ ...
movie

The Substance (2024)

4K HEVC
Lee (2024) 7.0
Lee (2024)  ဟစ်တလာရဲ့ ရေချိုးကန်ထဲမှာ ရေချိုးပြခဲ့တဲ့ စစ်သတင်းထောက်ကမ္ဘာ့အထင်ရှားဆုံး စစ်သတင်းထောက်တွေထဲက တစ်ဦးဖြစ်တဲ့လီမေလာရဲ့အကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။လီဟာ ဒုတိယကမ္ဘာစစ်တလျှောက် ရှေ့တန်းစခန်းတွေ ချွေးတပ်စခန်းတွေမှာ သမိုင်းဝင်ဓာတ်ပုံတွေကို ရိုက်ကူးခဲ့တဲ့ သတင်းထောက်တစ်ယောက်ပါ။ပြင်သစ်လွတ်မြောက်ခြင်း၊ နော်မန်ဒီဆေးရုံများ၊ ဘူချန်ဝေါ့ချွေးတပ်စခန်း စတဲ့ ဓာတ်ပုံတွေဟာ သမိုင်းမှာ အထင်ရှားဆုံးဓာတ်ပုံတွေစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ ဟစ်တလာ သေကြောင်းကြံအပြီးစစ်ပွဲအပြီးမှာ ဟစ်တလာရဲ့ တိုက်ခန်းထဲက ရေချိုးခန်းထဲမှာ ရေချိုးပြီးရိုက်ပြခဲ့တဲ့ ဓာတ်ပုံဟာလည်း ကမ္ဘာကျော်ပါပဲ။ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကတော့ Ellen Kuras ဖြစ်ပြီး သူဟာEternal Sunshine of the Spotless Mind ရဲ့ Cinematographerဖြစ်ခဲ့တဲ့သူပါ။ လီ နေရာမှာတော့ မင်းသမီးကြီး ကိတ်ဝင်းစလက်ကသရုပ်ဆောင်ထားပါတယ်။ လီတစ်ယောက် မော်ဒယ်ဘဝကနေဓာတ်ပုံဆရာ၊ စစ်သတင်းထောက်ဖြစ်လာပုံတွေနဲ့ စစ်ပွဲတလျှောက်ကြုံတွေ့ခဲ့ရတာတွေကို စိတ်ဝင်စားစရာ ပြသထားတာမို့ လက်လွှတ်မခံသင့်တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။အဖော်အချွတ်နဲ့ ရက်စက်တဲ့အခန်းအချို့ ပါဝင်တာကိုလည်းကြိုပြီး သတိပေးထားချင်ပါတယ်။ File size…5.6GB / 1.91GB / ...
movie

Lee (2024)

4K HEVC
Jeanne du Barry (2023) 6.8
Jeanne du Barry (2023)  ဂျန်ဘူဘာယာနေး ဆိုတဲ့ကလေးတစ်ယောက်ဟာ ဘုန်းတော်ကြီးနဲ့စာဖိုဆောင်ကအမျိုးသမီးတို့က တရားမဝင်မွေးဖွားလာတဲ့အတွက်လောကကြီးမှာလူမသိသူမသိသိုသိုသိပသိပ်နေတာခဲ့ရတယ်။ မစ္စတာဒူမူဆိုဆိုတဲ့လူချမ်းသာတစ်ယောက်က ဂျန်ကိုချစ်မြတ်နိုးလို့ စောင့်ရှောက်ပေးထားတယ်။ဂျန်အရွယ်ရောက်လာတော့ စော်ကားပြုမှုခံရတာတွေလွှတ်ကင်းဖို့အတွက်သားအမိနှစ်ယောက်သာ ပဲရစ်မြို့ကြီးထွက်ခွာလာခဲ့တယ်။ ကာလအတန်ကြာနေထိုင်ပြီးနောက်မှာ ဂျန်ဟာ လွတ်လပ်စွာနေထိုင်ရပြီး နေထိုင်စားသောက်နိုင်မယ့်ဘဝ ဖြစ်တဲ့ ပြည့်တန်ဆာအလုပ်ကိုရွေးချယ်လုပ်ကိုင်ခဲ့တယ်။ ဂျန်ရဲ့အလှတရားတွေကြောင့် မှူးမတ်တွေ အရာရှိလူချမ်းသာတွေကြားမှာနာမည်ကြီးလာတယ်။ အမတ်ကြီး ရီရှယ်လူရူ နဲ့ မြို့စား ဘာရီတို့ဟာ ဂျန်ကိုသူတို့ကိုယ်ကျိုးအတွက် အသုံးချဖို့ကြံစည်နေက့တယ်။ ဂျန်ကို ဘုရင်ကြီးနဲ့ပေးတွေ့ပြီး နန်တော်မှာ နေရာတစ်နေရာရအောင်ဖန်တီးပါတော့တယ်။ဘုရင်ကြီးဟာ ဂျန်ကိုမြင်မြင်ချင်းသဘောကျသွားပါတော့တယ်။လမ်းဘေးဘဝ‌ကနေ ချက်ခြင်းနန်းတော်ကိုရောက်သွားတဲ့အခါ သူ့အတွက်အခက်အခဲပေါင်းစုံကြုံလာပါတော့တယ်။ ဘုရင်ကြီးရဲ့အနှစ်သက်ဆုံးဂျန်ကိုတော်ဝင်မိသားစုက အမြင်မကြည့်တဲ့အခါမှာတော့.......  File size…2.23GB / 869MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 53m Genre ….. Biography , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Jeanne du Barry (2023)

Revenge (2017) 6.4
Revenge (2017) IMDb Rating (6.4) / Rotten Tomatoes (93%)Thriller ဇာတ်ကားတွေကိုမှ ကြိုက်နှစ်တတ်သူတွေအတွက် I spit on your grave ဇာတ်ကားတွေလိုခပ်ကြမ်းကြမ်းဇာတ်ကားတစ်ကားကို တင်ဆက်လိုက်ပါတယ်။ပြင်သစ်စကားပြောဒီဇာတ်ကားက အီတလီမော်ဒယ်မင်းသမီးနဲ့  ဘယ်လ်ဂျီယမ်မင်းသားတို့လို ပေါင်းစပ်မှုတွေနဲ့ တမူတော့ထူးခြားပါတယ်။မိန်းကလေးတစ်ယောက်ထဲနဲ့ ဘဲကြီး ၃ ကောင်တို့ ပြေးတမ်းလိုက်တမ်းကစားကြမယ့်ပွဲမှာထုံးစံအတိုင်း အားနည်းတဲ့ဖက်ကတော့ အနိုင်ကျင့်ခံရစမြဲပါပဲ...ဒါပေမယ့် လွယ်လွယ်လက်လျော့မပေးတတ်ဘဲ အရေးကြုံလာရင် မိမိအသက်အတွက် ဉာဏ်ကိုအခြေပြုလို့ ပြန်လည်တိုက်ခိုက်လာတဲ့အခါမှာတော့....Revenge ဆိုတဲ့ ဇာတ်ကားနာမည်အတိုင်း ဘယ်လိုတွေလက်စားပြန်ချေမလဲဆိုတာ......။ File size…(1.8 GB) /(900 MB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:48:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Thuya Zarni Aung
movie

Revenge (2017)

2017
1080p HEVC